အဆိပ် ဆိုတာ ကောင်းကျိုးမပေး အန္တရာယ် များလို့  ဝေးဝေးက ရှောင်သင့်တယ် ။ အဆင် မသင့်ရင် အသက်ပါသေစေတတ်လို့  ဘယ် အဆိပ် မှ မကောင်းတာ လူတိုင်း အသိပါ ။ အစားအစာ တောင်မှ အဆင်မသင့်ရင် အစာအဆိပ်သင့်တတ်တယ် ။ ကိုယ်ဝန်ဆိပ်တက် လို့ကိုယ်ဝန်သည်တွေ အသက်ဆုံးရှုံးနိုင်တယ် ။ အဆိပ်အတောက် စာပေတွေကြောင့်လည်းလူတွေရဲ့  အတွေးအခေါ်၊ စာရိတ္တ တွေ ပျက်စီး နိုင်တယ် ။ ဒါကြောင့် ဘယ် အဆိပ်မှ မသင့်တာ အကောင်းဆုံး ပေါ့ ။ ဒီတော့ ဘယ်လို အရာတွေမှာ ( သတ္တဝါတွေမှာ ) အဆိပ်ပြင်းပြင်းရှိတတ်သလည်း လို့  သိနိုင်အောင် စပ်စုကြည့် လိုက်တယ် ။ ထုံးစံ အတိုင်း ဟိုမွှေသည်မွှေ ပေါ့ ။
ဒါက အာရှ နဲ့ သြစတြေးလျ တိုက် မှာ တွေ့ ရှိရတဲ့ ဂျယ်လီ ငါး Box Jelly fish ပါ ။ ( Jelly box ) လို့ လည်း ခေါ်ကြတယ် ။
အဆိပ် အပြင်းဆုံးမြွေတမျိုးက တော့ အရှေ့ တောင် နဲ့ တောင်အာရှ တောနက် ပိုင်းတွေမှာ ရှိကြတဲ့ King Cobra ပေါ့၊ (Ophiophagus hannah) လို့ လည်းခေါ်ကြတယ် ။ အရှည် က ၁၈ ပေ ခွဲ လောက်ထိရှိပြီး မြွေဘုရင် လို့  ဆိုနိုင်တယ် ။ ဘာလို့ လဲ ဆိုတော့ သူဟာ တခြား မြွေ တွေကိုတောင် စားပစ်တတ်ကြတယ် ။ ဇာတ်တူသား စားတာ ဆိုတော့ ရှောင်နိုင်မှ လွတ်မယ် ။ လူ ကို မပြောနဲ့ အာရှ ဆင်ကြီးတကောင် ကို တချက်တည်း ကိုက်လိုက်ရင်တောင် အဲ့ ဒီဆင် မှာ အလွန်ဆုံး ၃ နာရီပဲခံနိုင်တယ် ။ အကြောင်းရင်းကတော့ သူ့ အဆိပ် ပိုပြင်းထန်လို့ မဟုတ် ပါဘူး ။ သူ့ တချက် ကိုက်လိုက်ရင် ထွက်လာတဲ့ မြွေဆိပ် ပမာဏဟာ တခြား မြွေတွေထက် ၅ ဆ လောက် ပိုများ နေ လို့ ပါတဲ့ ။ဒါကြောင့် တချက်တည်း ကိုက်ခံလိုက်ရတာ နဲ့  ဆင်ကြီးတောင် ဘိုင်းကနဲ ပဲ ။
အမြင်အရတော့ ချစ်စဖွယ် ၊ လှလှပပ မာဘယ်ကျောက်တုံးလေး နဲ့ တူတဲ့ ခရုလေး ပါ ။ သူ့ အဆိပ်တစက် ဟာ လူ အယောက် ၂၀ ကျော်ကို သေစေနိုင်ပါသတဲ့  ။အနွေးပိုင်း ပင်လယ်ရေ ထဲမှာ ကျောက်တုံးလှလှလေးတွေ့ လို့ ကောက်ယူဖို့ စိတ်မကူးလိုက်နဲ့ နော် ။ ထိလိုက်တာနဲ့ ကွိသွားမှာ ၊ ဘယ်လို ဖြစ်နိုင်သလည်း ဆိုတာ ကတော့ ထိတဲ့ နေရာ မှာ အလွန် နာကျင်စေပြီးဖူးယောင်လာမယ် ၊ပြီးတော့ ထုံကျင် လာမယ်၊ ပြင်းထန်ရင်တော့ ကြွက်သားများ တုန့်ဆိုင်းပြီး အမြင်ဝေဝါး ကာ အသက်ရှူ ရပ်တဲ့ အထိဖြစ်စေတယ် ။ အဆိပ်ဖြေဆေးတောင် မရှိသေးဘူးတဲ့ ။ မှတ်တမ်းများ အရတော့ ခုချိန်ထိ လူပေါင်း ၃၀ မျှ အသက်ဆုံးရှူံးခဲ့ပြီ ဖြစ်ပါသတဲ့ ။
လှတပတ အော်တိုပတ်စ် ကလေးပါ ။ ပုံသဏ္ဍန် နဲ့ လိုက်အောင် အမည်ပေးထားတာက Blue-Ringed Octopus တဲ့ ။ ဂေါက်သီးလုံးအရွယ်လောက်သာရှိပေမဲ့ အဆိပ်အလွန်ပြင်းပါသတဲ့ ။ လူ ၂၆ ယောက် မျှကို တခဏ အတွင်းသေစေနိုင်တဲ့ အဆိပ်ပမာဏ ရှိတယ် ။ အဆိပ်ဖြေဆေးလည်း မရှိသေးပါ ဆိုပဲ ။ သူ အကိုက်ခံရတဲ့ နေရာ မှာတော့ နာကျင် ခြင်းမရှိပေမဲ့ ကြွက်သားတုန့်ဆိုင်း အသက်ရှူရပ်ပြီး နောက်ဆုံးတော့ သေစေနိုင်ပါသတဲ့ ။ဂျပန်၊ သြစတြေးလျ အနီး ပစိဖိတ် သမုဒ္ဒရာ ထဲမှာ တွေ့ ရှိနိုင်ပါသတဲ့ ။
ဒါကတော့ Death stalker scorpion ပါ ။ အကိုက်ခံ ရတဲ့ နေရာ မှာ လွန်စွာ နာကျင်စေတယ် ၊သူ့ အဆိပ်က ကျန်းမာသန်စွမ်းတဲ့ လူကြီးတယောက် ကို မသေနိုင်စေပေမဲ့ နှလုံးရောဂါ ရှိသူများ၊ ကလေးငယ်များ နဲ့ အသက်အရွယ် အိုမင်းသူများ ကိုတော့ အသက် အန္တရာယ် ပေးနိုင်ပါတယ် ။မြောက်အာဖရိကတိုက်နဲ့ အရှေ့  အလယ်ပိုင်း ဒေသတွေမှာ တွေ့ ရှိနိုင်ပါတယ် ။
အရုပ်ဆိုးလှတဲ့ ဒီ ကျောက်ငါး (Stonefish ) က အလှမယ်ဘွဲ့ မရနိုင်ပေမဲ့ ကမ္ဘာ့ အဆိပ်အပြင်းဆုံးငါး ဆိုတဲ့ ဘွဲ့ ကိုရရှိထားပါတယ် ။ သူ့ ရဲ့ ချွန်ထက်တဲ့ ဆူးတောင်တွေထဲမှာ ပြင်းထန်တဲ့ အဆိပ်တွေကို သိုလှောင်ထားတယ် ။ အကိုက်ခံရတဲ့ နေရာ မှာ အလွန် နာကျင်စေပြီး ၊ အဲ့ဒီနားတဝိုက်က တစ်ရှူးအသားစတွေကို ပျက်စီးစေတဲ့ အတွက် အကိုက်ခံရတဲ့ ခြေ၊ လက်တွေ ကို ဖြတ်ပြစ်ရလောက်တဲ့ အထိ ဆိုးဝါးစေတယ် ။ နာရီပိုင်း အတွင်း ဆေးကုသမှု မခံယူနိုင်ခဲ့ရင် အသက်ဆုံးရှုံးစေနူိုင်ပါတယ် ။ သူ့ ကို Capricorn ပင်လယ်ရေတိမ်ပိုင်း၊ပင်လယ်နီ မှ ကွင်းစလန်းဒေသ တလျှောက်၊ ပစိဖိတ် သမုဒ္ဒရာ ၊ အိန္ဒိယ သမုဒ္ဒရာ တွေ မှာ တွေ့ နိုင် ပါတယ်။
ဘရာဇီးမှ ထူးဆန်းဘွယ်ပင့်ကူ (Phoneutria) သို့ မဟုတ် ငှက်ပျောသီးပင့်ကူ ( banana spider) ရဲ့  အဆိပ် ပြင်းထန်မှု ဟာ ၊ ၂၀၀၇ ခုနှစ် မှာ ကမ္ဘာကျော် ဂျီးနက်စ် မှတ်တမ်းတင် ဝင် ခဲ့ ပါတယ် ။ လူအများဆုံးသေစေတဲ့ အဆိပ်ပြင်းသော ပင့်ကူ ပေါ့ ။ သူ့ ရဲ့  ၀.၀၀၆ မီလီဂရမ်မျှသာ ရှိတဲ့ အဆိပ်ဟာ ကြွက်တကောင် ကိုသေစေနိုင်တယ် ။ နေ့ အချိန်မှာ ပုန်းအောင်း နေထိုင်တတ်တဲ့ သူ့ ရဲ့ အကျင့်စရိုက်ကြောင့် အလွယ်တကူ ရှာဖွေလို့ မတွေ့ နိုင်ဘူး ။ အိမ်ကြိုကြားမှာ ၊ အဝတ်ဘီဒိုထဲမှာ၊ ဘွတ်ဖိနပ်တွေထဲမှာ၊ ကားထဲမှာ ပုန်းခိုနေတတ်လို့ သတိထားသင့်တယ် ။ သူ့ အဆိပ်ဟာ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတယ် ။ နာကျင်စေရုံမျှ မကသေးဘူး ၊အမျိုးသားတွေရဲ့ ညီပုလေးကို အာရုံခံ ပျက်ပြားစေတတ်သတဲ့ ။ သတိထား နေကြရန် အသိပေးလိုက်ပါတယ် ။မပြောမရှိကြ နဲ့ နော် ။ဒါကြောင့်များ banana spider လို့  အမည်တွင်တာ ထင်ပါရဲ့ ။ အပိုပြောတယ် ထင်မှာစိုး လို့  အော်ရီဂျင်နယ် စာသားလေးပါ ဖေါ်ပြပေးလိုက်ပါတယ် ။
The Brazilian Wandering Spider (Phoneutria) or banana spider appears in the Guinness Book of World Records 2007 for the most venomous spider and is the spider responsible for most human deaths.
This spider is believed to have the most potent neurotoxic venom of any living spider. Only 0.006mg (0.00000021oz) is sufficient to kill a mouse. They are also so dangerous because of their wandering nature. They often hide during daytime in highly populated areas inside houses, clothes, boots, and cars.
Its venomous bite causes not only intense pain, the venom of the spider can also cause priapism - uncomfortable erections lasting for many hours that lead to impotence.
အသင်ဟာ တကယ်လို့ များ တောင် အမေရိက နဲ့ အလယ်ပိုင်း အမေရိကမှာရှိတဲ့ မိုးတွင်း သစ်တော တွေ ကိုရောက်ခိုက် ပြေးလွှားဆော့ကစားရင်း အရောင်အသွေးစုံတဲ့ လှလှပပ ဖါးကလေးများကိုတွေ့ လိုက်ရရင် ဖမ်းယူဖို့  မကြိုးစားပါနဲ့  ။ အဲဒီဖါးလေးဟာ အဆိပ်ပြင်းတဲ့ Dart Frog ဖြစ်နေနိုင်ပါတယ် ။ သူ့ ရဲ့  အရေပြားပေါ်မှာ ဒီအဆိပ်တွေကို သိုလှောင်ထားပြီး ၊သူ့ ကို ထိမိ ကိုင်မိ စားမိတာသူတွေကို အဆိပ် သင့်စေတယ် ။ ၂ လက်မ မျှ သာ ရှိတဲ့ ရွှေရောင်ဖါးလေးရဲ့ အဆိပ်ဟာ လူကြီး ၁၀ ယောက် ၊သို့ မဟုတ် ကြွက်ငယ် အကောင်ပေါင်း ၂သောင်း ခန့်ကို သေစေ နိုင်ပါသတဲ့ ။ ၂ မိုက်ခရို ဂရမ် အလေးချိန်( ပင်အပ်ခေါင်း မျှ အရွယ် ) ရှိတဲ့ အဆိပ် ပမာဏ ဟာ လူတယောက်ကိုသေစေနိုင်တယ် ။ ဒါကြောင့် အင်ဒီးယန်း အနွယ်ဝင် အမေရိကန် သားများဟာ ဒီအဆိပ်ကို blow-darts ခေါ် မှုတ်လို့ရတဲ့ မျှားလေးတွေအပေါ်မှာ သုတ်လိမ်းပြီး လက်နက်အဖြစ် အသုံးပြုကြတယ် ။
Puffer Fish လို့ ခေါ်တဲ့ ငါးလေးဟာလည်း နှုတ်ခမ်းလေးထော်လို့ ချစ်စဖွယ် အသွင်ရှိ ပါတယ် ။ကျောရိုးရှိ သတ္တဝါ တွေထဲ ဒုတိယမြောက် အဆိပ်ပြင်းတဲ့ အကောင်ပေါ့ ။ ပထမ က ( golden dart Frog) လေ ။ ဂျပန် နဲ့ ကိုးရီးယား လူမျိုးတွေ ကတော့ သူ့ အသားကို စားသုံးလေ့ ရှိကြတယ် ။ ဂျပန်လို fugu ၊ ကိုရီးယားက bok-uh လို့ ခေါ်ဆိုကြတယ် တဲ့ ။ သူ့ ရဲ့ အရေခွံ နဲ့ ကလီစာ တွေမှာ အဆိပ်ပါရှိတတ်တယ်။ စားမိရင် နှုတ်ခမ်း နဲ့ လျှာ တွေ မာပြီး မူးတယ်၊အန်တယ် ၊ နှလုံးခုန် မြန်တယ်၊ အသက်ရှူခက်ခဲပြီး ကြွက်သားတွေ တုန့် ဆိုင်းစေတယ် ၊ ရင်ခေါင်းနဲ့ ဝမ်းခေါင်းကြားမှာ ရှိတဲ့ diaphragm ကြွက်သား တုန့်ဆိုင်းပြီး အသက်ရှုရပ်ကာ ၄ နာရီမှ ၂၄ နာရီ အတွင်းသေဆုံးစေနိုင်သည် ။ အဆိပ်ဖြေဆေး မရှိသေးပါကြောင်း၊ ဂျပန်နိုင်ငံတွင် ၁၉၉၆ မှ ၂၀၀၆ အတွင်း အဆိုပါငါး အဆိပ်သင့်မှုကြောင့် တနှစ်မှာ သေဆုံးသူ ၂၀ မှ ၄၄ ဦး ထိရှိခဲ့ကြောင်း မှတ်တမ်းများအရ သိနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီငါးကို ကျွမ်းကျင်သူများက သာ ဖမ်းဆီးပြီး ၊ ကိုင်တွယ် ချက်ပြုတ် စေရန် လိုင်စင်ရှိသူ စဖိုမှုးများကိုသာ ခွင့် ပြု ထားတယ် လို့ သိရပါတယ် ။
(ကိုယ်သာဆို ဘယ်လောက်စားကောင်းတဲ့ အသားငါးဖြစ် ပစေ ၊ဘယ်လောက် ကျွမ်းကျင်သူတွေ ချက်ပြုတ် ကျွေးပစေ ၊ မစားပါဘူး၊ ဒါမျိုးတော့ ကြောက် စ် ။ ပုံ ကြည့်ရတာ တော့ ငါးပူတင်းနဲ့ ဆင်သလိုပဲ ။ ဟုတ် ။ )
ဒီနေရာမှ ရတဲ့ အကြောင်းအရာများပါ ။
ဒီစိမ်းစိမ်းကြီးကရော ... ဘယ်လောက်များ အဆိပ်ပြင်းပါလိမ့် ။ သိသူများ ပြောပြကြပါ ။း) ။
အယ် .. ဘယ်သူမှ သိမယ်မထင်ဘူး ။ ဟုတ် တယ် ဟုတ် ။
မထိရ ၊ မကိုင်ရ ၊ မပြောရ ၊ မအော်ရ ။ မရေးရ ၊ မဖတ်ရ ။ မလှုပ်ရ ၊ မကြွရ ။
ရှောင်ကြ ရှားကြ ဝေးဝေးမှ ၊ အဆိပ်သင့်ခြင်းကင်းမည်ပ ၊
( အားလုံး သတိ ၊ အဆိပ်ဖြေဆေး ရှာမတွေ့ သေးပါ ။)
နှစ်သစ်မှာ အဆိပ်ကင်းစွာ ဖြင့် ပျော်ရွှင် ရှင်သန် နေနိုင်ကြပါစေ ။
25 comments:
လောလောဆယ် ဖျာခင်းလိုက်ပြီ တစ်...။
ဒီလောက် မဟုတ်ပါဘူးဗျာ။
ပြုံးလိုက်ရင် လှပါတယ်ဗျ။ ယာဉ် တယ်ဆိုပါတော့ ။
မျှ တ အောင်စားနေတော့  တသားမွေး တသွေးလှ ဆိုသလိုပါ။
မပြော ပါနဲ့ လို့ ဆိုဗျာ...တော်ပြီ။
ကွေ့  ဝိုက်နေလိုက်တာ နောက်ဆုံးတော့ လည်း
ဂိတ်က ဒီမှာပဲ ဆုံးတာ မှုတ်လား..။
ဟဟဟ.... အင်းနော်
တကယ်တော့ သူအဆိပ်ပြင်းဆုံးပဲလေ။
ကျွန်တော်တို့ဆိုရင်လဲ သူစေရာသွား၊ သူထားရာနေ၊ သူမွေးခဲ့တဲ့ သားသားလေးတွေလေ။ ဒါပေမယ့် သားသားတို့မှာ အဆိပ်မရှိပါဘူး။ ဗဟုနဲ့ သုတရသွားပါတယ်။ ဖားလေးတွေ၊ ငါးလေးတွေက တော်တော် ဆိုးတယ်နော် ကျွန်တော်တို့လဲ လက်သရမ်းပြီး သွားကိုင်မိလောက်တယ် မြင်ဖူးရင်ပေါ့။ ကျေးဇူးတင်ပါတယ် ဗဟုသုတအတွက်-
မကိချက်တဲ့ ဆား ဒီတခါတော့ ငံရုံမက ခါးပြီဗျိုး အပေါ်မှာဖတ်လာတာအကောင်း စိတ်ထဲကေ၇ရွတ်မိသေးတယ် ဗဟုသုတတွေ အနှစ်တွေချည့် ဘဲလို့  အောက်ဆုံးပိုင်းရောက် တော့ မှခါးသွားတာဗျိုး ကျေးဇူးတင်၏ အခုလိုသတိပေးဖေါ်ရတာ
အော်သော်ဇင်သော်ဇင် တော်ချင်ရဲံ့ နဲ့  လွဲနေတဲ့ ကလေး မင်းအတွက်တော့ ရင်လေး အမြင်မှန်တွေရနေသားနဲ့  မိုက်တွင်းနက်တဲံ့ ကလေး မိဘအစစ်ဖြစ်တဲ့  ပြည်သူ့ ရင်ကို အပြေးလေးနဲ့ ဝင်ခဲ့ ပါမနှေးလို့ ပြောချင်တယ်လေး
လုပ်ပြီ .. :D
အကောင်တွေ အသည်းယားတယ် .. ကြောက်စ် ...
ဒီအမဂျီးဟာလေ... သားကိုပဲ ခလုတ်တိုက်နေတာပဲ... အဟင့်.... ရှင်ချင်တယ်...
ဖွားကိရေ .... အောက်ဆုံးက အဆိပ် သတ္တ၀ါပင်ကြီးကို လက်အောက်ငယ်သားတွေက ရေ၀ိုင်း လောင်းပေးနေ လို့ သူ့အဆိပ်ပင်ကြီးက ရှင်သန်နေတာဗျ ... သူ့ကို ရေမလောင်းပဲ အဆိပ်ရေကို ပြန်လောင်းသင့်နေပီဗျ ...
အောက်ဆုံးက အကောင်ကြီးက ဘယ်သူမှမကယ်နိုင်ဘူး အင်အားကြီးပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အမေရိကန်ကတောင် မနိုင်လို့ ထိုင်ကြည့်နေရတာ မျက်မြင်ပဲ... ဟီး..။
တကယ်တော့ သတ္တဝါတွေထဲမှာ လူသာအဆိပ်ပြင်းဆုံးပါ သူလုပ်ရင် ဘာမဆိုမဖြစ်တာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်၊ မဖြစ်နိုင်တာ မရှိသေးပါဘူး ဒီတော့ လူသည်သာ အဆိပ်ပြင်းဆုံး သတ္တဝါပဲဆိုတာ...။
ဝေါ့
(အဆိပ်မိသွားလို့)
အဲ မီးတို့ပါးပါး အန်နေတယ် လုပ်ကြပါဦး ဇီးးး အဲလေ ကိုယ်ဝန်ရှိနေပြီလားမသိဘူး မကိရေ သာမီးတို့ပါးပါးကို မကိလက်ထဲ အပ်ပါတယ် ကြိုက်သလိုသာ လုပ်ပါတော့ ဟားဟားးးးးးးးးးးးးး
အဆိပ်လား ဖြေဆေးရှိပါတယ် အန်တီဆုလေ အန်တီဆုဆိုတဲ့ဖြေဆေးနဲ့ဖြေလိုက်ရင် ရတာပဲဟာကို ဟုတ်ဘူးလား ဟဲဟဲ
kiki ရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ အဆိပ်ရှိတဲ့ အကောင်တွေက ကြောက်စရာကောင်းလိုက်တာ။ နောက်ဆုံးက စိမ်းစိမ်းနဲ့ အကောင်ကတော့ ဘာအဆိပ်မှ မရှိပါဘူး။ သူကိုယ်တိုင် အဆိပ်မိနေလို့ပါ။
အဆိပ် အဆိပ် ကြောက်စရာကောင်းပါ့လားးးးးးးးးးးးးး အခန့်မသင့်လို့များ ထိမိလို့ကတော့ ကွိခနဲပဲနေမယ်း)
လေးစားလျက်
တောင်ပေါ်သား
ဗဟုသုတတွေအများကြီးရစေတဲ့ပိုစ်လေးပါပဲ.. ပုံလေးတွေနဲ့အတူ တင်ပေးထားတော့ ပိုပြီးသတိထားမိစေတာပေါ့.. ကျေးဇူးပဲ ခိ..ရေ။
မကြီးကိရေ ပြန်လာပြီလားးးးးးးးးး အသည်းတယားယားဖတ်သွားတယ်းP
အင်း အမားရေ
ဘာမှမဟုတ်ဘူး ဖတ်သွားတယ်
လေမရှည်တော့ဘူး မိန်းမရနေပြီ လေ
မိန်းမပြန်ကြည့်ရအုန်းမယ် ဟတ်ဟတ်
ဆိုင်လည်းမဆိုင်ဘူးနော် အမား မိန်းမရတာနဲ့ လေ
အောက်ဆုံးကအကောင်ကို အကြောက်ဆုံးပဲ ရွံကြောက်လေ ...
မကိ..
အဲဒီအစိမ်းရောင် အကောင်ကြီး အဆိပ်ပြင်းပုံကတော့..
သေမင်းတောင် ကိုင်လိုက်ရင် အဆိပ်သင့်မှာ ကြောက်လို့  ဒီအတိုင်းကြည့်နေရတယ်ဗျ..။
မကိ
အဆိပ်ပြင်းတဲ့ သတ္တ၀ါတွေ အကြောင်းဖတ်ရတာ ဗဟုသုတရပါတယ် နောက်ဆုံး အဆိပ်ပြင်းတဲ့ အစိမ်းရောင် ပြုံးပြုံးသတ္တ၀ါကြီးကတော့ သူလုပ်သမျှ စစ်သားရော အရပ်သားရော ဘုရားသားတော်တွေရော ခံနေရတာကို သဘောတွေ့နေပုံရတယ်.ဗျာ..စိတ်ကူးကောင်းပါတယ်.မကိ..ပထမတော့ထူးဆန်းကြောက်ရွံဖွယ် အဆိပ်ရှိ
သတ္တ၀ါတွေအကြောင်း
ဖတ်ရပြီး နောက်ဆုံးတော့ရယ်သွားရပါတယ်..
အောက်ဆုံးကကောင်ကြီးကတိရစ္ဆာန်မျိုးပဲလား
ပုံထဲကအကောင်တွေ အကုန်လုံးကို ကြောက်တယ်
အော်ရေဂျင်နယ်ကြီးပါလား...
ကြည့်ရတာ ဖွားကိလည်း အဆိပ်မိဖူးပုံပဲ...
ငှဲငှဲငှဲ...
းဝ)
Phoneutria ကို အကြောက်ဆုံးပါပဲခင်ဗျာ။
ဇာတ်တူသာစားတဲ့ကောင်တွေက အဆိပ် ပိုပြင်းလို့နေမှာပေါ့... ငှီးငှီး...
လူသားစားသည်
ပုံ.
ဘဘ
Post a Comment