ဒီနေ့ တနင်္ဂနွေအားလပ်ရက်မနက် ချမ်းချမ်းစီးစီးမှာမိုးတွေကလည်းရွာနေတော့ အပြင်ထွက် လမ်းလျှောက်ဖို့ တောင်တက်ဖို့  အစီအစဉ်လည်း မဖြစ်နိုင်တော့ အိမ်မှာပဲ ကွေးရင်း တွေးရင်း ဟိုဝင်ဒီထွက် စပ်စုရင်း ၊ သီချင်း ဗီဒီယိုလေးတွေ မွှေနောက်ရင်းနဲ့ Youtube ထဲမှာ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ခေတ်စားခဲ့တဲ့ Wonder Girls အဖွဲ့ ရဲ့ Nobody ဆိုတဲ့ သီချင်းလေးကို ပြန်ဖွင့် ကြည့်ဖြစ်တယ် ။ ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ ။ ဒီအထဲကမှ ကလေးငယ် ဝတုတ်လေး တယောက်ရဲ့  ပြောင်မြောက်လှတဲ့ အက လေးကို သဘောကျမိလို့ မျှဝေလိုက်ပါတယ် ။ ရယ်စရာ ၊ အမောပြေစရာ ဒီ သီချင်းလေးကို ခံစားကြည့်ကြပါဦး ။
ဒီအောက်က MTV ကတော့ အော်ရီဂျင်တယ်.. Wonder Girlsရဲ့  Nobody MTV ပေါ့နော် .. ခုဆိုရင် ကိုရီးယားခေတ်ရောက်နေပြီလို့ တောင် ပြောရတော့မလိုပါပဲ ၊ ရွှေပြည်ကြီးမှာ လည်း တီဗီအစီအစဉ်တွေ လွှင့်တာ ၊ ဖွင့်လိုက်တာ နဲ့ ကိုရီးယား ၊ တရုပ် ပြေးမလွတ် ပါ။ ရွှေပြည်သားတွေ အင်္ဂလိပ်စကားပြော တတ်ကုန်မစိုးလို့ နားရည်ဝကုန် မစိုးလို့  နဲ့ တူပါရဲ့  ။ အင်္ဂလိပ်ကား ဆိုတာ ဘယ်လိုပါလိမ့် လို့ တောင် တွေးယူရလောက်အောင်ကို ရှားပါးနေပြီလေ ။ ဒီတော့လည်း ရှဲ့ ရှဲ့  ၊ နီဟောင် ။အိုပါး ။ ဆိုတာ တွေ နဲ့ပဲ နားယဉ်နေကြရပြီပေါ့ ။
ကဲ.. ပြောနေကြာတယ် ရွာသားရေ ။ ခေတ်နဲ့ အမှီ ကိုရီးယား MV လေးပဲ ကြည့်ကြတာပေါ့ ။း))
15 comments:
ဟားဟား
အညာဆေးရိုးနော် အိုနီးရေ
ကလေးလေးကတော့ ပါရမီလည်း မနည်း ၀ါသနာလည်း မသေးပါ့လား ..:D
(အလုပ်ရှုပ်နေလို့ အိုနီးရေ .. စာတွေ တော့ လာလာဖတ်ပါတယ် .. :D)
ကလေးလေးက ဝဝကစ်ကစ်လေး
ဟိဟိ သူ့ခန္ဓာကိုယ်နဲ့မလိုက်အောင် ကတတ်သဗျ.. တော်တယ်နော်။ တူအောင်လည်း ကနိုင်တယ်။း)
ဟားဟားးးးးးးးး ကလေးက ချစ်ချာလေး သမီးလိုပဲလား ဟိဟိ
အဲဒီသီချင်း တော်တော် နာမည်ကြီးတယ်နော်။ ကောင်မလေးတွေကတာ ပိုကြည့်လို့ကောင်းတာပါ။ ကလေးမလေးလဲ တော်တော်တူအောင်ကတတ်တာပဲဗျနော်။ ကိုးရီးယားခေတ်လေ။
ဆိုနေတာလေးက ရယ်စရာ ချစ်စရာလေး..။
ပျော်ရွှင်ဖွယ်ရာ ပို့ (စ)လေးပါဗျို့ ။
ကွိကွိစ်ရေ...
အဲ့ဒီချာတိတ်လေး ကတာချစ်ချရာလေး...း)
အံမယ်...သူဂ သီချင်းကိုတောင် မာန်ကလေးတက်ပြီး ပါးစပ်လေးဟဟ လိုက်ဆိုသေးသဗျ...ဟီးးးး
(နာ့လိုဘဲ....း))
ခင်မင်တဲ့
ဏီလင်းညို
မေ့လို့ ဂိုရီးရားလို မနှုတ်ဆက်ခဲ့ရသေးဘူး....
အာနိတ်မားစီးရိုး.....
(စာလုံးပေါင်းမှန်ရဲ့လားဒေါင်မသိဝူးးးး)
ခင်မင်တဲ့
ဏီလင်းညို
အဟိဟိ... တချိန်မှာ နာမည်ကြီးလာမဲ့ မာမီလေးပေါ့နော်..။
ချစ်စရာလေးနော်..ဖွားကိ
တူအောင်ကတာများ ဟုတ်နေတာပဲ
မိုးမင်းကြီး
မမကိရေ
ကလေးမလေးကတာကို ၃ ခါတိတိ ကြည့်မိတယ်။ အနားရှိရင် ဒီကလေးလေးတွေ မလွယ်ဘူး။ အသည်းယားလို့။ :D အတတ်ကလေးနော်။ တခုမှမလွဲဘူး။ တော်ချက်။
မျှဝေပေးတာ ကျေးဇူးပါ။
အဟီး ရီလည်းရီ ကြည့်လည်းကြည့်သွားတယ်
ကလေးတွေများနော် အတုမြင် အတတ်သင်ဆိုတဲ့ အတိုင်းပဲ ဟတ်ဟတ် အမား နင့်တူတွေ တူမလေးတွေ သင်ပေးသေးဘူးလား
ဟဟ ကောင်းကောင်းကတတ်ရင် ရုံသွင်းပြီးပြစားလို့ ရတာပေါ့ဟ ဟုတ်ဘူးလား အဟီးးးးးးးးးးးးးးး
မယ်ကိငယ်ငယ်က..ဒီအတိုင်းပဲနေမှာနော်
မကိရယ်
ဘဘဦးသန်းရွှေတို့က အာရှသားအခြင်းခြင်း အားပေးရမယ်တဲ့.မျက်နှာဖြူ ရုပ်ရှင်တွေထဲက ကောင်းတဲ့ အတုယူစရာ ကားလေးတွေကြည့်မိပြီး အနောက်တိုင်းဆန်သွားမှာ စိုးလို့ပါတဲ့..ဗျာ.
မကိဒီတခါဆုံဖြစ်ရင် အဲလိုကပြပါလား ရီရတယ်ဗျိုး (အဟိဟိ ဟတ်ဟားဟား) လုပ်ပါတခါတလေလေးများအဲလိုလေး ပျော်စရာအတိဗျာ ကလေးဘ၀များပြောပါတယ် အပြောင်းလဲလေးလဲဖြစ်တာပေါ့  မကိရေးတဲ့ တချို့ ပို့ (စ) တွေများဖတ်ပြီးရင် သိပ်ရင်မောရတယ် ဒါမျိုးလေးတော့  ဖတ်ချင်ကြည့် ချင်စရာဖြစ်တာပေါ့ နော် ပျော်ရွှင်ပါစေနော်မကိရေ
Post a Comment