ရတာမလို လိုတာမရ
ရသမျှနဲ့  မရောင့်ရဲနိုင်တော့  စိတ်ဆင်းရဲခြင်း ဖြစ်ရပြီ။
ချစ်တိုင်းမညား ညားတိုင်းမချစ်
ကိုယ်ချစ်သလို သူမှမချစ်တော့  လူဖြစ်ကျိုးမနပ်ဘူးလို့  ထင်ရပြီ။
ခိုင်းသမျှလုပ်ပေး ပြောသမျှခေါင်းငြိမ့် ၊
မင်းအရိပ်နောက် ထပ်ချပ်မခွာလိုက်မိပြန်တော့ ၊
ကိုယ်ရည် စွမ်းစ မရှိသူတဲ့လေ။
မချစ်တတ်သူနဲ့  အချစ်ငတ်သူတို့ 
ဘာလို့ များဆုံတွေ့ ဖို့ ရာ ဖြစ်လာရတာလဲလေ။
သြော် ...လောကကြီးမှာ
အချစ်ဆိုတာ မရှိမကောင်း ၊ ရှိမကောင်းမို့ 
ဘဝဆက်တိုင်း မချစ်တတ်သူသာ ဖြစ်ရပါလို၏ ။
►Posted by
:kiki
:
at
1/05/2009 03:45:00 PM
Subscribe to:
Post Comments (Atom)
1 comments:
အချစ်ငတ်သော ယောက်ကျားနဲ့တွေ့မှ ဒုက္ခနဲ့ လှလှနဲ့တွေ့နေမယ်နော်.. :P
ပျော်ရွှင်ပါစေဗျာ
Post a Comment