ခေတ်သစ်သူတောင်းစား...
ဦးနှောက်ထဲမှာ ဗလာ ၊
ဆင်ခြင်တွေးခေါ်အသိဥာဏ်များ နဲနဲ ပေးသနားခဲ့ပါ ။
ရင်ဘတ်ထဲမှာ ဗလာ ၊
ချစ်ကြင်စာနာသနားမှုများ နဲနဲ ပေးသနားခဲ့ပါ ။
ငါ့ဘိုက်ထဲမှာ ဗလာ ၊
စားကောင်းသောက်ဖွယ်ရာများ နဲနဲ ပေးသနားခဲ့ပါ ။
ငါ့တကိုယ်လုံးမှာ ဗလာ ၊ ဗလာ ၊ ဗလာ၊
ကြိုးကြီးချိတ်၊ဘောင်းတော်စနဲ့ဝတ်ထည်ဆင်တန်ဆာများ နဲနဲ ပေးသနားခဲ့ပါ ။
ခိုနားစရာနန်းတော်ရိပ်မြုံများ နဲနဲ ပေးသနားခဲ့ပါ ။
စီးစရာ မော်တော်ကား နဲနဲ ပေးသနားခဲ့ပါ ။
သုံးစွဲရာ သပြာငွေကြေး နဲနဲ ပေးသနားခဲ့ပါ ။
စိန်ရွှေငွေကျောက်သံပတ္တမြား နဲနဲ ပေးသနားခဲ့ပါ ။
သဘာဝဓါတ်ငွေ့  ရေနံ ကျွန်းသစ်များ နဲနဲ ပေးသနားခဲ့ပါ ။
ရှေးအခါ မှတ်သားဘွယ်ရာ က ပညာရှာ ပမာသူတောင်းစား၊
ခုခေတ်မှာ ပြောင်းလိုက်ချင်တာက ဥစ္စာရှာ မဟာသူတောင်းစား။
ရလေ လိုလေ အိုတစ္ဆေ မို့ 
ရွာအတွင်း အတင်းတောင်းရုံနဲ့မပြီးသေး ၊
ရွာအပြင်ထွက် တောင်းလိုက်သေးတယ်တဲ့ ဒေါ်လာတွေ သန်းထောင်ပေါင်း။
အိုဘဲ့ ခမျာ ခေတ်သစ်သူတောင်းစား...
အကောင်းစားတွေချည်း တောင်းမယ် တောင်းတယ် ထပ်တောင်းတယ်
တောင်းမရရင် ခိုးမယ် ဝှက်မယ် တိုက်မယ် ရိုက်မယ်
မိုက်လုံးရယ် တဆင့်မြင့်တော့ အာဏာ ပါဝါ ရလေရာ ခိုးမယ် ခိုးတယ် ခိုးကြတယ်။
မသမာအာဇီဝနဲ့ ရှာဖွေခါ သိုဝှက်ထားတဲ့အရာရာတွေ ပြည့်စုံခါမှ၊
နောင်ဘဝအတွက်ပါလေအောင် ဒါန သီလ ဘာဝနာ ဝိပဿနာဖြင့် ကောင်းမွန်ရာ ကျင့်မယ်ဆိုရင်၊
သင့်အတွက် အချိန်မရှိတော့ပါ ။ အချိန်မလောက်တော့ပါ။ အချိန်မရောက်တော့ပါ။
ပုံကို ဂူဂယ် clipartguide.com မှ ရယူပါတယ် ။
►Posted by
:kiki
:
at
6/15/2011 01:00:00 PM
Subscribe to:
Post Comments (Atom)
18 comments:
အင်း...
မမကီ..၊ ရပ်ပြစ်ရှစ်ပါး သင့် တဲ့ အထဲမှာ
ကျွန်တော်တို့ လည်း ပါသဗျိုး..။
ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားတဲ့ နောက်
တနိုင်ငံမှာ နောက်ဘဝ ကျ လူပြန်ဖြစ်လိုက်
ချင်တော့ တယ်..။
သိရက်နဲ့ မသိချင်ရောင်ဆောင်..၊
ဗြောင်လိမ်ပြီး ဗြောင်စား လည်မျိုလည်း
တက်နင်းထားသေး၊ လျှာထွက်နေတာကို
ပြောင်ပြပါတယ်ဆိုပြီး ဖိနပ်ချွတ်ပြီး ထပ်ရိုက်
ချင်သေးတော့  အမယ်လေးးးးးးးးးးး မမကီရဲ့ ..
အဲ.. ငိုချင်းပါနော်၊ ( ရွှေမန်းတင်မောင်တော့ 
မဟုတ်ဖူး၊ အဖြေးလူပါ) နောက်ဆုံးတော့ 
မမကီလည်း နို့ ဆီခွက်စွဲပြီး...။
မိုက်လုံးရယ် တဆင့်မြင့်တော့ အာဏာ ပါဝါ ရလေရာ ခိုးမယ် ခိုးတယ် ခိုးကြတယ်။
အင်း စပြီ ပြပြီ ခင်ဗျ ဟိဟိ :P
Nice poem.
D lo lae ya tha goooooooo
With sympathy,
Ko Zaw
တောင်းစားတာက ခိုးစား လုစား တိုက်စားတာနဲ့စာရင်တော့ တော်သေးတာပေါ့ ကိကိရယ်။
"""Eee hee...hee
Direct hit my heart. What should I do. Please help..
I am going to hell with nothing.."""
We will hear this noise.... from bottom of our country...Soon.. very soon...
Those သူတောင်းစား will never escape from this..
ပေါက်ကွဲတာလား မမကိကိး)
သနားစရာတွေပါ မမကိကိရာ
သူတို့မှာ ဘာတွေမွဲနေတယ်ဆိုတာ သတိမရနိုင်ကြတာ ..
အမှန်တရားနဲ့ တရားမျှတမှုဆိုတဲ့ ကာလနဂါးတွေ ဘယ်တော့ နိုးမယ်မသိ
ဘရာဗို မကိ..
နတ်သမီးဆီမှာလည်း “ခေတ်သစ်သူတောင်းစား” ကဗျာရှိတယ်..ဟိ
အဲဒါကြောင့် မကိနဲ့ နတ်သမီး ပေါင်းလို့ရတာ..
ကဗျာလေးအတွက် အာဘွား..း)
ကိ တို့များ ပြောင်ချက် .. “လက်သံ” ပြောပါရယ် ......
မယ်ကိရေ မရောက်တာကြာလို့ လာကာမှ...။ အင်းးးး ဘလူတွေကို ရေးထားတာလဲဟမ် သာမီး တိဝူး....:P
ငရဲအိုးထဲ အကောင်လိုက်ပြုတ်ကျမဲ့ဟာတွေ
မရှိလို့တောင်းတာမဟုတ်
ရှိရက်နဲ့ ပိုပိုရချင်လို့တောင်းတာ
သနားစရာပါ မကီရယ်။
ကျောက်စိမ်းတွေ၊ ကျွန်းသစ်တွေ သဘာဝဓာတ်ငွေ့တွေ ပေးလိုက်ကြစို့လား
မပေးလဲ ရမှမရတာနော်း)
ဘယ်သူ လည်း ကွ ဒို့နံမည် ယူသုံးတာ သူတောင်းစား တဲ့
သိက္ခာကျတယ်ဗျာ
တစ္ဆေနှင်နည်း ဂါထာလေး တပုဒ် လောက် ပါ
အကောင်းစားတွေကိုဘဲတောင်းတယ်..... ဓမြသူတောင်းစား
စာအရေးအသားကောင်းသလို
ကဗျာရေးလည်းကောင်းတယ်။
လင့်ယူသွားလို့ရပါသလား။
ကျန်းမာပါစေ။
ကိုခိုင်
ရလေ လိုလေ တွေပေါ့ဗျာ။ ငါ့အတွက်ပြည့်ရင် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက်နဲ့ ဖြည့်လို့ကို မပြည့်နိင်တော့တဲ့ အိုးတွေပေါ့။
ကောင်းလိုက်တဲ့ကဗျာပဲ အကိရေ.... အားရပါးရ ကိုကြိုက်တယ်ကွာ....နင့်ကဗျာတွေထဲမှာ ဒီကဗျာ အကြိုက်ဆုံးပဲ..... ငါ့သူငယ်ချင်း တော်ချက်
တော်လိုက်ဒါဒေါ်ကိကိရယ်၊
Post a Comment