ဒီလူ ၊ အမည်က Darco Sangermano အတော်လေး ကံဆိုးတယ် ဆိုရမလား ။ ကံကောင်းတယ် ဆိုရမလား ။
ကံကောင်းလို့  အီတလီနိုင်ငံမှာမွေးပြီး အသက် ၂၈နှစ် အရွယ်ရောက်လာတယ်၊ ၂၀၁၀ ဒီဇင်ဘာ ၃၁ ရက်ည မှာ လူစုလူဝေးနဲ့  ၂၀၁၁ နှစ်သစ်ကူးပွဲ နွှဲပျော်ခဲ့ရတယ် ။သူနဲ့ သူ့ ရည်းစား တို့ လည်း လက်ချင်းတွဲလို့  နှစ်ကူးမဲ့ အချိန်ကိုစောင့်နေကြတယ် ။ သူ့ လို လူတွေ အများကြီး ကလိုက် ခုန်လိုက် သီချင်းဆိုလိုက် နဲ့ တူတူပျော်နေကြတယ်ပေါ့ ။
နှစ်သစ်ကူးပွဲမှာ ပျော်တဲ့သူတွေ အထဲကနေ အပျော်တမ်းသေနတ်တွေ ပစ်ဖေါက်ကြတယ် ။ ကံဆိုးချင်တော့ ဒီလူ့ ရဲ့  ညာဘက်နားထင် ဦးခေါင်းကို သေနတ်မှန်သွားခဲ့တယ်။ ဘေးကလူတွေ အလန့်တကြားဖြစ်ပြီး သွေးစိမ်းရှင်ရှင်နဲ့  သူ့ ကို သေမှာပဲလို့  ထင်လိုက်ကြတယ် ။ ကံကောင်းချင်တော့ လူနာတင် အရေးပေါ်ကားနဲ့ ဆေးရုံကို ရောက်သွားတယ် ။ ဆေးရုံ ရောက်တော့ ဆရာဝန်တွေ လည်း အမြန်ဆုံး အသက်ကယ်ဖို့  ကြိုးစားကြတယ်။ အရေးပေါ် အသက်ကယ်ခြင်းနည်းတွေ တောင် မလုပ်ရသေးဘူး ...
သူ့ ဆီက .. “ဟပ်ချိုး ” လို့  အသံကျယ်ကြီး တချက်ထွက်လာတယ် ။ ကံဆိုးတဲ့ ဆရာဝန် တချို့  နှပ်ရည်တွေ စင်ခံရတယ် ။ ကံကောင်းတော့ သူ့ နှာခေါင်းကနေ ကျည်ဆံတတောင့် “ရွှတ်”ကနဲ ပြန်ထွက်လာခဲ့တယ် ။ ပြီးတော့ သူ က ခေါင်းနဲနဲ ကိုက်တာက လွဲလို့  လူကောင်းအတိုင်းပဲတဲ့ ၊ ကံကောင်းတော့ ဆေးရုံမှာတောင် မနေရပဲ အိမ်ပြန်လာခဲ့တယ် ။
ကံဆိုးတဲ့ ဆရာဝန်တွေက အံ့သြခြင်းကြီးစွာနဲ့ ဒီအကြောင်းကို အဖြေရှာလိုက်ကြတယ်။
ကံဆိုးစွာထွက်လာတဲ့ ကျည်ဆံက နေရာကောင်း အချက်ကောင်းကို ဝင်သွားပေမဲ့ ကံကောင်းတဲ့ သူ့ ရဲ့  ညာဘက်နားထင်ဦးခေါင်းခွံကနေပြီး လမ်းရှော်ကာ နှာခေါင်းရိုးထဲ ဝင်သွားခဲ့လို့  .. “ ဟပ်ချိုး” တချက်က သူ့ အသက်ကို ကယ်လိုက်ခြင်း ဖြစ်တယ် လို့  ၊ အဖြေထုတ်လိုက်ကြတာပါပဲ ။
ခုလောလောဆယ်တော့ သူ့ ရဲ့ မျက်စိအမြင်က အနည်းငယ် ဝေဝါးနေတာကလွဲလို့  ကျန်တာ အားလုံး ပုံမှန်ပါပဲတဲ့။ နောက် ရက် အနည်းငယ်ကျမှ လိုအပ်တာတွေ ဆက်လက်စစ်ဆေးဖို့  စီစဉ်ထားပါတယ် တဲ့
ကံကောင်းလို့ မသေ ၊ သံချောင်းတို့  အဖေ ကတော့ ။ နောက်နှစ်ကူးပွဲတွေမှာ ပျော်ရဲပါအုံးတော့မလား။
သင်တို့ ထဲမှာရော ဒီလို ကံကောင်းပါစေလို့  ဆုတောင်းချင်သူများ ရှိကြပါမလား ။လူဘယ်နှစ်ယောက် မှာ မှ သူ့ လို ကံကောင်းသူ တယောက် ရှိနိုင်ပါ့မလည်း ။
ဒီနေရာက လင့်ကလေးကို နှိပ်ကြည့်ပါ.. တရုပ်ဘာသာ နဲ့ ပြောထားပေမဲ့ သရုပ်ပြပုံတွေ ပါတာမို့  ရုပ်ပုံလေးပဲ ကြည့်လည်း သဘောပေါက်နိုင်ပါတယ်
http://tw.nextmedia.com/applenews/article/art_id/33105077/IssueID/20110112
8 comments:
ဟယ် တကယ့် ဖိုးကံကောင်းပါလား....း))
အဲတာ မျိုးလေးတွေများများဖတ်ချင်တယ်.... ကံမကောင်းတာတွေ ဖတ်ချင်တော့ဘူးဟယ်....
အဲလိုချော်ပြီး ဝင်တတ်လို့လား ၊ ထူးဆန်းဘဲ
နားထင်ထိတဲ့ ကျည်ဆံတွေ များလာပြီ မမကိရေ..။ လူကြားထဲ သိပ်မသွားတာ ကောင်းတယ်။
ကံကောင်းလိုက်တာ.. သေကံမရောက် သက်မပျောက်ပေါ့..
မကိ ရေ
ကံကောင်းလိုက်တာနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မကီရေ
ဒီပိုစ့်လေးဖတ်ခွင့်ရလို့ ကံကောင်းတတ်ပုံကိုသိလိုက်ရတယ်
ဒါကြောင့်ကံကောင်းလိုက်တာနော်..
ကျေးဇူးအစ်မကီရေ..
ကောင်းလိုက်တဲ့ကံ :)
ဒါကိုကြည့်ခြင်းအားဖြင့် နှာချေခြင်းက ကျန်းမာရေးကို အထောက်အကူ ပေးနိင်တယ်ဆိုတာ သင်ခန်းစာထုတ်လို့ရတယ်း)
သေချိန်မတန်တော့လည်း ကြံဖန်ပြီး ကံကောင်းတာပဲ။
Post a Comment