ရှားရှားပါးပါး ရောဂါတခု ကို ခံစားနေရှာတဲ့  အသက် ၃၇ နှစ် အရွယ် အင်ဒိုနီးရှား နိုင်ငံသားတယောက် ၊ရောဂါ ကုပေးဖို့ ကို အမေရိကန် ဆေးပညာ ရှင်တွေကို အကူ အညီ တောင်းခံနေဆဲရှိတဲ့  အကြောင်းလေး ပါ ။
သစ်ပင်လူသား Treeman ( cornu cutaneum လို့ ခေါ်တဲ့ သစ်မြစ်လို အတက်မာမာတွေ ထွက်နေတဲ့ သူတယောက်)မြင်ရ တွေ့ ရတာ နဲ့တင် ကျက်သီးထ လောက်အောင် ဖြစ်ရပါတယ် ။

အဲဒါကလည်း အရေပြားရောဂါ တမျိုးပါဘဲ ။ ဒါပေမဲ့  များသောအားဖြင့် ကတော့ ဒီလောက်ကြီး မပြင်းထန် လှပါဘူး ။ နေရောင်ခြည်ဓါတ် လွန်ကဲစွာ ထိတွေသူတွေရဲ့  မျက်နှာ ။ နားရွက် ။ လည်ပင်း ၊ လက် အရေပြားပေါ်မှာ Keratin ဓါတ်တွေ အများအပြားစုစည့်းပြီး ဖြစ်လာတဲ့ Hyperkeratotic nodule
အဖု အလုံးလေးတွေ ပါဘဲ ။၆၀ % ဟာ Benign (ကင်ဆာမဟုတ်တဲ့ အဖု) တွေပါ ။အခန့်  မသင့်ရင်တော့ အဲဒီထဲကနေမှ အရေပြား ကင်ဆာလည်း ဖြစ်သွားတတ်ပါတယ် ။
၂၀၀၇-၀၈ ခုနှစ်က အမေရိကန်နိုင်ငံ University of Maryland မှ ဆေးသိပ္ပံ ပညာရှင်တွေ က အဲဒီ Dede လို့ ခေါ်တဲ့ အရင်က တံငါ လုပ်ငန်း နဲ့  အသက်မွေးခဲ့ တဲ့ အင်ဒိုနှီးရှားနိင်ငံသား ဆီသွားပြီး ဆေးစစ်မှု ပြုလုပ်ပေးခဲ့ကြရာမှာ သူ့ ဟာ
Human Papilloma Virus (HPV) ခေါ်တဲ့  ဗိုင်းရပ်စ် ပိုး တမျိုးကူးစက်ခံခဲ့ရတာကြောင့် ဖြစ်တယ် လို့ မှတ်ချက်ချပါတယ် ။သူ့ ရောဂါဟာ ဗီတာမင် အေ ဓါတ် ပါတဲ့ ဆေး နဲ့  ၆ လလောက် ကုပေးရင် သက်သာနိုင်ခြေတော့ ရှိပါတယ်တဲ့ ။ ဒါပေမဲ့ သူ့ ရဲ့  သွေးဖြူဥ အရေအတွက်ဟာ အလွန် နဲပါးနေတဲ့  အတွက် HIV ဗိုင်းရပ်စ် ပိုး ပါ ရှိနေနိုင်တယ်လို့  ခန့် မှန်းနေကြပါတယ် ။ နောက်တချက်က သူ့ ကို အမေရိကန် ထိ ခေါ်သွားပြီး ဆေးကု ပေးဖို့ အတွက် က စရိတ် ကြီးမားလို့  မတတ်နိုင်ကြဘူး တဲ့ ။ ဒီတော့ သုတေသန လုပ်ချင်တဲ့  အဲ့ ဒီဆရာဝန် ကတော့ အလှုငွေ လိုအပ် နေပြီပေါ့ ။
ဗုဒ္ဓ ဘာသာ အယူအဆ နဲ့ တွေးကြည့် ရင်တော့ ဝဋ်နာ ကံနာ လို့ ဘဲ ခေါ်ရမလား ။ အရင် ဘဝတွေက ဘယ်လို ပြု ခဲ့ လို့ ပါလည်း
►Posted by
:kiki
:
at
8/14/2009 07:10:00 PM
Subscribe to:
Post Comments (Atom)
15 comments:
ဟုပ်တယ်မကီရေ့ ... ဝတ်နာကံနာကသိပ်ကြောက်ဖို့ ကောင်းပါတယ်။သံသယာရှည်သလောက်လဲဝတ်
ကြွေးတွေတင်တင်နေတတ်ပါတယ်။မသိလို့ ပြုမိလဲ
ဝတ်ပဲ၊သိလို့ ပြုမိလဲဝတ်ပဲနော်...။ဝတ်ကြွေးမပါ
အောင်နေထိုင်သွားဖို့  တော်တော်ကြိုးစားရမှာနော်
ဒါဆို..ကျွန်တော်တို့ ဆီက ဘောင်းဘီဝတ်တွေ
ဘယ်လိုလုပ်မလဲ...။
အင်းးး သူငယ်ချင်းပို့လို့ အဲဒီ သစ်ပင်လူသားအကြောင်း တွေ့ဖူးတယ် သနားပါတယ် နော် ကိရေ
ရော် မရစဖူး ငါ ၂ ပါလား ဟရိုးးးး ထီထိုးဦးမှနဲ့တူတယ် အဟက်
ကြက်သီးထစရာကောင်းတယ်နော်...... မျက်နှာက ၀က်မြီးကြီးထွက်ပြီး အဲဒီအမြီးထိပ်ဝ ကနေ ပိုးကောင်တွေ တရွရွထနေတဲ့ ပြိတ္တာ ကြီးတစ်ကောင်ဟာ ဘုရားရှင်ရှိစဉ်အခါ ပေါ်ခဲ့ဖူးပါတယ်... သူဘာကြောင့်ဒီလို ဖြစ်သလဲဆိုတော့ ဗရုဿဝါစာ ရုပ်ရင်းရိုင်းစိုင်းသောစကား၊ သံဖလပ္ပ၀ါစာ သူတစ်ပါးအတွက် အကျိုးမရှိ မိမိအတွက် အကျိုးမရှိသော အတင်းစကား၊ ပီသုန၀ါစာ ဆိုတဲ့ ကုန်းချော ဟိုလူကဘယ်လို ဒီလူ ဘယ်လိုဆိုပြီး ကုန်းချောစကားပေါ့ ၊ အဲဒီအမှုတွေကိုပဲ ပြုခဲ့ဖူးတဲ့ အတွက်ကြောင့် ခံစားရပါတယ် တဲ့ အစ်မရေ....
လမ်းမှန်မှန်လျှောက်၊ လမ်းမပျောက်၊ လမ်းကောက်မလိုက်နှင့်။ လမ်းမှန်မှန်သွား၊ လမ်းမများ၊ လမ်းမှားမလိုက်နှင့် (အရှင်အာစာရာလင်္ကာရ)
တီဗွီထဲမှာ ကြည့်လိုက်ရတယ်..သနားဖို့ကောငးပါတယ်..
နဲနဲတော့ ခွဲစိတ်ပီးသွားပီထင်တယ်နော်..
အစ်မပြောသလိုပဲ ကျနော်တို့ဗုဒ္ဓဘာသာရဲ့အယူ
အရ ဒါဟာလည်းဝဋ္ဋ်နာကံနာတစ်မျိုးပါပဲနော်
အရမ်းကြောက်ဖို့ကောင်းတာပဲ
ကျနော်ဒီအကြောင်းကို အရင် ကိုသားသားဘလော့မှာဖတ်ဖူးတယ် ဒါပေမယ့်
အဲဒီတုန်းက ကိုသားသားက အပုံတွေချည်းတင်
ထားတာပါ ဗွီဒီယိုကိုတော့ ခုပဲကြည့်ဖူးတာပါ
ထူးပါပေ့ဆန်းပါပေ့ ကြောက်ဖို့လည်းကောင်းပါပေ့ဗျာ
စိတ်မကောင်းဘူး။
ရောဂါဘယ ကင်းဝေးကြပါစေ။
ကြည့်ရတာ ကြက်သီး ထတယ်....သနားပါတယ် စိတ်မကောင်းဘူး ဒါပေမယ့် သူ့ ကို ကုလို့ ရတဲ့အနေအထားပေါ့နော်. တော်ပါသေးရဲ့..။
ဟုပ်တယ်မကီရေ့ ... ဝတ်နာကံနာကသိပ်ကြောက်ဖို့ ကောင်းပါတယ်။သံသယာရှည်သလောက်လဲဝတ်
ကြွေးတွေတင်တင်နေတတ်ပါတယ်။မသိလို့ ပြုမိလဲ
ဝတ်ပဲ၊သိလို့ ပြုမိလဲဝတ်ပဲနော်...။ဝတ်ကြွေးမပါ
အောင်နေထိုင်သွားဖို့  တော်တော်ကြိုးစားရမှာနော်
ဒါဆို..ကျွန်တော်တို့ ဆီက ဘောင်းဘီဝတ်တွေ
ဘယ်လိုလုပ်မလဲ...။
ဟုတ်တယ် အဖြူလေးရေ..ကံကြမ္မာရဟတ်ဘီးဆိုတာ
တပတ်ပြန်လည်တက်တယ်ဆိုတာ ဒင်းတို့ မသိလေရော့သလားနော့
သနားပါတယ်နော်။
အရေပြားရောဂါတစ်မျိုးပေါ့နော်။
သူလည်း ဘယ်ဖြစ်ချင်ပါ့မလဲနော်။
အခုလို share လုပ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်နော်။
မမကိရေ....
ကိုဂျူလိုင်ဘလော့မှာလားမသိဖတ်ဖူးတယ်
ပြီးတော့ တီဗီ မှာကြည့်ဖူးတယ်
ရုံလေးကတော့ မကြည့်ရက်ဖူး
သနားလွန်းလို့ 
ချစ်တဲ့
ရုံလေး
အနာရောဂါ ကင်းဝေးကြပါစေ
စိတ်ကျမ်းမာ လူချမ်းသာရှိကြပါစေ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ kiki ပြောသလို တကယ့်ကို ဝဋ်နာကံနာပါပဲ...
အင်း... ဒီလိုဘဝမျိုး ဘယ်တော့မှ မရောက်ချင်ဘူးဗျာ ဝဠ်နာ ကံနာဆိုတာ ဟုတ်မယ်ဗျ
Dear Author www.kiki-idiotlove.com !
Remarkable idea
Post a Comment