တို့ခေတ်ရောက်ပြီလို့  ကြွေးကြော်ရမဲ့ အီး ခေတ် ကြီး မှာ အရာရာ အီး တွေ လွှမ်းမိုးမှုကို ခံနေကြရတယ် ။ ဗမာလို အီး က နားဝင်ချိုစရာ မကောင်း လှပေမဲ့ အင်္ဂလိပ်လို အီး ကတော့ နေရာတိုင်းလိုလို သုံးလို့  ကောင်းမှကောင်း ဆို ယုံကြမှာလား ။ လာပြန်ပြီ အီးဋီကာ .. ချဲ့လို့ မပြီးနိုင်ဆို အီးခေတ်ကြီးကလည်း အဆုံးအစ မရှိ ကျယ်ပြန့်နေလှပြီကိုး။
အီးခေတ် ရောက်တော့ အီးတွေ သုံးကြ သပေါ့ ကွယ် ။ အရင်က ကြေးနန်းကြိုး (သံကြိုး ) တို့ နေရာမှာ အီးမေးလ်တွေ အစားထိုး လာတော့ ၊ ဆက်သွယ်ရေးဝန်ကြီးဌာနလည်း ဝင်ငွေ လျော့  ၊ တွက်ချေမကိုက် ဖြစ်ရှာလေသပေါ့ ။ သူ့ ကြေးနန်းကြိုး ၊ သံကြိုး တွေ က အချိန်လည်းကြာသေး ၊ ဆိုတော့ အီးကြိုး အဲလေ အီးမေးလ် နဲ့က ပို အလုပ်ဖြစ် စိတ်ချရတယ် မဟုတ်လား ။ ဒီတော့ အီးမေးလ်တွေ ပဲ သုံးကြပေမပေါ့ ။ ဒါပေမဲ့ အဲဒီ အီးကလည်း ရာနှုန်းပြည့် သိပ်တော့စိတ်ချလို့ မရ။ ဟက်ကာ ဆိုလား ဘာလား ခိုးဖေါက်ခံရတာတွေ လည်း ရှိသေးဆိုပဲ ။ အီးသူခိုး လို့  ပြောရမှာ ပေါ့ နော်။ အဟက်..။ ရှိသေးတယ် အီးဘွတ်.. E Book ၊ အွန်လိုင်းပေါ်ကနေပြီး ပညာရှာချင်သူတွေ စာဖတ်ချင်သူတွေ အတွက် အတော်လေး အဆင်ပြေတယ် ။
နောက် အီး တခုက အီးဘေး.. ဟေးဟေး ။ ဝေးဝေး မတွေး နဲ့ အီးဘေးဆိုတာ e Bay ပါ ။ အွန်လိုင်းလေလံတင်တဲ့ဝက်ဆိုဒ်တခုပေါ့ ။ ဘာလိုချင်လည်း ရမယ် ။ အီးဘေး ပေါ်သာ တက်ရှာ ။မိနစ်ပိုင်း အတွင်း ရနိုင်တယ်။ အပ် ကအစ ။ အဲ.. ဘယ်ထိ အဆုံးလည်းတော့ မသိ ။ ဘယ်မှာပဲ ဆုံးဆုံး ကိုယ့် ခရက်ဒစ် ကဒ် ထဲက ပိုက်ပိုက်လေးတွေ မဆုံး ဖို့ အရေးကြီး ဆုံး ။ ပစ္စည်း ကောင်းလည်း ရ ၊ ဈေးလည်းချို ဆိုတာမျိုး က စိတ်ရှည် လက်ရှည် ရှာတတ်အုံးမှ။ စိတ်မချရတဲ့ ဆိုက်ကနေ ဝင်ဝယ် မိလို့  အနှပ်ခံရ ။ အဆော်ခံရတာတွေလည်း ဒုနဲ့ဒေးပါပဲ။ သတိတော့ ထားရတယ် ။ တခါတုံးကဆို ဒီနိုင်ငံက ကောလိပ်ကျောင်းသား တယောက် အွန်လိုင်းကနေ ဟန်းဖုံးတလုံး ဝယ်လေသတဲ့ ။ သုံးတဲ့ ကဒ်က သူ့ အဖေရဲ့ကဒ်ကို အဖေမသိအောင် ယူပြီးသုံး သတဲ့ ။ အဲဒီမှာ ဝင်တော့ တမျက်နှာပြီး တမျက်နှာ ၊ သူတို့  မေးတဲ့ မေးခွန်းတွေ ဖြေ ၊လိုတဲ့ အချက်အလက်တွေ ဖြည့် ။ နောက်ဆုံး ပစ္စည်း ကိုဝယ်ပါပြီ purchase ဆိုတဲ့ အကွက်ကို နှိပ်တော့ အဆင်မပြေ တချက်နဲ့ မဝင် ၊ နှစ်ချက်နှိပ် မဝင် နဲ့ အချက်ပေါင်းများစွာ နှိပ်လိုက်ရပါသတဲ့ ။ နောက် ၁ရက် နေတော့ ဟန်းဖုံးတလုံး အိမ်တိုင်ယာရောက် လာပို့သတဲ့ ။ နောက် ၂ ပါတ်လောက် အကြာမှာ သူ့ အဖေ ဘီလ် ရောက်လာတော့ မှ ထောင် ဂဏန်း တန်ဘိုး ရှိတဲ့ ပစ္စည်း အတွက် သိန်းနဲ့ချီပြီးပေးရတော့မဲ့ ကိန်းဆိုက်မှန်းသိရတယ်။ ဒီတော့မှ မျက်လုံးပြူးမျက်ဆန်ပြာနဲ့ ရဲစခန်းရောက် တိုင်ချက်ဖွင့် ။ အီးဆက်သွယ်ရေးကို ထိန်းချုပ်တဲ့ ရဲအဖွဲ့ ရှိနေလို့  တော်သေးတာပေါ့ ။အဲဒီ အလိမ်ခံရတဲ့ ပိုက်ဆံ ပြန်ရ မရတော့ မသိဘူး ။
အင်တာနက်မှာ ပြထားလို့  ဝယ်တဲ့ပစ္စည်းက တမျိုး ။ လက်ထဲရောက်လာတဲ့ ပစ္စည်းက တလွဲ ဆိုတာမျိုးကတော့ မကြာခဏကြားနေရတဲ့ သတင်းတွေပါပဲ ။ ကွန်ပြူတာကို အွန်လိုင်းမှာ ဝယ်တာ လက်ထဲရောက်လာတော့ အုတ်နီခဲလုံး တဲ့ ။ တိုင် လိုက်တော့ သူဝယ်တဲ့ ဆိုက် က မြေအောက်ဆိုက် ။ မြေလျှိုးမိုးပျံဆိုက် တွေ ဖြစ်နေတာလည်း တပုံတပင်။ဒါကြောင့် အစိုးရကလည်း အမြဲသတိပေးတယ် ၊ စိတ်ချရတဲ့ ဆိုက်တွေကနေပဲ အွန်လိုင်းပစ္စည်းဝယ်ဖို့ ။
ထားလိုက်ပါတော့ ကိုယ်ညံ့ ကိုယ်ခံပေါ့နော် ။ ဒီတခါ တွေ့ လိုက်တဲ့ သတင်း က တမျိုးထူးဆန်းပါ့။ ရောင်းတဲ့ ပစ္စည်းက အီးမ တယောက် ကျွတ်ကျန်ခဲ့တဲ့ ဖိနပ် တဖက်.. ။ အံမလေး .. ရူးနေလို့လား ဖိနပ်တရံလည်း မဟုတ်သမို့ စီးလို့လဲ မရ။ တဖက်ထဲကို လေလံတင်သတဲ့ ။ မယုံ မရှိနဲ့နော် ။ ဖိနပ်က တဖက်ထဲ ရယ် ။ ဒါပေမဲ့ ဈေးက မသေးလှ ။ ဈေးမသေးဆို သူက ရာဇဝင် နဲ့ လာသကိုး ။ ဇာတ်လမ်းက ဒီလို။
လွန်ခဲ့တဲ့ ၄-၅ ရက်လောက်က သြစတြေးလျတိုက်ကြီး က နိုင်ငံကြီး မှ ဂျုလီယာ ဂီလာဒ် ဆိုတဲ့ အမျိုးသမီး ဝန်ကြီးချုပ် .. အော်ဇီနိုင်ငံ အထိမ်းအမှတ်ပွဲတခုကို တက်ဖို့ ဟန်ပါပါနဲ့ လာသတဲ့ ။ အဲဒီအချိန်မှာပဲ ပွဲလုပ်မဲ့ အဆောက်အဦကြီး ပတ်လည်မှာ အော်ဇီ ဒေသခံ တိုင်းရင်းသား အဘော်ရီဂျင်း ၁၀၀ လောက်က ဝန်းရံထားပြီး ဆန္ဒပြ အော်ဟစ်ကြသတဲ့ ။ မိနစ် ၂၀ လောက်ကြာတော့ အခြေအနေမဟန် တာနဲ့ သူမရဲ့ သက်တော်စောင့်တွေ ခြံရံပြီး ကားရှိရာကို အပြေးတပိုင်း သွားစဉ်အခါမှာ ကမ္ဘာကျော်မဲ့ နံပါတ် ၈၊ အပြာရောင်ဖိနပ် ရဲ့ ညာဖက် တဖက် ဟာ ကျွတ်ပြီးကျန်ရစ်ခဲ့လေသတဲ့ ။
အဲဒီမှာတင် စင်ဒရဲလားတယောက် နာမယ် ကျော် တော့တာပါပဲ ။ကြင်ယာတော်ရှာခံရတာတော့မဟုတ်ပါဘူး ။ သူ့ အဖေါ်မဲ့ ဖိနပ် တဖက်ကို ကောက်ရသွားတဲ့ အဘော်ရီဂျင်လူမျိုးတွေက အီးဘေးပေါ်ကနေ လေလံပြစ်ခံရတာပါပဲ။ လေလံတင်တဲ့ သူကလည်း ကြေငြာထားလိုက်သေးတယ် ။ “Please bear in mind also this is a single shoe, not a pair, so it would be difficult to walk in, unless you're the PM," ”။ သင်သတိပြုရန်မှာ အဆိုပါဖိနပ်သည် တစ်စုံ မဟုတ်၊ တဖက်ထဲသာ ဖြစ်ပြီး ၊ အကယ်၍ သင်သာ ဝန်ကြီးချုပ်တဦး မဟုတ်ပါက ၊ ထိုဖိနပ်ဖြင့် လမ်းလျှောက်ရန် ခက်ခဲနိုင်ပါသည်... တဲ့ ။ အံမယ်.. ဖိနပ်ကို စီးတဲ့သူက နယ်နယ် ရရ မဟုတ်တော့ သူမရဲ့ နံပါတ် ၈ -Midas - Glorify စီးတော်တစ်ဖက် ကလည်း ကမ္ဘာကျော်သွားလေတာပေါ့။ စစချင်း ကြမ်းခင်းဈေး ၁၄၈ အော်ဇီဒေါ်လာကနေစလိုက်တာ၊ နာရီဝက် အတွင်း ဒေါ်လာ ၂၅၅၀ ပေး ဝယ်မယ် ဖြစ်ရော..( နောက်ထပ် တနာရီ မပြည့်ခင် အချိန်မှာတော့ ဒေါ်လာ ၄၅၀၀ တန်ဖိုးတက်သွားလေတယ် တဲ့ )။ အံ့ ရော.. လူတွေများ တယ်ရူးကြပေသကိုး ။ ဒါတောင် နာရီပိုင်းလေး ရှိသေးတာနော်.. ဆက်ထားရင် ဆက်တက်အုံးမဲ့ သဘော ရှိတယ်။
ဒါပေမဲ့... ဒါပေမဲ့ ... နောက်ဆုံးမတော့ ဒီလို လေလံတင် ရောင်းချတာဟာ သူတို့ အီးဘေး အွန်လိုင်းအရောင်းအဝယ် ဥပဒေ အရ တရားမဝင် ပါ ဘူး တဲ့ ။ အကြောင်းကတော့ လေလံတင် ရောင်းချမဲ့ ပစ္စည်း ဟာ ကိုယ်ပိုင် ပစ္စည်း ဖြစ်ရမယ်တဲ့ ။ အကယ်၍ ကိုယ်ပိုင်ပစ္စည်း မဟုတ်ရင်တောင် နဂို ပိုင်ရှင် ရဲ့ သဘောတူညီချက် ရှိပြီးမှသာ ရောင်းပိုင်ခွင့် ရှိပါသတဲ့ ။ တရားဥပဒေ စိုးမိုးတဲ့ ၊ လိုက်နာ လေးစားကြတဲ့ နိုင်ငံကြီးတွေ ဆိုတော့လည်း မမှန်တာ မလုပ်နိုင်ကြ မလုပ်ကြတော့ နောက်ဆုံးမှာ လူတွေ အလုအယက် လိုက်ဝယ်နေတဲ့ ဒီဖိနပ်ပြာပြာကြီးခမျာ အွန်လိုင်းပေါ်မှာ ရောင်းချလို့ မရသော ဖိနပ်တဖက် ဖြစ်သွားပါလေ သတဲ့ ။
( ကိုယ်တို့ တိုင်းပြည် များ အွန်လိုင်းကနေတောင် ရောင်းစရာ မလိုဘူး နော်။ ဘာ အီးဘေးမှ မလိုဘူး ။.. ဂီတအနုပညာ ဖျော်ဖြေပွဲတခု မှာတင် ..သုံး လေးထောင်လောက်သာသာ တန်တဲ့ တီရှပ် အဖြူလေး ၊ အမှတ်တရ. ရှားရှားပါးပါး လက်မှတ်များရေးထိုးထားတဲ့ တီရှပ်ဖြူလေး တစ်ထည် ကို ကျပ် ၁၂၅ သိန်း နဲ့ အလှူဒါနပြု သွားသူများရှိတယ် ။ ဒါကျတော့ အရူးထတယ် လို့  မဆိုနိုင်ပါဘူး ဆိုရင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တတ်လိုက်တာ လို့  ပြော ချင်ရင်လည်း ပြောကြပေါ့ နော်။)
ဒီဖိနပ်တဖက် ကိုကြည့်ပြီး အတွေးထဲ ရောက်လာတဲ့ ဖိနပ် တရံ ရှိသေးတယ် ။ ပြောရရင် ဒေါပွမှာလား ။သိချင်ရင်ပြောပြမယ် ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ တကယ်ဖြစ်သွားခဲ့တဲ့ ဗုံးပေါက်မှု အဲ..အဲ .ဖိနပ်ပေါက်မှုကြီးပါ ။ ကိုယ်တို့ ရဲ့ ခုလက်ရှိ ဘဘကြီး ( ထိုစဉ်အခါက ဘဘလေး ပေါ့ ) အား၊ မိုးတလုံး လေတသီး အမျိုးစုံ ညာရွှီးနေတဲ့ ဘာ ဇွန် ဆို လား ။ အဲ့ဒီလူကြီးက ပေါက်စရာ ရှားလို့  ထင်ပါ့ ။ ပန်းနဲ့လဲ မပေါက် ၊ သြဇာသီးနဲ့လဲ မပေါက် ၊ဘဲဥပုပ်နဲ့လဲ မပေါက် ပဲ သူ့ ရဲ့ အယ်ဒို Aldoစီးတော်ဖိနပ် နဲ့ ကောက်ပေါက်ခဲ့တဲ့ ရာဇဝင် စာတင်ရမဲ့ အဖြစ်..။ နှစ်ခါ ပစ်တာ နှစ်ခါစလုံး မှန်တယ် ဆိုပဲ ။ ဘာကို မှန် တာလည်း တော့ မသိ ။ (အခင်းဖြစ်ပွားစဉ် အချိန်မှာ မျက်မြင်တွေ့ လိုက်ကြသူများ ပြောပြပေးဖို့  တောင်းဆို ချင်တယ်။ သမိုင်း အစစ်အမှန်ကို ပြန်လည် မှတ်တမ်းတင်နေကြတာ ခေတ်စားနေတယ် မဟုတ်ပါလား ။)အဲဒီတုံးက ဖိနပ်တရံကို ကောက်ရသူများ အီးဘေးမှာ လေလံတင်လိုက်ရင် ဘယ်လောက်တောင် ဈေးကောင်းရလိမ့်မလည်း လို့ သိချင်စမ်းလှတယ် ။ (ဒါပေမဲ့ ဖိနပ်ပိုင်ရှင်က လေလံတင်ဖို့ သူ့ ဟာသူပဲ ပြန်ကောက်သွားပုံရပါတယ်။အောက်မှ ပုံကိုကြည့်ရင် သိပါမယ်။ )
ဒီပုံကိုတော့ ဒီနေရာမှ ယူထားပါတယ်..
အကယ်၍သာ အဲဒီ အယ်ဒို ကြီးကို ၊ ဂျူလီယာဂီလဒ်ရဲ့ ဖိနပ်ပြာတဖက် လိုမျိုး အီးဘေးမှာ အီးလေလံ တင်ပြီးရောင်းလိုက်ရရင်ရော..အသင်တို့ ဘယ်၍ ဘယ်မျှ ဈေးအပြိုင်ပေးကြမှာလည်း..... ဟဲ ဟဲ ..။ ဝါသနာပါရင် ဝင်ဆွဲသွားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျား... ...
အော်ဇီဖိနပ်သတင်းတွေကိုတော့ ဒီနေရာ များ မှ ရယူထားပါတယ် ။
အီးခေတ်ကြီးမှာ အီးဘေးများနဲ့ အလျဉ်းသင့်သလို အဆင်ပြေပြေ ရှိနိုင်ကြပါစေသတည်း ။။။
8 comments:
အီးအကြောင်းဖတ်ရတာအရမ်းကောင်းပါတယ်ခင်ဗျာ။
လေးစားပါတယ် ။
အီးအကြောင်းဖတ်ရတာအရမ်းကောင်းပါတယ်ခင်ဗျာ။
လေးစားပါတယ် ။
အီးခေတ်ကြီးထဲမှာနေမှတော့ အီးနဲ့မပတ်ချင်လို့မှမရတာ မကိရေ.. နေ့စဉ်ဘ၀ထဲမှာ အီးနဲ့လွတ်တာရယ်လို့တောင် ရှိသေးရဲ့ လားလို့စဉ်းစားနေတာ...း))
အီး အကြောင်း လေ့လာဖတ်မှတ်သွားပါတယ် မကိ...
ဖိနပ်တစ်ဖက်တည်းများ ဒီလောက် ဈေးပေးဝယ်ချင်ရတယ်လို့ ... မကိ ပြောသလိုဘဲ ကိုယ့်ဘက်ကိုယ်ယက်ပြောတာ မဟုတ်ဘူး... ဘာဖြစ်ဖြစ် အကျီ င်္က ဝတ်လို့ ရသေးတယ်... ဖိနပ်က တဖက်တည်း ဘယ်လို စီးမလဲ ဟုတ်ဘူးလား...
အမယ်လေး မကိ ရဲ့ အီးပိုစ့် ကြီး ကို အခုမှ အီး အဲ ရွှေစင်ဦး ဖတ်မိတော့တယ်
အီး ဗဟုသုတ များ အများကြီး ရသွားတဲ့ အတွက် ကျေးဇူးနော် အီး ကိ
ချစ်အမကြီး
ရွှေစင်ဦး
ဖွကိရေ မအီးအားလို့ မအီးရဘူးဗျို့ အီးကုန်သည် တွေလဲ တော်တော်ဆိုးပါလား ...
အခုတလော အီးကိလဲ ပျောက်လှတယ်....
ခင်မင်တဲ့
seesein
Ki....
It said That unless you're the PM not unless you're a PM.
အီးဖေကိုလဲ..အီးကိစ္စကိုစိတ်ဝင်စားပါတယ်း)
ဖိနပ်တစ်ရံကြောင်းကိုတော့..စိတ်ဝင်စားသားးးး
သေသေချာချာ..ထိသွားတာမှန်တယ်ဆို
ကြိုက်ဈေးပေးပြီး..၀ယ်မယ်ဗျားးးးးးး :P
သြော်...အီး...အီး..အီး :)
ခင်မင်စွာ...
မိစံ
Post a Comment