သတို့သားကိုစင်မြင့် ပေါ်တက်ခိုင်းပြီး လင့်ဝတ္တရား ၁၀ ချက်(ဗမာ ထုံးစံမှာတော့ လင့်ဝတ္တရား ၅ ပါးထဲပါ ။ခုတော့ သူတို့ ဟာသူတို့ ပေါက်ကရ လေးဆယ် ၊ ရှစ်ဆယ်တွေ လျှောက်ရေးထားပြီး မိန်းမ မနိုးခင် အရင်ထ ၊စားသောက်ဖို့ ပြင်ဆင်ပေး ။အလုပ်အပြန် မိန်းမပင်ပန်းရင် ပြုစုရမဲ့ အချက်တွေရော ။ မိန်းမအိပ်ချင်ရင် မနှောက်ယှက်ဖို့ ရော ။ရတဲ့ လခ မိန်းမ မသိအောင်ဒိုင်မလျှိုထားဖို့ ရော ။နောက်မယားငယ်ယူရင် ပြင်းထန်စွာအရေးယူမည့်အကြောင်းရော ..။ ကလေးမွေးရင်လဲ ကလေးဝေယျာဝိစ္စအတူတူလုပ်ရမဲ့ အကြောင်းရော ..အင်းတချို့ အချက်တွေ မမှတ်မိတော့ပါ ။ အားလုံး ပေါင်း ယောင်္ကျားလိုက်နာရမဲ့  စည်းမျဉ်း ၁၀ ချက် ကို မိန်းမရှေ့ မှာ ဒူးထောက်ထိုင် ဖတ်ပြရပြီး အဲဒီ စာချုပ်စာရွက် (ဆရာမတယောက် ဘယ်အချိန်ကတည်းက သေချာ ရေးပြီး အကျအန ပုံနှိပ်ထားတဲ့  စာရွက် ) အပေါ်မှာ သတို့ သားကို လက်မှတ်ထိုးခိုင်းပြီး အလုပ်က မီးခံသေတ္တာထဲမှာ သိမ်းထားမယ်ပြောတယ်..စည်းကမ်းဖေါက်ရင်စာချုပ်အရအရေးယူမယ်တဲ့  ၊။မလွယ်ပါ့လား ။။
နောက်တခါ သတို့ သမီး အလုပ်မှာစီးတဲ့  ဖိနပ်တရံလဲ ဘယ်အချိန်က ပါလာသလဲ မသိ ။အဲဒီအထဲ ဝိုင်အရက် ထဲ့ ပြီး သူတို့ ၂ဦး လက်ချင်းယှက်စေပြီး၊ ပရိသတ်ရှေ့ မှာ အတင်းသောက်ပြခိုင်းပါတယ် ။
မချစ်သော်လည်းအောင့်ကာနမ်း ။ အဲသလိုဘဲ ရွံ လို့  မသောက်ချင်လဲ မရဘူး ။အောင့်ဧည်းပြီး သောက်ရတာဘဲ ။ အဟဲ မသောက်ရင် ညစာ ငတ်မယ်လေ ။ပြောထားပြီးသား တဲ့  ။
ရွံစရာ ဝိုင်အရက်သောက်ပြပြီးလို့  ပြီးပြီ မထင်နဲ့ အုံး ။ ၂ယောက်သားကို လူရှေ့ သူရှေ့  မလုပ်မနေရ တဲ့ 
KISS စက္ကန့်  ၆၀ ၊ တမိနစ်ပေါ့ ။ ၂ယောက်သား ၂ဖက်မိဘရှေ့ မှာ မျက်နှာနီ နေတာ လဲ မရဘူး တစက္ကန့် လောက်ဘဲ kiss တော့  မရဘူး ။ အစကပြန်စတဲ့ လေ ။စက္ကန့်  ၆၀ တိတိမှ ဘဲ လွတ်ငြိမ်းခွင့် ရတော့တယ်.
ဒါနဲ့ တင်မပြီးသေးပါ ။ မင်္ဂလာဦး ဇနီးမောင်နှံ စိတ်ညစ်စရာ နောက်တမျိုးလာသေးတယ် ။ ထုံးစံအတိုင်း လူတွေ စားနေတုံး သတို့ သားနဲ့  သတို့ သမီးတို့  အရက်ခွက်ပေါက်စလေးကိုယ်စီနဲ့  လာတဲ့ ပရိသတ်ကို ဝိုင်းတိုင်းလိုက်နှုတ်ဆက်ရတယ်လေ ။။ ကိုယ်တို့ ဝိုင်းကို နှုတ်ဆက်ဖို့ အလှည့် ရောက်တော့  .....
ဒီဘဲတော့ ဒီည ဝမ်းမလျှောရင် လယ်ပင်းအဖြတ်ခံမယ်( အဟဲ သူ့ လယ်ပင်းကိုပြောတာနော်)။ဒီတခါတော့ အရက်ရိုးရိုးတင်မကတော့ဘူး ။ ဟင်းထဲက ငြုတ်အချဉ်ရေ ။ဆေးပေါင်းကြက်စွပ် ။wasami။ငြုတ်ကောင်းမှုံ့  အစုံရောထားတဲ့  cocktail တခွက် ၊ ဖိနပ်စုတ်ကြီးထဲထည့်ကာ ၊ရှုံ့ မဲ့ ပြီး သောက်ရပါ၏။ သနားစရာ သတို့ သားပါ တကား။ မနက်ဖန်မနက် Newzeland Honeymoon ခရီး ထွက်လို့ မှ ရပါ့ မလားလို့  သူ့ အတွက် စိတ်ပူနေမိသေးတယ် ...
ဒါကြောင့်  တခု အသိပေးပါရစေ .. နောက်နောင်များ စိတ်ကူးမှားပြီး မင်္ဂလာဆောင်ကြမယ်ဆိုရင် ကိုယ့်ရဲ့ ဗမာပြည်မှာဘဲ အေးအေးဆေးဆေး ဆောင်ကြပါ ။ ဒီအရပ် ဒီဒေသ ကို ယောင်လို့ တောင် ခြေဦးမလှည့် ကြပါနဲ့  လို့  ကြိုတင် သတိပေးအပ်ပါသည် ။
နောက်ထပ်တခြားပုံတွေကိုတော့ ပေရှည်နေမှာစိုး၍ ဆင်ဆာဖြတ်ထားခဲ့ ပါသည် ။။
စိတ်ပြူတင်းပေါက်မပိတ်မိဘဲ အလုပ်မရှုပ် ငုတ်တုတ်ထိုင်ကာ မျှော်သာမျှော်ရပေါ်မလာတာကြာလှတဲ့ သူ့ အကြောင်းတွေးရင်း တနေ့ ညက လေစိမ်းတွေအတိုက်ခံလိုက်ရလို့ ဖျားချင်ချင်ဖြစ်နေရတဲ့ ဒီအတ္တဘော ကိုယ်ခန္ဓာကြီး ကို သနားစိတ်ကလေး နဲနဲဝင်လာလို့ ဦးဏှောက်ကအမိန့် ပေးလိုက်တယ် ။ မင်းသွားအိပ်တော့ တဲ့  ။ခေါင်းမာတဲ့ ကိုယ် အမိုက်ခံပြီး ဆက်စောင့် နေမိတယ် ။ဘုရားမကြိုက်တဲ့  အသူရာ ကလည်း တမှောင့် ။အတင်းလာပြီး မြှုဆွယ်နေပြန်ပြီ ။ခေါင်းသာမာပြီး စိတ်မမာတဲ့ ကိုယ် ၊နှလုံးသားကလည်း ခံနိုင်စွမ်းမရှိလို့  အသူရာနဲ့ အဖေါ်ဖွဲ့ ဖြစ်သွားတာ အဟား ..ဘာပြောကောင်းမလဲ
အသူရာနဲ့ အတူပါလာတဲ့  heavy တွေ၊ အို ဘာတဲ့တုန်း alternative ,hip hop, rap အစုံအစုံ နဲ့  ဝုန်းဒိုင်းကြဲနေတုံးလေးမှာ... ဒေါက် ဒေါက် ဒေါက် ဒေါက် ။ မူးတူးတူးနဲ့  (တံခါးခေါက်နေတာ ဘယ်သူတုန်းဟ .. ဝင်ခဲ့ ပါလား ၊ သော့  မခတ်ထားဘူး) ။ အလိုလေး ဘာကောင်ကြီးပါလိမ့်  ရေချိန်မကိုက်သေးဘဲ မျက်စိတွေဝေနေပြီလားမသိ ။ ပြူးပြဲပြီးကြည့် မိတော့ ET ရဲ့  အဘနဲ့ တူပါရဲ့ ။တံခါးဝမှာ ခါးထောက်ရပ်နေတာ ။ ( ဟ .. ဘာကိစ္စရှိလို့ လဲ ။ အခန်းမှားနေပြီ ထင်တယ် ) ။ET ဘကြီးကပြောတယ် ( မမှားဘူး ။www.အဝီဇိ.com မှာ ဘယ်တုံးကမှ အမှားမရှိဘူး။ အဲဒီကငရဲ မှူးကြီးရဲ့ အမိန့် စာရွက်ပါတယ်။ ခု ချက်ချင်း လိုက်ခဲ့ ပါ ) ။ အံမယ် သူကောင့် သားက အကျအန။သူ့ ရဲ့ ဆမ်ဆိုနိုက် အိတ်ကြီးထဲက x.files တွေတထပ်ကြီးမှ ကိုယ့် အီးမေးလ်တွေ တထပ်ကြီးဆွဲထုတ်ပြတယ် ။အလိုလေး ။ forward mail တွေရော ။ ချစ်တဲ့ သူ မဖတ်ဘဲ delete အလုပ်ခံလိုက်ရတဲ့  သနားစရာ မေးလ် လေးတွေရော တပုံကြီးပါလား။ ဒုက္ခပါဘဲ hacker နဲ့ လာတွေ့ နေပြန်ပြီ ။ကိုယ်လဲ ခပ်တည်တည် ..(ခင်ဗျားဒါတွေ ဘယ်ကရသလဲ) ဆိုတော့  (လျှာမရှည်နဲ့  ခုချက်ချင်းလိုက်ခဲ့ ) တဲ့  ။(ခင်ဗျားကိုကျုပ်မသိ ဘာကြောင့် လိုက်ရမှာတုန်း ) ။ ဒီတော့ သူက (အသာတကြည် မလိုက်ရင် တခြားနည်းနဲ့ ခေါ်ရမလား )တဲ့  ခပ်ထန်ထန်ပါဘဲ ။ အင်း အခြေအနေတော့ သိပ်မဟန်ဘူး ။ မီးစဉ်ကြည့် ကရတော့မှာဘဲ ..(လိုက်တာတော့ဟုတ်ပါပြီ ။ ဘယ်လောက်ကြာမှာလဲ ။ အလုပ်တွေရှိသေးတယ် . မအားဘူး ။) ။ သူပြန်ဖြေတာကြားလိုက်ရတော့ ကိုယ့်မူးတူးတူးဖီလင်လေးတောင်ထွက်ပြေးသွားပေါ့။ (မင်း ၊ နောက်ဆိုအလုပ်တက်စရာ မလိုတော့ဘူး။ အလုပ်သေချာမလုပ်ဘဲ တချိန်လုံး အွန်လိုင်းပေါ်မှာဘဲရှိနေလို့  မင်းသူဌေးကို ငါတို့ ငရဲမင်းမှုးကြီးက အကြောင်းကြားထားပြီးပြီ ၊ မင်းကို အလုပ်မှ ရာသက်ပန် ထုတ်ပစ်ပြီးသားဘဲ ။) ။ အလိုလေး ငရဲပြည်ကအကောင်တွေ ဒီအထိတောင်လိုက်ပြီးပါဝါတွေပြနေကြပါကလား ။ အို အသင်လောကကြီးမှာ ဘာတွေဖြစ်ကုန်ပါလိမ့် ။ နေရာတကာ ငရဲ ကြံ့ ဖွတ် ပဒတ်တို့ ။ ကျွမ်းအားချင်တို့ များလှချေလား ။ ဒီကောင်တွေ ကို အစိမ်းတို့  အနီတို့ ထိုးပေးရင် ရတယ် ကြားဘူးတာဘဲ .. ခွန့် ကြည့် အုံးမှ ။။ ( အဟဲ ..မျက်နှာချဉ်သွေးသံမှာ မနှဲလေးအသံနဲ့ ရောပြီး (နောင်ကြီးတို့ ခရီးပန်းလာရောပေါ့ ခဏလောက်ထိုင်ကြပါအုံး ။မိတ်ဖြစ်ဆွေဖြစ် တခွက်တဖလားချရအောင် ပြီးမှ အတူသွားကြတာပေါ့ ) သောက်လက်စ vodka လက်ကျန်လေး ထဲ့ ပေးရင်း ငခူပြုံးလဲ အသားကုန်ပြုံးပြီး စိတ်ထဲမှာတော့ ကျိန်ဆဲရင်း ဖါးရသေးတယ် ။ ပြီးတော့  အသားနီစပ်စပ် နှာခေါင်းကောက်ကောက်လို့ သူတို့ ပြောနေကြတဲ့  လူတွေဆီမှာ သုံးနေကြတဲ့ ရှိစုမဲ့စု အစိမ်းရွက်ကလေး တရွက် အဲဒီ ဘကြီးတော်လက်ထဲ ထိုးသိပ်ပေးတော့  သကောင့်ငရဲသား လည်က ဘေးဘီလှည့် ကြည့် ပြီးလျှစ်ကနဲ ယူလိုက်တာများ မြန်လိုက်တာ ။ ကိုယ်တို့ ရွှေတိုင်းပြည်က ပရုပ်လုံးကတောင် အဘခေါ်လောက်တယ်။အဟား ပြီးတော့ မှ လူလည်ကြီး ကိုယ် တယောက် ငရဲခွေးတကောင် ပတ်တာခံလိုက်ရမှန်းသိတော့ တယ် ။ သောက်လို့  ယူလို့ လဲ ပြီးရော ( ဟေ့လူ မြန်မြန်လုပ် ၊ အချိန်သိပ်မကျန်တော့ ဘူး ။ shuttle ferry ရောက်တော့ မယ် ) တဲ့ ။ အမယ် တယ်ဟုတ်ပါလား ငပိသံနဲ့  အင်းဂလစ်ရှ် လို မှုတ်လို့  ။ အင်း ဒီတကောင်လဲ ရွှေတိုင်းပြည်ကနေဟိုနေရာ ဇောက်ထိုးကျပြီးအဖါးကောင်းလို့  စီနီယာနေရာရနေတာဖြစ်ရမယ် ။ထားလိုက်ပါတော့  (ဟေ့လူ မြန်မြန်လုပ် ) ဆိုတဲ့  ငရဲချုန်းသံကြားမှ အတွေးပြတ်တော့ တယ် ။ ဒါပေမဲ့  ဇွဲမလျှော့သေးဘူး ၊ ဆက်ရွှီးကြည့် အုံးမယ်( နောင်ကြီး ရယ် ငရဲမင်းမှူးကြီးကောင်းမှုနဲ့  အကျွနုပ်လဲ အလုပ်ပြုတ်ပြီး ရှိတာလေးလဲ ဟိုပေးဒီပေးရနဲ့  ကုန်ပါပြီ . ဒီတော့ ဒီဖယ်ရီကြီးစီးဖို့  ပိုက်ပိုက်လဲ လက်ထဲမရှိလို့  ဒီတခါတော့ လိုက်မလည်နိုင်သေးဘူးနော် ။ နောက် အဆင်ပြေရင် လာပါ့ မယ် )။ET အဘက မျက်မှောင်ကုတ်ပြီးဘုကြည့် ကြည့် ပါရော .(ဟဲ့ ငတုံးရဲ့  မင်းကိုကြည့် တော့ လူရည်လည်မလိုနဲ့ အခု နင်တို့ လူ့  ရွှေပြည်မှာ အလကားရတာဆိုလို့  ရှုနေတဲ့ ဖုံ တထောင်းထောင်းမီးခိုးနံ့ တလူလူနဲ့  လေ ရယ် အခု မင်းကို ပို့ ပေးမဲ့  ရှပ်တယ်ဖယ်ရီ ရယ်ဘဲ ရှိတာကွ ။။ ဒီဖယ်ရီတောင် ဟို ဝေဒဆိုတဲ့ အကောင်ရဲ့ အဲယားဇလုံ လိုင်းပြုတ်သွားလို့ အမှိုက်ပုံထဲ ပစ်ရထားရတဲ့ လပျံကို ဟိုနိုင်ဂံ မှာ ညုကလီးယားဒတ်ပေါင်းအဖို ကျောင်းဆင်း.ငရဲ ဖရက်ရှာလေးတွေ က ဒုံးပျံ အဖြစ်ပြောင်းလဲတည်ထွင်ထား တဲ့  လွန်းပြန်လဒဒုံးပြန် လေယာဉ် ဟ ။ နှယ်နှယ်ရရ မဟုတ်ဘူးနော် ။ဒါပေမဲ့  ငရဲမင်းမှူးကြီး ၊ ဇနီး၊ သမီးတော် ၊ မြေးတော်တွေ ကိုယ်တိုင် မစီးရဲလို့  မင်းတို့လို ငရဲပြည်ရောက်မဲ့  အကောင်တွေကို စမ်းသပ်ကာလ အနေနဲ့  ဖရီးပေးစီးနေတာနော် ။ အခုမလိုက်လို့  နောက်တခေါက်မှဆိုရင်တော့  ဆောရီးဘဲ ကွ ။ တကမ္ဘာလုံး ဓါတ်ဆီဈေးတွေပြန်ချပေးနေပေမဲ့  ရွှေပြည်တော်က ရှေးရိုးထုံးဆံ မဖျက်ချင်လို့  အစဉ်အလာအရ ဈေးတက်ဖို့ ဘဲရှိတာ။ မင်းစဉ်းစားဖို့ အချိန် ၂ စက္ကန့် ပေးမယ် ။ စောစောမသွားရင် ဟိုမှာလဲ နေရာကောင်းရမှာမဟုတ်ဘူး ။ ဒါဘဲ ။ )
အဲဂတော့  အီဖေကိုယ်လဲ ၁စက္ကန့် ခွဲ အတွင်း စဉ်းစားမိသည်မှာ ..(၁) အလကား ဖရီး ရမဲ့ အခွင့် အရေး (၂) နေရာကောင်း ရရန် နေရာစောစောသွားဦးရေး (၃) ဒီမှာဆက်နေရင်လဲ အလုပ်မရှိ ယောင်ချာချာဖြစ်နေမဲ့ အတူတူ ET ဘကြီးဆီမှာ အနီးကပ်သင်တန်းတက်ပြီး တနေ့  ၃၀၀၀ ဂွပ် နှုံးနဲ့ ဒလျှို ဒလံ လုပ်ရေး အစရှိတဲ့ ကိုယ့်အရေး-၃-ပါး ကို အမြန် တွက်ချက် ဆုံးဖြတ်ချက်ချပြီးသကာလမှာ အိုကေ အိုကေ အိုကေ လို့  ဟို ဟစ်ဟော့  သီချင်းထဲကအတိုင်း တွန့် လိန် ရင်ကော့ပြီး ညုကလီးယားဒါတ်နဲ့ ပြေးတဲ့  လွန်းပြန်လဒဒုံးပြန် ကြီးပေါ်သို့  ရင်ကော့  ဖင်ကောက်ပြီး အပြေးအလွှားတက်ရတော့ တာပေါ့ 
ရင်ဘတ်ထဲမတော့  တဒိန်းဒိန်းနဲ့  တရုပ်မသာဝိုင်းမှာတီးတဲ့  ဗုံသံတွေထက် အဆ တသိန်းလောက် ဆူညံ ခုန်ပျံနေကြလေရဲ့  ။
လူ့ ပြည် လူ့ ရွာမှာ ကောင်းကောင်းမနေဘဲ အားတိုင်းယားတိုင်း အင်တာနက် အွန်လိုင်းပေါ်ကတဆင့် ဟိုသတင်း ဒီသတင်းတွေ ဖေါ်ဝေါ့ဒ်လုပ်ပြီး အူကြောင်ကြောင် မလည်မဝယ် လုပ် ခဲ့ လို့ ။သတ်သတ်လွတ်စားတဲ့  တရက်ကလွဲပြီး သူရာမေရိယ မထိန်းခဲ့ လို့  အခုတော့ www. အဝီဇိ.com ကို စောက်မြင်ကပ်ပုဒ်ထီးနဲ့  ဖရီး ဂိုးရတော့ မယ် ။။အင်းလေ ။ စိတ်တော့မလျှော့သေးပါဘူး ။ အကြံ အဖန်နဲ့  လွတ်ရင်လွတ်နိုင်ပါသေးတယ် .။ စိတ်ထဲမှာ ကြောက်ချေးပါ နေပေမဲ့  ဟန် အပြည့် နဲ့ လဒဒုံးပျံကြီးအပေါ် အတက် …. ဂလုန်း ၊ချလွမ်း ၊ဂွမ်းဂွမ်း၊ ဂျွတ် ။။။။
မွေးမေလေ့ ငါတော့  အရှင်လတ်လတ် ငရဲပြည် ဖရီးရောက် ပဟ အို ဘာတဲ့ တုံး ။။
ခါးမှာ ရုတ်တရက် စူးကနဲ အဖြစ်.... . တင်းနေအောင် စုံပိတ်ထားတဲ့  မျက်စိ နှစ်လုံး ဖွင့်  အကြည့်  မှာ ။။
အမလေး … ဘုရား တရား သံဃာ ။တော်ပါသေးရဲ့  . ဟို ဘဝ မကူးသေးလို့ ဒီတော့မှ သက်ပြင်းချနိုင်တော့ တယ် ဟူးးးးး ။
မနေ့ ညက ဝင်းဒိုးလေးဖွင့် ပြီး ပေါ်မလာတဲ့ သူတယောက်ကို ငုတ်တုတ်ထိုင်မျှော်ရင်း ရေချိန်ကိုက်ကာ မှေးကနဲ ဖြစ်သွားစဉ် က ဂယောက်ဂယက် အတွေး အိပ်မက်လိုလို ဘာလိုလို ထဲမှ ဂလုန်း--( ဒလဒုံးပျံ ကြီးရဲ့  ပြန်ထုထားတဲ့  ဘော်ဒီ တံခါး မကြီးမှာ ပတ္တာလွဲနေလို့  ဆောင့်ပြီးပိတ်လိုက်ရတဲ့  အသံ )။ ချလွမ်း--( လက်ထဲမှာကိုင်ထားတဲ့ ယမကာ ခွက် ကျကွဲသံ ) ။ ဂွမ်းဂွမ်း-- ( အိပ်ပုပ်ကြီးတတ်လို့  နာရီ နိုးစက် ကို ဆူညံသော ဒရမ် လဂွင်းတီးသံ ကျယ်ကျယ်လုပ်ထားရတဲ့ အသံ ) ။ ဂျွတ်-- အင်း ပြောရမှာတောင် ခပ်ရှက်ရှက် ရယ် .. အဟီး သိချင်ရင်ပြောပြရတာပေါ့  တညလုံး ငုတ်တုတ်ထိုင်မျှော်နေရင်း အိပ်ပျော်သွားတဲ့ ကိုယ့် ထိုင်ခုံ လေး ကျိုးကျပြီး ဘဝပျက် သွားရတဲ့  အသံ ) ။ဘာဘဲ ဖြစ်ဖြစ် ဒီ အသံလေးတွေ ကယ်ပေလို့  www.အဝီဇိ.com အထိ မရောက်ဖြစ်လိုက်တာ ။ခါးတော့ အတော်မျက်သွားတယ် ။ နောက်တခေါက် အနားသားထရစ်ပ် ဆိုတကယ်ဘဲ ဟိုအထိရောက်မလားမသိဘူး ။
ရောက်ဖြစ်ရင်တော့ ခရီးသွား၅ ယောက် အဟဲ ယောင်သွားလို့ .. အဝီဇိ သို့ ခရီးတထောက် အကြောင်း ဆက်ပြီးဖေါက်သည်ချပါမယ် ။။
အမယ် အလုပ်တကယ် မပြုတ်သေးဘူးဟ .. အလုပ်တက်ရအုံးမယ် .. ပျင်းလိုက်တာနော် ။။ အလုပ် မလုပ်ချင်တော့ ဘူး။ အဝီဇိကို ဖရီး လိုက်သွားရရင် ပိုကောင်းမလားဘဲ။( ဒီကောင်အမှတ်မရှိသေးဘူးလား)
ET ဘကြီးရဲ့  ငရဲချုန်းသံကြီးရုတ်တရက် ဘယ်ကထွက်လာမှန်းမသိလိုက်ဘူး ။ ရှိသမျှခေါင်းမွှေးတွေထောင် ကြက်သီးမွှေးညှင်းတွေထပြီးလန့် လိုက်တာလေ။ ကြောက်ပါပြီ နောက်နောင်ဆိုရင် လူလို သူလို အိပ်ယာပေါ်မှာ ကောင်းကောင်းအိပ်ပါ့ မယ် ။ပေါ်မလာမဲ့ သူကိုလည်း အချိန်ကုန်ခံ အိပ်ရေးပျက်ခံ ပြီး မစောင့် နေတော့ ပါဘူး ။ အလုပ်ထဲလဲ အချောင်မခို တော့ပါဘူး ။။ အသူရာရည်လဲ ...အဲ အဲ အာ...ကွန်နက်ရှင်ကျသွားလို့  လုပ်ကြပါအုံး ။ နောက်ဆုံးတချက် ခံဝန်ချက် မပေးလိုက်ရဘူး ။။ ဒါဟာ သွပ်ပြားအပစ်လား လို့  ။ ။ ။
(ပေါက်တတ်ကရ ကိုယ်ပိုင် စိတ်ကူးလေးတွေပါ ။ အမှန်တကယ် အချက်တွေ သိပ်မရှိပါ ။ တိုက်ဆိုင်မှုလေးရှိရင် တော့ မပြောတတ်ပါ )
Coffee & Health

ခုတလော အိပ်မပျော်ပြန်ဘူး ။ အိပ်ဆေးတွေလဲ တမျိုးပြီးတမျိုးပြောင်းသောက် ။အရင်က တခြမ်းလောက်သောက်ရင် တုံးကနဲ အိပ်တဲ့ ဆေးက အခုဆို ၂လုံးသောက်တာတောင် သိပ်မဖြုံချင်တော့ဘူး။ဘာကြောင့်လဲလို့ ပြန်တွေးဖြစ်တယ် ။ သိလိုက်ပြီ ။ ကော်ဖီလေး တခွက် ၊ ဒီလိုတခွက်ပြီးတခွက် ဆက်တိုက်သောက်ဖြစ်နေတာ ခုတလော ပိုများလာတယ်။တနေ့ ကို မတ်ခွက်ကြီးနဲ့  ၅ခွက် ၆ခွက် အပျော့လေး။ အရင်က အလွန်ဆုံး ရှိမှ ၂ ခွက်ပေါ့ ။ ကြိုက်လို့ လား ။ ??
အင်း .. အရင်ကတော့  ဒီလောက်အကြိုက်ကြီးမဟုတ်လှဘူး ။ ဒီတခေါက် ခရီးထွက်ပြီး အပြန် နောက်ပိုင်းမှာ သူ့ ကို ပိုကြိုက်လာသလိုဘဲ ။ အကြောင်းလေးတွေ ရှိတာပေါ့ ။ကော်ဖီကြိုက်သူတယောက်ကို ကြိုက်မိတော့သူကြိုက်တာ ကိုယ်ပိုကြိုက်မိသွားတာ ။ ဘယ်သူမပြု မိမိမှု ၊ သိပ်မှန်တာပေါ့ ။
ကိုယ့်ရောဂါ ကိုယ်ရှာမိတာလေ ။
အင်း ဟုတ်ပါပြီ ။ အကောင်းနဲ့  အဆိုး အမြဲဒွန်တွဲနေတာ ဆိုတော့  ဒီဟာလေးမှာလဲ ကောင်းတာလေးတွေရော ဆိုးတာလေးတွေပါ ရှိနေတာ သဘာဝကျပါတယ်။
သူ့  အကြောင်း အကောင်းအဆိုး မဝေဖန်ခင် သူ့ ကို ဘယ်အချိန်က ဘယ်လူတွေဘယ်လိုစတွေ့ ပြီး နှစ်သက်လာတာလဲ ဆိုတာ အရင်ပြောပြမယ် .. (သူ့ ကြောင့် အိပ်မရလို့  သူ့ အတင်းတုတ်မလို့ ပါ ) ။
သူ့ ကို ၉ ရာစု လောက်မှာ အီသီယိုးပီးယားနိုင်ငံမှာ စပြီးသောက်သုံးနေကြပြီး အီဂျစ်နဲ့ ယီမင်နိုင်ငံကို ဒီဓလေ့ရောက်သွားတယ် ။နောက်ပြီး မူဆလင်နိုင်ငံ ကိုရောက်တယ် ။ အဲဒီနောက်ပိုင်းမှ ဥရောပနိုင်ငံတွေ ၊ အင်ဒိုနီးရှားကျွန်းနိုင်ငံ နဲ့  အမေရိကတိုက်များသို့  ပြန့် နှံ့  သွားခဲ့ တယ်။ သူ့ မှာ စိတ် ကြွအောင်လှုံ့ ဆော်ပေးတဲ့ ဓါတ်တမျိုး( အဲဒီအချိန်တုံးကတော့  Caffeine ဓါတ်ရယ်လို့  အတိအကျ မသိဘူးပေါ့ ) ပါနေတယ်ဆိုတာ အဲဒီကတည်းက လူတွေ သိလာကြလို့ ၁၆ ရာစု အစောပိုင်းမှာ မူဆလင်ဘာသာရေးအရ Haraam ပိတ်ပင်ခဲ့ တယ် ။ဒီအကြောင်းအသေးစိတ် သိလိုရင် ဒီမှာဆက်ဖတ်နိုင်ပါတယ် ။ http://en.wikipedia.org/wiki/Coffee#Social_aspects ကို ဝင်ကြည့် ပါလေ။
အဓိကပြောလိုတာက ကော်ဖီနဲ့ ကျန်းမာရေး ဘယ်လို ဆက်စပ်နေလဲ ဆိုတာပါ။
ကော်ဖီ (Roasted Coffee) မှာ ဓါတုဇီဝ ဓါတ်အမျိုးပေါင်း ၁၀၀၀ ကျော်ပါဝင်တယ် တဲ့ ။ တဝက်လောက်ဟာ Rodent Carcinogen ကင်ဆာရောဂါဖြစ်စေတဲ့  ဓါတ်တွေပေါ။့ ဒါပေမဲ့  အဓိက ပါဝင်နှုံးများတာ တွေကတော့ Caffeine , Cafestol , Acffenic Acid ဆိုတဲ့  ဒီ ၃ မျိုးပါ ။
အဲဒီထဲမှာလဲ Caffeine ကဖင်း ဓါတ်က အဓိကကျတယ် ။ သူ က စိတ်လှုံ့ ဆွပေး တဲ့  အကြောင်းရင်းပါ။ သူ့ ကြောင့်  ခန္ဓာကိုယ်မှာ အာရုံကြောတွေကို နှိုးဆော်ပေးတဲ့  Cortisone နဲ့  Adrenalin ခေါ်တဲ့ ဟော်မုန်း တွေပိုထွက်လာရတယ်
ဒီတော့ ခန္ဓာကိုယ် မှာ ဖြစ်ပျက်ပြောင်းလဲခြင်းများစွာ တို့  ရှိလာပြီပေါ့ ။ အကောင်း ၊ အဆိုး ဒွန်တွဲနေတာလေ ။
ကောင်းကျိုးများ။
၁။ Alzheimer and Dementia - အဲဒီလို အသက်ကြီးလို့  ဦးဏှောက် အာရုံကြော ဆဲလ်များ တဖြေးဖြေးချို့ယွင်းပျက်စီးပြီး မှတ်ဥာဏ်ချို့တဲ့ သွားတဲ့ ရောဂါတွေ ဖြစ်စေမှုကို နဲပါးစေတယ် ။
၂။သည်းခြေအိတ် မှာကျောက်တည် ခြင်း ကို လျော့နဲစေတယ်
၃။Parkinsonism ခေါ်တဲ့  အသက်ကြီးလို့  ဦးဏှောက်မှ Dopamine ဓါတ်တမျိုးလျေုာ့နဲလို ခြေတုန် လက်တုန် လမ်းမြန်မြန်လျှောက်မရ တဲ့ ရောဂါမျိုး ဖြစ်ပွားမှုကို လျော့နဲစေတယ် .။
၎။ နာကျင်ကိုက်ခဲမှု ကို လျော့နဲစေတယ်
၅။ဆီးချို ခြင်းကို လျော့နဲစေတယ် ( ကော်ဖီချိုချိုသောက်သူများအတွက်တော့ အကျုံးမဝင်ပါ)
၆။နှလုံးရောဂါတချို့ ဖြစ်ပေါ်နှုံး ကို လျော့စေတယ် ( ဆိုးကျိုးထဲမှာလဲ နှလုံးသွေးကြောရောဂါ ပါဝင်နေပါတယ်။အယူအဆ ကွဲပြားနေကြဆဲ ပါ )
၇။ဝမ်းပျော့ စေတယ် ၊ ဆီးရွှင်စေတယ်။
၈။ Antioxident အစွမ်းရှိလို့  အရွယ်မတိုင်မီ ဆဲလ်များ ပျက်စီးမှုကို လျော့နဲစေတယ်( အသက်ကြီးပေမဲ့  အရွယ်တင်လိုသူများ ကော်ဖီ မှန်မှန်သောက်ကြပါ ရန် )
၉။ သွားပိုးစားခြင်းမှ ကာကွယ်ပေးတယ် ။
၁၀။ Gout ခေါ်တဲ့  uric acid ၊ purine ဓါတ်များခြင်းကြောင့် ဖြစ်ရတဲ့  အဆစ်ယောင်ရောဂါ ဖြစ်နှုံး နဲစေတယ်။
၁၁။တချို့ အသည်းရောဂါ ( အသည်းခြောက်ရောဂါ) နဲ့  ကင်ဆာရောဂါ အချို့ ( ခံတွင်း ၊ အစာပြွန်၊ လည်ချောင်း နဲ့  ရင်သား ကင်ဆာ ) ဖြစ်ပွားမှုကို နဲပါးစေတယ်။
ဆိုးကျိုးးများ။
၁။ တချို့  ကင်ဆာရောဂါ ဖြစ်ပွားမှု ကို အားပေးတယ်
၂။အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးတတ်တယ် ။ သူက အစာအိမ်မှာ အချဉ်ဓါတ်ထွက်ပေါ်အောင် အားပေးတာကြောင့် ပါ ။
၃။ စိတ်အာရုံကြောတွေကို နှိုးဆွပေးလို့  အိပ်မပျော်ခြင်း ၊ ကတုန်ကယင်ဖြစ်ခြင်းတို့  ခံစားရပါတယ်။
၎။သွေးထဲက Cholesterol အဆီဓါတ် ကို များစေတယ် ။ ဒါကြောင့်  နောက်ဆက်တွဲ ဖြစ်တတ်တဲ့  နှလုံးသွေးကြောကျဉ်း ရောဂါ နဲ့  သွေးတိုးမှုကို ဖြစ် စေတယ်လို့  ဆိုကြပါတယ်
၅။ကော်ဖီ ကို တနေ့  ၄ခွက်ထက် ပိုသောက်သူများမှာ လုံး ဝမသောက်သူများနဲ့  စာရင် ကိုယ်ဝန်ဆောင်များ သားလျှောခြင်း ၂ ဆမျှ ပိုဖြစ်တတ်ပါတယ် ။ သွေးဆုံးပြီးချိန်မှာလဲ Osteoporosis ခေါ် အရိုးပွ ရောဂါဖြစ်ဖို့  ပိုအခွင့်အလမ်းရှိနေပါတယ်။
၆။အူလမ်းကြောင်းမှ အစာအဟာရ သံဓါတ် စုတ်ယမှု ကိုလျော့နဲစေလို့  Iron deficiency Anemia ခေါ် သွေးအားနဲ ရောဂါ ဖြစ်စေတတ်ပါတယ်။
၇။ကလေးငယ်လေးတွေ ကော်ဖီသောက်တာ များရင် ခန္ဓာကိုယ် ကြီးထွားမှုကို နှေုာင့်နှေးစေပါတယ်။
၈။ ပြီးတော့  ကော်ဖီကို အလွန်အကျွန် ကြာရှည်စွဲသောက်ရင် သွားမှာ အရောင်စွန်းထင်းစေလို့  အလှပျက်စေတယ် ။
Caffeine Intoxication ( အဆိပ်တက်ခြင်း)
လူတယောက်ဟာ တနေ့ ကို ကဖင်းဓါတ် 300 mg ထက်ပိုသောက်ရင် အဆိပ်သင့်တတ်တယ်နော်
အာရုံကြောတွေ အလွန်အမင်းအနှိုးဆော်ခံရလို့  စိတ်အကြွလွန် ပြီး ကတုန်ကယင်ဖြစ်ခြင်း။ကြွက်သားများတဆတ်ဆတ်တုန်ခါခြင်း၊မျက်နှာတပြင်လုံးနီရဲ ပူလောင်ခြင်း၊ဆီးအလွန်အကျွံများခြင်း ၊ အစာမကြေခြင်း စသဖြင့် ခံစားရမှာ ဖြစ်တယ် .
ဒီထက်ပို ပြင်းထန်ရင် ကဖင်းဓါတ် 192 mg/Kg ( တကယ်လို့  50Kg ကိုယ်အလေးချိန်ရှိသူတဦးဟာ ကဖင်းဓါတ် 10000 mg လောက်) တကြိမ်ထဲမှာ သောက်မိရင် သေဆုံး နိုင်ပါတယ် ။
ဒီတော့  ကိုယ်ကြိုက်တဲ့  အကောင်းအဆိုး ကိုယ့်ဟာကိုယ် ရှာယူနိုင် ဆင်ခြင်နိုင်မယ် ထင်ပါတယ်။
လမ်းကြုံလို့ ဆက်ပြောချင်တာကတော့  ကော်ဖီအမျိုး အစားများ နဲ့  ချစ်စရာအမည်များ ။ ကဖင်းဓါတ်ပါဝင်နှုံးများပါ ။ ဒါမှ တနေ့ သောက်တဲ့  ကော်ဖီထဲမှာပါတဲ့  ကဖင်းဓါတ် ပမာဏကို ခန့် မှန်းနိုင်မှာပေါ့ ။
Coffee procession
Coffee percolator · Espresso (lungo, ristretto) · Espresso machine · Drip brew · French press · Turkish coffee · Instant coffee · Chemex · Moka pot · Aeropress · Presso
Coffee Preparation
Americano/Long black · Café au lait/Café con leche · Caffè corretto/Liqueur coffee · Cafe mocha · Cà phê sữa đá · Cappuccino · Coffee milk · Cortado · Greek frappé coffee · Indian filter coffee · Irish coffee · Latte/Flat white · Macchiato (espresso, latte) · Iced coffee · Frappuccino · Red eye · Affogato
Popular Coffee Beverages
Cappuccino · Coffee milk · Cortado · Greek frappé coffee · Indian filter coffee · Irish coffee · Latte/Flat white · Macchiato (espresso, latte) · Iced coffee · Frappuccino · Red eye · Affogato
အဲဒါတွေအသေးစိတ်သိချင်ရင် click လုပ်ပြီးကြည့် ပေါ့နော်
Caffeine 200 mg စီ ပါဝင် နှုံး ရှိနေကြတဲ့ ကော်ဖီ နဲ့  တခြားဖျော်ရည်အမျိုးအစားနဲ့  ပမာဏတွေ ကို သိနိုင်အောင် ဖေါ်ပြပေးလိုက်ပါတယ် ၊
=Espresso one shot( 30 cc ) ၃ခွက်
=Regular Starbuck (355cc) ၁ခွက်
=Instant Coffee (355cc) ၂ခွက်
=Decaffinated coffee 12 litre
=Coca-Cola 2 litre
=Green Tea 2.4 litre
=Black Tea 540 cc
ကော်ဖီကြိုက်သောသူများ တန်ရင်ဆေး ၊လွန်ရင်ဘေးဆိုတာလေး သတိရ ဆင်ခြင်ပြီး အပျင်းပြေ ၊ဒါမှမဟုတ် အပေါင်းအသင်းများနဲ့လောကအရသာ ချို ကောင်းလေးကို ပျော်ရွှင်စွာ ခံစားနိုင်ကြပါစေနော်။
လူ့ လောကကြီးမှာ အငိုနဲ့ စလို့ အငိုနဲ့ အဆုံးသတ်ကြရတာတွေများတယ် ။လူ့ ဘဝ စရောက်လို့  ကိုယ်တိုင်ငိုရတဲ့ အငိုဟာ ကောင်းသောငိုခြင်းပါ ။သူ့ ရဲ့ ပထမဦးဆုံး ဝါးကနဲ ငိုမှုကြောင့် အဆုပ်ထဲ အောက်စီဂျင်ရောက်ပြီးနောက် ဆက်လက်ရှင်သန်ဖို့ အားအင်တွေစပြီး တဘဝလုံးရုန်းကန်လှုပ်ရှားကြရတော့တာပါဘဲ ။လောကကြီးမှာရှိပြီးဖြစ်တဲ့နီးစပ်ရာ ဆွေမျိုးသားချင်းများကလဲ ဒီအငိုကို လိုလားစွာ လက်ခံကြတယ်ပေါ့။ကောင်းသောငိုခြင်းတခုပါ။
ဒါပေမဲ့ ဒီလောကကြီးမှ အပြီးတိုင်ထွက်ခွာရခါနီးနဲ့ ထွက်ခွာပြီးအချိန်တွေမှာ ငိုကြရတဲ့ အငိုမျိုးကိုတော့ သူ့ ကိုချစ်ခင်သူ တွေအားလုံး ၊ဘယ်သူမှ နှစ်သက်ကြမယ်မထင်ဘူး။ မကောင်းသောငိုခြင်း တခုပါ ။
ဒီနေ့ လဲ ဒီလို မကောင်းသောငိုခြင်း တခု တွေ့ ကြုံလိုက်ရတယ်။ ဒါတောင် အရမ်းကြီးမားစွဲလန်းမှုမျိုးမဟုတ်ဘဲ သာမန်ခင်မင်ခြင်းအဆင့်လောက်ဘဲရှိနေတဲ့ သူတယောက် ဒီလောကကြီးမှ ရုတ်တရက် ထွက်ခွာခဲ့တာကြောင့်ပါ။ သူ့ ကို စ သိတာ က ဒီလကုန်ရက်မှာမှ တနှစ်တိတိပြည့် မှာလေ ။မ နှစ်က ဒီလိုအချိန် ၂၀၀၈ ဇန္နဝါရီလမှာ အရမ်းချစ်တဲ့ ညီမငယ်လေးရဲ့ မွေးနေ့  ပွဲ အသွား ၊ ညီမငယ်လေး ရဲ့ သူငယ်ချင်းအနေနဲ့  မိတ်ဆက်ပေးလို့  သိခဲ့ တာပါ ။ ဒီကြားထဲလဲ ဗမာပြည် ၃ ကြိမ် ပြန်ဖြစ်တုန်း တခါတလေတွေ့ ဖြစ်ရုံလောက်ဘဲရှိတယ် ။ပြီးခဲ့ တဲ့ လ က ဗမာပြည်ပြန်ချိန်မှာတော့  ညီမငယ်တို့ တတွေနဲ့  ဟိုသွားဒီသွားလည်ဖြစ်တော့  သူလဲ အတူတူပါလာတော့  ပိုပြီး ရင်းနှီးသွားရတယ်ပေါ့  ။ မျက်နှာလေးကအမြဲပြုံးရွှင်နေတတ်တယ် ။သူကလည်းကျန်းမာရေးသိပ်မကောင်းရှာဘူး ။ မွေးရာပါ သွေးရောဂါတခုပေါ့ ။ဒီတော့  သနားပိုမိတာလဲ ပါတယ် ။ ကိုယ်ဗမာပြည်မှပြန်လာတဲ့ နေ့ ကလည်းသူတို့ တတွေ လေယာဉ် ကွင်းထိလိုက်ပိုခဲ့ ကြသေးတယ်။ ပြီးခဲ့တဲ့ ၃ရက်၊ ဇန္နဝါရီ ၂၀ ရက်နေ့ ည ကတိုက်တိုက်ဆိုင်ဆိုင် သူ့ ကို အွန်လိုင်းမှာတွေ့ လိုက်လို့  လှမ်းနှုတ်ဆက်ဖြစ်သေးတယ် ၊။ သူ့ အဲဒီ အကောင့် ကို ညီမငယ်လေးက ကိုယ်တို့ အတူတူရှိနေတုန်းကလုပ်ထားပေးတာဖြစ်ပြီး ချက်ခြင်းကိုယ့် ကို invite လုပ်လို့  ကိုယ်ကလည်း သူ့ ရှေ့ မှာတင် accept လုပ်ရလို့ ရီဖြစ်ကြသေးတယ် ။ ပြီးတော့ ကိုယ့်ရဲ့  အဲဒီ ဂျီတော့ခ် ဆိုတဲ့ အထဲမှာ သူငယ်ချင်းများများစားစားရှိတာမဟုတ် ။လိုင်းမှာ သူများတဆင့်မိတ်ဆက်ပေးလို့ သိတဲ့ သူ ၃၊၄ ယောက်ကလွဲရင် ကျန်တာတွေက အပြင်မှာတကယ်သိနေ ၊ ရင်းနှီးနေသူလောက်ဘဲရှိတာလေ ။ဒီတော့  သူ့ ကိုတွေ့ လိုက်ရတော့ ဝမ်းသာအားရ နှုတ်ဆက်ပြီး စကားပြောဖြစ်သေးတယ် ( အားလုံးသိကြတဲ့ အတိုင်း ဗမာပြည်မှာ အွန်လိုင်းနဲ့ ပြောရတာ ကွန်နဲ့ နက် မကောင်းတဲ့ အချိန်ကအမြဲလိုဘဲလေ ၊ ဒါပေမဲ့ သူနဲ့ စကားပြောတာ တညတည်း၂ကြိမ်စလုံး ချောမွေ့ နေတာ။ ပြီးခဲ့ တဲ့ ၁၆ရက်နေ့ က သူ့ မွေးနေ့ ကို ညီမငယ်လာတဲ့ အကြောင်းနဲ့ထွေရာလေးပါး ပြောခဲ့ကြတာ ၊အဲဒါ လိုင်းထဲမှာသူနဲ့ တွေ့ တာပထမ ဦးဆုံးနဲ့ နောက်ဆုံးအကြိမ်ပါဘဲ )ဘာလို့ လဲဆိုတော့ အဲဒီညသန်းခေါင်မှာ သူရောဂါဖေါက်ပြီးနောက်ဆေးရုံပေါ်ရောက် နောက် ၃ ရက်ကြာတော့  ဆုံးသွားရှာတယ် ဒီနေ့ ၂၃ ရက်နေ့ မှာပါ ။သူ့ သတင်းကြားပြီး စိတ်ထဲ အတော်မကောင်းလို့  အလုပ်ထဲတောင် စိတ်မပါဘူး ။မျက်ရည်ဝဲနေမိသေးတယ် ။ဒီည အိပ်မပျော် တာနဲ့  စာထိုင်ရေးဖြစ်တာ မိုးလင်းပေါက်ပေါ ။့
သေခြင်းတရားဆိုတာ အချိန် နေရာ အရွယ် ဆင်းရဲ ချမ်းသာမရွေး ပါဘူး၊ စတင်မွေးဖွားလာကတည်းက သေခြင်းကို ရင်ဆိုင်ကြရဖို့ ပါဘဲ ။မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလ အချိန်အပိုင်းအခြားလေးမှာ ဒီလောကဇာတ်ခုံပေါ်မှာ အမျိုးမျိုး အဖုံဖုံ တွေ့ ဆုံဖြစ်ပျက်ခဲ့ ရတာတွေကို ဘဝ လို့ သတ်မှတ်ရမယ်ထင်ပါတယ် ။ ကွေးသောလက်မဆန့် မီ ၊ စိုသောလက် မခြောက်မီ စက္ကန့် ပိုင်း အချိန်ပိုင်းတိုင်းမှာ သေခြင်းတရားဆိုတာ အချိန်မရွေး တွေ့ ရှိနိုင်ပါတယ် ။
ဒီတော့  လူတွေဟာ ကိုယ် ဘဝ့ ပတ်ဝန်းကျင် မှာ ရေစက်ကြုံလို့  သိရ ၊ခင်ရ ၊တဲ့  လူတွေကို တွေ့ ရ ဆုံရ အတူ နေရတဲ့ အချိန်တိုတိုလေး မှာ အဆင်ပြေစွာ၊ ခင်မင်စွာ ၊ ပျော်ရွှင်စွာ ဆက်ဆံ နေနိုင်ကြဖို့ အရေးကြီးလှပါတယ် ။ အဆုံးသတ် ချိန် ဘဝလေးတွေ အကူးကောင်းအောင် ရှိနေတဲ့ အချိန်လေးမှာအားထုတ်ပြင်ဆင်နေကြရမှာပါ ။အစ မှ အဆုံး ဘဝတွေအားလုံး ကောင်းမွန် အောင်နေနိုင် ကြပါစေ ။
(ညီမလေးမွန်မွန်ကျော်တယောက် ကောင်းရာသုဂတိရောက်ပါစေ )
အချစ်လားဟေ့ ဝင်ခဲ့လေကွာ ၊မင်းအတွက်ငါ့ရင်တံခါးအစဉ်ဖွင့်ထားဆဲပါ ။
လွန်လေပြီးတဲ့ ဟိုးတချိန်ကမင်းလိုဘဲ ငါ့ကိုချစ်တယ်ပြောခဲ့ဖူးတဲ့ သူစိမ်းတယောက်၊
တံခါးတောင်မခေါက်ဘဲ တိုးဝင်ဖူးတယ် ငါ့ရင်ထဲကို။
အသည်းစွဲအောင်ချစ်တယ်ပြောပြီး ငါ့ရဲ့ အသည်းကို ခွဲသွားရက်တယ်။
အသက်ထွက်မတတ် ချစ်တယ်ပြောပြီး ငါ့ရင်ဘတ်ကို ပြတ်လုနီးနီး ဗျောတီးခဲ့ဖူးတယ်။
ဘဝတခုလုံးနဲ့ရင်းတဲ့ ငါ့ချစ်ခြင်းကို ပမာမခန့် နဲ့  ပစ္စလက်ခတ် သူဖြတ်ခဲ့တယ် ။
လိုရာဆန္ဒသူပြည့်ဝတော့ နှုတ်မဆက်ဘဲ ရုတ်တရက်ထွက်ခွာပြေးရက်ခဲ့တယ်
အချစ်မိုးခေါင်ရပ်ဝန်းက ကန္တာရလို ငါ့အိမ်လေးကို ပိုခြောက်သွေ့ အောင် အမုန်းမီးတောက်တိုက်ခဲ့ တယ်။
အချစ်ခံရတဲ့ တခဏနဲ့  အချစ်လန်ကျန်ခဲ့တဲ့ ငါ့ဘဝ နောက်တဖန်ချစ်ရမှာကို ကြောက်ကန်ကန် ဖြစ် နေခဲ့ ရတယ်။
ဒါပေမဲ့ လည်း ရက်တွေကြာညောင်း အချိန်ဟောင်းခဲ့ ပြီမို့ ၊
ခုနေအခါမှာ ဒါတွေဟာ ရယ်စရာ တခုလို့  ငါ့အတွေးများ ပြောင်းလဲသွားနိုင် ရပြီပေါ့။
အကြောင်းစစ်ကြည့်တော့ ငါ့ဘဝမှာ နောက်တခါမရှင်သန်နိုင်လို့ ထင်ခဲ့တဲ့
အချစ်သစ်ပင် ချိနဲ့ နဲ့ ကို စမ်းရေအေးလေးဖြန်းပေးခဲ့တဲ့ မင်းကြောင့်ပေါ့ကွယ်။
ခရီးသွားဟန်လွှဲ ယုယခဲ့ တဲ့ မင်းရယ် ..သေလုဆဲဆဲ ငါ့အချစ်ကို ဖြတ်ခနဲ တဖန်
နိုးထစေခဲ့ တယ်နော်
ကြောင်ခံတွင်းပျက်မဟုတ်တဲ့ ငါ နဲ ၊့ ဇရက်တောင်ပံကျိုးမဖြစ်နိုင်တဲ့ မင်း ၊
ဘာကြောင့်ချစ်ခြင်းတခု မတည်ဆောက်နိုင်ရမှာလဲ၊
မျှော် လင့်နေဆဲပါ ချစ်သူရာ ။
အချစ်လားဟေ့ ဝင်ခဲ့ လေကွာ ၊ မင်းအတွက် ငါ့ရင်တံခါး အစဉ်ဖွင့်ထားဆဲပါ။









