သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

သတင်းထက် ပိုထိ တဲ့ မန့် ချက်တခု...

19 comments:

သားကြီး said... | Monday, September 07, 2009 5:33:00 AM

မမကိရေ ကားအပြာဆို သားသားကြောက်
မန့်တော့ဝူးနော်
လစ်ပြီ

သားကြီး said... | Monday, September 07, 2009 5:38:00 AM

မပြောတော့ပါဘူးဆိုမှ ပြောရဦးမယ်
ကွန်မန့်ရေးတဲ့လူတော်တော်မှန်တာပဲနော်
ကျနော်ဒီရောက်စက စက်ရုံတစ်ရုံမှာ စပရေးလေးလောက်မှုတ်တတ်တဲ့တရုတ်က
စီးလာတော့ ပါကျဲရိုးကားအသစ်ကြီးဗျာ
စားသောက်ဆိုင်က ချောက်ချီးချောက်ချက်
လက်ဖက်ရည်လောက်ဖျော်တတ်တဲ့လူက
အလုပ်အသွားအပြန်ကိုယ်ပိုင်ကားနဲ့ဗျာ
ကျောင်းသားပိစိကွေးလေးတွေ တစ်ယောက်နဲ့တစ်ယောက် ချိန်းတော့ ဟန်းဖုန်းနဲ့ဗျာ
မြန်မာပြည်က အရှင်လတ်လတ်ရောက်လာတဲ့သားကြီး
ရူးချင်ချင်ကိုဖြစ်သွားပါရော
စဉ်းစားလိုက်သေးတယ် ငါသာဒီလိုကားမျိုးစီးနိုင်ရင် ကောင်မလေးတွေငါ့ကိုတော်တော်ကြိုက်ကြမှာပဲလို့ ဟီးးး
ခုတော့လည်းနှစ်ကျပ်တန်ဖိနပ်စီးပြီးပဲ လမ်းလျှောက်နေပါတယ်ခင်ဗျ

သားကြီး said... | Monday, September 07, 2009 5:40:00 AM

ပြောဖို့မေ့သွားတယ်
နှစ်ကျပ်တန်ဖိနပ်က ၃ကျပ်ခွဲဖြစ်သွားလို့
သားကြီးကိုယ်ဖေါ့ပြီး လမ်းလျှောက်နေရကြောင်းပါခင်ဗျ
မြန်မာပြည်က ဘိုးတော်တွေ ဘွားတော်တွေ
သက်ဆိုးရှည် ကျန်းမာကြပါစေဗျာ
ဆုတောင်းပေးလိုက်ပါရဲ့

စူး said... | Monday, September 07, 2009 6:35:00 AM

ကော်မန့်က အမှန်တွေဖတ်ပီ..

ပြုံးမိတယ်...

မိုးခါး said... | Monday, September 07, 2009 8:30:00 AM

ဟဟ
မန့် လည်း မန့် မန့်ပါပဲ မမကိကိရာ
ကျွဲပါးစောင်းတီးတွေ .. ကျွဲတောင် သိက္ခာကျနေမလားပဲ .. ချဉ်တယ် ..

စိတ်စမ်းရေ said... | Monday, September 07, 2009 8:34:00 AM

ကောမန့်ရေးတဲ့လူက အရမ်းတော်တာပဲ...
တကယ့်ပြောင်မြောက်အောင်ရေးသွားနိုင်တယ်....။

တောင်ပေါ်သား said... | Monday, September 07, 2009 9:59:00 AM

ဟူးးးးးးးး ဟူးးးးးးးး ဟူးးးးးးးးးးးးးးးးးးးးး

တာဇံလို အော်တာမဟုတ်ရပါ.. သက်ပြင်းများ ချမိခြင်းသာ ဖြစ်ပေသည်။



လေးစားလျက်
တောင်ပေါ်သား

ရွက်လွင့်ခြင်း said... | Monday, September 07, 2009 11:07:00 AM

အမှန်အတိုင်း ပြောရရင်
မယောင်ရာဆီလူး နေကြတာပါ
တကယ်ကို နိုင်ငံအတွက် စိတ်ထဲ ရှိရင်
လိုအပ်ထာတွေ အမျာကြီးကို သိရမှာပါ
အခုဟာက ဟန်ပြလုပ်နေရတာရယ်
လုပ်ငန်းရှင်တွေဆီက ဂွင်ဖန်တီးချင်တာရယ်
ဒါတွေကြောင့် ဒီလို တားမြစ်တယ်လို့  မြင်တယ်

Unknown said... | Monday, September 07, 2009 12:36:00 PM

မ kiki ရေ...

သေချာတယ်ဗျို့...
အခုလို ဖော်ပြပေးတဲ့အတွက်လည်း လေးစားဂုဏ်ယူမိပါတယ်...

မြန်မာပြည်မှာ ဆုတ်ကပ်ဆိုဒ်နေပြီ...
ဒင်းတို့ အာဏာရှင်တစု လူထုကို ထောက်ထားမညှာ
ဒင်းတို့ တစု ကောင်းစားဖို့ဆို မည်သူကိုမဆို စတေးပစ်ဖို့ ၀န်မလေးကြပါဘူး...
မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့တွေ တက်နိုင်သလောက် အမှန်တရားကို ဖော်ထုတ်ကြဖို့လိုနေပါပြီ...

မြန်မာနိုင်ငံဟာ သူတို့ (သန်းရွှေ) ပိုင်တဲ့နိုင်ငံမဟုတ်ပါဘူး ကျနော်တို့တွေအားလုံးနဲ့ဆိုင်တယ် ကျနော်တို့တွေလည်း ပိုင်ကြပါတယ်...

ညီတဲ့လက်တွေ ထိစပ်ကြပါ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

အိုက်ခီလောက် said... | Monday, September 07, 2009 12:40:00 PM

အမားရာ
မဆိုင်တာတွေကို အကျယ်ချဲ့ နေတာ
သူ့ တို့ အလုပ်လေ
သူ့ တို့ အတင်းအဖျင်းတွေပေါ်မှာစိုးလို့ 
လိုက်လုပ်နေတာ
လူမှုရေးများလုပ်ချင်လို့ လုပ်နေတယ်ထင်လို့ လား
မဆိုင်တဲ့အပေါက်ကို ဂလိုင်ခေါက်နေတာ
လိုအပ်ချက်တွေ ပြည့်မှီရေး မလုပ်ဘူး
မဆိုင်တဲ့ဟာတွေလိုက်လုပ်နေတယ်
တစ်ကယ် ဖြစ်သင့်တာကို မလုပ်ဘူး
အမားရာ ကားပြာလာလည်းမကြောက်ပါနဲ့ 
သူ့ တို့ အလှည့်ကျရင် ထော်လာဂျီနဲ့ ခေါ်ပြီး
ငါကျစ်ထားတဲ့ကြိုးလေးနဲ့ ဟူစိန် လို ကြိုးပေးလိုက်မလား
နင့်စင်ဆောက်တာပြီးသွားပြီလား
ငါ့လည်းကြိုးကျစ်နေတုန်းပဲဟ

Khyl said... | Monday, September 07, 2009 3:30:00 PM

ကိကိရေ... အဲဒီကော်မန့်ကတော့ တကယ့်ကို ချက်ကျလက်ကျ ပြောတတ်သူပါပဲ.... ဒီပို့စ်လေး အတွက် ကျေးဇူး အထူး...
BDW.. ကသားကြီးက ဂလိုကြောင့် လမ်းကို တစောင်းလေး လျှောက်တာကိုး.....
နာ့ခုံ ဖနပ်လဲ နောက်ခြေပါးနေပီ.. ခြေဖျားထောက် လျှောက်မှ ဖစ်တော့မယ်...
မသိရင် ဘဝင်မြင့် သလိုပေါ့လေ... သွပ်သွပ်...

မင်းနေ said... | Monday, September 07, 2009 4:27:00 PM

တစ်အားပဲ :D

နှင်းနဲ့မာယာ said... | Monday, September 07, 2009 5:42:00 PM

ကိရေ
ကောမန့်ရေးသူက
ရွှေပြည်ကြီးက အဖြစ်မှန်တွေရယ်ကို
အားရပါးရရေးပြထားထာကို
သဘောကျတယ်....
အင်း...
အမှန်တရားဆိုတာကိုလဲ ဘေးလူတွေ ဘယ်လောက်မြင်မြင် မမြင်သေးတဲ့သူတွေက ရှိနေလေတော့....

နှင်း

ဝက်ဝံလေး said... | Monday, September 07, 2009 7:07:00 PM

ကိရေ ပြောကိုမပြောချင်ဘူး (အမှန်တော့ များဂါတွေပြောသွားလို့ ပြောစရာမရှိဖြစ်တာပါ) ဟူးးးးးးးးးးး တောင်ပေါ်သားလို့ လေတိုက်တာမဟုတ်ရပါတယ် သက်ပြင်းရှည်ဆွဲချလိုက်တာပါနော် ဟင်းးးးးးးးးးးးးးးးးးးးးးးး ပြောလဲ တထောင့်တည ပုံပြင်ပဲ ကိရေ

ဒီတော့ ပြောချင်တော့ဘူးဟာ လစ်တော့မယ်

ဝက်ဝံလေး said... | Monday, September 07, 2009 7:09:00 PM

ဖေသားကြီးရယ် တနားထှာ လာခဲ့ ဖိနပ်တရံတော့ ကိုယ့်ဒက်ဒီကြီးကို ဝယ်ပေးနိုင်ပါတယ် ဟွန်းးး ဒီကိုရောက်အောင် လာခဲ့ပါ ဂယ်ပြောတာ ဖိနပ်ဝယ်ပေးမယ် အကောင်းစား အောစတား ခေါ်လား ဘာလား မသိဘူးဟယ် ဈေးကြီးလို့ နာတောင် ဝယ်မစီးဘူးနော် ကိုယ့်ဒက်ဒီကြိးမို့ ဝယ်ပေးမယ်နော် သိရား ခိခိ

ahphyulay said... | Monday, September 07, 2009 8:44:00 PM

ရေးထားတာလေးက တကယ့် အနှစ်ပဲဗျို့ ..
ဒါပေမဲ့  ဒီကောင်တွေ သိပါ့ မလား ... ပြည်သူတွေရင်ထဲ
က အနှစ်တွေကို။ မမ ကီကတော့ လေ.. သူတို့ ကို
သတိရလေမုန်းလေ။မုန်းလာလေသတိရလေဖြစ်နေ
ပြီ။ဒါနဲ့ ... သတိရတာကအရင်လား၊မုန်းတာကအရင်လားလို့ ။
စ တာနော် အမကြီး။

အေး said... | Monday, September 07, 2009 10:18:00 PM

နောက်တခါ လာပြန်ပြီ ပဟေ့ ... ဟေးလားကွယ် မောင်ရို့  ဟေးလားကွယ် မောင်ရို့  ..ဝမ်းစမိုး ရယ်သောသောညံ" ၊ နပန်းဆံ နပန်းဆံ ..
ဆိုလို့ .................မမ ကိ့ များ နည်းနည်းဖောက်သွားပြီလားလို့ အဟိ့ နောက်တော့မှသိတယ် ဒို့အိမ်ထဲက ဘာကြီး...............ပခုံးပေါ်ကထင်ရာတင်ထားတဲ့ကြယ်နဲ့လူကြီးကိုးးးးးးးးးးးးးးးးးးးးးးးး

ATN said... | Tuesday, September 08, 2009 12:12:00 AM

မယ်ကိ... မယ်ကိ...
နင့်ကို ငါ အော်စကာ ပေးချင်နေပြီ ငါ့ညီမ...း)

မမသီရိ said... | Wednesday, September 09, 2009 1:54:00 PM

ကားပြာလေးတော့ အလကား မစီးပါနဲ့အုံး ညီမလေးရေ

ပြောလဲ ပြော ကြည့်ပြောကြတာပေါ့..း)))