“လှတာမက်တော့ ညစာခက်တယ်”လို့  ဆိုကြပေမဲ့ ၊ ညစာ ခက်တာ မခက်တာ အရေးမကြီးဘူး လှဖို့သာ အဓိက လို့ ယူဆနေကြသူတွေ တစထက်တစ များပြားလာနေကြပါပြီ ။ပျိုပျို အိုအို ကျားကျား မမ လှချင်ပချင်ကြတယ် ။တချို့ တလေကျတော့ ရှေးကုသိုလ်ကံ အကျိုးပေးကောင်းတော့ ပပဝတီ မဒ္ဒီသမ္ဗူလ လို့ တောင် တင်စားရတော့မလို သဘာဝ အော်ရီဂျင်နယ် လှတပတ လေးတွေမို့  ရုပ်ရည်လေး အရင်းပြုကာ၊ အသံလေး အသုံးချကာ နဲ့ နာမည်ကျော်ကြား လူကြိုက်များ ကြရပေသပေါ့ ။ ကံအကျိုးပေး ချို့ တဲ့သူများကြတော့ မလှ မပ နဲ့ ပေမဲ့ အားငယ်နေစရာတော့ မလိုလှပေဘူး ။ ခေတ်ကာလကြီးက တိုးတက် လာတော့ ပလပ်စတစ် ဆာဂျရီ ၊ ခွဲစိတ်ပြုပြင်ပြီး လှတ ပတ ဖြစ်အောင် လုပ်ယူ လို့ ရနေကြပါပြီ ။ပိုက်ဆံသာရှိ ၊ လူတကိုယ်လုံး လိုသလို ပြုပြင်လို့ ရနေပါပြီ ။ ခုခေတ်စားနေတဲ့ ကိုရီးယား မင်းသမီးချောလေးများမှာ မျက်လုံး၊ မျက်ခုန်း၊ နှာခေါင်း ၊ ပါးစပ် ၊တမျက်နှာလုံးနီးပါး အော်ရီဂျင်နယ် အလှဆိုတာ မရှိသလောက်လို့ ဆိုရအောင် တမျိုးမဟုတ် တမျိုးက ပြုပြင်ပြီးသားတွေ ဖြစ်နေကြပါပြီ ။ ဒါတင်မက ရင်တို့  တင်တို့  မှာလည်း အခုတွေ အခံတွေ အမျိုးမျိုး နဲ့ ပုရိဿ တို့  ဘဝင်ဖို ရင်ခုန် ရလေအောင် လှည့်စားလို့ ရနေကြတော့ ဒီခေတ်ကြီးမှာ လူဖြစ်ရတာလည်း ခပ်ကောင်းကောင်းပါပဲ ။
မိဘပေးထားတဲ့ ခန္ဓာကိုယ်အတိုင်း မနှစ်သိမ့်နိုင်ကြသူတွေ ၊ရတာမလို ၊ လိုတာမရ ကြသူတွေ ထဲ ၊ အထူးသဖြင့် ရင်သားကြီးချင်သူ မိန်းမသားများဟာ ရင်သားအလှ ခွဲစိတ်ပြုပြင် ခုခံကြပါတယ် ။(ခုခံတယ် ဆိုတာ ရင်သားကြီးအောင် Silicone gel တို့  ၊ အငန်ရည်(saline liquid) တို့ ဖြည့်သွင်းထားတဲ့ ရင်သားပုံသဏ္ဍန် အိတ်ပျော့ပျော့ကို ရင်သား နေရာမှာ ခုပြီး ခံပြီး ခွဲစိတ် ခြင်း (augmentation mammoplasty ) ပေါ့ ။ အမြင်အရ ပိုလှလာတယ် ထင်ရပေမဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ လည်းရှိတတ်ပါတယ် ၊ အဲ့ဒီ အိတ်က အကြောင်းအမျိုးမျိုးကြောင့် ပေါက်ပြဲ သွားနိုင်တယ်။အဲ့ဒီလိုပေါက်ပြဲသွားတဲ့အခါ silicone gel နဲ့အတူတွဲသုံးရတဲ့ အနည်းငယ်မျှသော Platinum ဟာ ရင်သား တစ်သျှူးထဲ စိမ့်ဝင်ပြီး အဆိပ်ဖြစ်စေတတ်တယ် ။ တချို့ တလေလည်း အလာဂျီ ၊ တချို့ လည်း ကာလကြာရင် ပုံသဏ္ဍန်ပြောင်းတာတို့  ၊ နေရာရွေ့ သွားတာတို့ ၊ ယောင်ရမ်းတာတို့  ၊အနာဖြစ်တာတို့ ဖြစ်လာတတ်တယ် ။
ဒါကတော့ ရင်ခေါင်းဓါတ်မှန်ပါ ။ အဖြူဝိုင်း အရိပ်၂ ခုက ခုခံပြုပြင်ထားတဲ့ ရင်သားနေရာပါ ။ ရိုးရိုးပုံမှန်ဆို ဒီလို ဝိုင်းစက်စက် အရိပ်ကို အပြည့် တွေ့ ရမှာ မဟုတ်ပါဘူး ။
Augmentation mammoplasty ကို လုပ်ရခြင်းအကြောင်းတချို့က ရင်သားကင်ဆာကြောင့် ရင်သားတခုလုံး ခွဲစိတ်ဖြတ်တောက်လိုက်ရသူ မိန်းမသားများအတွက် အလှအပ အနေနဲ့ ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ဖြည့်ဆည်းပေးလိုတဲ့  အနေနဲ့ အစားထိုး ကုသပေးခြင်း တမျိုးလည်း ဖြစ်ပါတယ်။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ၊ဒီလို ခွဲစိပ်ထားသူများ အကယ်၍ ကလေးမွေးလို့  မိခင်နို့ ချို တိုက်ကျွေးမယ်ဆိုရင် နို့ထွက်စေတဲ့ ဂလင်း အကြိတ် တစ်သျှူးတွေကို ဒီရင်သားအတုက ဖိထားတဲ့ အတွက် နို့ သိပ်မထွက်နိုင်တဲ့ အခက်အခဲမျိုးတွေလည်း ရှိတတ်ပါတယ် ။
လှချင်ရက် စက်စက်ယို ၊ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက် နဲ့ လေး ဆိုသလို ပြုပြင်ရင်းနဲ့  အခန့် မသင့်ဖြစ်သွားတဲ့ အခါများမတော့ ပြောကြတာက “ ပြင်လွန်းတော့ဖင်ချွန်းသတဲ့ ”။ ဘယ်လို ချွန်းသလည်းဆိုတာ သိလိုရင် ဆက်လက်ပြီး ရှုစားတော်မူကြပါ။
သမင်မျက်လုံး ။ကြာညိုနှုတ်ခမ်း နဲ့  ရုန်းကန်လှုပ်ရှား နှစ်လုံးသား ။
ဒီပုံလေးကြည့်ရတာ ဆပ်ကပ်ထဲက လူပျက် clown လေးရဲ့  နှုတ်ခမ်းလို ချစ်စဖွယ်လေးနဲ့ပေါ့ ။
နှုတ်ခမ်းလည်းနှုတ်ခမ်းပေမို့ ၊ ရင်သားလည်းရင်သားပေမို့  ..ထူထူထဲထဲ မို့ မို့ မောက်မောက်လေးတိုင်းလည်း လှမယ် ထင်နေကြပါသလား ။သူ့ အချိုးအဆနဲ့သူမှ ကြည့်ရတာ အဆင်ပြေပါလိမ့်မယ်
လူတယောက်တည်းပါ လို့ပြောရင် ယုံနိုင်ပါ့မလား ။ ပိုပြီးလှအောင်လို့  ပြင်လိုက်မိပါတယ် ။ခုတော့ ..ဘယ်ပုံက မပြုပြင်မီ နဲ့  ဘယ်ပုံက ပြုပြင်ပြီးလည်း ဆိုတာ နေရာပြောင်းပြန်ထားကြည့်ရင်တော့ အိုကေပါတယ်။
မခွဲစိတ်မီ နဲ့ ခွဲစိတ်အပြီး ဘယ်ပုံက ပိုလှပါလိမ့်..
သူ့ ကိုတော့ ဂီတ ဝါသနာအိုးများ သိကြမှာပါ ။တနေ့ တခြား အလှတိုးလာတယ် ဆိုတာ..(၉ နှစ်တာ ကွာခြားသွားတော့လည်း ရော့ရဲရဲဖြစ်တာ မဆန်းလှပေဘူး ။)၂၀၀၆ မှာ အတောင့်ဆုံး အချိန်ထင်ပါတယ်
ဗူးသီးနုနု မခူးရဆိုလို့  မနဲကြိုးစားလိုက်ရတာ ..ကဲ ခုတော့ ဗူးလေးရာ ဖရုံဆင့် ။ သူတို့ ရှေ့ ရေး ရင်လေးမိပါသေးတယ် ။
မာရီလင် မွန်ရိုးသာ တွေ့ ရင် ဘယ်လိုနေမလည်း လို့  ။
သူ့ အဖေါ်ခမျာ အစားအသောက် ပျက်မစိုးလို့  စေ့စေ့ မကြည့်ရဲရှာဘူး ထင်ပါ့ ။
နှစ်ပေါင်း ၂၅ နှစ်ကြာပြီ ဆိုတော့လည်း ဒီလောက်ထိန်းနိုင်တာ မဆိုးလှပါဘူး ။
သူလည်းလေ လောကီသားပေမို့  လှချင်ရှာ ပေလိမ့်မယ် ။ယောကျာင်္းမှာလည်း အသည်းနဲ့ပါ ။ညှို့ မျက်လုံးမှ မခို့ တရို့ မျက်လုံးတစုံ အဖြစ်သို့  ။
ဒီတော့ ဒီတော့ အလှပိုလိုသူ ပျိုပျို အိုအို၊ ကျားကျား မမ များ အတွက် ၊ ခေတ်စားနေတဲ့  ပလပ်စတစ် ဆာဂျရီ ဆိုတာ ကြီး ကို မလုပ်မှီ ၊ တော်၏ မတော်၏ စဉ်းစား ဆင်ခြင်တော် မူနိုင်ကြပါရန် ဝေမျှလိုက်ပါတယ် ။
ဒီပုံတွေကို ဒီနေရာမှ ရယူထားပါတယ်
27 comments:
ဟုတ်ကဲ့ပါ မယ်ကိရေ..
လောလောဆယ်တော့ အလုပ်တွေများလွန်းလို့ မျက်နှာ မှာ ၀က်ခြံတွေပေါက် ၊ ဒဏ်ရာတွေနဲ့
မမ စိတ်ညစ်နေတယ်..
အရမ်း လှချင်တဲ့ ဟာ ကိုနော်...း(
ဘာလုပ်ရမလဲ ပြောပေး အုံး
အမလေး မမကိကိရဲ့ ...း))))
ဟားဟားဟား စောင်းပြောတာလား
အမ်မလေးတော့...ကြည့်ရတာ မသက်မသာရှိလိုက်တာ...စိတ်ချမမကိကိရေ...ကိုယ့်ဟာကို ဘာရုပ်ပဲဖြစ်နေနေ...ဘယ်လိုခန္ဓာကိုယ်ပဲဖြစ်နေနေ...ကိုယ့်အမေက ပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင်တွေမို့ ဘယ်လိုအတုအယောင်နဲ့မှ မလဲဘူး....
ချစ်ညလေး
ဇရာကို ဘာနဲ့မှ ပြင်လို့မရတာ သူတို့ သဘောမပေါက်ကြလို့ ထင်ပါရဲ့နော်။ သဘာဝပဲ ကောင်းပါတယ်။ ပြင်ထားတာကြီးတွေက ကြည့်လို့လဲ လုံးဝအဆင်မပြေဘူး။
ပုံအောက်မှာ မကိ ရေးထားတဲ့ စာတွေက ပိုရယ်ရတယ်။ :)
ဒေါ်ကိရေ မာမီကျောက်ကို မခို့တရို့လေးဖြစ်အောင်ပြင်ခိုင်းရင်ကောင်းမယ်
ကိုချစ်ဖေကတော့ သဘာဝ အော်ဂင်းနစ်ဗူးသီး အဲ..အသီးတွေပဲ ကြိုက်တယ်.
အဲ့ ဒါကြောင့် အိ့ တို့က နယ် ခြယ် က ဗူးသီးကိုပဲ ခုထိ့ ထိန်းသိမ်းနေ တုန်းပါ မမကိ့ ရဲ့ အဟိ့
ဟုတ်ပ ကိကိရာ.. သူတို့အစား ရင်လေးတှာ့...ဟီးဟီး
ကိုယ့်ရင်လေးတာ ဟုတ်ဖူးနော်.. သူတို့သယ်ရတာလေးတာကိုပြောတာ။ မာရီလင်မွန်ရိုးမြင်ရင် ထိုင်ငိုမှာ.. သေချာတယ်။လှမှလှပဲနဲ့ဟာ..
မျိုက်ကယ်ဂျက်ဆင်ပါ ပါသလားလို့ ..ဟီးးသူလဲဘာထူးလဲ.။ လူနဲ့မတူ စက်ရုပ်ကြီးနဲ့တူတာ..
ဟီးဟီး
ဗူးသီးက နုနုပဲကောင်းပါတယ် အမရဲ့။
ရင့်ပြီဆို မချိုတော့ဘူးးး))
ဟီး... ပြောရင်း ဗူးသီးကြော်စားချင်လာသလိုပဲ ။ အချဉ်ရည်လေး၊ ဆလပ်ရွက်လေးနဲ့ အင်းယားကန်ဘောင်ကိုသတိရလိုက်တာ နော်...
အောင်မြတ်လေးနော် ...း(((
ဟိုက်
တလုံးပဲ အော်သွားနိုင်တယ် ဟီးး ဖိုရမ်မှာ တင်ရင်ကောင်းမလား စဉ်းစားနေတာ တော်နေ admin တွေက ဆင်ဆာမလွတ်လို့ ပယ်လိုက်မှာလဲ ကြောက်ရသေး အဟေးးးအဟေးးးး ဖိုရမ်က ကိုကိုတွေ မောင်မောင်တွေ မျက်စိ အာဟာရ လေ ဟက် တင်လိုက်ရမလား မကိ ဟိဟိ
မာနကြီး တခွဲသားနဲ့ပါ့လားးးးး မကောင်းဘူးးးးးးး မာနတွေထားးတာ မကောင်းဘူးး (ကိုမြစ်ကျိုးအင်းဆီက ရလို့းP)
ကွိကွိစ်ရေ...
ဒါမျိုးဒွေတော့ အနော်တို့ က မချစ်ချင်ပေါင်ဗျာ....း((
ကြောက်စရာဂျီးဒွေလေ....ဟိဟိ....း))
ခင်မင်တဲ့
ဏီလင်းညို
ကိရေ....သူများကလှချင်တာဘဲသိတယ်။
လှကိုလှနေမှဖြစ်မယ်။ ဗူးသီးနုနုဟုတ်ဘူး။
ဖရဲသီးရင့်ရင့်
ဟီးဟီး
ရင်မလေးရအောင်ပင့်ပေးရမဲ့ လူလိုရင်ပြောဗျို့
ဖွားကီ ဘာတွေတုန်းးးးးး အော် ဒီဂလိုတဲ့လားးးးး ကျနော်လဲ ဘာပြင်ရမလဲ စဉ်းစားနေတာ အဟေးဟေးးးးး ဒီလို ပုံတွေအစား Mr Creator ရဲ့ ဘဘပုံလေးတွေ တင်ပြီးကော အဟေးဟေးးး
လေးစားလျက်
တောင်ပေါ်သား
ဟုတ်တယ်နော်....မကိ
ပြင်တိုင်းလည်း လှတာမဟုတ်ဘူး...
နဂိုအလှပဲ ကောင်းပါတယ်....
ကိုကိုကျောက်လာဖတ်ပြီးပလား။ အော် လာပြီးသွားပဘဲ . ကူညီချင်သူတစ်ဦးပေဘဲ။
အရှိအတိုင်းလေးဘဲကောင်းပါတယ်နော်
ကျွန်တော်လည်း ပြင်ရင် ကောင်းမလားလို့ စဉ်းစားနေတာ။
တော်သေးတယ်၊အမကယ်လို့ ။
အရှိကို အရှိတိုင်းသာ.. :D
ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်.. နောက်လည်း ဒါမျိုးတွေ တင်ပါဦး
ကိုရီးယား မင်းသမီး ပုံလေးတွေ နဲ့ ပြောင်းတင်ပေးပါ။ မာန တအားကြီးတာ ကောင်းဘူးထင်တယ်း)
အင်း မကိ
ကြည့် ကျောက်
သဘာဝ အတိုင်းဘဲကောင်းပါတယ်
ကြည့်ရတာနဲ့တင် ရင်လေးလှပါပြီ ဖွားကိရယ်...
စကားမစပ် ဖွားကိပုံ မမြင်ဖူးပါဘူး အောက်မေ့တာ...
လက်စသတ်တော့ စာဖတ်သူ အစားအသောက်ပျက်မှာ စိုးလို့ကိုး...
းဝ)
ဟိုဘက်တလုံးကို ပရီးမီးယားလိဂ်နဲ့ ဒီဘက်တလုံး ကို ယူအီးအက်ဖ်အေ ကိုရောင်းစားလိုက်ရင်မဆိုးဘူး...
ဖြစ်မှ ဖြစ်ရပလေတယ်ကွယ်.....အော်...သုခပါလား
ကြည့်ရတာ စိတ်ပျက်စရာ ကောင်းလိုက်တာ။ လက်မောင်းသားတွေ၊ ဗိုက်ကြွက်သားတွေ၊ ရင်သားတွေက အဆီထုတ်တာကိုတော့ ဒီက Private ဆေးရုံတခုမှာ clinical သွားလို့ တွေ့ဖူးတယ်။ မျက်နှာပြင်တာနဲ့ လိုနေလို့ ဖြည့်တာတော့ တခါမှ မတွေ့ဖူးဘူး။
Post a Comment