ခြင်ဆိုတာ ကောင်းကျိုးမပေး ၊ ရွှေပြည်ကြီးမှာ မိုးတွင်းအခါသမယ ခြင်နှင့် ယင်များ နှိပ်စက်မှုကြောင့် သွေးလွန်တုပ်ကွေး ၊ ဝမ်းလျှော ဝမ်းပျက် ရောဂါတွေ ပိုများလာလေ့ရှိသည်ကို အားလုံးအသိပင် ။ ဒီတော့ ခြင်နှိမ်နင်းရေး တွေ လုပ်ကြသည် ။ ခြင်ရဲ့  ဘဝအစ ပိုးလောက်လန်းတစ်ကောင် ငွေတစ်ထောင် ဆိုပြီး ဒါဏ်ရိုက်သည် ဟူ၍ဂျာနယ်တစောင်မှာ ရေးသားထားသည် ဆိုတာကို ဒီဗီဘီမှ တင်ပြသွားလေသည် ။ အဆိုပါ ခြင် နှိမ်နင်းရေးအတွက် မဟာဗျူဟာကြီး တခုပါပေ ။ ကျန်းမာရေးပညာပေးတာ မရလို့ ဥာဏ်ကြီးရှင်များက ရွှေဥာဏ်တော် စူးရောက်ကာ ဒီဗျူဟာကြီး ချမှတ်လုပ်ဆောင်ရလေသည်လား မသိ ။ ဘာပဲ ဖြစ်ဖြစ် ခြင်တွေရဲ့ ဆိုးကျိုးပေးမှုကို အားလုံးနားလည်လာကြလေသည်ကိုတော့ ငြင်းမရ ။ထို့ အတူပင် ခြင်ဆေးခွေ ထုတ်လုပ်သူများ အတွက်တော့ ဤခြင်တွေ ကမ္ဘာလောကကြီးမှ ပျောက်ကွယ် မသွားမခြင်း ခြင်ကိုမှီ၍ စီးပွားဖြစ်နေအုံးမည် ဆိုတာကိုလည်း ငြင်းမရ ။ ထားပါတော့ ကောင်းကျိုးမပြု တဲ့ ဒီ ခြင်များ အကြောင်း ။ ...
ယခု ပြောချင်သည့် ပြောပြမည့် “ ခြင် ” ဆိုသည်မှာတော့ တခြားမည်သူ့ ကို ကောင်းကျိုး ပြု ၊ မပြု ကျွန်ုပ် မသိ ။ ကျွန်ုပ် အတွက်မတော့ ချစ်မိတ်ဆွေကြီးပင် ဖြစ်လေတော့သည် ။ အဝေးတနေရာစီ ရောက်နေကြသော ကျွန်ုပ် နှင့် ခြင်တကောင်တို့  လေလှိုင်းတွင် မိတ်ဆွေ ဖြစ်ခဲ့ရသည်မှာ ဤဘလော့လေး မှာစပြီး မတောက်တခေါက်စာများကို တောင်ခြစ် မြောက်ခြစ် ခြစ်ရင်း ရေးရင်းဖြင့် ချစ်မိတ်ဆွေကြီး ဖြစ်ခဲ့ ရပေသည်။ ထို့ နောက် မှာတော့ အဆင်မပြေမှုများ တွေ့ ကြုံရတိုင်း ၊ စိတ်ညစ်စရာ အကြောင်းများ ဖြစ်ပေါ်ရတိုင်း သူ့ အကြောင်း ကိုယ့်အကြောင်း ၊ အပြန်အလှန်ရင်ဖွင့်ကြသည် ။ပြောမနာ ဆိုမနာ ဖြစ်ကြသည် အထိ ရင်းနှီးသွားခဲ့ကြလေသည် ။ အကျွန်ုပ် ရွှေပြည်ကြီးသို့  ပြန်ရောက်အပြီး ဆက်လက် ရေးသားခဲ့သော ဤဘလော့စာတိုပေစ ပေါက်ကရများကိုလည်း ချစ်စဖွယ် ခြင်၏အကူအညီဖြင့် ဘလော့စာမျက်နှာပေါ်သို့  တင်ပို့ ခဲ့ရလေသည် ။ အကျွန်ုပ် ခမျာမတော့ လိပ်နှုန်းဖြင့်ပြေးနေသော အိမ်သာနတ်ကြီးအား ဦးမချခဲ့သဖြင့် အခြား ဘလော့စပေါ့များကိုလည်း မဝင်နိုင် ၊ မလည်နိုင်ဖြင့် ချစ်သော ဘလော့မိတ်ဆွေများနှင့် အဆက်ပြတ်နေခဲ့ရသည်မှာ ၂ လပင် ကျော်လွန်ခဲ့လေပြီ ။
ခြင့် အပြင် မျောက်အကြောင်း လည်း ပြော ရဦးမည် ။ ကျွန်ုပ်၏ “မျောက် ”မှာ စိန်မျောက်မျောက်တို့  ၊ မျောက်မူးလဲ တို့  ဆိုပြီး ကောင်းချီးသြဘာ ပေးခံနေရသော မျောက် လောင်း လေး ( ယခုတော့ မျောက်နာလေး) အကြောင်းတော့မဟုတ် ။ အကျွန်ုပ်သည် မျောက် မဟုတ်ပေမဲ့ မျောက် ကို ချစ် သည် ။ ငယ်စဉ် အခါတည်းက မျောက်ရှုံးအောင် ဆော့ခဲ့သည် ။ သို့ ပေကြောင့်လားမသိ ၊ မျောက် သွေးပါသော ကျွန်ုပ် မှာ မျောက်ကိုက်ခြင်းရော မျောက်ကုတ်ခြင်းပါ ခံခဲ့ရဖူးသည် ။ မဟာရန်ကုန်ရှိ တိရစ္ဆာန်ရုံ မျောက်ရွာ ထဲ မှ ပါတ်ပါတ်လည် မှာ ကျွင်းကြီးသဖွယ် ပြုလုပ်ကာ ခြားထားသော စည်းရိုးပေါ်ထိ တက်ထိုင်ကာ ခြေတွဲလောင်းချ လှုပ်ရွနေသော အကျွန်ုပ်ထံ မျောက်တစ်ကောင် ခုန်ကျော်ပြီး ခြေထောက် ကို ကိုက် ၊ ကုတ်ခြစ် ကာ လွတ်ထွက်သွားသောကြောင့် အနီးရှိ လူအများ အထိတ်တလန့်  ဖြစ်ခဲ့ရသော မြင်ကွင်းအား ယနေ့ ထိ အမှတ်ရနေဆဲပင်ဖြစ်လေသည် ။ ထို့  အပြင် ကလေးဘဝ ပုပ္ပါးတောင် တက်ခဲ့ကြစဉ်က လည်း မျောက်များကို အစာကျွေးနေစဉ် အစလွန်သွားသဖြင့် အဆိုပါမျောက်များထဲမှ မျောက်မကြီးတကောင်၏ ကုတ်ခြစ်ခြင်းကို ခံခဲ့ရဖူးလေသည် ။ ဤသည်မှာ ကျွန်ုပ် နှင့် မျောက် များ၏ ရှေးရေစက် အကြောင်းများ ဖြစ်ပါသည် ။ မျောက်ကိုက်လျှင် ရွှေချ ဟုပြောကြသည်မှာ ဘာကြောင့်မှန်းတော့မသိ ။ ရွှေတော့ မချဖူးခဲ့ ၊ ထို့ ကြောင့် ယခု အချိန်မှာ ငရွှေ၏ ထု နှက် မှုများ ခံနေရလေသည်လား ဟု ဤစာရေးနေရင်း မဆီမဆိုင် တွေးမိ လိုက်သေးသည် ။ဤသည်ကား အကျွန်ုပ် မျောက်အကြောင်း တစွန်းတစပင်ဖြစ်လေသည် ။
မဟာ ခြင်တကောင် စလုံးမှ ပျံ(ပြန်) လာသည် ။ သူ့ မှာ အတောင်ပံ ရှိပေမဲ့ ဝေးဝေးပျံလို့  မရတာ မို့  လပျံ ( လေယာဉ်ပျံ ) ကြီးစီးကာ ဝေဟင်ခရီးဖြင့် အမိရွှေမြို့ တော်သို့ ပျံလာသည် ။ ရွှေပြည်ကြီးမှာ ၁၀ ရက် ကြာ နေသွားတဲ့ ခြင်တကောင် ၊ ခြင်တွေ အကိုက်ခံရတာ ၁၀ဘုမက ထွက်သွားသည် ။ ဘာပဲ ပြောပြော ခြင်နှင့် မျောက်တို့  ရွှေပြည်ကြီးတွင် တွေ့ ဆုံ ခဲ့ကြသည် ။ မိတ်ဟောင်း ဆွေဟောင်း ငယ်ပေါင်း များသဖွယ် ပြောမဆုံးပေါင် တောသုံးထောင် မက တောပေါင်းများစွာ အကြောင်းအရာ ပေါင်းများစွာ ပြောဖြစ်ကြသည် ။ မျောက် ၏ မာတာမိခင်ကြီး ဆေးရုံတက်နေရသည့်  ကာလအတွင်းမှာ ပင် ၊ ညဘက် ဆေးရုံမှာ လူနာ စောင့် တာဝန် ယူအပြီး နေ့ ဘက်မှာ ခြင် နှင့် မျောက်တို့  တွေ့ ကြ ၊ ပြောကြ ၊ပြောင်ကြ၊ သွားကြ ၊ စားကြ ဖြင့် ၁၀ ရက်တာ အချိန်များ လျှင်မြန်စွာ ကုန်ဆုံး ခဲ့ရလေသည် ။
ထူးဆန်းသော ခြင်က မျောက် အကြိုက်များကို သိနေသလို ၊ မျောက်ကလည်း ခြင့်စရိုက်များကို ထူးခြားစွာ သိနေလေသည် ။ ပျော်တတ်သော ခြင် နှင့် လောင်တတ်သော မျောက် တို့  တနေ့  တနေ့  ပါးညောင်းမတတ် ပြော လိုက်ကြသည့် စကားများက ရေပက်မဝင်။ သတင်းရော အတင်းပါ စုံလင်လှသည် ။များမကြာမီက ဟော့တ်နယူးစ် ဖြစ်ခဲ့သော ဘုန်းကြီးတစ်ယောက်( တစ်ပါး) အကြောင်း ကို ကြားလိုက်ရတော့ လောကကြီး နှင့် အဆက်ပြတ်နေတာ ကြာပြီဖြစ်သော မျောက်တကောင် နှင့်ခြင်တို့ မျက်လုံးရော မျက်ဆန်ပါ ပြူးသွားခဲ့သေးသည်။ဪ...အွန်လိုင်းပေါ်မှာ ဒါမျိုးလည်း ဖြစ်တတ်သေးသည်ကိုး။ ကဲ..သူများအကြောင်းပြောလျှင် အပြစ်တင်ခံနေရမည် စိုးသဖြင့် ကိုယ့်အကြောင်းကိုယ် ဆက်ပြောပါမည်။
မနက် စောစော ကျီးမနိုးမှီ ခြင် နှင့် မျောက်တို့  နိုး နေလေ့ ရှိပြီး ၊ နေမထွက်မှီပင် ခြင် နှင့် မျောက်တို့  အပြင်ထွက်နေခဲ့ကြသည် ။ အင်းယားကန်ဘောင်ပေါ်တွင် ကို့ ယို့ ကားယား ပြေးလွှားရင်းဖြင့်လည်း တော်ကီပွားတတ်ကြသေးသည် ။ မိုးရွာနေလျှင်တောင်မှ ထီးဆောင်းရင်း အပြေးတဝက် လမ်းလျှောက်ဖြစ်ကြသေးသည် ။ အား-က-စား ဆိုတော့ လည်း အားတာနဲ့ စား လိုက်ကြပုံများ ပေါင်ချိန်(စက်)တောင် ပျက်သွားပြီလားဟု ထင်နိုင်လောက်သည် ။ မျောက် တကောင်မှာ ဝိတ်မကျသည့် အပြင် တိုး လာသည့် အတွက် ပေါင်ချိန်စက် ကိုပင် အထင်လွဲမိပေတော့သည် ။ ခြင်ခမြာ မတော့ ရာသီဥတု အပြောင်းအလဲကြောင့် တုပ်ကွေးချင်သလိုလို ဖြင့် မျက်နှာချောင်သွားလေသည် ။သို့ ပေမဲ့ အကိုက်မပျက် ခဲ့။ အရိုး ကို ဆိုလိုသည် ။ ( ပွင့်သစ်ဆန်းမှာ ခြင်က နံပြားနှင့် ဆိတ်ရိုးစွတ်ပြုတ် ကိုက်သကဲ့သို့  မျောက်အကြိုက်ဝါးတာကတော့ ကီးမားပလာတာ ဖြစ်လေသည် ။ လဖက်ရည်ကြိုက်တာချင်းလည်း တူကြသည် ။ အဆိုပါ ၂၄ နာရီ ဖွင့်သော စားသောက်ဆိုင်တွင် အင်တာနက်လည်း အလကားသုံးနိုင်သဖြင့် ခြင် နှင့် မျောက်တို့  အတွက် အဆင်ပြေလှသည်။ ကြော်ငြာခ မယူပဲ ကြော်ငြာပေးလိုက်ခြင်း ဖြစ်သည် ။ ) တရက်မှာတော့ အား-က-စား အပြီး ဘုရားတက်ကြသည် ။ ဘောင်းဘီတိုကိုယ်စီနှင့် သရုပ်ပျက် လှသဖြင့် ရွှေတိဂုံ ဘုရားကြီးရင်ပြင်ပေါ်သို့  မတက်ချင် ။ ဂေါ်ဒွင်လမ်းရှိ ရှေးဟောင်းစေတီလေးဆီသို့ သာ သွားရောက်ဖူးမျှော်ခဲ့ရသည် ။ထိုစေတီလေးမှာ လူသူရှင်းသည့် အတွက် ခြင်နှင့်မျောက်တို့  စိတ်အေးချမ်းစွာဖြင့် ၊ ဘုရားလည်းဖူး လိပ်ဥလည်းတူး ... (ဆောရီး ယောင်လို့  ... မရွှေစင် ရဲ့ ဆောရီး ဖက်ရှင် ကို အားကျ၍ ) ကုသိုလ်ယူခဲ့ကြပါသည် ။ ခြင်မပြန်မီ တရက် ၊ 1 Two 4 ဆိုင်မှာ ဘိုက်ကလေး တည်ခင်းသော ညစာ မှ အစားနှင့်အသောက်များကိုလည်း မျောက်တကောင် မမေ့နိုင်ပါ ။
ခြင်ရဲ့ မျောက်အတွက် အမှတ်တရ လက်ဆောင်လေးကို အမှတ်ရနေအောင် ကြွားလိုက်ပါသည် ။ အောက်ပါပုံ တွင် ရှုစားနိုင်ပါသည်။
ခြင့်အတွက် အမှတ်တရ စကားများလည်း ပြောပြချင်ပါသည် ။
ကျေးဇူးတင်ပါတယ် သူငယ်ချင်း ခြင် ရေ ။ နင့် ရဲ့ ချစ် စဖွယ် မျောက်ရုပ်လေး အတွက် ရော ။ ရယ်စရာ ပျော်စရာ အချိန်လေးများ အတွက်ရောပေါ့ ...၊
မပြောဖြစ်လိုက်တဲ့ ကျေးဇူး စကားများကို ရင်ထဲမှာ ပြောဆိုရင်း အမှတ်တရ ရေးဖွဲ့  လိုက်ပါသည် ။ နောင်လည်း ဒီလို ပျော်စရာ အခြေအနေလေးများ ထပ်မံကြုံတွေ့ ရနိုင်ပါစေ လို့  ....
ခြင့် အကြောင်း အသေးစိတ် သိလိုပါက ဤနေရာတွင် စုံစမ်းနိုင်ပါသည် ။
သူငယ်ချင်းသို့ အမှတ်တရ ရေးထားခြင်းသာ ဖြစ်သည့်အတွက် မည်သည့် ရသ နှင့် ဗဟုသုတ မှ ပေးစွမ်းနိုင်ခြင်းမရှိသော စာတပိုဒ်ပင် ဖြစ်ကြောင်း ဝန်ခံ ပါသည် ။း))
14 comments:
မျောက်ကိုက်တာ အခုချိန်မှ ရွှေချလို့မရတော့ဘူးလား မေးစမ်းကြည့်ပါအုံးလေ
မကိ ရေ
ဖတ်သွားတယ်နော် ဘာဘဲပြောပြော အမှတ်တရ ပါဘဲ
ခင်တဲ့
ရွှေစင်ဦး
အမှတ်တရ အနေနဲ့ ဖတ်သွားပါတယ်ခင်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ခြင် နဲ့ မျောက်...
ဂွင် နဲ့ ဂေါက်...အဲလေ..ဘာမှလည်း ဆိုင်ဘူး။
ထာဝရ ပျော်ရွှင်နိုင်ပါစေ။
မမခြင်ကြီး...
တော်တော်ပျော်ခဲ့တယ်ပေါ့...
မမခြင်ကြီးက ခရီးသွားနေတာကိုး...(အခုမှသိတာ)
မျောက် ကုတ်ရင် နူ တယ်တဲ့  ဗျ ။
တော်သေးတယ် ငါ့ အမ .... ။
အင်းဘာ ပဲ ဖြစ်ဖြစ် ငါ့  အမ တော့ 
သမိုင်းဝင်ပြန်ပြီ ..၊
မဲ ပေးရတော့ မယ်လေ...။
များကို မေ့နေတယ်ပေါ့လေ ဟုတ်လား ဖွားကိ
များ ပြန်လာရင် လာတွေ့မယ်နော် သိလား မုန့်ဝယ်ကျွေးနော် ဟိဟိ များက အများကြီးစားတတ်တယ် သိလား
ဒါကြောင့် ခြင် ပျောက်နေတာကိုးးးး လက်စသတ်တော့ ဟဟဟဟ
ခြင်က မျောက်ကို ခြင်ဆေးခွေ လက်ဆောင် ပေးရမှာ ....
မကီရေ ပြန်လာမှ တဖွဲ့လုံး မုန့်သွားစားကြတာပေါ့။
မျောက်က ခြင်နဲ့တွေ့တော့ ထိုင်ဝမ်က ဘော်ဒါ မြစ် တွေ အင်းတွေကို မေ့သွားပြီထင်တယ်း)
ဟေးရောင်ဒွေ... ဟေးရောင်ဒွေ.... ဒဂျောင့်မို့ ထလုတ်တွေ တိုက်နေတာကိုးးးးးးးးး အွယ်.... ကတောက်
မကီရဲ့ စာဖတ်ပြီး ပျော်တောင် ပျော်မိတယ်
သူငယ်ချင်းအပေါင်းအသင်းဆိုတာလည်း ကိုယ့်ရဲ့စိတ်ကို ပျော်ရွှင်ချမ်းမြေ့စေတဲ့ အရာတွေပါဘဲနော်..
သူငယ်ချင်းကောင်းတွေ အများကြီး လိုချင်မိတယ်..
ခြင် နဲ့ မျောက်ကို အဘတို့က ဒင်နဲ့ဆောင့်လိုက်မှာပေါ့လို့
ဟင်းဟင်း....ဒီခြင်နဲ့မျောက် ဘယ်လောက်ထိကဲလိုက်ကြမလဲ ဆိုတာ မှန်းကြည့်လို့ရတယ်....း))
Post a Comment