ကိုယ့်ပြည် ကိုယ့်ရွာက လှလှပပ မြင်ကွင်းများကို မလွမ်းပဲ ဘာလို့ များ အနိဌာရုံနီးပါး အော်ဂလီဆန် မြင်ကွင်းများကို ရွေးချယ် လွမ်းနေရတာလည်း ဆိုတာ ပြန်စဉ်းစားကြည့်မိတယ် ။ လွမ်းတာကို နာတာ နဲ့ဖြေရတယ် လို့ ကြားဖူးနားဝ ရှိတာမို့  နာစရာမြင်ကွင်းများကို ဆက်လက် ဖေါ်ပြချင်မိတယ် ။ ရင်နာတာရယ် စိတ်နာတာရယ် ဘယ်လိုခွဲခြား စိတ်ဖြာ ရမယ်မှန်း မသိလို့  ရောပြီး တင်ပြလိုက်ပါတယ် ။လွမ်းချင်သူများ၊ နာချင်သူများ ဆက်လက်ကြည့်ကြပါရန် ။
ရန်ကုန်မြို့ လည် အမှိုက်ပုံဝယ် ။ ဗဟိုတရားရေးရှေ့ နေ ရုံးချုပ်ကြီးနဲ့  မနီးမဝေး ။ ဘဏ်တိုက်ကြီး ရဲ့ ဘေး၊ လမ်းမတိုလေး တခု ၊( ဟိုဘက် ဒီဘက် ကားလမ်း မပေါက် ၊ကားဖြတ်ကူးလို့ မရ ။ ဒီကားတွေ ဒီနေရာ မှာ ဒီလိုရပ်ထားပြီး ဒီအလုပ်တွေ လုပ်ကြရတယ်။
နိုင်ငံတခုရဲ့  တိုးတက် ဖွံ့ ဖြိုးမှုကို ဘာနဲ့ တိုင်းတာ မလည်း ။ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ။ အစရှိတဲ့  အရေးတွေ က အဓိက ကျပါလိမ့်မယ် ။အဲဒီအချက်တွေ မပြေလည် မပြည့်စုံသ၍ ကျန်တဲ့ အခြေခံ အဆောက်အအုံ ဖြစ်တဲ့  လူမှုရေး ၊ ယဉ်ကျေးမှု ဆိုတာ တွေ ဘယ်လိုမှ တိုးတက် မြင့်မားမယ် မထင်မိပါ ။ တိုင်းသူပြည်သားတွေရဲ့  ဝင်ငွေ ၊ အနိမ့်ဆုံး ဝင်ငွေ ရရှိ စားသောက်နေကြရသူ ပြည်သားများ ရွာသားများရဲ့  ဘဝတွေ ဒီလို အခြေအနေထိ ဖြစ်နေကြရတယ် ။ အမှိုက်ထဲက ရွှေ ဆိုတာ သူတို့  လေးတွေ အတွက်များ ရည်ညွှန်းထားလေသလား ။
မယုံ မရှိနဲ့  ။ ဒါက ရန်ကုန်မြို့ လည်ခေါင် ။ အနော်ရထာ လမ်းမကြီး ပေါ်မှာ ။ လမ်း ၄၀ ထိပ်မှာ ။( အနော်ရထာ မင်းကြီး သာ၊ခုလို မြင်ကွင်းကို တွေ့ မိရင် ..ရင်ကျိုးမလား မသိ )။ မြူနီစီပယ်( ခုခေတ်တော့ စည်ပင်သာယာ ပေါ့) မှ လူတွေ အလုပ် မလုပ်ကြဘူး လို့  ဘယ်သူပြောမလည်း ။ လုပ်နေကြပါတယ် ။ မိုးလေးနဲနဲ ရွာတာနဲ့  ရွှေဂုံမြို့ လမ်းမကြီးတွေ ရေလျှံတယ် လို့ ပြောကြလွန်းလို့  ပိတ်နေတဲ့  ရေမြောင်းတွေကို လာပြီး ဖေါ်ပေးသွားခဲ့ကြပါတယ် ။ သူတို့ ဌာနက ရေမြောင်းဖေါ်ရုံပဲလေ။ဒီတော့ မြောင်းဖေါ်ပေးပြီးရင် တာဝန်ကျေပြီပေါ့ ။ လမ်းပလက်ဖေါင်းပေါ်က ကိစ္စ သူတို့ နဲ့ မဆိုင် ။ နောက်တမျိုး ဖြစ်နိုင်ပါသေးတယ် ။ မြေ ဆွေး မြေသြဇာ ရအောင်များစေတနာနဲ့ ပြုလုပ်ထားပေးလေသလား ။ ဝိုင်းဆုခိုင်သိမ်း ရဲ့ “ လမ်းမကြီးရဲ့ ဘေး ” သီချင်းလေး ကို သတိရလိုက်မိတယ် ။ အနီးအနားရှိ လဖက်ရည်ဆိုင်လေးများကတော့ အိနြေ္ဒမပျက် စည်ကားလျှက်ပါပဲ ။
ဒါလေးများ ။ ဒီခလုပ်ကန်သင်း နဲ့ အမှိုက် တွေ လောက်ကတော့ ရိုးနေပါပြီ ။ ခုန်ပျံကျော်လွှား အားကစား လ မို့ ချွေးလေးစို့မှ နေတတ်ကြတဲ့ ရွာသူရွာသားများ ။
ရုံးကိစ္စများကို စိတ်ရှည်လက်ရှည် စောင့်နေကြရတဲ့ တို့ ရွာသားများ ။ သည်းခံခြင်း ခန္တီပါရမီ အပြည့် အဝရှိနေကြပါပြီ ။ ဒီထက်မက အရေးကြီးလှတဲ့  အရေးတွေကိုတောင် နှစ်ပေါင်းများစွာ အောင့်အည်းစောင့်စား နေခဲ့ကြတာပဲလေ ။ အနေတတ်ရင် မြတ်ပါတယ် ။ ဖြေးဖြေးပေါ့ ။ ဆန္ဒတွေ မစောကြစေချင်ပါ ။
ရာစု နှစ် တစ်နှစ် ကို အံတုကျော်ဖြတ်လာခဲ့တဲ့  ဂန္ဓီရုံးကြီး ။ ဒုတိယထပ် ။ စာချုပ် ၊ စာရွက် စာတမ်း အမျိုးစုံကို တရားဝင် စာချုပ်အဖြစ် မှတ်ပုံတင်ပေးတဲ့  ဌာနကြီး တခု ။ ရှေးခေတ်အဆောက်အဦးမို့  ကျွန်းသစ် အစစ်တွေနဲ့ ဆောက်လုပ်ထားခဲ့တာမို့  ဒီလောက်ထိ တောင့်ခံ နေနိုင်တာ ။ လမ်းလျှောက်လိုက်ရင်တော့ ကြမ်းပြင်က သိမ့်သိမ့် ငြိမ့်ငြိမ့်လေး နဲ့  အရသာတမျိုးပေါ့ ။ ခေါင်မိုးကမလုံတော့ .... အင်း ဒီလိုလဲ ပြောလို့ မရသေးပါဘူး ။ အပေါ်ထပ်ရဲ့ကြမ်းခင်း( ဒီအထပ်ရဲ့ အမိုးက မလုံတော့ ) သဲတွေ ဖုန်တွေ အမှိုက်တွေက ဘယ်လောက်တောင်များ ကျနေသလည်း ဆိုတာ အခန်းထဲမှ ခေါင်မိုး နောက်တထပ်ကိုကြည့်တာ နဲ့ သိသာလှပေါ့ ။ မတတ်နိုင်ပါဘူး ။ရှေးဟောင်း အဆောက်အဦ ဆိုတော့ ပုံမပျက် ထိန်းသိမ်းကြရမယ် မဟုတ်ပါလား ။ ဒီလိုပဲ ကြည့်ကျက်လုပ်ကြရတယ် ။
မှတ်သားဘွယ်ရာ ဆောင်ပုဒ်များ
ဆောင်ရန် ရှောင်ရန် များ က ဒီလို ရှိပါတယ် ။ ပွဲစားရန်မှ ကင်းရှင်းရလေအောင် ဤစည်းကမ်းချက်များကို လိုက်နာကြရမယ် ဖြစ်ပါတယ် ။ အမှန်တကယ် အစဉ်အလာ အရ စာချုပ်တခု ကို တရားဝင် မှတ်ပုံတင်ရန် အချိန် ၂ ရက်မျှ ပေးရမည် ဖြစ်ပါတယ်။ အရေးတကြီး လိုအပ်သူများ အခါခါ မလာရောက်နိုင်သူများ ( ကြားပွဲစား နှင့်လုပ်ပါက အမြန်ဆုံး နေ့ တဝက် နဲ့ ကိစ္စပြီးပြတ်နိုင်ပါတယ် ။ ငွေ ၃ သောင်းလောက်ပဲ အပိုကုန်ပါလိမ့်မယ် )း) ။
တရားဝင် သတ်မှတ်ထားတဲ့ စာချုပ်စာတန်း ၊တံဆိပ်ခေါင်း ။ အဖိုးအခတွေကတော့ ဒီအတိုင်း ၊ ဒီလောက်လေးပါပဲ ။(ဘယ်တော့ ဈေးလိုက်တက်မယ် မသိ .. မသာစရိတ်တွေ ၊ ဖုံးခေါ်ခတွေတောင် ဈေးတက်ပေးလိုက်ပြီ ဆိုတော့ )
(စာလုံးပေါင်းမှားနေတာ မျက်စိလျှင်လို့  တွေ့ လိုက်မိသေး..ကွားရှင်း စာချုပ် တဲ့း) ၊။အောက်နားမှ အိတ်ဖွင့်သေတမ်းစာချုပ်ဆိုတာ ကတော့ တန်ဘိုးငွေပါအောင် မရိုက်မိလိုက်ပါ ။ ဈေးတွေမတက်မှီ လုပ်စရာရှိတာ လုပ်ထားကြပါ ။ ခုလောလောဆယ် ၂၅ ကျပ် ၊ ၃၀ ကျပ်တို့  နဲ့  အလုပ်ဖြစ်သေးတယ် ၊ မှတ်ပုံတင်ခ ၄ကျပ် ထဲ ရယ် ။)
ဝန်ထမ်းတွေ စာရိတ္တပျက်နေကြတာ ဒါကြောင့် ပါ တဲ့ လေ။ “လပ်ပေးလပ်ယူ ဒို့ ရန်သူ” ပေါ့ ။ “ ပေးသူယူသူ လွန်ကြည်ဖြူ ”မှ အလုပ်တခု ပြီးမြောက် အောင်မြင်မှာပါ ။
“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” တဲ့ ။ ခေါင်းဆောင်ကောင်းဖို့  မလိုအပ်ဖူးလို့ များ ဆိုလိုချင်ပါသလား မသိပါ ။
တာဝန်ကိုယ်စီရှိကြပါသည် ။ ဆရာဘဲဥ တို့ လည်း အနားမယူနိုင်ကြရှာပါ ။ဆောင်းတွင်း နေပူပူအောက်မှာ တာဝန်ထမ်းဆောင်လျှက် ... မီးပွိုင့်တွေတိုင်း လိုလို မီးပျက်နေကြ၍ ပိုပြီး ပင်ပန်းကြရသည်လေ ။ဟိုအဝေးမှ ထရိတ်ဒါး ဟော်တယ်ကြီးကတော့ သူပိုင်တာမို့  ဘယ်သောခါမှ မီးမပျက်ပါ ။
ဆရာ ရဲ တို့ တတွေလည်း အတော်ပင်ပန်းကြပါသည် ။ အပ်တိုတချောင်းမျှ မရှိသူ ဣတ္တိယ တဦးအား စောင့်ရှောက်ပေးနေကြရ၍ အလွန် ပင်ပန်းနွမ်းနယ်နေကြရ ပြီဖြစ်ပါသည်။
စက်မှုနိုင်ငံတော်ကြီးဆီသို့ လှမ်းတက်မြန်းရန် အရင်းအနှီးများစွာ လိုပါသည် ။ ဤနေရာတွင် မြှုပ်နှံ နိုင်ပါသည်။
mad road ( Road Map) ကြီးအား ဤသို့ ရေးဆွဲ၍ ချီတက်ကြပါစို့  ။
19 comments:
အမ ကလည်းဗျာ...
ဘာပဲပြောပြော အင်မတန် နေလို့ ကောင်းတဲ့ တိုင်းပြည်ပါဗျ။
လူတွေ အားလုံးကလည်းခန္တီ ပါရမီ ပြည့် မှပြည့် မှ
ပြည့် ပဲ။ ဘာမှမရှိလို့  ဘာမှ မပြော၊ ဘာမှ မရှိပေမဲ့ လည်း
အကုန်လုပ်လို့ ရနေတယ်၊ မီးလာလဲပျော်ရ၊ မီးပျက်လဲပျော်ရ၊
အဲ.. မှားလို့  အော်ရ၊ ရေလာလဲ ပျော်ရ၊ ရေပျက်လဲ
အင်း.. အလန့် ထညက်အော်ရ အို... စုံလို့ ပဲ၊
အလကားနေရင်း ပျော်နေ အော်နေရတာ ဘယ်မှာရှိလဲ။
အရာရာ ပြည့် စုံနေတော့ လဲပျင်းနေရရော မဟုတ်လား
အခု အမ ပျင်း နေပြီလေ၊
ချိတ်ငစ်လို့ ကိကိဘလော့လာတာ အမှိုက်ပုံနဲ့ တည့်တည့်တိုးနေပါရော့လား.... အမယ်ငီး... အဖြစ်ဆိုးလှချိ...
မကျေနပ်ဘူးကွ ...... ဒုံ....
ဟိုနေရာ တစ်နေရာကို တော်တော်စိတ်ဝင်းစားသွားတယ်.. ရှေ့မှာ လူတစ်ယောက်ထိုင်နေတဲ့ နေရာလေ။
ကိကိကရှေ့ကပြောထားတော့ တို့ကလည်း အတုမြင် အတတ်သင်ပြီး စာလုံးပေါင်းမှားတာပေါ့..(ကိုယ့်အပြစ်လွှတ်အောင် ပြောတာ :D)
အမှားပြင်ဆင်ချက်-
“တော်တော်စိတ်ဝင်းစားသွားတယ်..” ကို “ တော်တော် စိတ်ဝင်စားသွားတယ်”ဖြင့် ပြင်ဖတ်ပါရန်..
လက်တွမ်းလှည်းလေးနေပူပူထဲတွန်းပြီး အမှိုက်ပုံတွေဆီသွားနေတာဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်ကြီးတည် ဆောက်မယ်လို့ ကြွေးကြော်နေတဲ့ သူတွေကိုပြချင်စမ်းပါဘိ သို့ သော် မမြင်ဟန်ဆောင်သူ ပြရခက်၏ ပြောရင်းနဲ့ လျှာကရှေရှေလာတယ်ပြန်သိမ်း လိုက်တော့ မယ်နော်သိတယ်ဟုတ် ဓါးထက်ထက်
ကွိကွိစ်ရေ...
ဘာဘဲပြောပြောဟာ...
နာကတော့ အဲ့ဒီပုံလေးတွေတွေ့ရတော့ အိမ်ပိုပြန်ချင်ဒယ်.....။
ရန်ကုန်ကိုလွမ်းလို့....း(
(ငိုသံပါကြီးဖြင့် ပြောသွားသည်။)
ခင်မင်တဲ့
ဏီလင်းညို
အောာာာာာာာာာ် မကိ ရန်ကုန်တခေါက်ပြန်တာ ဒါတွေပါ ရိုက်လာခဲ့တာလား ဒီလို ဓာတ်ပုံတဖျပ်ဖျပ်(စာလုံးပေါင်း မသေချာပါ ) ရိုက်တာ လူတွေက အထူးအဆန်းလို မကြည့်ဘူးလား ဟင်
ဟိ အန်တီဆု အိမ်ရှေ့ ကနေ ဖြတ်သွားတာ ဓာတ်ပုံရိုက်လာခဲ့တယ် အမငီးးး မကိရေ ကြောက်လိုက်ထှာာာာာာာနော်
အမ ခဏလောက် :P
ကုန်ပြီ ငါတို့ရန်ကုန်မြို့ကြီး။ ကောင်းတာလေးများရွေးရိုက်ပါလားလို့။း(( ဓါတ်ပုံတွေဘယ်တုန်းက ဘယ်လိုရိုက်သွားတာပါလိမ့်။
ဓါတ်ပုံရိုက်ထားတာကောင်းလွန်းလို့ ခဏတွေ့ချင်လို့ဆိုပြီး ခေါ်နေအုံးမယ်။
သတိထား !!
အော်..ဒေါ်ကိရယ်.
နောက်တခါပြန်ရင် ၀မ်းသာစရာ မုဒိတာပွားနိုင်အောင်
နေပြည်တော်ကြပ်ပြေးက ပုံလေးတွေ နဲ့ယှဉ်ရိုက်လာခဲ့ပါလားဗျာ.ဒါမှမဟုတ် အရာရှိကြီးငယ်တွေ စီးနင်းတဲ့ကားတွေ တိုက်တာအိမ်တွေ တိုးတက်နေတာတွေနဲ့ ဆို ဒေါ်ကိပြောသလောက်မဆိုးသေးပါဘူး..ဟဲဟဲ..ဒေါ်ကိတို့များ လွမ်းကိုလွမ်းတတ်တယ်..မြန်မာတပြည်လုံး ကလေးပါမကျန် အရာရှိကြီးငယ်များ ဖြစ်ကြပါစေကုန်သတည်း......
မယ်ကိတို့ ရွာပြန်ပြီး အမှိုက်ပုံတကာလည်နေတာကိုး....ဖြစ်ရလေခြင်းနော်.....
ကိုချစ်ဖေ ပြောတာကို ထောက်ခံသွားပါတယ်။
လမ်းလေးလျှောက်တော့ အနံလေးတထောင်းထောင်းနဲ့
ရုံးလေးသွားတော့ ကုန်ပေါ့ တရွက်ပြီးတရွက်း)
စားလုံးပေါင်း မှားအောင်ရေသည် ဒါပဲ
လေးစားလျက်
တောင်ပေါ်သား
စိတ်ညစ်စရာ ရင်နာစရာ .. ဟင်းးးးး
အမှုက်ပြဿနာကလဲ မသေးဘူးနော်။
လာဘ်ပေး - ရန်မလို ဆိုတာလဲ သွားသတိရတယ် မကိ။
မကိပြောတဲ့ road map = mad road ကို သဘောကျလိုက်တာ။ :)
စိတ်ရှည်လက်ရှည် ဓာတ်ပုံရိုက်လာပြီးပြတာကျေးဇူးတင်ပါတယ်။ နာတာနဲ့ဖြောလိုက်တာ မလွမ်းတော့ဘူး :D
အမှိုက်ပုံထဲက ရန်ကုန်မြို့ကိုထားရစ်ခဲ့ကြပြီ...
သဘောကျပါတယ်အစ်မရေ... မြန်မာနိုင်ငံပြန်တာ ဒီအချက်အလက်တွေသွားယူတယ်ထင်ပါ့နော်။ ၀န်ထမ်းကောင်းမှနိုင်ငံကောင်းမည် တဲ့ဟုတ်တယ်နော် ခေါင်းဆောင်ကောင်းစရာမလိုသလိုပါပဲ။ ခေါင်းဆောင်တွေ ဗုဒ္ဓဘာသာကို ထေရ၀ါဒစစ်စစ်မှန်ကန်စွာ ကိုးကွယ်နိုင်ပါစေဗျာ
အဲဒီ လှည်းကတောင် နဲနဲ မြန်နေပါဦးမယ်ဗျာ။
ကိုသော်ဇင်ရေ စစ်ခေါင်းဆောင်တွေက သတင်းစာထဲမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်ပြီး အပြင်မှာ ငြိမ်းငြိမ်းချမ်းချမ်း
မေတ္တာပို့ လမ်းလျှောက်ပြီး တိုင်းပြည်သာယာဝပြောစေချင်တဲ့ သံဃာတော်တွေကို ခေါင်းရိုက်ခွဲတာ တကမ္ဘာလုံးသိကြသဗျ...
အမ ဘာပဲပြောပြော ကိုလင်းဘလော့မှာရှိတဲ့ ကိုမှိုးလှိုင်ညကဗျာ နောက်ဆုံးခံတပ် ထဲကလိုပဲ ရန်ကုန်ကိုငါတို့လူနည်းနည်းလေးနဲ့ ခံတိုက်နေရတယ်ဆိုတာလိုပဲ ရှိသမျှလေးနဲ့ခုခံနေရတာ သနားစရာပါအမရယ်။ အလုပ်လက်မဲ့အချိန်မှာတောင် ရန်ကုန်က မဆုတ်ခွာနိုင်ခဲ့ဘူးဆိုတာကိုလည်း ကြိုက်တယ်။ ဘာပဲပြောပြော ခဏတဖြုတ်ပြန်ဖြစ်တဲ့အခါ အဲဒီအမှိုက်ပုံကတောင် လှတာအမရဲ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအားလုံး ဒီအခြေအနေချည်းပဲ ထင်ပါရဲ့အမရယ်။ သီရိလင်္ကာမှာလည်း ပါတ်စ်ပို့လုပ်တဲ့ရုံးက လူကိုအုံပြီးတန်းစီစောင့်ရတာ။ အဲဒါမျိုးကျမြန်မာပြည်နဲ့မထူးလှပါဘူး။
Post a Comment