ရှေးအခါက အလှဘွဲ့  ပတ်ပျိုး ရေးသားကြသူများက ဥမ္မာဒန္တီ တို့  ၊ ပပဝတီ တို့ နဲ့တင်စားပြီး ဖွဲ့ ဆိုခဲ့ကြ တယ် ။ ခုခေတ် အခါကျတော့ အလှဒေဝီတွေ များမှများ ။ ဟောလိဝုဒ် မင်းသမီးကြီးတွေ ထဲမှာလဲ ညှို့ အား ကောင်းတဲ့ မာရီလင် မွန်ရိုးတို့  ၊ ဘရစ်ဂျစ် ဘားဒေါ့ တို့  ။ ဒေါ်လီပါတန် တို့  ဆိုရင် sexy ဖြစ်တယ် ဆိုပြီး လွန်လေပြီးသော အနှစ် များစွာက ခေတ်စား ခဲ့တာပ ။ ဒီဘက်ခေတ်ရောက်တော့ အင်ဂျလီနာ ဂျိုလီ တို့ ၊ပဲရစ်ဟီလ်တန် တို့ ဆိုလည်း ပုရိဿ တို့  အသည်းစွဲ ပေါ့ ။ များသောအားဖြင့် သူတို့ ရဲ့  ချစ်စဖွယ် မျက်နှာ နဲ့ မျက်ဝန်း စွဲညှို့ အားတွေကြောင့် ဖြစ်သလို ဖွံ့ ဖြိုး ထွားကြိုင်းတဲ့ ရင်သား များကြောင့်လည်း ဖြစ်တယ် ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘုး ။ ဒါကြောင့် အမျိုးသမီးများရဲ့  အလှအပဟာ ရင်သားပေါ်မှာလည်း အများကြီး အမှီပြုနေပါသေးတယ် လို့ ဆိုရပါမယ်။ ဒီလို လှပတဲ့ ရင်သားမှာ မလှမပ ကင်ဆာရောဂါကြီး တွယ်ကပ်လာတဲ့ အခါမှာတော့ အသက်ကိုတောင် ဒုက္ခပေးတတ်ကြတယ် ဆိုတာ အားလုံးသိထားကြပြီးသားပါ ။
ကာကွယ်ခြင်းသည် ကုသမှုထက် ထိရောက်သည် ဆိုတဲ့ စကား ရှိပေမဲ့ ဒီရင်သားကင်ဆာ ကို မဖြစ်အောင် ဆိုပြီး ကာကွယ်လို့ တော့ မရသေးပါဘူး ။ ဒါပေမဲ့  စောစောစီးစီး ရောဂါ ရှိမှန်း သိနိုင်ရင် ဖြင့် ကုသဖို့ ရာ အချိန်မှီနိုင်သေးပြီး အသက်ရှည် နေနိုင်ဖို့  အခွင့်အလမ်းများ ရှိပါတယ် ။ ဒီတော့ ဒီရောဂါ ဟာ ဘယ်လိုလူတွေမှာ ပိုပြီးဖြစ်တတ်သလည်း၊ ရောဂါ ဖြစ်မှန်း စောစောသိရအောင် ဘယ်လို လုပ်နိုင်ပါသလည်း ဆိုတဲ့ အကြောင်းကို အမျိုးသမီးတိုင်းရော ၊ သူ့ ကို ချစ်ခင်ကြတဲ့ အမျိုးသားတိုင်းရော သိထားသင့်ပါတယ် ။ ( ရင်သားကင်ဆာ ရဲ့  ဖြစ်ပွားမှု ။ ရောဂါ အခြေအနေ ၊ ကုသမှု တွေ ကိုတော့ ဒီပို့စ်မှာ မတင်ပြတော့ပါဘူး။ )
ရင်သားကင်ဆာ နှင့်ဆက်စပ်နေသော အကြောင်းတရားများထဲမှာ -
Obesity( ကိုယ်အလေးချိန် များသူ ဝ ၊သူများ ) ၊ ဆေးလိပ်သောက်သူ ၊ အရက်သောက်သူ များမှာ ပိုဖြစ်တတ်တယ်လို့ သုတေသန ပြုလုပ်တွေ့ ရှိထားပါတယ် ။ ဒါကြောင့် ဒီအချက်အလက် ရှိသူ အမျိုးသမီးတိုင်း ပိုမို သတိထားပြီ စမ်းသပ်သင့်ပါတယ် ။
ဒီနည်းလမ်းလေးက ဘာမှ မခက် ပါဘူး ။ကိုယ်တိုင် စစ်ဆေးခြင်း (self-examination ) ၊ဒါမှ မဟုတ် အတူနေသူတဦးမှ စမ်းသပ်ပေးခြင်းမျိုး လုပ် နိုင်ပါတယ်။ တလမှာ တကြိမ်မျှ ၊ ရာသီလာပြီး အချိန်မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။
(၁) ပုံတွင်ပြထားသလို မှန်ရှေ့ မှာ ပုခုံးနှစ်ဖက် အမြင့်ညီအောင်ထားရပ်ပြီး၊ခါးနှစ်ဖက်ကိုထောက်ကာ ရင်သားနှစ်ဖက်၏ အရွယ်အစား ၊ပုံသဏ္ဍန် ၊ အရွယ်အစား၊ အရောင် စသည်တို့ ကို စစ်ဆေး ကြည့်ရန်။
အရေပြားပေါ်မှာ လိမ်မော်ခွံလို မာတင်းပြီး အပေါက်ငယ်များ တွေ့ ပါက ဆရာဝန်နှင့် ပြသပါ။
(၂) လက်နှစ်ဖက်ကို မြှောက်၍ အထက်ပါအတိုင်းယှဉ်ကြည့်ပါ ။နို့သီးခေါင်း အတွင်းသို့  ချိုင့်ဝင်နေရင် ။ညှစ်ကြည့်တဲ့ အခါ နို့ကဲ့သို့ အဖြူရောင် အရည်ကြည် ၊ဒါမှ မဟုတ် သွေးရောင်အရည်ကြည် ထွက်လာပါက ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။
(၃) ပုံပါအတိုင်း လဲလျှောင်း၍ စမ်းသပ်ပါ ။ အထက်အောက်၊ အတွင်း အပြင် ၄ ကွက်ခွဲ၍ လက်ချောင်းများနဲ့ ပတ်ချာလည် ဖိ၍စမ်းပါ ။ လက်ချောင်းတွေကို အတန်းလိုက်ဖြောင့်အောင်ထာ့းပြီး အောက်မှာရှိတဲ့ နံရိုးများ အပေါ်သို့ ဖြေးညှင်းစွာ ဖိပေးပါ ။ ညှစ်ပြီးစမ်းဖို့ မလိုပါ ။
ရေချိုးနေစဉ်မှာ လည်း ဒီလို အလွယ်တကူ စမ်းသပ်နိုင်ပါတယ် ။
ဒီနေရာမှ ရတဲ့ ပုံများ နှင့် အကြောင်းအရာများပါ ။
ဒီအောက်မှာတင်ပြထားတဲ့ ဗီဒီယိုလေးနဲ့တွဲဖက်ကြည့်ရှုပြီး စမ်းသပ်ရင် ပိုပြီး မြန်ဆန်တိကျပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိဖာသာစမ်းသပ်ရင်း အလုံး အဖု အကြိတ် များကို စမ်းသပ်မိပါက တတ်ကျွမ်းတဲ့ ဆရာဝန်ဆီ အချိန် မဆွဲပဲ သွားပြပြီး နောက်တဆင့် စမ်းသပ်အဖြေရှာခြင်း( CT scan, mammogram ,biopsy စသဖြင့် ) များကို လုပ်ကြဖို့  လိုပါတယ် ။ ရင်သားကင်ဆာမှာလည်း စောစီးစွာတွေ့ ရှိပြီး မှန်ကန်တဲ့ ကုသမှုခံယူပါက ပျောက်ကင်းနိုင်တဲ့ ရောဂါတခု ဖြစ်နေပါပြီ ။
ရင်သားကင်ဆာ နဲ့ပတ်သက်ပြီး မြန်မာလို ပြည့်ပြည့်စုံစုံလေးရေးထားတဲ့ e-book လေးကို ဒီနေရာ မှ ကူးယူပြီး မျှဝေလိုက်ပါတယ်။
Yin Thar Kin Sar
ဒီအောက်က ဗီဒီယို ကတော့ မိမိအိမ်မှာပဲ breast light လို့ ခေါ်တဲ့  ကရိယာငယ်လေးနဲ့
မိမိဘာသာ ဦးစွာ စမ်းသပ်နိုင်တဲ့ အကြောင်းပါ ။
ဒါပေမဲ့ ဒီလို ကရိယာမျိုးက တန်ဘိုးကြီး တာမို့  လူတိုင်း အသုံးပြုဘို့  မလွယ်လှသေးပါဘူး ။
ဘယ်လို နည်းနဲ့ ပဲ စမ်းသပ်ပြီး တွေ့ ရ တွေ့ ရ၊ အလုံး အကြိတ် သံသယ ဖြစ်ဖွယ် အရိပ်များ တွေ့ ရင်တော့ ကျွမ်းကျင်သူ
ဆရာဝန်ထံ အချိန်မဆွဲပဲ ပြသဖို့ လိုကြောင်း ထပ်မံ အသိပေးလိုပါတယ်။
ရင်သားကင်ဆာအား စောစီးစွာ ရှာဖွေအဖြေထုတ် ကုသခြင်း ဖြင့် အသက်ရှည်ရာ အနာကင်းကြောင်း
ဖြစ်ကြပါစေ။
16 comments:
hayyyyyyy ၁ ကွ
ဖိုရမ်မှာ တင်လိုက်မယ်နော် ခွင့်တောင်းတာ ဟဲဟဲ
မမကိကိရေ...ဒီပိုစ့်လေးအတွက် ကျေးဇူးပဲ
တွေးကြည့်ရင်တော့ ကြောက်စရာကြီး...သိထားတော့ ကြိုတင်ကာကွယ်ထားနိုင်တာပေါ့...ညီမလေး တော်တော်များများတွေ့ဘူးတယ်...အသက်ကြီးငယ်မရွေးဘူး...
ဆင်ခြင်သတိပြုစရာပဲ
ချစ်ညလေး
မာမီတို့လို..ဆေးတန်ခိုးနဲ့အလှဖြိုးနေတဲ့သူတွေရော
ဖြစ်တတ်လားဟင်... မာမီကြောက်တယ်ကွယ်..အဟင့်
kiki ရေ ဗွီဒယိုတွေ၊ ပုံတွေနဲ့ ပြည့်ပြည့်စုံစုံ တင်ထားတဲ့ ကျန်းမာရေး ပညာပေးပို့စ်လေး သိပ်ကောင်းတယ်။ တင်ပေးတာ ကျေးဇူးတင်ပါတယ်။ အမျိုးသမီးတိုင်း သိသင့်ပါတယ်။ အော်စီမှာတော့ အသက် ငါးဆယ်ပြည့်ပြီးတဲ့ အမျိုးသမီးတိုင်းကို ဘာရောဂါလက္ခဏာမှ ပေါ်စရာမလိုဘူး ရင်သားစစ်ဆေးဖို့ တိုက်တွန်းပြီး စစ်ဆေးချင်သူ အားလုံးကို အခမဲ့စစ်ပေးပါတယ်။ - kiki ကို Public Health in Myanmar မှာ စာရေးဖို့ တိုက်တွန်းချင်တယ်။
အန်ကယ်နိုင် (ရွှေရတုမှတ်တမ်း) က မေးထားတာ ကိကိ မဖြေခင် ကျွန်မ အရင်ဖြေလိုက်မယ်နော့်။ အသက်ငါးဆယ် ပြည့်ပြီးတဲ့ အမျိုးသားတွေကလည်း ရင်သားကင်ဆာ မဖြစ်နိုင်ပေမဲ့ Prostate cancer လို့ ခေါ်တဲ့ ကပ်ပယ်အိတ်ထဲမှာ ရှိတဲ့ အကြိတ်ကင်ဆာ ဖြစ်နိုင်တဲ့ အခွင့်အလမ်း သိပ်များလို့ စစ်ဆေးဖို့နဲ့ ကာကွယ်ဖို့လိုအပ်ပါတယ်။ အော်စီမှာတော့ အမျိုးသမီးတွေအတွက် ရင်သား ကင်ဆာ၊ အမျိုးသားတွေအတွက် prostate cancer ကို အသက်ငါးဆယ် ပြည့်ပြီးရင် စစ်ဆေးဖို့ ကျန်းမာရေးဌာနကနေ T.V မှာရော ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်တွေမှာပါ အမြဲတမ်းတိုက်တွန်းတာ တွေ့ရတယ်။ ဒါကြောင့် အန်ကယ်နိုင်က ကိကိကို နောက်ပြီးမေးထားပေမဲ့ ကျွန်မက Prostate gland ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့လိုကြောင်း အတည်ဖြေပေးလိုက်ပါတယ်။ (Prostate gland ကို ဗမာလို ဘယ်လိုပြောမလဲဆိုတာ ကိကိ သိရင် ပြောပြပေးပါ။ ကျွန်မက ဆေးပညာနဲ့ ပတ်သက်တာကို မြန်မာလိုနဲ့ လေ့လာရတာ သိပ်မရှိလို့ အခေါ်အဝေါ် အတော်တော်များများကို မြန်မာလို သိပ်မသိဘူး)
ကွိကွိစ်ရေ...
အနော်လည်း... မံမီကျောက်နဲ့ အတူတူပဲ...
ဘီလိုလုပ်ရမငဲဟင်....း))
ခင်မင်တဲ့
ဏီလင်းညို
ကိုကျောက်ကော်မန့်ဖတ်ပြီး ပြုံးနေတာ မငယ်နိုင်ပြောမှပဲ လန့်ဖျန့်သွားတော့တယ်...
ဆက်လက်မျှဝေလိုက်မယ် မကီရေ...
းဝ)
ဘုရားကို ဘလော့စောင့်ခိုင်း(ဆရာတော် ဦးကောသလ အဆိုအရ)ပြီး အတင်းတုတ်နေတာထက်စာရင် ဒီလို ပြည်သူအတွက်အကျိုးရှိမယ့် အရာတွေ ရေးသင့်တယ်...
'ကို' လာမသိ 'မ' လာမသိ တဲ့ Anonymous လေး တစ်ယောက်လည်း သူများ ကိုပြောတတ် သလို ကိုယ်ကိုယ်တိုင်လည်း သူများလိုကျင့်သုံးနိုင်သလား ဆိုတာပြန်မြင်တတ် ပါစေကွယ်......သာဓု သာဓု...၂ဓုပဲခေါ်ခဲ့လိုက်မယ် ......
ရောက်ပြီ မနေ့က ဖတ်မရခဲ့ဘူး..
တကယ့်ကို ပြည့်ပြည့်စုံစုံ ရှာဖွေ တင်ပေးထားပဲနော်.. ဒီဗဟုသုတလေး အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
မယ်မယ်ကီ့ရေ.........
ဗဟုသုတရလို့ ကျေးကျေးစ်ကမ္ဘာဆိုင်းရောာာာ
ကြောက်စရာကြီးနော်။
လန့်ထှာ။ ကလေးမြို့မှာ အမေ့သူငယ်ချင်း အန်တီတစ်ယောက် ရင်သားကင်ဆာနဲ့ ဆုံးသွားတာ။ သမီးငယ်ငယ်ကလေ...တော်တော်သနားဖို့ကောင်းတယ်။
ရောဂါမဖြစ်အောင် ကာကွယ်သင့်တာပေါ့နော်။
မကိရေ
ကင်ဆာ အကြောင်း မသိလို့ စောစော မကုသလိုက်ရရင် သိပ်ဝမ်းနဲဖို့ ကောင်းမှာဘဲ
ကျေးဇူး
ကိရေ... ဗဟုသုတကို အသောလေးနဲ့ေ၇းတတ်တဲ့ ကိဘလော့ကို အရမ်း အ၇မ်း အ၇မ်း တဘောကျတယ်ကွာ...
ကျေးဇူး..ကိကိရေ..
ဒီပို့စ်လေးသိမ်းထားတယ်..
မိုးမင်းကြီး
အမားရေ ခုမှပဲလာကြည့်မိတယ် ကျေးဇူး
အထူးတင်တယ်ဗျို့ မိန်းမကို လက်ဆင့်ကမ်းလိုက်မယ်
မိန်းမ ဗိုက်ကြီးရင်လည်း အမားနားလာအပ်မယ် အဟတ်
သူများနားအပ်ရင် ပိုက်ပိုက်ပေးရမှာ
အမားနား အပ်ရင် ကိုယ့်အမပဲလေ စောင့်ရှောက်မှာမလား
ကိကိ..
မနေ့ကလေ.. တီဗွီမှာ
ယောက်ျားတွေလည်း ရင်သားကင်ဆာဖြစ်တယ်ဆိုပြီး ယောက်ျား ရင်သားကင်ဆာအကြောင်းလာသွားတယ်။ သူတို့လည်းဖြတ်ထုတ်ရတာပဲနော်.. ကြောက်စရာကြီး။ အဲဒါကျ ဘာဖြစ်လို့ ဖြစ်တာလဲဆိုတာ ကိကိ အချိန်ရရင်ရေးပါဦးနော်။
Post a Comment