ဒီလူ တယောက် မ, ဘက်လိုက်မိလို့  မိုက်ဘက်ပါပြီး ဒုက္ခ တွေ့ ရပုံလေး အကြောင်း ၊ တချက် အထိုင်ကောင်းလို့  တသက် ယိုင် ရလေတော့ မလား .. ဆိုတာတွေ သိချင်ရင် ကလစ်သာ လုပ်ကြည့်ပေတော့.....
အဖြစ်က ဒီလို ၊သူဆိုတာက အမေရိကန်နိုင်ငံ Detroit မြို့ တော် အစိုးရ ဘတ်စ်ကားလိုင်း တခုမှ ဒရိုင်ဘာ၊ အမည်ကTimothy Carpenter ၊ တနေ့ တော့ ခရီးသည် အမျိုးသမီး တဦးကို သူ့ ပေါင်ပေါ် ထိုင်စေ ရင်း အများပြည်သူစီး ဘတ်စ်ကားမောင်းကြီးကိုမောင်းလာခဲ့တယ် ။ အဲ့ဒီ အမျိုးသမီး ကို ပုခုံး ကိုင် လိုက် ၊ ပုတ်လိုက် ၊ စကားတပြောပြောနဲ့ လောကကြီးကို မေ့နေကြတယ် ပေါ့ ။ လူ ကသာ ကားမောင်းနေတာ ၊ လက်မငြိမ် ခြေမငြိမ် ပါးစပ်မငြိမ် နဲ့ ၂ ယောက်သား အလုပ်ရှူပ်နေလိုက်ကြတာလေ ။ အမျိုးသမီးက ရေငတ်ပြေ အချိုရည် ပုလင်းလေးတောင် မော့သောက်ပြီး ငြိမ့် လို့ ပေါ့ ။
နောက်မှာထိုင်စီးနေကြတဲ့ ခရီးသည်အများကတော့ ဘယ်လောက်များ အသည်းတယားယား ဖြစ်နေမယ်မသိ ။ ဒါတွေကို မြင်နေရတဲ့ ခရီးသည်တယောက် က သူ့ လက်ကိုင်ဖုန်းလေးနဲ့  ဒီ အဖြစ်တွေကို မှတ်တမ်းတင် ဗီဒီယိုဓါတ်ပုံ ရိုက်ယူ ထားပြီးသကာလ ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးဌာန ကို တိုင်ကြားလိုက်ပါတယ် ။
ဒီတော့ ခိုးထုတ် ခိုးထည်နဲ့ မိတဲ့ သကောင့်သား ခမျာ ဌာနရဲ့ အရေးယူဆောင်ရွက်မှုကို ရှောင်လို့ မရတော့ပါဘူး ။ လောလောဆယ်မှာ ရက် ၃၀ကြာ ၊ အလုပ်မှ ရပ်စဲခြင်းကို ခံနေရပါပြီ ။ ဒီထက် မက ပိုပြီး အပြစ်ကြီးမားစွာ အရေးယူရမယ် ဆိုရင်တော့ သူ့ ရဲ့ ကားမောင်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းခြင်း ဆိုတဲ့ ပြစ်ဒါဏ်ကို ခံယူရမှာ ဖြစ်ပါတယ် ။ ဒီ ဒရိုင် ဘာ အထွန့်တက် ဖြေရှင်းချက် ပေးတာက ဒီ အမျိုးသမီး ဟာ သူ့ ရဲ့  ရည်းစား ဖြစ်ပြီး အခန့်မသင့် စိတ်ဆိုး ရန်ဖြစ်ထားကြလို့  သူ့ ရည်းစား မိန်းကလေး စိတ်ဆိုးပြေဖို့ အတွက် ချော့မော့နေရခြင်း ဖြစ်ပါတယ် တဲ့လေ ။အချော့ကောင်းတဲ့သူ့ ခမျာ ၊ အလုပ်လဲ ပြုတ်၊ လိုင်စင်လဲ ပြုတ်ဆိုရင်တော့ သူ့ဘဝ အတွက် ရင်လေးစရာပါပဲ ။ သူ့ မှာ ယခင်က ဘာမှ မယ်မယ်ရရ ပြစ်မှူကျူးလွန် ခဲ့ဖူးခြင်း မရှိ ခဲ့ ပေမဲ့ သူ့ ဌာန က သက်သက်ညှာညှာ စဉ်းစား ပေးဖို့  ရှိ မရှိ ဆိုတာကတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး တဲ့ ။
သူတို့ တိုင်းပြည် မှာ စီးပွားရေးကျပ်တည်းနေတဲ့အချိန် ၊ အလုပ်တခု ရှာရ ဖွေရ ခက်ခဲနေတဲ့ အချိန် မို့  အလုပ် မပြုတ်ဖို့ကို အမြဲ သတိထားနေရမှာ ပါပဲ ။ ဒီထက် အရေးကြီးတာက ကားပေါ်က ခရီးသည် များစွာ ရဲ့ အသက်ဟာ ၊ဒီကားရဲ့  ဒရိုင်ဘာလက်ထဲ မှာ ရှိနေတာမို့ ၊ နည်းနည်းမှ အမှားအယွင်း၊ အတိမ်းအစောင်း မခံ ပါဘူး ။
ဒါနဲ့  ပါတ်သက်ပြီး ဒီ Detroit မြို့ တော်ဝန် Bing ရဲ့ သဘောထား ခံယူချက် ကို ရွှေပြည်ကြီးမှ မြို့ တော်ဝန်ကြီး နဲ့  နှိုင်းယှဉ် ကြည့်လို့ ရအောင် မူရင်း စာသား အတိုင်း ဖေါ်ပြလိုက်ပါတယ် ။ ....
We're going through a lot of hard economic times. If you've got a good city job, you need to respect that good city job. Do the job that you get paid to do. If you don't, [Detroit] Mayor (Dave) Bing has made it very clear, ] you will lose that job."
ပြည်သူ တွေ ပေးထား ကျွေးထားတာကိုစားနေတဲ့ ပြည်သူ့  အလုပ်သမား ဆိုတာ ပြည်သူကို လေးစား ရမယ် ။ ဒီလိုမှမလုပ်နိုင်ရင်တော့ အလုပ်ပြုတ် ရ မှာ ပဲ ပေါ့ ။
ကိုယ်ပိုင် ထင်မြင်ချက် ။ ။
သတင်းတပုဒ်အနေနဲ့ ဖတ်လိုက်ပေမဲ့ အရစ်ရှည်တတ်တဲ့ထုံးစံ အတိုင်း တွေးမိတွေးရာ ဆက်တွေးဖြစ်တာတွေ က..
(၁) ဒီ ဒရိုင်ဘာ ကြီးကို ကြံဖန် ချီးကျူးလိုက်မိတယ် ။ ပေါင်ပေါ်မှာ လူတယောက်ကိုတင်ပြီး ကားကို မထိမတိုက် အောင် မောင်းနိုင်တဲ့ သူ့ ရဲ့  ကားမောင်းကျွမ်းကျင်မှု ။း))
(၂) ဒီ အမှုရဲ့ အရင်းအမြစ် ဖြစ်တဲ့ မိန်းကလေး ကို တော့ ဘာမှ အရေးမယူဘူး ဆိုတော့ ၊ သိပ် မမျှတ ဘူး ပေါ့ ။
(၃) သူတို့ ဆီက အကြီးအကဲ ဝန်ထမ်း တွေရဲ့ မှတ်သား လောက်တဲ့ အယူအဆ ၊ နဲ့ လုပ်ဆောင်မှု တခုပါပဲ ။ လမ်းတခြမ်းပဲ ခင်းသွားတဲ့ ရွှေပြည်ကြီးက မြို့ တော်ဝန်ကြီး နဲ့ ဝန်ထမ်းအားလုံး ၊ ဒီလို စိတ်မျိုး ထားပြီး ပြည်သူ့ ဝန်ကို ထမ်းဆောင် နေကြရင် တို့ ရွှေပြည်ကြီး တိုးတက်တာ ကြာလှပြီပေါ့လေ ။ ခုတော့ ...ခုတော့
သတိပေးချက် ။
ယောကျာင်္းသားများ ကားမောင်း စဉ် ပေါင်ပေါ်မှာ ဘာမှ တင်မထားကြပါရန် ။
မိန်းမသားများ ကားပေါ်တွင် ထိုင်လျှင် မိမိထိုင်ခုံတွင်သာ ထိုင်ကြပါ ရန် ။း))
မူလ သတင်းနဲ့ ဗီဒီယို ဖိုင်လေးကို ဒီနေရာ မှာ တွေ့  နိုင်ပါတယ် ။
ကာတွန်းပုံလေးကို ဂူဂဲလ် အကူအညီ နဲ့ ရှာယူ ထားပါတယ် ။
8 comments:
လေးစားထိုက်တဲ့ မြို့တော်ဝန်ကြီးက မြန်မာပြည်က မြို့တော်ဝန်နဲ့ နင်လားငါလား
လားလားမျှ မဆိုင်း)
ကားသမားကတော့ တူတူဘဲထင်ပါနော်
မကိ
တော်တော်ဝန်ကြီးတဲ့ တော်ဝင်ကြီးတွေဗျ
ခင်မင်တဲ့
seesein
ဟားဟား
မကိတို့ကတော့ ဖဲ့တယ်ကွာ..
ကြိုက်တယ်..ပို့စ်လေး..
ကိက အဖဲ့တော်တယ် နှပ်သမီးလေးရေ... သူက ဖဲ့ဂျာ မချိရင် အနာဖေးတွေ... ဖဲ့ဖဲ့ပြီး ခွာစားနေကျ.... (အဟိ.... ချစ်တူငယ်ချင်းအား ဖဲ့သွားသည်...)
အော်...
ငါ့ အမ နှယ်.. ဒီမြို့ တော်ဝန်ကိုပဲ စိတ်မကုန်သေးတာ။
သူ့ စရိတ်နဲ့ သူသွားမှာပါ။ လမ်းတစ်ခြမ်းထဲ ခင်းလို့ 
သူ လဲ တခြမ်းထဲဖြစ်နေတာပေါ့ ။ နောင်လဲ တစ်ခြမ်းထဲပဲ
နေမှာပါပဲ။ ဘာပဲပြောပြော သူလဲ ဘောင်းဘီချွတ်ပြီး
လွှတ်တော်တက်တော့ မှာလေ။
ကိလဲ ပေါင်ပေါ်တက်မထိုင်နဲ့သိလား အန္တရာယ်များတယ် ခစ်ခစ်
ဒီလောက်တောင် ကားမောင်းကျွမ်းကျင်တာ ဆုချသင့်တယ်း)
မကိတို့ကလေ မဆိုင်တာတွေပဲ ဆွဲဆွဲထည့်နေတော့တာပဲနော် .. :D :P
မိုးခါး
Post a Comment