ကိုယ့်ရပ် ကိုယ့်ရွာ ပြန်ရောက်တာ ၃ လကျော်ကြီးများတောင် ရှိနေပေမဲ့ နေသားက မကျ တကျ ဖြစ်လို့  နေဆဲ ။ တနေ့  တနေ့  ယောင်လည်လည် နဲ့  ဘယ်ကစပြီး ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိသေး ။
ကြွေးတင် ဝက်မွေး ဆိုလို့ဝက်ပဲမွေးရတော့ မလိုလို ( ကြာရင် ကြွေးတင်တော့မှာ မို့ ) ၊ ကြက်ပဲ မွေးရတော့ မလိုလို ၊ငါးတွေပဲ မွေးရတော့မလိုလို၊ ခရမ်း သုံးခွ ဖက် လျှောက်ကြည့် ဖြစ်ခဲ့သည် ။သမ္မာ အာဇီဝ အလုပ်တော့ အလုပ် ပါပဲ ။ ဪ .. အကုသိုလ် အလုပ်တွေ မလုပ်ကောင်းပါဘူးလေ လို့  စိတ်မှာ မှတ်ပြီး မွေးမြူရေး ဘက် မလှည့် လိုတော့။( လူကြား ကောင်းအောင် ပြောတာပါ ၊ တကယ်ဆိုရရင်တော့ ကြက်ချီး ဝက်ခ ဒီတော့ စိုက်ပျိုးရေး ပဲ လုပ်ရကောင်းမလားပေါ့ ။ မှော်ဘီ ဘက်မှာ နှင်းဆီခြံ တွေ ၊ သရက် ခြံတွေ နဂါးမောက်သီးခြံ တွေ ၊ နှစ်တို နှစ်ရှည် စားပင် ပန်းပင် ခြံတွေ အမျိုးမျိုး ။သူများတွေ စိုက်ထားကြတာ အားရစရာမို့  မိုးရွာကြီးထဲမှာ အားကျစွာဖြင့် သူများခြံတွေဆီ လိုက်ကြည့်ဖြစ်သေး ။ တကယ် လုပ်ကြည့်မှ တယ်မလွယ် လှကြောင်း ၊ အလုပ်သမား ထိန်းရ သိမ်းရသည်များ ၊ အလေအလွင့် တွေ နဲနိုင်သမျှ နဲအောင် စနစ်တကျ လုပ်ရသည့်  ဦးနှောက်ခြောက်ဖွယ် အရာများ ၊ သူငယ်ချင်းဖြစ်သူပြောပြတာ သိရမှ အင်တင်တင် နဲ့ ရှေ့ ဆက် မတိုးဝံ့ သေး ။
နောက်တဦးက အကြံပေးသည်က ကိုယ်ပိုင် ဆေးခန်း ဆေးရုံဖွင့်ရန် ၊ ဒါလည်း တယ် မလွယ်လှ အရင်းအနှီး က အင်မတန်များ ။ ဒီထက် အရေးကြီးသည်က တရားဝင် လိုင်စင်ရဖို့  သူတို့  အမျိုး အနွယ်များနှင့် ပါတ်သက်မှု ရှိမှ အဆင်ပြေ မည် ၊ ပေါင်းသင်းဆက်ဆံရေး မကောင်းလှသည့် ဖွားကိ ၊ ဟို ကောင့်ကပ် ဒီကောင့် ကပ် ဖို့ ဝေးစွ ဒစ်စ်ကောင့် ကဒ်တောင် မရှိသမို့  ဒီ အကြံပေးချက်များကိုလည်း ဥပက္ခာ ပြုထားလိုက်ရပါသည်။
ဒါဆိုရင်လည်း စားသောက်ဆိုင် ဖွင့်ပါလား တဲ့ ။ဘီယာစတေရှင်ဖွင့်ပါလားတဲ့ ၊ ကော်ဖီရှော့ပ် လေး ဖွင့်ပါလား၊ ကာရာအိုကေ ဆိုင်ပါ တွဲ ဖွင့်ပါလား တဲ့  ၊ လူဆိုတာ မဝတ်ရင်သာ နေလို့ ရတယ် ၊ မစားလို့  မရဘူး တဲ့  ၊ ဂလို ဆို ပြန်တော့လည်း ဟုတ်တုတ်တုတ် ၊ သတိထား ကြည့်လိုက်မိတော့ မှ ရက်စတောရင့် ကြီင်္းတွေ ၊ ခမ်းနားကြီင်္းကျယ်စွာ ဖွင့်ထားကြတာ မြင် မိသည် ၊ နာမယ်ကြီး စားသောက် ဆိုင်ကြီးများ မှာ လူ တွေ အပြည့် စားနေ သောက်နေကြတာ တွေ့ လိုက်ရသည် ။ ဘယ်လို လူတွေပဲ ဒီလို နေရာမျိုးမှာ စားသောက် နိုင်ကြကြောင်းကို တော့ တွေးကြည့်စရာတောင် မလို လှ ၊ ဆိုင်ရာ ပိုင်ရာ များကို အချိန်မှန် ဆက်သ နေမှသာ ဒီလုပ်ငန်းများ အဆင်ပြေ ချော မော စွာ လည်ပါတ်နိုင်ကြကြောင်း သိလိုက်ရသည် ၊ J ဒိုးနပ်ကြီးတွေ က နှစ်ပေါင်းများစွာ အလုပ်ဖြစ်နေကြပေမဲ့ အခွန်တောင် ဆောင်စရာ မလိုဘုးတဲ့ ၊ ပိုင်လိုက်ပုံများ နော် ။ အင်း ၊ My Garden အဲ့လေ .. ယောင်လို့  ၊ Oh My God ! ..ဒါလည်း မဖြစ်သေးပါဘူး ။
နောက်တယောက်... တလောကလုံးကို အဖြူရောင် ဆိုးချင်နေသော အဖြူလေး ဆိုသူက အကြံဥာဏ်ပေးလာပါသေးသည် ။ အင်တာနက်ဆိုင် ဖွင့်ပါလား တဲ့ ။ ဒါဆို တချက်ခုတ် အချက်ပေါင်းများစွာပြတ်ပေရော့မည် ။ ဟိုကလာ စစ် ။ ဒီကလာ စစ်နဲ့ ဖွားကိ ဇာတ်ရှုပ်တွေ ပေါ်ကုန်မှဖြင့် ၆၅ နှစ် နဲ့ တိုးနေမှာစိုး၍ ဤ အကြံပေးသူကို အမဲရောင်သာ ဆိုးပစ်လိုက်ချင်ပါသည် ။ အနှီသကောင့်သားအား ၁၁/၇ မတိုင်မီ ရွှေပြည်ကြီးဆီပြန်လာပြီး အသဲကြားက ပဲ တပြားလောက် ထုတ်ပြီး ပေးစေချင်လှပါသည် ။း))) ။ ယခုထက်တိုင် ဖွားကိတယောက် ဘယ်သူ့ ကို ဘာအပြား ပေးရမှန်းမသိ ။ နဝေတိမ်တောင် ဖြစ်လို့ နေဆဲပါပေ ။ သို့ ပေမဲ့လည်း ကိုယ့်လို ဘဝတူများစွာ ရှိနေမည် ဆိုတာတော့ သေချာလှပါသည် ။ ဒီတော့လည်း တပျော်တပါးကြီး ပဲ သွားပေး ဖို့  ၊ မပေးဖို့အသာထား ၊ ပဲ များပြလိုက်တာကမှ ကောင်းလေအုံးမည် ။ လိပ်နှုန်း နဲ့ ပြေးနေသော ကိုးနတ်ရှင် တွေ ၊ လာတချက် မလာနှစ်ချက် ဖြစ်နေတဲ့ လျှပ်စစ်မီးတွေ ၊ ကြောင့် ဆိုင် စရိတ်တွေ တက်ပြီး မကြာခင် ကိုယ့် ဖျာ ကိုယ် လိပ် ပြီး ပြန်ရမဲ့ ကိန်း ဆိုက်ရောက်မှာ ကို ကြိုသိနေလို့  ဒီအကြံကိုလည်း လက်မခံဖြစ်ပါလေ ။
ဒီလို နဲ့  ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် သတင်း သန့် သန့်  ကြားလိုက် မိတာမို့  စပ်စပ်စုစု လုပ်ဖြစ်သေးသည် ။ Without ကားတွေ တရားဝင် လိုင်စင် ထုတ်ပေးနေပြီ ဆိုပဲ ။ ဘာပါလိမ့် Without ကား ဆိုတာ .... ဩော် ရှင်းရှင်းလေး ကိုတောင် နားမလည် ဘူး ဆိုတော့ နားလည်သလို ပဲ ပြန်ရှင်းပြလိုက်ချင်သည် ။ within ဆိုတာ“ အတွင်း” လို့  အဓိပ္ပါယ် ရလျှင် without ဆိုတာ “အပြင်” လို့  ဆိုလိုမည်လား ။ အင်း ... ဒီလိုကြီး တိုက်ရိုက် ဘာသာပြန်လို့ လည်း မရသေးပါဘူး လေ။ With ဆိုတာ “ နှင့်  / ဖြင့် ” ဆိုတော့ Without ဆိုတာ“ မနှင့် /မဖြင့် ” လို့ ပဲ ပြောရမည်လား ။ နောက် မှ သိရသည်က တရားဝင် လိုင်စင် မရှိသော ( သို့ မဟုတ် ) လိုင်စင်မဲ့သော ကား များ ကို ကား လော က မှာ အတိုကောက် ခေါ် ဆို နေကြသော အသုံးအနှုန်း ဖြစ်ပါကြောင်း ။ အနှီ without ကားများကို လူဂျီးသားသမီး များ နဲ့ နီးစပ်ရာ အသိုင်းအဝိုင်း မှ မှန်မဲမဲ ကြီးများပိတ်ကာ ၊ မီးတဖြတ်ဖြတ် ထွန်းကာ စီးနေ ရမ်းနေကြသည် မှာ နှစ်ပေါင်း အတန်ကြာနေခဲ့ရာ မှ ခုတော့ တရားဝင် လိုင်စင် ထုတ်ပေးနေပြီ ဖြစ်ပါသတဲ့ ။ ဒါကလည်း သူ တို့  စားကွက် သူတို့ ထွင်ထား မှန်း ကလေးရော ခွေးပါ သိ နေကြသမို့  မျက်နှာမွဲ ကျောပြဲ ၊ အပြင်လူ တွေဘယ်လိုများ ဝတ်သ် နိုင်ကြပါမည်လည်း ။ ရှိစု မဲ့စု ကားအို ကားစုတ် ကလေးများ နယ်နှင်ခံ ၊ ဖျက်သိမ်းခံရခြင်းများ မဖြစ်ပါစေ နဲ့  ဟုသာ ဆုတောင်းနေကြရပါတော့မည် ။ ဖြစ်နိုင်ရင်တော့ဘားအံ ၊ မြဝတီ ၊ တာချီလိတ် ဘက်တွေ သွားပြီး တောင်ကျော်ကားများ ၊ ပင်လယ်ကျော်ကားများ ၊ စိတ်ကြိုက်ရွေးဝယ်ကြလျှင် ၊ သို့မဟုတ် ရေလိုသုံးနိုင်ကြလျှင် ၊ ဝါးတားတွေ ပါဝါတွေ အာဏာတွေ ရှိသူများအတွက်တော့ ကောင်းလေစွ ။ သေချာစွာ အလုပ်ဖြစ်နေကြသူများကတော့ “ အခွန်ဦးစီးမှူးများ” “ရာဖြတ်ကြီးများ ” ပင် ဖြစ်လေသည် ။ ထိုသူများကို ခွန့်လိုက်ပါက နှစ်ဦးနှစ်ဖက် အကျိုးရှိကြလေသည် ။ ဒီတော့ ရာပဲ ဖြတ်စားရမလား ၊ ထောင်ပဲဖြတ်စားရမလား ။ ထောင်ထဲမှာပဲ သွားစားရရင်ကောင်းမလား လို့  မစဉ်းမစား ဖြစ်မိသေးသည် ။ ဒီင်္ ဟာ မျိုး လေး လုပ်ရ ကောင်းမလား လို့  စဉ်းစား တွေ ဝေ နေတုံး မှာ ပဲ ....... ဟော... အခု ဒီ အခွန်ဆောင်တဲ့ ကိစ္စတွေမှာ လုပ်စားနေကြသူများ အကြောင်း အတော်အတန် သတင်းကြီးသွားပါသဖြင့် လောလောဆယ်မှာ ပိတ် ထား လိုက်ပြန်ပါပြီတဲ့ ။ ရှုံ့ ချည် ပွချည် လုပ်နေကျ ထိုသူ တို့  အကြောင်း နောကျေနေကြတဲ့ ဒို့ ရွှေပြည်သား တွေကတော့ ခပ်ပျော်ပျော်ပါပဲ ။ ပိတ် ပြီးရင် ပြန်ဖွင့် မှာ ပေါ့ လို့  ဆိုနေကြပါသေးသဖြင့် မကြာမီ ( ဘယ်လောက် ကြာမည် မသိ ) အချိန် အတွင်း လုပ်ကွက်လေးတွေ ပေါ်ထွက်လာ တဲ့ အချိန်ကို စောင့်မျှော် နေကြပါသည် ။
ဒီကြားထဲမှာ သတိထားမိလိုက်တာကတော့ ကားပွဲစား ၊ ငွေကြေး အရင်း အနှီးစိုက်စရာ မလို ၊ ပါးစပ်တခုပါလျှင် လေ အရင်းအနှီင်္းစိုက်ထုတ်ရုံဖြင့် မြက်မြက်ကလေး စားနိုင်ဝါးနိုင်နေကြသည် ။ ထို့ အတူ အိမ် ခြံမြေ ပွဲစား ၊ စိန်ပွဲစား ၊ ပတ်စပို့  ပွဲစား ။ အလိုလေး .. များ ပြားလိုက်ပါတဲ့ ပွဲစားများ ။ ယုတ်စွ အဆုံး လူ ပွဲစား ဆိုတာတွေတောင် ရှိသေး ။ ဒါတွေကရော သမ္မာ အာဇီဝ အလုပ် လား ၊ အရောင်း အဝယ် လေးဖြစ်အောင် ဟိုဖက် တမျိုးပြော ဒီဖက်တမျိုးလှည့်ပြော ၊ အစုတ်ကို အကောင်း ဖြစ်အောင်ပြော ၊ အဟောင်းကို အသစ်ဖြစ်အောင်ပြော ၊ အမှန်အတိုင်းပြောရင် ဈေးတွက် မကိုက်မစိုးလို့  မှန်တာတွေရော မမှန်တာတွေရော ပြော ၊ ဂျိုးပြော မိုးပြော ၊ ဂျပိုးကို လိပ်ဖြစ်အောင် ကြံဖန်ပြော ၊ မိုးလုံးပြည့်မုသာဝါဒါ တွေ မဟုတ်ပေမဲ့ သူ့ မှာလည်း လကာင်္ချော အောင် ပြော၊ ဒီလို ပြောပြီး စား နေကြရသူများ မို့  ပွဲစား ဆိုတာလည်း ဒယ်အိုး ရောက်မဲ့ သူများ လို့  ဒယ်အိုးဆရာတော်ကြီးက ဟောကြားဖူးတာ အမှတ်ရမိတာမို့  အင်း ... ဒါလည်း မဖြစ်သေးပါဘူး လေ ။
ဒီလို နဲ့ နောက်ဆုံးတော့လည်း ဖွားကိတယောက် ဟိုမရောက် ဒီမရောက် ယောင်၆၀ ( တနေ့ တခြား အစစ အရာရာ ဈေးတွေတက်နေတာမို့  ၁၀၉/ ၁၁၀ အပြင် ယောင် ၁၂၀ တောင် ဖြစ်နေလောက်လေပြီ ) ဘဝမှာ ပဲ ခြာလည်လည်ဖြင့် ကြာရင် မလွယ်ဘူး ၊ ရူးချင်တယ် ရယ် လို့  ဘယ်သူ့ ကိုမှ အပြစ်မတင်နိုင်တော့ပဲ ကိုယ့် အပြစ် နဲ့ ကိုယ် ဖြစ်နေရကြောင်းတင်ပြအပ်ပါသည် ။
ဒါ့ကြောင့် .... လုပ်စား ရမလား ၊ ရိုက်စားရမလား ၊ လိမ်စားရမလား ၊ ညာစားရမလား၊ ဖါးစားရမလား ၊ ဝါး စားရမလား ၊ ပွဲစားရမလား ၊ ဆွဲစား ရမလားးးးးးးး
15 comments:
မဲပြား မပေးပဲ ဘဲ့နှယ်ပဲပြားပေးရတာဒုန်း... လုပ်ချလိုက်ပြန်ပြီ ... ဒါလဲ ကောင်းတောင်းတောင်းပဲ.....း))
ဖွားကိရယ် ...... ရောက်နေတာ အကြောင်းမကြားဘူး .. သားထူးတို့က ရွှေပြည်ကြီးမှာ အနေကြာတော့ ဘယ်ကွေ့ရောက်ရင် ဘယ်တက်နဲ့လှော် ဆိုတာကျွမ်းနေပြီဗျာ့ ....
ဖွားကိ ဘီးဇီးနက် လုပ်ချင်လို့လား ဇီးကွက်စီးပွားရေးလုပ်ချင်လို့လား အသေချာဆုံးက ကာလူးဆိုင်သာဖွင့်လိုက်ပါဗျာ .......။
သားထူးနဲ့ မောင်ဖုန်းက ရှေ့ဆုံးက အကြွေးနဲ့ အားပေးပါမယ် ... ။
ကြုံခဲ့ဖူးခဲ့လေပြီ။ ဒါပေမဲ့...ပြန်ရင်လည်း နောက်တစ်ခါ ကြုံရဦးမယ်။ သို့သော်လည်း ပြန်တာကတော့ ပြန်ရမှာပေါ့လေ။ အချိန်တန်ရင် အိပ်ပြန်ကြရမှာကိုး။
ပြန်တိုင်းကြုံရသောကြောင့်....မပြန်လမ်းကို..ကြွမြန်းနိုင်အောင်..စဉ်းစားတော်မူပါ...
ယောင် ၆၀မို့ဘဲ ကိုးဆယ်သာဆို မလွယ်ဘူးနော်။။
အစ်မရေ လူပွဲစားလုပ်ပါလား..
ပြည်ပထွက်ချင်သူတွေကို ကူညီပေးတဲ့ ပွဲစားပြောတာပါ။
ပြဿနာဖြစ်ရင်တော့ သိဝူးနော်...........
ခုချိန်ထိ ဘာအပြားပေးရမလဲ မသိဘူး ဆိုတဲ့နေရာအရောက်မှာ အသံထွက်ပြီး ရယ်လိုက်မိတယ်..
ကြံကြံဖန်ဖန်.......
ဘာအပြားမှမပေးလဲရတာပဲလေ။ မ၀င်မနေရဆိုလဲ ၀င်လိုက် မရေးမနေရဆိုလဲရေးယောင်ပြလိုက် ပီးပြန်ထွက် ပေါ့..ဟီးဟီးး
ယောင်၆၀ ရယ် ...အေးဆေးပေါ့ ..ရှိတာလေးနဲ့စားလေ.ရွှေပြည်ကြီးမယ် ဒီလောက်အလုပ်ပေါတာကို.. ဘဘကြီးတို့ကပြောတယ်လေ..အလုပ်တွေများမှများဆို...ဆို...ဆို...
မြတ်နိုး
အတော်လေး သဘောကျ..ကိုယ်တောင် ပြန်ပြီး ယောင်
၆၀ မလုပ်ပဲ ဆက်ထွက်ရင် ကောင်းမလား ဟီး
မွှဲပြာပြာ စီးပွားရေးလုပ်မလား..
အတွေးထဲမှာ ယောင် ၆၀ နေတာကြာပြီ..
ခုဒီပို့(စ်)ဖတ်လိုက်ရတော့ ..ဆုံးဖြတ်ချက်တစ်ခုရလိုက်
တယ်..
ပဲပြားပဲ ပေးလိုက်တာကောင်းပါတယ်လေ..
ဟေးဟေး...
ခင်မင်စွာဖြင့်
ဟာ......... အမ နှယ်.....
ဗမာ ပြည် မှာ ဒီလောက် လုပ်စရာ တွေ များ နေတာ ၊
မကြာခင် လွတ်လပ် ရေး ရရင် ဒီ့  ထက်တောင်
ပို များ လာတော့ မယ်၊ ဖုန်းတွေ တောင် နေ့ ချင်း ပြီး
ရ နေပြီ ၊ အကောင်း မြင်ပါ...ဗျ၊ ဘာ တဲ့  နေပြည်တော်
ကို လျှပ်စစ် ရထား တောင် ပြေး တော့ မယ် ဆိုပဲ ..၊
ဘာ မှ မလုပ် ရဲ ရင်ဗတော့  ရေ ခဲေ၇ သာ ရောင်း..
ဂွပ် တယ်၊ သမာ အာဇီဝ ကျ တယ် ၊
မကိရေ
အလုပ် လုပ် ချင်ရင် မန်းလေးသာလာခဲ့တော့ အကြံပေးမယ် အကြံပေးခတော့ ယူရလိမ့်မယ်နော်
ခင်မင်တဲ့
ရွှေစင်ဦး
အဲဒီနားမှာ ဆေးခန်း မရှိရင် ဖွင့် ပါလား။ ယောင်၆၀ဆေးခန်း လို့ 
မြေတပိုင်းကို အကွက်ရိုက် ကြက်တခြံ ၀က်တခြံငှားလိုက် ကျန်တဲ့ မြေအပိုင်းကို မြေကွက်ကို အငှားပေး ကြက်ချီးဝက်ချီးသွင်းမယ် အသီးနံ ဖြစ်ရင် အစားပြန်ပေး ကြေး နဲ့ လေ။
ကြည့်ဘယ်လောက်အလုပ်များ ပေါပါ့ အားကျပါဘိ
ဆောင်း
မကိရေ...ကိုကြီးပီတာဘလော့မှတော့သမာအာဇီဝကျကျတောင်းစားတဲ့သူတောင်းစားကကြယ်၅လုံးအဆင့်ရှိတဲ့ဟိုတယ်မှာတည်းတယ်ဆိုပဲ...ညီမကတော့ဒီအလုပ်ကိုတော်တော်စိတ်ဝင်စားနေတယ်...အမရော...လုပ်ငန်းခွဲလုပ်ကိုင်ဖို့ ဝန်ထမ်းတွေထပ်ခေါ်မယ်လေ....
:D
ဘာမှကိုမလုပ်ရဲ မလုပ်တတ်မို့ ရှိရာနေရာမှာ ခိုကပ်နေ နေရတာ ကြာပေါ့
ဟုတ်ပဗျာ.......အဲ့ဒီအဖြူလေးက.....မကွိစ်ကို အချွန်နဲ့မတာ........ဟီးဟီး.......း))
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
မကိ..
မချောပြောသလိုတော့မလုပ်နဲ့နော်...
ဒီမှာ လူပွဲစားတော့မဟုတ်ဘူး..
လွန်ခဲ့တဲ့ ၄နှစ်တုန်းက ညီမရန်ကုန်ပြန်ရင်းနဲ့ ဆိုက်ပရပ်စ်မှာ စားပွဲထိုးလူလိုလို့ တစ်ပြားမှမယူပဲနဲ့ ခြေနှစ်ချောင်းကူညီမိပါတယ်.. ကျေးဇူးမတင် 2*@x+=$^@ဆိုသလိုပဲ...။
ကိုယ့်ကိုတောင်ပြန်ဆော်နေလို့..။
လူပွဲစားများလုပ်မိရင်တော့ ပါးတောင်တက်ရိုက်မလားမသိဘူး။။။
သမိုင်းလမ်းဆုံမှာ အင်တာနက်ဆိုင်ထောင်ပါ.... ကွန် မကောင်းလျှင် သုံးစွဲသူများ ဘီယာသောက်နိုင်အောင် အင်တာနက်ဆိုင်ဘေးတွင် စေတနာထား၍ ဘီယာဆိုင်ထောင်လိုက်ပါ...
အင်တာနက်ဆိုင်တွင် အသုံးပြုရန် မီးစက်ဝယ်ပါက ပတ်ဝန်းကျင် အိမ်များ ကို မီးရောင်းစားနိုင်ရန်... စေတနာထား၍ မီးစက် အကြီးကြီး ၀ယ်ပါ.. မီးချောင်းတစ်ချောင်း ဘယ်လောက် တီဗွီကြည့်လျှင် ဘယ်လောက် စသည်ဖြင့် စီးပွားရှာနိုင်ပါသည်...
ဘီယာဆိုင်ဘေးတွင် ဘီယာသောက်သူများ ရွင်မြူးလာပါက သီချင်းအော်နိုင်ရန် စေတနာ ဖြင့် ကာတာအိုကေ ဖွင့်ပေးလိုက်ပါလေ...
ကာလာအိုကေ မှ အညောင်း အညာ ဖြေ ခရီးဆက်ချင်သူများအတွက် ခေါင်းလျော်ဆံပင်ညှပ် အမည်ခံ မာဆတ် ကြွတ်ဆတ် ကို စေတနာ ထား၍ ဖွင့်ပေးလိုက်ပါလေ...
္စ၎င်းမာကြွတ်ဆတ်ဘေးတွင် စေတနာထား၍ ဂတ်စ်ဟောက်ကိုဖွင့်ပေးခြင်းဖြင့် အိမ်အပြန်နောက် ကျမည့်သူများအား ကူညီပေးပါလေ
၎င်းတို့ နှင့် မနီးမဝေးတွင် မှ ဘလော့ရှင်ကိုယ်တိုင် ထိုင်ရန် ဆေးခန်းတစ်ခန်း ကိုဖွင့်ပါလေ.... အကြောင်းကား.. ဘီယာဆိုင်တွင် ရန်ဖြစ်ခြင်း၊ အင်တာနက် ကွန်မိအောင် စောင့်ရခြင်းတို့ ကြောင့် အညောင်းမိခြင်း၊ မာကြွတ်ဆတ်တွင် အနှိပ်ခံလွန်း၍ ညောင်းညာခြင်း စသည့် ဝေဒနာရှင်များနှင့် ၀င်လာမစဲ တသဲသဲ ဖြစ်ကာ စီးပွားလာဘ် လာဘများ တိုးများလာပေလိမ့်မည်...
မှတ်ချက်။.........။ ပါမစ် ရရန်မူ အသဲကြားကပဲ တစ်ပြားအား... ခွေးခြေင်္သေ့အား သဲလူး၍ ကျွေးလိုက်ပါလေ....
နောက်ထပ် မှတ်ချက်.။ ........... ။ မြန်မာပြည်တွင်း၌ မည်သည့်အလုပ်ကိုမဆို အကုသိုလ်ဟု မမှတ်ပဲ အကြောင်းကြောင့် အကျိုး ဖြစ်ရတာပေပဲ ဟု မှတ်ကာ စီးပွားရှာပါက ဘူဒူတေတေ ငတေ မာလျှင် ပြီးမြောက်ကာ ဆွေတော် မျိုးတော်များ နှင့် တန်းတူ ကြွယ်ဝလာနိုင်ပါကြောင်း.............
Post a Comment