ဒီနေ့  ၁ ရက် နေ့ ။ ဒီလ နိုဝင်ဘာ လ ။ ခုနှစ်က ၂၀၁၀ ....
ထီဖွင့်ရန် (၇) ရက်သာ ကျန်တော့သည် ။အောင်ဘာလေသိန်းထီကြီးတော့ မဟုတ် ။ မကြာခဏ ကျနေသော ဂျောက်ကြီးထဲ နက်သထက် နက်အောင် တွန်းပို့ မည့် ဂျောက်ချပွဲ (ထီဖွင့်ပွဲ)ကြီး ခြိမ့်ခြိမ့်သည်းကျင်းပလေတော့မည် ။ ရိုးရိုးသားသား လူအများစု ပြာပုံ ဆက်တိုးကြလေရအုံးမည် ။ သာပေါင်းညာစား လူအနည်းစုတို့  လောကနိဗ္ဗာန်သို့  သူ့ ထက်ငါ အလုအယက် တက်ကြပေတော့မည် ။
စာမတတ်က ကြက်ခြေခတ် ဟု အသုံးလုံး မကျေသူများအား ပြောကြသည် ။ ဖွားကိ စာမတတ်ပါ ။ ထို့ ကြောင့်... ( X )။
အရေး အဖတ် အတွက် ဟူသော “အ” သုံးလုံး မကျေရုံသာမက “အကြံအဖန်” ၊ “အလိမ်အညာ” ၊ “အရမ်းအကြမ်း” ၊ “အတင်းအကြပ်” စသော “အ” အလုံးပေါင်းများစွာဖြင့် ပြည့်စုံလှသော အနှီ ထီ ပွဲကြီး အား အစာမကျေ ဖြစ်နေ၏ ။ ထို့ ကြောင့် ... ( X )
ခုတလောမျက်စိထဲ မြင်မြင်သမျှ ခရော့စ် ဖြစ်နေ၏ ။ နားထဲ ကြားကြားသမျှ ခရော့စ် ဖြစ်နေ၏ ။နာမည်ဆိုးဖြင့် ကျော်ကြားသူများ ရော ၊ နာမည် မရှိပဲ ကျော်ကြားသယောင် တပွဲတိုးလာသူများ ၊ အချောင်စံလိုသူများ ရော၊ အညာခံသူများ ရော.. ရှုပ်ရှက်ခပ်လို့ နေကြသည် ။ ထို့ ကြောင့်... ( X )
ချစ်(ခြစ်) စရာ က အမှန် တခုသာ ရှိ၏ ။ မမှန်သူ ထိုသူ အများအား မမှန်ရာ အကြောင်းသာ ခြစ်လို၏ ။ စိမ်း နီ ဝါ ပြာ အားလုံး ကို ကာလာ ဘလိုင်း ဖြစ်နေ၏ ။ ထို့ ကြောင့် ... ( X ) ။
ခုကတည်းက ရာသီဥတု ပူပြင်းနေပြီ။ နွေခေါင်ခေါင် မဟုတ်ပေမဲ့ နေပူလောင်နေကြသူများ အေးရာအေးကြောင်း ဆောင်းစရာ ခမောက်ကလည်း မရှိ ။ ထို့ ကြောင့် ... ( X ) ။
လမ်းတိုင်း နေရာတိုင်းမှာ ခြင်သေ..အဲ့လေ.. ခြသေ့င်္တွေ များပြားလှ၏ ။ တဝေါင်းဝေါင်းနှင့် မာန်ဖီ ဟိန်းဟောက်နေကြ၏ ။ တိုင်းသူပြည်သား လူအများတို့ သတိထား နေထိုင်ကြရန် လို၏ ။ ထို့ ကြောင့်... ( X ) ၊
အောက်မှ သီချင်းလေးတပုဒ်အား နားဆင်ကြည့်စေလိုပါသည် ။ထက်အောင်ရှိုင်းရဲ့ “အချောင်စံသူနှင့် အလိမ်ခံသူ ”၊ ဟုတ်၏ မဟုတ်၏ ၊ မှန်၏ မမှန်၏ ဆိုသည်များအား ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ကြပါလေ ။
10 comments:
အမား..
ကျွန်တော်ထင်တာတော့  သုံည က ပြန်စရတဲ့ အချိန်
ဖြစ်မှာပဲလေ။စပ်ကူးမတ်ကူးကာလ တစ်ခုရဲ့ အစ..
အခုမှ လွတ်လပ်ရေးရလိုက်သလို၊ အတုအရောင်ပဲဖြစ်ဖြစ်
ရွှေရည်စိမ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာကတော့ 
ရင်လေးလေး နဲ့ ရှု့ စားရတော့ မှာပါ။
ဟို.. မြသန်းတင့် ရဲ့  “တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်”
ဆိုတာ အခုထိမပြီးသေးဘူးလေ..။
မယ်ကိတို့ ထီတိုက်တော့မယ်ပေါ့လေ...
ပေါက်မဲက သိနေပြီးသားကြီးပဲ..
ကြက်ခြေ ဘဲခြေ ဘာခြေ လာလာတဲ့...
ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်
တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်
x, y, z ဆိုတော့ အဆုံးသတ်ခါနီးပြီဆိုတဲ့သဘောပေါ့ နော် မကိ
မပူပါနဲ့ မပူပါနဲ့ ဘယ်သူမှ မလှုတ်ရဲ့ပါဗျာ
ခင်မင်တဲ့ မကိရဲ့ ပိပိ.....ရိတ်.....သတ်
XXXXXXXXXXXXXXXXှ
မကိ ဘာတွေ လျှောက်ရေးနေတာလည်း ကျနော် လည်း စာမတတ်ဘူး
ခင်တဲ့
ရွှေစင်ဦး
ကျဲကျဲ...
မင်္ဂလာကြက်ခြေပေါ့ ....
ပုဇွန်တောင်က ကာဆင်ဘိုင် ကြက်ခြေသုတ်ကို လွမ်းသွားလေအိ
ဒါဘဲလေ....ဟွန်း .....
ဒါဘယ် X ထရစ်ပါယ် X ........... XXXXX
စာမတတ်သောကြောင့် X.....
အသုံးလုံး မကြေသောကြောင့် X........ ဘာမှ မသိသောကြောင့် X
န ကန်း တစ် လုံး မှ မ သိ သော ကြောင့် X X X
ဘာတဲ့ စကားပုံတောင်ရှိသေး......... မလုပ်၊ မရှုပ်၊ မပြုတ် ဆိုဘဲ..... ဒါပေါ့.... မသိ၊ မရှိ၊ မဖြစ်.... ဘာမှကို ဖြစ်လာမှာ မဟုတ်တဲ့ ထီဖွင့်ပွဲကြီးပါတကား...
နေပူရင် ခမောက်ဆောင်းရမယ်ဆိုတာ သတ်မှတ်မထားပါဘူး အဓိက ခေါင်းလုံခြုံဖို့တွက် ခေတ်ဆန်ဆန် ဆန်းသစ်လှပတဲ့ ဦးထုပ်တွေပေါမှပေါ...ခမောက်ဆောင်းတဲ့သူတွေကတော့ ခေတ်နောက်ပြန်တွေပဲဖြစ်မယ်...
မကိ...
မင်္ဂလာပါ...
ထီဖွင့်ပွဲကြီးကို လာကြည့်သွားပါတယ်...
Post a Comment