လွန်ခဲ့တဲ့ ၂ ပါတ်လောက်က စပြီး ကိုယ့်ဘလော့လေး ပြသနာတက်သွားတယ် ။ အဲ့ဒီတုံးက Blogger Dashboard ကနေ Post ရေးလို့  ရသေးတယ် ။ တင်လို့  ရသေးတယ် ။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ပလပ်ပေါက်ကို ကိုင်မိလေတာ လား မသိ.. လင်ဇီး ကို အထင်ကြီးသလို မကြီးသလို ကြားထဲ မှာ ဒီဘလော့လေး ဒီလိုဖြစ်သွားတယ် ဆိုတော့ ..တခုခုတော့ တခုခု ပဲ လို့  ထင်လိုက် မိတယ်။ ကွန်ပြူတာနဲ့ ပတ်သက်ပြီး ဖွင့်တာ နဲ့ ပိတ်တာလောက်ပဲ သိတဲ့သူတယောက်ဆိုတော့ .. သူများတွေ ပြောပြောနေတဲ့ ဗိုင်းရပ်စ် တကောင်ကောင်များ ကိုက်သလား ရယ်လို့  စိုးရိမ် မိသွားတယ် ။ မြင်လိုက်ရတဲ့ ပုံက အဲ့လို ကြီးလေ..
ဒါနဲ့ သူငယ်ချင်းတယောက်ကို လှမ်းမေးကြည့်တော့ သူကလည်း သူသုံးနေတဲ့ Microsoft security essential ဆိုတဲ့ ဗိုင်းရပ်သတ်တဲ့ ဆော့ဝဲလ်လေး အလကားပေးတဲ့ နေရာ ကနေ ဝင်ဆွဲပြီး သုံးလိုက်မိကာမှ ငါးပါးမက မှောက်တော့တာပဲ ။
ဖြစ်ပုံက သုံးနေတဲ့ Vista ကြီးက အဆင်မပြေလို့  Window XP ပြန်ပြောင်းသုံးဖို့  လုပ်ပေးလိုက်တဲ့သူက လိုင်စင်မဲ့ ဆော့ဝဲလ် ထဲ့ထားပေးပြီး မှာထားခဲ့တယ် ။ ဘယ်တော့မှ Update မလုပ်ဖို့  ပေါ့ ။ ဒီအချက်ကိုမေ့ပြီး ခုန အလကားပေးတဲ့ ဗိုင်းရပ်သတ် တာ ကြီးကို Install လုပ် run ပြီးတော့ Restart .. လုပ်ရိုး လုပ်စဉ်တွေ လုပ်ဖို့  ပြန် အပိတ်မှာ ... ပလုံ..ပလုံ.... တလောကလုံး မှောင်မဲသွားသလိုပဲ..
ဟိုက်.. ငါ့ကွန်ပြူတာလေး ပြန်ဖွင့် မရတော့ ပါလား .. လို့ ပေါ့ ။
အဲ့ ည က .. မိုးလင်းတဲ့ ည...
နောက်ရက်တွေ အလုပ်တက် နေရတာ လည်း စိတ်မပါ ။ လူက အင်တာနက် မဝင်ရ မနေနိုင် ဆိုတော့ ၊ မျောက်ငပိ ကိုင်မိသလို..ရိုးတိုး ရွတ နဲ့ပေါ့ ။ မျက်နှာစာအုပ်မှာလည်း မဖွ နိုင် ၊ ဘလော့မှာ လည်း မကြွနိုင် နဲ့ အလုပ်နားတဲ့ရက်ရောက်မှ မိတ်ဆွေလေးတဦး ဆီ အမေဘုတ်(Mother Board) ကြီး မပြီး စစ်ကြည့် ရတယ် ။ အရေးပေါ် အသက်ကယ်ဖို့  အချိန်အတော်ကြာ ကျိုးစားပြီး ဘယ်လိုမှ မရတော့လို့  Window တွေ ပြန်တင် Format တွေ ပြန်ချ နဲ့ သူလည်း ထမင်းစားပျက် အချိန်ကုန်ခံပြီး လုပ်ပေးလိုက်တော့ Coma ဝင်နေတဲ့ ကိုယ့် ကွန်လေး ပြန်လည်နိုးကြားလာပါတယ်။ ဒါပေမဲ့ကိုယ့် IP နံပါတ်လေး မသိတော့ ခွဲဝေ သုံး ဖို့  ပေးထားတဲ့  အင်တာနက် လိုင်းထဲ ပြန်ဝင်လို့  မရသေးပြန်ဘူး ။ နှစ်ကူး ပိတ်ရက်တွေ မှာ အလုပ်နားကြ တော့ နံပါတ် သိတဲ့ သူ အလုပ်ပြန်တက်မဲ့ ရက်ကို စောင့်ပြီး reset ပြန်လုပ်ပေးတယ်။
ဝမ်းသာအားရ နဲ့ ဘလော့တွေ လည်တော့ မဟဲ့ လို့  ကိုယ့်ဘလော့လေး ပြန်ဖွင့်ဝင်လိုက်ပါတယ် ... လား..လား... ဟိုတကောင် မဲလဝဲ ဆိုတဲ့ ဟာကြီးက အပေါက်ဝ ကနေ ဆီးကြို ချောက်လှန့် နေတုံးပါလား ။ ဒီတခါတော့ ဘာ ဗိုင်းရပ်သတ်တာမှ မလုပ်ရဲတော့ဘူး ။ ဒါနဲ့ ပဲ ကိုဇော်နဲ့ အဖြူရောင် နတ်သမီး ဆီ အပူကပ်ရပြန်တယ် ။နတ်သမီးလဲ အဖြူရောင်ဘဝမှ အနီရောင်ဘဝ ပြောင်းသွားရှာတယ်လို့  သတင်းသန့်သန့် ကြားထားတယ်လေ ။
သူ့ ဆိုဒ် ကို ဝင်ရင် ဒီလို စာတမ်းကြီးက ဆီးကြို နေတော့ တာပဲ။
ဒါနဲ့  ကိုဇော် ပေးတဲ့ အဲ့ဒီလင့် ထဲ မှတဆင့် မဲလဝဲဆိုတဲ့ ဘာမှန်းမသိတာကြီးကို သွားရှာ ဖြစ်တယ်။ သူ့ ညွှန်ကြားချက် အတိုင်း လိုက်စစ် .. လိုက်ရှာ ..လိုက်လုပ် လိုက်တော့ မှ အဆင်ပြေ သွားပါတယ်။ ခုတော့ ရှေ့ မှာ ကန့် လန့် ခံနေတဲ့ နီနီရဲရဲ မဲလဝဲကြီး လောလောဆယ် အတွက် ရှင်းလင်းထားလိုက်ပါပြီ ။
ဒီ မဲလဝဲ ကြီး ဘယ်က နေ ဘယ် လို ရောက်လာတာ ပါ လည်း ။???
အဲ့ဒီ မဲလဝဲ ဆိုတာ က .. ကိုယ်ဆိုဒ်ထဲကို သူများလာထဲ့သွားတာလဲ ဖြစ်နိုင်ပါသတဲ့
How did this happen?
In some cases, third parties can add malicious code to legitimate sites, which would cause us to show the warning message.
ကဲ.... လူတွေ လူတွေ ..ဘယ်လောက်တောင်များ ခက်လိုက်ပါသလည်း ။ ဟိုဝဲ ဒီဝဲ လိုက်ဝဲပြီး သူများတွေကို ဒုက္ခလိုက်ပေးနေကြတဲ့ လူတွေလည်း ရှိနေပါသေးလားကွယ် ...
ဘာပဲ ပြောပြော အဆိုးထဲက အကောင်းဖက် ပြန်တွေးဆင်ခြင်ကြည့်လိုက်မိတော့
၁-ကော်ပီ မိုက်ခရိုဆော့ ဝင်းဒိုးတင်ထားမိသူတွေ .. update မလုပ်မိစေဖို့  သတိထားရ မှာ ဖြစ်ကြောင်း။
၂- အွန်လိုင်းမှာ သိရပေမဲ့ တကယ်ကူညီတတ်တဲ့ မိတ်ဆွေများ ရနိုင်ကြောင်း ။
၃- နည်းပညာတွေ တိုးတက်နေတာနဲ့ အညီ ကိုယ်တိုင်လည်း ခေတ်နောက် မှာ သိပ်ပြတ်မကျန်နေခဲ့ဘို့ လိုအပ်ကြောင်း။
၎- လိုအပ်တဲ့ အသိပညာအားလုံး လိုသလို ဆည်းပူးနိုင် တာမို့ ၊ အင်တာနက်ဆိုတာဟာ သုံးတတ်ရင် မိတ်ဆွေ မသုံးတတ်ရင် ရန်သူ အဖြစ်မျိုး ဖြစ်နိုင်ကြောင်း ။
မှတ်သားထားလိုက်ရပါတယ်။
ဒီ အတွက် ကူညီင်္ပေးတဲ့ ကိုဇော် ၊ နတ်သမီး ၊ ကိုလင်းထက် နဲ့ ဘယာကြော်တို့ ကို ကျေးဇူးတင်ပါတယ်။
အဆင် မပြေသေးရင်တော့ နောက်ဘလော့အသစ်တခု တည်ဆောက်ရမယ် ထင်ပါတယ်။
လောလောဆယ်တော့ ဆိုဒ်ဘား ထဲ က မိတ်ဆွေတွေ ရဲ့ ဘလော့လင့် လေးများစွာကို ခေတ္တ ဖြုတ်ထား လိုက်ရပါတယ် ။ အဆင်ပြေတဲ့ အချိန်မှ ပြန် ရှာ ထဲ့ ရ ပါတော့ မယ် ။
စာဖတ်သူ မိတ်ဆွေများလည်း မိမိတို့  ဘလော့အိမ်ကလေး သန့် ရှင်းမှု ရှိ မရှိ Scan လုပ်ပြီး စစ်ဆေးနိုင်ကြပါတယ်။ ကိုယ့် အိမ်ဝ မှာ နီနီရဲရဲ မဲလဝဲ ကြီင်္း တွေ့ ရင် လည်း လန့် စရာ မလိုပဲ ချက်ချင်း မောင်းထုတ် လို့  ရ ပါတယ်။
အားလုံး ကျန်းမာ သန့် ရှင်းစွာ ဖြင့် ဘလော့ဂင်နိုင် ကြ ပါစေ ။
ဖြည့်စွက်ချက် ။ ။
ကြေငြာချက် အမှတ် ၁/၂၀၁၁။ ။
ဘလော့ဂါတွေမှာခံစားနေကြရတဲ့ ဝဲစွဲရောဂါများကို ပျောက်ကင်းကုသပေးနိုင်မဲ့ အကောင်းဆုံး “ဝဲသတ်ဆေးဖေါ်စပ်ပေးနိုင်သူများ”အား..၂၀၁၁ ရဲ့ “ဝဲနိုဘယ်ဆုကြီး” ပေးအပ်နိုင်ပါရန် ဝဲစွဲဘလော့ဂါများမှ စုပေါင်းအဆိုတင်သွင်းကြမည် ဖြစ်ပါကြောင်းးးးး
19 comments:
အဲဒါပေါ့ အပင်မြင့်လေ.. လေတိုက် အခံရလေ ဆိုတာမျိုး။ အစ်မကိ အတော်မြင့် နေပုံရတယ်။ ကျနော့် အထင်တော့ လင်ဇီး စပိုင်တွေ လုပ်သလားပဲ :))
နတ်သမီးက ပိုလို့တောင် ရဲရဲတောက်နေတယ် မကိရေ...
အခုထိ ဆိုဒ်ဘားကဟာတွေဖြုတ်ချထားတာတောင် Blocked နေတုန်းပဲ..။
အညှိုးရယ်တဲ့ ကြီးရန်ကော...း(
ကြိုးစားပြီးလုပ်နေတုန်းပဲ..
ပြဿနာတော့မရှိပါဘူး..
နောက်ဆုံးမရတော့လည်း အိမ်ပြောင်းလိုက်ယုံပဲ၊ ကိုယ့်ကိုလည်း သိနေကြပြီပဲ..။
အိမ်သစ်တက်ပွဲလေးလုပ်လိုက်ကြတာပေါ့။
မကိအဆင်ပြေသွားတယ်ဆိုလို့ အရမ်းဝမ်းသာတယ်၊ ကိုယ်ချင်းစာတယ်လေ...။
Kiki ရေ ပြဿနာဖြစ်နေတဲ့အချိန်တုန်းက မရောက်ဖြစ်ဘူး အခုပြဿနာတွေ အဆင်ပြေသွားမှ ရောက်လာတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးမှာ ဘလော့၈်မှာလည်း ဒီလို သူများလာထည့်သွားလို့ ကွန်ပြူတာ Set up ပြန်လုပ်ရဖူးတယ်။ ပို့စ်အသစ်တွေကို ဖတ်သွားပါတယ်။ ဆေးအကြောင်း ပို့စ်ရော မှတ်ချက်တွေရော ဖတ်လိုက်တာ ခေါင်းမူးသွားလို့ မှတ်ချက်တော့ မရေးတော့ဘူး။
အင်း...
တော်ပါသေးရဲ့ ဗျာ...။
တစ်မျက်နှာရော့ တော့ မလို့ ။
ကျွန်တော်တို့ လဲ တတ်ရောင်ကား နေတာကြာပြီ။
ဟယ်...ကိကလေး တော်တော်စိတ်ညစ်သွားမှာဘဲ... ပြန်ကောင်းသွားလို့တော်ပါသေးရဲ့...
96 ပါး ပျောက်တဲ့လင်ဇီး ဆေးနဲ့ ကုလိုက်ပါ မွမွရယ်။
စောစောက ပြောရောပေါ့ မကိရယ်။ လိုင်စင်နဲ့ မဟုတ်တာကို လိုင်စင်နဲ့လို ဖြစ်အောင် လုပ်လို့ ရပါတယ်။ မည်းမည်းကြီးကို အကုန် ပြန်ကောင်းအောင် Format မချ ၊ ဝင်းဒိုး အသစ်တင်စရာ မလိုဘဲ ကောင်းအောင် လုပ်လို့ရပါတယ်ဗျာ။ ဖြစ်ရလေ။ အခုတော့လည်း အကုန် အသစ်ဖြစ်တာပေါ့လေ ဟီးဟီး။ အခုကရော ဝင်းဒိုးက 7 မဟုတ်လား။ ဒါကိုလည်း Update လုပ်လို့ ရအောင် လုပ်လို့ ရပါတယ်။ ကျနော် ပြောပြမယ်။
အဲဒါကြီးက ဘာကြီးလဲ မသိဘူး။ ကြောက်စရာကြီးပါလား။ အဖြူရောင်နတ်သမီးဆိုက်ဒ်ထဲ ခဏခဏ၀င်ဖို့ကြိုးစားတယ်။ အဲဒါကြီးဘဲ ပေါ်နေတယ်။ ၀င်လို့လဲ မရဘူး။ အော်... ဘလော့မှာလဲ ဘလော့ရောဂါတွေနဲ့ပါလား။ လောက လောက။ သံဝေဂယူစရာတွေချည်းပါဘဲ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မကီကီ... ပာုတ်တယ်နော်... ကွန်ပြူတာ ပျက်ရင် ဖြစ်ဖြစ်၊ ဗိုင်းရပ်စ် ၀င်ရင် ဖြစ်ဖြစ် သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ ရို့စ် ကွန်ပြူတာလည်း Graphic Card ပျက်သွားတယ်လေ။ အဆင်ပြေပါစေရှင်။
ပလပ်ပေါက် ကိုင်မိလို့များ လက်စားချေခံရတာလားအစ်မရယ်။ တားတားကြောက်ကြောက်။
အကိရေ လိပ်စာသစ်မှာ သွားရှာနေတာ... တော်ပါသေးရဲ့အေ...
လင်ဇီးမှမသောက်တာ..အဲဒါ ကွန်ပျူတာကင်ဆာ ရတာနေမှာ..
မကိ ရေ third parties can add malicious code to legitimate sites ဆိုတာ သူများ လာထည့်တာ မဟုတ်ပါဘူး ကိုယ့်ဖာသာ ထည့်ကြတာပါ ဥပမာ အမ ဆိုဒ် အောက်ဆုံးက ကောင်တာ လိုမျိုး နာရီလိုမျိုး အဲလိုဟာတွေပါ အဲဒီ ကုတ်တွေမှာ Script လို့ ခေါ်တဲ့ javascrip ဖိုင်တွေကို ပြန်ပြီး လင့်ညွှန်းထားတာပါ တစ်ကယ်လို့ မတော်လို့ သူတို့က အဲဒီ ကုဒ်တွေထဲက ဖိုင်ထဲမှာ သူတို့ ပေးထားတဲ့ ကုဒ်ကို ထည့်တဲ့ ဝဘ်ဆိုဒ်ကို ထိန်းချုပ်ဖို့ အတွက် ကုဒ်တွေ ရေးထည့်ပေးလိုက်ရင် Hack ခံရနိုင်ပါတယ် ဥပမာ ပြောပြတာပါ အခု အမ ပြောတဲ့ မဲလဝဲ မဖြစ်ပေမယ့် ရောဂါပိုး ကူးသလို ဘလော့တွေ တစ်ခုနဲ့ တစ်ခု ကူးနေတာ အတွက် ဆောင်ရန် ရှောင်ရန်လေးတွေ ပိုစ့်ထပ်တင်ထားပါတယ် လာဖတ်ကြည့်ပါအုံး ဘလော့ဂါတိုင်း အခု သိထားသင့် ရှင်းလင်းသင့်နေပါပြီ ..။
http://www.linhtet.net/2011/02/blogspot.html
နတ်သမီးဆီက အနီရောင် ကောင်ကြီးတော့ သေသွားပြီ မကိရေ...။
ကိုလင်းထက်သတ်ပေးတာ..။
မကိ ကိုသဘောပြောပြတာပါ နာရီတွေ ကောင်တာတွေ ဖြုတ်စရာမလိုပါဘူး comment တွေကို spamထဲ ထဲ့ ပြီးရင် အဲဒီ အပေါ်ဆုံးမှာ Published နဲ့ Spam ဆိုတာ နှစ်ခု ရှိပါတယ် မကိ Comments ထဲ ဝင်တာနဲ့ အရင်ဆုံး Published ထဲ အရင်ရောက်တာပါ ဘေးက Spam ဆိုတာလေး နှိပ်ပြီး ကိုယ်ပြန်ထည့်ချင်တဲ့ ကွန်မန့်ကို Not Spam ဆိုတာလေး ပြန်လုပ်လိုက်ရင် ပြန်ပေါ်လာမှာပါ..
ကိရေ...ကိုယ်က အိုင်တီ အရမ်းကျွမ်းကျင်တော့ ပထမ ကော်မန့်တွေကို ဖျက်လိုက်တာ ၁၀၀ကျော်လောက်ရှိတယ်... ပြီးမှ စပမ်ထဲထည့်တော့ အရှေ့ကဖျက်မိတာတွေ နှမြောလိုက်တာ :(
Rose of Sharon
ဘလော့ဂါတွေမှာခံစားနေကြရတဲ့ ဝဲစွဲရောဂါများကို ပျောက်ကင်းကုသပေးနိုင်မဲ့ အကောင်းဆုံး “ဝဲသတ်ဆေးဖေါ်စပ်ပေးနိုင်သူများ”အား..၂၀၁၁ ရဲ့ “ဝဲနိုဘယ်ဆုကြီး” ပေးအပ်နိုင်ပါရန် ဝဲစွဲဘလော့ဂါများမှ စုပေါင်းအဆိုတင်သွင်းကြမည် ဖြစ်ပါကြောင်းးးးး
မကိရေ။ မကိကွန်မန့်ကို ဖတ်ပြီး ကုတ်နေရတယ်
ညီမလည်း တစ်ပတ်လောက်ခရီးထွက်သွားတာ
ပြန်ရောက်တော့ ၀ဲစွဲနေတာနဲ့ တိုးတာဘဲ
ကုလိုက်ရသေးတယ်
ခုတော့ ကောင်းနေပြီ
လင့်တွေတော့ ပြန်မချိတ်ရသေးဘူး
တစ်ချို့က လင့်ချိတ်တာနဲ့ ပြန်ဖြစ်ကြတယ်ဆိုလို့ အေးဆေးမှ ချိတ်တော့မယ် စိတ်ကူးတယ်.
မကီ နေကောင်းပျော်ရွှင် အဆင်ပြေပါစေနော်
ညီမ ချော
Post a Comment