World Cup ( ကမ္ဘာ့ ဖလား ဘောပွဲ ) တဲ့ ။ ဘောဝါသနာရှင်များ အပြေးအလွှား အသည်းအသန်ကြည့် ကြ ၊ အားပေးကြ ။ လောင်းကြစားကြ ကစားကြ နဲ့ သည်းသည်းကို လှုပ်လို့ ပါလား နော် ၊ကမ္ဘာကျော် ဘောသမားတွေ ဆိုလည်း သူတို့ နောက်ကို ပိုက်ဆံပိုက်ပြီး တကောက်ကောက် အလိုက်ခံနေရလို့  စိတ်တောင်ညစ်နေကြ မလားပဲ ။ ငွေစော် နံ လွန်း လို့ လေ ။ ဒီလို နာမယ်ကြီးအောင်လည်း ဘယ်လောက်ကြာကြာ အပင်ပန်းခံ လေ့ကျင့်ခဲ့ ရမလည်း ။ အနာခံမှ အသာစံရ ဆိုတာ သူတို့  တတွေ အတွက် မှန်ပါတယ် ။တို့ တတွေ ရွှေပြည်ကြီးမှာတောင်မှ နိုင်ငံခြားသား နည်းပြဆရာတွေကို အခကြေးငွေ များစွာပေးပြီး ငှားရမ်းနေကြရတယ် ။“ ကမ္ဘာမှာ မြန်မာ့ဘော ဟေ့ ” ဆိုပြီး ကြွေးကျော် နိုင်ကြပါစေ လို့ ရည်ရွယ်ချက်ကြီးကြီး စေတနာ ဗလပွ နဲ့ တည်ထောင်ပေးထားကြတဲ့  လူ အကြီးကြီင်္းတွေ ရဲ့  ဘောအသင်းကြီးတွေ ၊ နာမယ်ကြီးသထက် ကြီးလိုချင် ရင်တော့ အလွန်တော်တဲ့ ဘောသမ တယောက် ရှိပါသေးကြောင်း မိတ်ဆက် ပေးလိုက် ချင်လို့ ပါ .... သူဘယ်သူလဲ သိချင်ကြပါသလား ။
အဲ.. သိချင်လို့  ဝင်လာကြည့် ပြီ မဟုတ်လား ။ ဒါဆို အပို မပြောတော့ ပါဘူး ။ ကိုယ့်ဟာကိုယ် ကလစ်ပြီးတော့ သာ ဆက်ကြည့်ပေါ့ ။
ု
ကြည့်လို့ ပြီးပြီ ဆိုရင်တော့ .. ဒီ ဘောသမ တရုပ် အဒေါ်ကြီး ကို တိုင်းပြည် ဂုဏ်ဆောင်“ဖိုး တေနေ လ ရွေ ဇသွေး ပြည့် အောင် ”တို့ ရဲ့  ဘောအသင်းကြီးမှာ၊ ဒါမှ မဟုတ် ကန်ဘောဇ တို့  ၊ ရယ်ဒနာပုံ တို့ လို ဘောအသင်းကြီးတွေမှာ နည်းပြ ခန့် ပေးဖို့  အဆင့် မှီ ၊ မမှီ ဆုံးဖြတ်ပေး ပါ အုံး ။ လခ ကတော့ ဒေါ်လာ စိမ်းစိမ်းလေး တွေပေးစရာ မလိုပါဘူး ၊ ယွမ် ငွေ အနည်းငယ် မျှ ပဲ လိုအပ် မှာ မို့  ချွေတာရေး လည်း ကျပါတယ် ။ အစားအသောက်လည်း ကရိယထ မများပါဘူး ။ သူကန်နေကြ ဘောပြား... အဲ့လေ ...ပဲပြား မျိုးစုံ ၊ ပဲနို့ ရည် တို့ လောက် နဲ့ ပဲ ကျေနပ်ပါတယ် တဲ့  ။ တချက်ခုတ် အချက်များစွာ ပြတ် စေတာပေါ့ ။း))
ငှားရမ်း အသုံးပြုလိုသူများ ဖွားကိ ထံ ဆက်သွယ် နိုင်ပါတယ် ။
www.ပွဲစားကြီး ဖွားကိ.com ( ဒါမှ မဟုတ် ) တောင်းဖုံး အမှတ်( ခြင်းဖုံးက သူများ ငှားသွား၍ ) ၀၀၀၁၂၃၄၅၆၇၈၉၀၀ .Ext .987654321 ပါ ။း) ...
19 comments:
ခွိ
း)))
ရယ်ရတယ်တော့..
မယ်ကိတို့ အတူကန်နေကြပေါ့...
မံနေချာကိ ဖြစ်တော့မယ်ဟေးးးးးးးးးးး
ဟိ မိုက်တယ်
အဖွားကြီးက မခေဘူးနော် ဂလောက်ပျော့တဲ့ပဲပြားကို မိုက်တယ်ဂျေ
ကွိကွိစ်ရေ...
သူလေ...သိပ်တော်ဒယ်နော်...။
တစ်ကယ့်ကို အဟုတ်ဗျား....း)
(ဏလညတို့များ...အဲ့ဒေါ်ကြီး ချေဖျားတောင် မမှီပေါင်...)
ခင်မင်တဲ့
ဏီလင်းညို
ဟီး .... အနည်းငယ်ကြည့်ပြီး အများကြီးပြုံးသွားတယ် အစ်မကိရေ ....း)
မိုက်တယ် မလိမ်မာဘူး အမားရ
အပြားမို့  လို့ ပါ ဗျာ အလုံးဆိုရင် အဖွားကြီး လုပ်နိုင်မယ်မထင် အဟတ်
ဘော အလုံး ပဲ ရှိတာ
ဘယ်နှယ့် ဘောပြား တုန်း အမားရ
မြင်ယောင်မိတယ် ဘောလုံးကိုသာ ကြုံးကန်လိုက်ရင် ကွဲရချည့်ရဲ့ အဟိ
ထူးဆန်းပါပေ့
ကြည့်နေရင်း သဘောကျနေရတယ်။
ပဲပြားကို မကွဲအောင် တော့ နိင်တာကိုက တော်ချက်ဗျာ ။
တော်သဗျာ တော်တော်ဝါသနာကြီးပုံပါပဲ ဘယ်လိုလေ့ကျင့်ခဲ့တာလဲက ပိုစိတ်
ဝင်စားဖို့ကောင်းပါတယ်.ရှာရှာဖွေဖွေ အန်တီကိ ကိုလည်းကျေးဇူးပါ...
ပွဲစားကြီး ဖွားကိ :D..
ဘောပြားကန်ပွဲ မိုက်တယ်။
ဘောပြားကန်ပွဲ ကျင်းပသံကြားလည်း ပြောပါဦးနော်.. လာကြည့်ချင်လို့ပါဗျို့ :D
ကိကီကျဲ...
ဆားတင်မက တရုတ်ပဲငပိပါ ချက်နေတော့ တာကိုး...
ပဲပြားစားချင်စိတ်တောင်ပျောက်သွားတယ်ဗျာ...
လေဒီဆိုတော့ လည်းဓါတ်တူ၊နံတူကို
ပိုင်နိုင်ကျွမ်းကျင်တာပေါ့ လေ...
အားးးးပါးးးးးးး ဖွားကီ့ရေ..
ဟဟားးးးးးးးးးးးးးး မိုက်စ်တယ်ဝေ့။
သမီးကြီးတို့လဲ ဒီမှာ ၁၅၊ ၁၆ ချင်းအမျိုးသားနေ့ ချစ်ကြည်ရေးဘောပွဲရှိတယ်။
အဲလိုကျင့်ထားလိုက်မယ် ခိခိ။
လာအားပေးလှည့်နော်။ဟဟားးးးးးးး
အင်း ဟုတ်တယ် ၊ သူ့ ကိုသာ ငှားရင် ကျွန်တော်တို့ 
အသင်း စီးဂိမ်းမှာ စွဲ မှာပဲ။ ဗိုလ် လေ...။
ဟားဟား... အူလိုက်ရတာရီတွေကိုတတ်နေတာပဲ..
တော်လိုက်တာ ပဲပြား မပြဲဘူးနော်။း))
ဒါပေမယ့် ပဲပြားမစားချင်တော့ဘူးဗျို့...
ကိုယ့်ဟာကိုယ် ကလစ်ကြည့်ဆိုလို့လိုက်ရှာတာ ဘာမှလည်း မတွေ့ဘူး kiki ရေဘယ်ဟာကိုကလစ်ရမှာလဲဟင်ပြပါဦး
ကန်ချက်တွေကတော့ လန်ထွက်နေတာပဲ ...
ကလင်...ကလင်...ဟယ်လို...ပွဲစားကြီး ဖွားကိ ရှိပါသလားရှန်... :D
ချစ်ညလေး
အဲဒီ ပွဲစားအလုပ်ကို ပုဂ္ဂလိက လုပ်ခွင့်မရှိပါဘူး သူငယ်မ...
နိုင်ငံတော်ကပဲ တာဝန်ယူ လုပ်မှာမို့ စားထားသမျှ ပွဲခတွေကို ချက်ချင်း လာပြီး လာဘ်ထိုးပါ...
ဒါပဲ...
းဝ)
ဖုန်းခဏခဏ ခေါ်တယ်
ကိကိကလည်း ဟန်ဆောင်ကောင်းတယ်
လူကြီးမင်း လူကြီးမင်းနဲ့ ပြန်ပြောတာ ချိုလို့
Post a Comment