တရုပ်ပြည်မှာ အနေကြာတော့ တရုပ်လူမျိုးတွေ နှစ်သစ်ကူးတိုင်း သူတို့ လိုပဲ ကုံးရှီဖါးချိုင် (恭喜發財) ၊ရှင်းနဲန်ခွိုက်လော့(新年快樂 ) ...ပြော ပြော ပြီးနှုတ်ဆက်နေရတယ် ။ တရုပ်နှစ်သစ်ကူးပြီ ကိုး ..ရောမပြည်ရောက်တော့ ရောမသားလို ကျင့်ရပေမပေါ့ ။
တရုပ်လူမျိုးမှာ သူတို့ ဓလေ့ အယူအဆ (chinese zodiac year ) အရ တွက်ကြတော့ ဒီနှစ်“ ကျား ” နှစ်တဲ့လေ ။ တ နှစ် မှာ အကောင် တစ်မျိုး နဲ့  ( 鼠牛虎兔龍蛇馬羊猴雞狗豬 ) ကြွက် ၊ နွား၊ ကျား၊ ယုန်၊ နဂါး ၊ မြွေ ၊ မြင်း ၊ ဆိတ် ၊ မျောက်၊ ကြက် ၊ ခွေး ၊ ဝက် ဆိုပြီး အကောင် ၁၂ ကောင် ရှိတယ်။ တရုပ်လူမျိုးတွေ ဥာဏ် လည်း တယ်များကြသကိုး ။ သူများ အသက်ကို မေးချင်ရင် ဘယ်သူမှ “ နင် ဘယ်နှစ် နှစ် ရှိပြီလည်း ”ဆိုပြီး မမေးကြဘူး ။ “နင် ဘာကောင်လည်း ( 你屬什麼 ) ”ဆိုပြီး မေးကြတယ် လေ။ ဘာကောင်လည်းဆိုတာ သိတာနဲ့ အသက်ကို တွက်လို့ ရတယ်ပေါ့ ။ ဒါပေမဲ့ ဗမာလိုသာ နင်ဘာအကောင်လည်း လို့ မေးလိုက်မိရင်တော့ အရိုက်ခံရမှာ သေချာ သပေါ့ ။
အထက်မှာ ဆိုခဲ့သလို ဒီနှစ်က ကျား နှစ် ပါတဲ့  ။ ကျား နဲ့ တော့ တွေ့ ပါပြီ ။ နှစ် စ စ ချင်းမှာပဲ။ မင်္ဂလာသတင်း ။ သတင်းကောင်းပေါ့ ။ ဒီနှစ် တွက်ကိန်းအရ ဖွားကိ တို့ နှစ်သစ်ဦးမှာပဲ စွံသွားပြီ ဖြစ်ပါကြောင်း ။ စွံတာတောင်မှ နိုင်ငံခြားသား နဲ့ တဲ့ ဗျာ .. ( သိလိုသူများ ပြီးခဲ့ တဲ့ ပို့စ်က ကော်မန့် ပေး သွားတဲ့ အထဲမှာ ပြန်ကြည့်နိုင်ပါတယ် )။ တို့ဗိုလ်ချုပ်အကြောင်း အရေးကောင်းတာနဲ့  နေရင်းထိုင်ရင်း ယောင်္ကျားပါ ရသွားတယ် ။ဒီတော့ ဒီကျားနှစ်မှာ ကျားနဲ့ ပတ်သက်တာတွေပဲ ရေးရတော့ မလိုလို ။
ကျားကိုက်ပါတယ် ဆိုမှ အစွယ်ရာလေး လာရှာပြရအုံးမလိုပဲ။( ကျားကိုက်ပါတယ်ဆိုမှ နာတာရှည်လား ဆိုတဲ့  အဓိပ္ပါယ်ကိုတော့ သေချာ မသိပါ) ၊ ကျားမြှီးသာ ဆွဲလိုက်ချင်ပါတော့တယ် ။ အတောင် နှစ်ဆယ်ဝတ် မင်းယောင်္ကျားများ ကလည်း ဒီလို ရေးတတ် တွေးတတ်ပါပေတယ် ။ ထားပါတော့ ။
“သေချင်တဲ့ကျား တောပြောင်း ”တယ်ပဲ ပြော ရမလား ။ သေချင်တဲ့  ဖွားကိလည်း တောပြောင်း တောင်ပြောင်း နဲ့  ဒီတရုပ်တွေကြားထဲ မျက်စိသူငယ် နားသူငယ် နဲ့ ရောက်လာပါတယ် ။ ကိုယ့်အယူ အဆကတော့“ တရွာမပြောင်း သူကောင်း မဖြစ် ” ပေါ့လေ ။ ဒီရောက်တော့ လည်း သူကောင်းတော့ မဖြစ်လာပါဘူုး ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပါတယ် ။ သူကောင်းမဖြစ်ရင်လဲ နေပါ။သူယုတ်မာ မဖြစ်ရင် တော်ပါပြီ လို့  ဆိုပြီး တော့ပေါ့ ။
ဒီလိုနဲ့  တရုပ်တွေကြားထဲ နေရင်း သူတို့  ထုံးစံတွေ အယူ အဆတွေကို လက်လှမ်းမှီသလောက် မေးရ မြန်းရတာပေါ့ ။ တရုပ်ကျား အကြောင်း ပြောမလို့ ပါ ။ အယူသည်းကြ ပုံများလေ . ဒီ ကျားနှစ်မှာမွေးသူတွေ ထဲမှာတောင် ယောင်္ကျားလေး နဲ့  မိန်းကလေး ကို ခွဲခြား ခွဲခြားလုပ်တတ်ကြသေးရဲ့  ။ ကျားနှစ်က မိန်းကလေး ( ကျားမ လေးပဲ ဆိုပါတော့ ) ။ အဲ့လို ကျားမလေး ဆို ရင် ဘယ်ယောင်္ကျားလေးရှင်ကမှ သူတို့  သားနဲ့  သဘောမတူချင်ကြဘူး တဲ့ ။ ကျားမ ဆိုတာ မကောင်းဘူးပေါ့လေ ။ခိုက်တတ်တယ်ပေါ့ ၊ ကျားမ လေးတွေဆို မင်္ဂလာ အခမ်းအနားမှာ တောင်မှ သူတို့ သမီးအရံ မလုပ်ကောင်းဘူးဆိုပဲ ၊ပြီးတော့ မင်္ဂလာ ကုတင် ပြင်ဆင်တာ တို့  ။ မင်္ဂလာ အခန်းထဲ တို့  ကိုတောင် ပေးမထိ ပေးမဝင်ကြဘူး တဲ့  ။ အထူးသဖြင့် နွား ၊မြင်း ၊ ဆိတ် နှစ်မှာမွေးတဲ့ ယောင်္ကျားလေးတွေ ဆို ကျားမ လေးတွေကို ရှောင်ကြတယ် ။ ကျားစာ မိ မစိုးလို့  တဲ့လေ ။ ကျားမ ထဲမှာတောင်မှ မနက်ပိုင်း မွေးတဲ့ ကျားက နဲနဲခံသာသေးတာ တဲ့  ။ ညပိုင်းမွေးတဲ့  ကျားမက အဆိုးဆုံး ဆိုပဲ ။ ည ကျ ဗိုက်ဆာ လို့  ထ ကိုက်မှာကြောက်ကြတာတဲ့ ။ သူတို့ အယူသည်းပုံတွေများ ။ ကျားနှစ်မှာမွေးတဲ့ ယောက်ျားလေးများကိုလည်း တော်ရုံ မကြိုက်ကြဘုးဆိုပဲ ။ ဒါဆိုရင် ဒီက အပျို လူပျိုကြီးတွေ က ကျားနှစ်ဘွားတွေ ဖြစ်ဖို့ များတယ်ပေါ့ ။ခက်ရချည်သေး ။ကျားမှာလည်း အသည်းနှလုံးနဲ့ပါလေ ။
ဒီပုံအတိုင်းသာဆို ဒီကျား နှစ်တွေမှာ မွေးနှုန်းကျ ကိန်း ရှိတယ်ပေါ့ ။ အိုဂျီတွေ တွက်ချေမကိုက် တဲ့  နှစ်ပေါ့လေ ။ ဒါပေမဲ့  နောက်တနည်းတွက်ကြည့်တော့လည်း ဘဲစားဘဲချေ ပဲ ဖြစ်လိမ့်မယ် ။ကလေး မွေးနှုန်းကျ ရင် ကလေး ဖျက်နှုန်းတက်မယ် ပေါ့ ။ ဒီက လူတွေ ကလေးဖျက်ချကြတာ ထမင်းစားရေသောက် သလောက်ကို လွယ်ကြတယ် ။ ဗုဒ္ဓဘာသာ ဝင်တွေ အနေနဲ့ ကတော့ ပါဏာတိပါတာ ကံ ထိုက်တယ် ဆိုပေမဲ့  ဒီမှာ ဗုဒ္ဓဘာသာစင်စစ် နည်းပါးတော့ အိုဂျီတွေလည်း ငွေသာရ ပြီးရော ပါပဲ ။
မြန်မာတွေမှာ ခွန်နှစ်ရက်သားသမီးတွေ တာစား တယ်ဆိုသလို အယူအဆမျိုး (安太歲 ) တရုပ်တွေမှာလည်း ရှိကြတယ်။ ဒီနှစ် ကျားနှစ်ဘွားတွေ တာစားတယ်ပေါ့လေ ။ ဗြမ္မာကြီးဦးခေါင်းရွက်ရတာတော့ မဟုတ်ပါဘူး ။ ကံဇာတာ ညံ့ကိန်းရှိတယ်ပေါ့ ။ ဒီတော့ ဘုရားကျောင်းတွေမှာ သွားပြီး ယတြာချေသလိုမျိုးတွေ လုပ်ကြရတယ် ။
နှစ်ဟောင်းက အဟောင်းအစုတ်တွေစွန့်ပစ်ပြီး နှစ်သစ်မှာ အသစ်တွေ သုံးရမတဲ့ ။ သန့် ရှင်းရေးတွေ အကြီးအကျယ်လုပ်ကြတယ် ။မလိုတဲ့ အမှိုက်ရှင်းတာကတော့ ရှင်းရမယ်ပေါ့လေ ။ ဒီလောက်ကြီး ဒီတော့ မြူနီစပါယ် အလုပ်သမားတွေ အလုပ်အရှုပ်ဆုံး အချိန်ပဲ ။ တချို့များ အယူသည်းတာ ဆိုမလား ၊ ပိုက်ဆံပေါတယ် ဆိုမလား၊ ကျားကြီး ခြေရာကြီးတယ် ဆိုတာ ဒီလိုလူမျိုးတွေ ဖြစ်မယ် ၊ ဆိုဖါ ဆက်တီတွေလည်း ပစ်လိုပစ် ။ အဝတ်ဟောင်းတွေ အမှိုက်ပုံ ပစ်လိုပစ် နဲ့ဆိုတော့ အမှိုက်သိမ်းရသူတွေ တကယ် ပင်ပန်းကြပါတယ် ။ တကယ်ဆို Recycle လုပ်လို့ ရတဲ့ အရာမျိုး ၊ ဥပမာ ၊ အဝတ်အထည်ဆို အကောင်းကြီးတွေ မရှိဆင်းရဲသား ဝတ်လို့ ရသေးတာမျိုးဆို အလှူခဲပုံးတွေထဲ ထဲ့လိုက်ရင် ပိုပြီး သင့်တော်မယ်လေ ။ သန့် ရှင်းရေး အကြီးအကျယ် အလုပ်ကောင်းတော့ လုပ်ရင်းကိုင်ရင်း ထိခိုက် ကွဲ ရှ ကြသူတွေလည်း အများကြီး ။ ဒါကြောင့် ဒီနှစ်တော့ ဖွားကိတို့  စမ်းစပ်ကြည့်ချင်လို့ ဘာမှ အကြီးမကျယ် ရှင်းလင်းရေး မလုပ် ၊ ဘာအဝတ်အထည်မှ အသစ်မဝယ် ။ ဘာအဟောင်းမှ မပစ်ပဲနေကြည့်လိုက်တယ် ။ ခါတိုင်းနှစ်တွေလည်း ဘာကံမှ အထူးအထွေကောင်းခဲ့တာ မှ မဟုတ် ။ ဒီထက်များ ပိုဆိုးလာမလားလို့  စောင့်ကြည့်ပါအုံးမယ် လေ ။ လတ်တလော အကျိုးပေးတာကတော့ လူသက်သာတာအမှန်ပါပဲ ။အကုန်အကျလဲ သက်သာတာပေါ့လေ ။
မြန်မာတွေမှာတော့ ခွန်နှစ်ရက်သားသမီး ပဲ ရှိကြလို့  တော်သေးတယ် ပြောရမယ် ။သူတို့  တရုပ်တွေ လို အကောင် ၁၂ မျိုးသာ ဆို လွယ်မယ် မထင် ။ ၁၂ မျိုး ပြည့်အောင် ဘာကောင်တွေ ထဲ့ ပေးရရင်ကောင်းမလည်း လို့ တွေးကြည့်မိတော့ ကြံ့  ရယ်၊ ဖွတ်ရယ်၊ လဒ ရယ် ထပ်ဖြည့်ပေးရ မလိုပဲလေ ။ ဒါပေမဲ့ မြန်မာကျားလည်း ကျားဆိုမှ ကျားပါပဲ ။ တနလာင်္ ကျားများပြောပါတယ် ။ ကျားစိတ်ကတော့ ရှိကြတယ်လေ ။“ ကျားသနားမှ နွားချမ်းသာ ” ဆိုတာ တကယ်ပဲလား ။ နွားက အမြဲ ရှုံးနေကြရတယ်တဲ့ လား။ဟုတ်လိမ့်မယ် ။ဒါပေမဲ့ မြန်မာ့ကျားတွေ အမျိုးတုံးတော့မယ် ၊ မြန်မာပြည်မှာ ကျားအကောင်ရေ ၁၅၀ ထက် ပိုမရှိနိုင်တော့ဘူး ဆိုတဲ့ သတင်းအရ ၊ လူသနားမှ လည်း ကျားချမ်းသာရာ ရမယ် ဆိုတဲ့ စကားပုံ တခု အသစ်ထွင်သင့်ပြီထင်ပါတယ်။ သနားစရာ ကျားသတ္တဝါ တွေကိုလည်း ညှာတာသနားကြစေလိုပါတယ် ။
ဒီနေရာလေးမှာ ဖတ်ကြည့်နိုင်ပါတယ် ။
အစိုးရရုံးပိတ်ရက် အရ အစိုးရ ရုံးတွေအားလုံးရော ၊ စက်ရုံ အလုပ်ရုံတွေအားလုံး ဒီနှစ် ရုံးပိတ်ရက် ၉ ရက်ကြီးများတောင် ရကြပါသတဲ့ ။ ဒါပေမဲ့ နွားနှစ်ဘွား မဟုတ်ပဲ နွားဇာတာပါတဲ့ ဖွားကိတယောက်တော့ နွား လိုပဲ အလုပ်လုပ်ရအုံးမယ်လေ ။ ၄ ရက်ပဲ နားရတာ ဆိုတော့ ရှားရှားပါးပါး ပိတ်ရက်မှာ ဟိုလည် ဒီလည် လုပ်မလို့  စီစဉ်ပြီးကာမှ ရာသီဥတုကလည်း မျက်နှာသာ မပေးပေဘူး ။ မိုးတွေဆက်တိုက်ရွာ နေတာ နဲ့  အိမ်ထဲမှာ ပျင်းရိစွာ အချိန်ကုန်ရပြန်ပါတယ် ။ ၃ရက်မြောက်နေ့ မတော့ မနေနိုင် မထိုင်နိုင်နဲ့ မိုးရွာထဲမှာပဲ ရထားတတန် ကားတတန် စီးပြီး ဟိုဝင် ဒီထွက် သွားပလိုက်တယ် ။ ကားတွေ ပိတ် လူတွေကြပ် သိပ်မဟန်ပါဘူး ။ လူ့ အလို နတ်မလိုက်နိုင် ဆိုတာ ဒါမျိုးပဲ ဖြစ်မယ် ။
“ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ ကြ သေးတာပေါ့ ” ဆိုတာရော ..ကျားနဲ့ဆင် တွေ့ တဲ့ အခါ သူတပြန် ကိုယ်တပြန် ဆိုတော့ ဒီလိုပွဲမျိုး ကြည့်ကောင်းမယ် ထင်ရတယ် ။ ဒါပေမဲ့ “ ကျားကျောက်လို့  ရှင်ကြီးကိုး ၊ ရှင်ကြီးကျားထက်ဆိုး ” ဆိုတဲ့  အဖြစ်မျိုး မရောက်ကြရအောင်လည်း သတိ နဲ့  အသိ နဲ့ ယှဉ်ပြီး ချင့်ချိန်ကြရပါမယ်။ “ ကျားဆရာ ကြောင် ” ဆို ပြီး “ ကြောင်သူတော် ကြက်သူခိုး ”တွေကလည်း ရှိသေးရဲ့  ။ ကျားကိုးစီး စားမကုန်တဲ့အား နဲ့ ကျားငစဉ်းလဲ တွေလည်း ရှိသေးသမို့ ဒီလိုကျားမျိုးတော့ ဝေးဝေးကြည့်ရှောင် ကြပေါ့ ၊ ဒါပေမဲ့ တရုပ်ကျား ဖြစ်ဖြစ် ဗမာကျားဖြစ်ဖြစ် တကယ့် တိရစ္ဆာန် ကျား မျိုးတွေကို မျိုးမတုံးကြရလေအောင်တော့ စောင့်ရှောက်ကြဖို့  လိုအပ်နေပါပြီ....
ကျားနှစ်မှာ ကျား နဲ့ ပတ်သက်တဲ့ ရောက်ရာပေါက်ရာလေးများ ရေးလိုက်ရပါတယ် ။ ဘာကျားပဲ ဖြစ်နေဖြစ်နေ နိုးနိုးကြားကြားလေးတော့ ရှိကြစေချင်ပါတယ် ။
20 comments:
အမရေ...
ပြောချင်တာက တရုပ်ကျားကြီးက ဦးနေဝင်း ကြီး ရှိစဉ်
ကာလ ကတဲက ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး လို့ 
သူ ဟစ်ကြွေးပြီး အဲ့ ဒီ စီလုပ်တွေကို အတင်း မလွတ်တန်း
ဖက်ဖက်ထားလို့  အဲ့ ဒီကတဲက တရုပ်ကျားကြီးက
ဗမာ ကျား ( နွား ) တွေ ကို စားနေခဲ့ တာလေ၊ ဒီနေ့ 
အမ အချောတစ် ကြီးလက်ထက် အထိပေါ့ ။ ဘယ်နှစ်ကောင်
ကျန်တော့  လို့ လဲ။ ကျား ဆိုရင် အရုပ် ရေးပြ ရတော့ မယ်။
သူ တို့ က သူများနဲ့ ဆိုနွား ကိုယ့် ခြံ ထဲ မှာ ကျားပဲ။
အမ ကတော့  ရေးချင်တာ ဘာလဲမသိ၊ ကျွန်တော်ကတော့  အမလိုပဲ ရေးချင်တာရေးခဲ့ ပြီ။
ကိ
ကျားမလေးတစ်ကောင်လာသွားတယ်နော်...
တော်သေးတယ် မာမားက မြန်မာပြည်ဗီဇာနဲ့ မွေးပေးလို့
တရုတ်ပြည်မှာ ကျားဖြစ်ရင်တော့ သေပြီ....
နှင်း
သားက မျောက် ဆိုတော့ လွတ်ပါတယ်ခင်ဗျ
ကုံးရှီဖါးချိုင် ရှင်းနဲန်ခွိုက်လော့
ရှဲရှဲ့ 
ရှဲ ရှဲ့
ဝေါ ပု ကျယ် သောက်
နင် ကျယ်သောက်
ငါမသောက်
သောက်ချင်လဲနေ
ခုလိုသိရတော့ ဆွေမျိုးပေါက်ဖေါ်ပြည်ကြီးက ကျားမလေးတွေ သနားပါတယ်နော်..ကိုချစ်ဖေအကောင်က ကျားက စားသွားနိုင်တဲ့အကောင်ဆိုပေမဲ့လဲ မကြောက်တော့ပါဘူးလေ....အဲ...ကျားထီးကြီးတွေစားရင်တော့ ဒုက္ခ..
"ဖွားကိ တို့ နှစ်သစ်ဦးမှာပဲ စွံသွားပြီ ဖြစ်ပါကြောင်း ။ စွံတာတောင်မှ နိုင်ငံခြားသား နဲ့ တဲ့ ဗျာ" ဆိုလို့  အရင်ပို့ ပြေးကြည့် ၇သေးတယ် ခေတ်နောက်ကြမှာစိုးလို့  ဟီဟီ နောက်တယ်ဗျာ
ကျား..လား ကြောက်တယ်..။
တို့တော့ ကျားသနားမှ "-"ချမ်းသာဆိုတဲ့ စကားပုံထဲက အကောင်လေ။. ဒါကြောင့် ကျားနှစ်မှာ ငြိမ်ငြိမ်ကုတ်ကုတ်လေး (ကွန်ပျူတာရှေ့မှာ ကော်ဖီသောက် စာဖတ်နေတာ ပြောတာပါ)..:D
ကျားအခွင့်အရေးထိခိုက်တယ်..
တိုင်မယ်..တိုင်မယ်...
စကားမစပ်..တော်ပါသေးရဲ့ အီဖေကိုယ်က ကျားမဟုတ်လို့..ဟီးး
အမယ်.. ကိကိက တရုပ် ဟုတ်ဖူး ၂ရုပ်ဟုတ်ဖူးလား
မိုးမင်းကြီး
ကျနော်တော့ ကုလားတွေ လာမေးရင် ဖြေချင်တာပဲ .. ဝက်နှစ်မှာ မွေးတာလေ ခိခိ ... ဒါနဲ့ ဖွားကိကော ဘာကောင်လဲ?
ကောင်းတဲ့ပိုစ့်ပဲအမရေ...
မီးမီး ကတော့ တရုတ်ကျားလည်းဟုတ်ဖူး။ မြန်မာကျားလည်း ဟုတ်ဖူးနော်။
အူကြောင်ကျားတော့ဖြစ်နိုင်တယ်။း))
တို့ကတော့ နိုးနိုးကြောင်ကြောင်ပဲ.... မီးညောင်....
မကျားတော့ အေးဆေးဘဲ
ငှဲငှဲ :P
ကျားနှစ်မိုလို့ဆိုပြီး တရုတ်မလေးတွေ “ကျား” အိမ်သာထဲ စုပြီး ဝင်လာရင် ဒွတ်ခပဲ...
းဝ)
အင်းးကျားစာမမိခင် ပြေးမှ. ဒီနှစ်စကတည်းက ကံမကောင်းနေပါဘူးဆိုမှ ကျားစာထပ်မိရင် မလွယ်။ ဘွားးး မြေးကို ဆုတောင်းပေးဦးနော်။
ရှေးထုံးလည်းမပယ်နဲ့ဆိုပေမယ့် အစွန်းရောက်ရင်တော့ ပြင်သင့်ပါတယ်။ လူကျားတွေလည်း ထိန်းသိမ်းသင့်တယ်။ ကျားကျားတွေလည်း ထိန်းသိမ်းသင့်တယ်။ ရောက်ရာပေါက်ရာဆိုပေမယ့် အမှန်တွေပါ။
မမကီကိ....နောင့် လဲ ကျား( fire tiger ) ... သတိ နဲ့ နေမယ်နော် ။ ...ဘာမှလဲ အသစ်မ၀ယ် ဘာမှလဲ မလွှင့် ၊ ပိတ်ရက်မို့ လိုက်လည်ရင်းနဲ့ အခန်းတောင် မရှင်းဖြစ်လိုက်ဘူးး))
အဟေး
တို့က ပိုးဟပ်ဆိုတော့..
လွတ်ရေးချလွတ် ဝစ္စနှစ်လုံးပေါက်ကု လွတ်တယ်
အင်း..မရောက်တာ ကြာလို့
ကိုယ့်ရောင်းရင်း တစ်ယောက် စွံသွားတာတောင်
မသိလိုက်ဘူး
သွေ့ပုချိ.....
သွေ့ပုချိ.....
သူတို့သာ ၁၂ ကောင် ရှိကြတာပါဗျာ
နိင်ငံရပ်ခြားရောက် မြန်မာတွေက နွား တွေ ဖြစ်မတတ်ရုန်းရတာပဲ။
ပြည်တွင်းမှာ ကျန်နေတဲ့သူက ဖွတ် တွေဖြစ်ပြီး မွဲကြတေကြနဲ့။
ကွိကွိစ်ရေ...
သွပ်များဒို့ကတော့ ၀ုတ်ဝုတ်နှစ်နဲ့ တူဘာရဲ့...း)
(မင်္ဂလာချောင် မဖိတ်လို့ ငိုကြီးချက်ထီးဖြင့် ပြန်သွားသီ...။ ချက်မလို့ ပြောရအောင် မိန်ခလေးမဟုတ်လို့....ခိခိ....း))
ခင်မင်တဲ့
ဏီလင်းညို
မယ်မယ်ကြီးရေ....
နိုးနိုးကြားကြားလေးနဲ့ လာဖတ်တာနော်။
သီချင်းလေးတောင် ညည်းလို့ပေါ့။။။
ဟိုက် ကျားးးး ဟိုက် ကျားးးးးးးးးးးးးးးးး
အူကြောင်ကျားးးးးးးးးးး တဲ့။ အဟဲ
အယ်...ငါ့အစ်မက တယ်ဟုတ်ပါလားဟ...ငါမရောက်ဖြစ်လိုက်တဲ့ တခဏ အတွင်းမှာ စွံသွားဘီ...အဲဒါကြောင့် ဖွဘွတ်မှာ အသည်းတွေချည်း လက်ဆောင်ပေးနေတာကိုး...ဒါဆို အန်ပေါင်းပေးတော့ ...ညှဲညှဲ...
ချစ်ညလေး
Post a Comment