............................................................................................................................... ဒီဘလောဂ်အိမ်လေးကို စောင့်ဖို့  စိန်မျောက်မျောက်တို့  မြေးအဘိုးကို ယာယီတာဝန်ပေး ထားခဲ့ပါသည် ။ အိမ်ပိုင်ရှင်ကတော့ မလှုပ်ရ ၊ငြိမ်ငြိမ်လေး အနားယူရမည်ဟု အမိန့် ပေးခြင်းခံထားရပါသဖြင့် ဒီပို့စ်လေးကို စကက်ဒျူးလေးနဲ့ တင်ထားခဲ့ ပါသည် ။ မကြာမီ ပြန်လာပါမည် ။ အားလုံး ကျန်းမာရွှင်လန်းကြပါစေ ။
တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဈေးရောင်းထွက်ခဲ့တယ်….။
ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။
နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝက်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။
သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲလိုက်ရှာတော့
သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။
နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက ဦးထုပ်အရောင်း ထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့ ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။
အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က မျောက်တွေခေါင်းပေါ် ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူကဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။
နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။
´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့ တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
ပုံပြင်လေးကတော့ဒါပါပဲ ကွယ်....
(အတွေးသစ်ဂျာနယ်- အတွဲ(၁၀)၊ အမှတ်စဉ်(၄၅၀)မှ ကူးယူ မျှဝေခြင်းဖြစ်ပါသည်)
အမှိုက်သိမ်းယာဉ်ပေါ်မှ ပြုတ်ကျ၍ မကြာခဏ လူသေဆုံးမှုဖြစ်
အောင်ကျော်မိုး/ ၂၆ သြဂုတ် ၂၀၀၉
“ကားပေါ်မှာ အမှိုက်ရွေးတဲ့လူတွေက အမှိုက်သိမ်းကားမောင်းတဲ့ ဒရိုင်ဘာကို ငွေပေးပြီး ကားပေါ်လိုက်ရတယ်။ ကားမောင်းနေတုန်း ကားပေါ်လိုက်တဲ့သူက အမှိုက်ထဲကနေ ပြန်ရောင်းစားလို့ရတဲ့ ပလတ်စတစ်၊ ရေသန့်ဘူး၊ ပုလင်းခွံ၊ စက္ကူအဟောင်း၊ သံဘူး စတာတွေကို ရွေးချယ်ကြတယ်။ ဒီလို ကားမောင်းနေတုန်း အမှိုက်ရွေးရင်း ကားပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး လူသေတဲ့ အဖြစ်အပျက်တွေ ခုတလော များလာတယ်”
“အဲဒီနှစ်နေရာမှာ အမှိုက်ရွေးခွင့်မရသူတွေက အမှိုက်ကားမောင်းသူကို ငွေပေးပြီး ကားနောက်ခန်းအမှိုက်ပုံပေါ်က လိုက်ပြီးကားမောင်းနေချိန် အမှိုက်ကို လှန်လှောရွေးကြတယ်။ အဲလိုရွေးရင်း အမှိုက်ထဲအာရုံရောက်ပြီး မကြာခဏ ကားပေါ်ကလိမ့်ကျ၊ ခေါင်းနဲ့လမ်းဆောင့်မိပြီး သေဆုံးကြတာ။ ဒီလိုလိမ့်ကျရတာကလည်း လမ်းမကောင်းတာ အမှိုက်ကားမကောင်းတာလည်း ပါတာပေါ့လေ”
ပြီးခဲ့သည့် ဇူလိုင် (၃) ရက်၌ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒုဌဝတီ ကမ်းနားလမ်းတွင် ယာဉ်မောင်း မင်းအေး မောင်းသည့် ဖူဆိုအမျိုးအစား အမှိုက်သိမ်းယာဉ်ပေါ်၌ အမှိုက်ရွေးရင်း လိုက်လာသည့် မမြင့်မြင့်ဝင်း (၂၅) နှစ် ယာဉ်ပေါ်မှ ပြုတ်ကျကာ နောက်ဘီးဖြင့် ပြန်ကြိတ်မိပြီး သေဆုံးခဲ့သကဲ့သို့ သြဂုတ် (၁၉) ရက်ကလည်း လှိုင်မြို့နယ် မန္တလေးလမ်းပေါ်တွင် ယာဉ်မောင်းမျိုးမြင့် မောင်းနှင်သည့် အမှိုက်သိမ်းကားပေါ်၌ အမှိုက်ရွေးရင်း လိုက်လာသည့် နေ့စား စည်ပင်အမှိုက်သိမ်း သမားတဦးသည် အမက (၃၃) အနီးအရောက် ပြုတ်ကျသေဆုံးခဲ့သည်။
ဒါလေးက ဖတ်သူတွေ မောမစိုး လို့  အတိုချုပ်လေး ဖြတ်ပြထားတာ ။ အစ အဆုံး သိချင်ရင် ဒီထဲ ဝင်ကြည့်ကြနော် ။
အမျိုးသားဘ၀မှ အမျိုးသမီးအဖြစ်သို့ လည်းကောင်း၊ အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လည်းကောင်း ခွဲစိတ်၍ လိင်ပြောင်းလဲနိုင်သည့် ၀န်ဆောင်မှုစနစ်ကို ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ပေါင်လို(၀်) ဆေးရုံ ကြီး ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တဦးကပြောသည်။
“မြန်မာနိုင်ငံမှာ လိင်ပြောင်းလဲတဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးတဲ့နိုင်ငံခြား ဆေးရုံမရှိသေးဘူး။ ဒီက လိင် ပြောင်းချင်တဲ့သူတွေကို ဘန်ကောက်မှာရှိတဲ့ ပေါင်လို(၀်) ဆေးရုံကြီးမှာ ခွဲစိတ်ပေးမှာပါ။ တဦးကို သိန်း ၈၀ လောက်ကုန်မယ်”ဟု ပေါင်လို(၀်)ဆေးရုံကြီးရုံးခွဲ တာဝန်ရှိသူက ရှင်းပြသည်။
အမျိုးသားဘ၀မှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲမည်ဆိုပါက အချိန်နှစ်ပတ်ကြာ ဆေးရုံ တက်ကုသမှု ခံယူရမည်ဖြစ်ပြီး အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲပါက ၁ နှစ်မှ ၂ နှစ်အထိ အချိန်ယူ ဆေးကုသမှုခံယူပြီးမှ ခွဲစိတ်ပြုပြင်လိင်ပြောင်းလဲနိုင်ကြောင်း သိရသည်။
“လိင်ပြောင်းတဲ့နေရာမှာ အမျိုးသားကနေ အမျိုးသမီးအဖြစ်ပြောင်းကြတာ များတယ်။ အမျိုးသမီးကနေ အမျိုးသားအဖြစ်ပြောင်းချင်ရင် အချိန် ၁ နှစ်၊ ၂ နှစ်လောက်ယူရတယ်။ ငွေကြေးအကုန်အကျက လည်း ပိုပြီးများတယ်။ သိန်း ၈၀ ဆိုတာက အမျိုးသားကနေ အမျိုးသမီး အဖြစ် လိင်ပြောင်းရာမှာ ကုန်ကျတဲ့ စရိတ်ပါ။ အမျိုးသမီးကနေ အမျိုးသားပြောင်း ရင်ဒီထက်ပိုပြီး ကုန်မယ်”ဟု ရန်ကုန်ရုံးခွဲ တာဝန်ရှိသူက ရှင်းပြသည်။
ထိုင်းနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအများအပြားတွင် အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လည်းကောင်း ၊ အမျိုး သမီး မှ အမျိုးသားအဖြစ်သို့လည်းကောင်း ခွဲစိတ်လိင်ပြောင်းလဲခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းနှင့်ဆက်စပ် သော ခွဲစိတ်မှု ကျန်းမာရေးလုပ်ငန်းများသည် အမြတ်စွန်း ကြီးမားသောကြောင့် အပြိုင် အဆိုင် ဖွင့်လှစ် လုပ်ကိုင်လျက်ရှိ ကြောင်း၊သို့သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် အပြင် ရှေးရိုး အယူအဆ အစွဲအလမ်းကြီးသော မြန်မာနိုင်ငံတွင် ထိုလိင်ပြောင်းလဲခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် ခက်ခဲလှကြောင်း၊ ဆင်းရဲသောနိုင်ငံဖြစ်သည့်အတွက်လည်း လိင်ပြောင်းလဲရန် ဆန္ဒရှိစေကာမူ ငွေကြေး တတ်နိုင်သူ နည်းကြောင်း ရန်ကုန်မြို့မှ စာရေးဆရာတဦးက ပြောသည်။
“ဘာသာရေးအရလည်း လိင်ပြောင်းတာကို မြန်မာလူမှုအသိုင်းအ၀ိုင်းက လက်ခံမှာ မဟုတ်ဘူး။ နောက် ပြီး စီးပွားရေးအရ ဒီမှာက စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန် နေရတာဆိုတော့ လိင်ပြောင်းဖို့ဆန္ဒရှိ ရင် တောင် ငွေရေးကြေးရေးအခြေအနေကြောင့် လုပ်နိုင်ဖို့ မလွယ်ပါဘူး”ဟု ရန်ကုန်မြို့မှ အထွေထွေရောဂါ ကု ဆရာဝန်တဦးကလည်း ပြောဆိုသည်။
ရန်ကုန်မြို့မှ လိင်တူချစ်သူ အမျိုးသားတဦးကမူ အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ လိင်ပြောင်းလဲ ချင်ကြ သော လိင်တူချစ်သူအမျိုးသားအများအပြား ပြည်တွင်းတွင်ရှိနေပြီး ငွေလည်းတတ်နိုင်ကြကြောင်း၊ လိင်ပြောင်းလဲရန် မည်သို့မည်ပုံ ပြည်ပဆေးရုံများနှင့် ဆက်သွယ်ဆောင်ရွက်ခွဲစိတ်မှုခံယူရမည်ကိုမသိရှိကြ သူက အများစုဖြစ်နေကြောင်း ပြောသည်။
ငွေကြေးတတ်နိုင်၍ ခွဲစိတ်လိင်ပြောင်းလဲသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြင်ဆင် ပြုလုပ်ရန် ပြဿနာရှိ နိုင်သည်ဟု ရန်ကုန်စာရေးဆရာက ပြောသည်။
မြန်မာနိုင်ငံတွင် ခွဲစိတ်လိင်ပြောင်းလဲခြင်းကို တားမြစ်သော တရားဝင်ဥပေဒမရှိသော်လည်း လိင်ပြောင်းလဲ သူများသည် နိုင်ငံသားစိစစ်ရေးကတ်ကို ပြင်ဆင်ပြုလုပ်ရန်လိုအပ်ကြောင်း၊ လိင်ပြောင်းလဲပြီးနောက် နိုင်ငံ သားစိစစ်ရေးကတ် ပြုပြင်လျှောက်ထားရာတွင် လိင်ပြောင်းလဲ သွားသည်မှာ မှန်ကန်ကြောင်း သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏ စစ်ဆေးထောက်ခံချက် စာရွက်စာတမ်းများကိုပါ တပါတည်း တင်ပြလျှောက်ထားရမည် ဟု ရန်ကုန်တိုင်းလူဝင်မှု ကြီးကြပ်ရေးအရာရှိတဦးက ပြောသည်။
“လိင်ပြောင်းလဲပြီး နိုင်ငံသားစိစစ်ရေးကတ်ပြင်ဆင်လျှောက်ထားမယ်ဆိုရင် လိင်ပြောင်းသွားတယ်ဆိုတာ မှန်ကန်ကြောင်း ဆရာဝန်ထောက်ခံချက်တွေနဲ့လျှောက်ထားရင် ရနိုင်ပါတယ်။ အဲဒီလို တကူးတက ခွဲစိတ် လိင်ပြောင်းလဲပြီး နိုင်ငံသားစိစစ်ရေးကတ် ပြင်ဆင်လျှောက်ထားတဲ့ အမှုတွဲမျိုး ဒီမှာမရှိသေးဘူး” ဟု ထိုအရာရှိက ဆိုသည်။
၂၀၀၅ ခုနှစ်အတွင်းက လှိုင်သာယာမြို့နယ်တွင် နေထိုင်ဈေးရောင်းသည့် အသက် ၂၁ နှစ် အရွယ် မသင်းစန္ဒာ ဆိုသော အမျိုးသမီးငယ်တဦးသည် ယောက်ျား အင်္ဂါ အလိုအလျောက် ထွက်ပေါ်လာသည့် အတွက် အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ရှိခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်ကြီး များ၏ ထောက်ခံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးက မောင်သန်းစိန် နာမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ပြင်ဆင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန သတင်း ရပ်ကွက် မှ စုံစမ်းသိရှိရသည်။
Simultaneous hermaphrodites - မွေးဖွားစဉ်အချိန်မှာ လိင်အင်္ဂါ ၂ မျိုးစလုံး ပါဝင်လာခဲ့ တာပါ။ဘယ်အင်္ဂါရဲ့ ဖွံ့ ဖြိုးမှုက ပိုများသလဲ ဆိုတဲ့ အပေါ်တည်ပြီး ကျား သို့ မဟုတ် မ ပုံသဏ္ဍန် ပေါ်လွင်ခဲ့ ရ တာပါ ။ဒါပေမဲ့ သူ့ တဦးတယောက်ထဲနဲ့  မျိုးဆက်ပြန့်ပွားလို့ မရပါဘူး ။
စစဦးချင်း အချိန်တွေမှာတော့ သူဖြစ်ချင်တဲ့ ဘဝကို ရလိုက်လို့  သူအတော်လေး ပျော်ရွှင် ခဲ့ပါတယ် ။ တီဗွီ အစီအစဉ်တွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ ရတယ် ။ ဒီက မိန်းမရှာ အဖွဲ့ တွေမှာလည်း အထိုက် အလျှောက် နာမယ်ရခဲ့ တယ်ပေါ့ ။ သူက မိခင်ဘဝကို လိုလား တဲ့  အတွက် ကလေးငယ် တယောက်ကိုမွေးစားဖို့ တောင် ကြံစည်ခဲ့ သေးတယ်တဲ့ ၊ဒါပေမဲ့ တရားဥပဒေအရ သူ့ မှာ အိမ်ထောင်ဖက်စုံ မရှိလို့  ကလေးငယ် မွေးစားခွင့် ကို မရ ခဲ့ ပါဘုး ။ ပြီးတော့ နောက်ပိုင်းမှာ တွေ့ ကြုံရတဲ့  အဆင်မပြေမှု တွေ ၊ တခါတရံ လူမှုရေး အသိုင်းအဝိုင်းက ဖယ်ကျဉ်မှု တချို့  ကို ခံရတာ တွေ ရှိလာ တာ ကြာလာတော့ သူ ထင်မှတ်ထားသလို ပျော်ရွှင်မှု ကို အပြည့် အဝ မရတော့ဘဲ စိတ်ဓါတ်ကျ ရောဂါ စတင် ခံစားခဲ့ ရတယ် ။ ဒီလိုနဲ့ ဒီဒါဏ်တွေကို မခံစားနိုင် တော့ တဲ့ အဆုံး ။ ၇.၅.၂၀၀၃ နေ့ မှာ ဟော်တယ်ခန်းတခုထဲ မှာ သူ့ ကိုယ်သူ အဆုံးစီရင်ခဲ့ ပါတယ် ။ သူဖြစ်ချင်တဲ့  မိန်းမ ဘဝမှာ ၄ နှစ်တာ မျှဘဲ နေထိုင်ခဲ့ပြီး စိတ်ဖိစီးမှု ဒါဏ်တွေ ကို မခံစားနိုင်လို့  ၂၉ နှစ် အရွယ်ကောင်းလေးမှာ လောကကြီး ကို အရှုံးပေး ထွက်ခွာ ခဲ့ ရတာပါ ။သူ့ ရဲ့  အထီးကျန်ခံစားချက်များကို သူ့ ကိုယ်ပိုင် ဘလောဂ်လေး ထဲမှာ ရေးထားတာတွေနဲ့  ၊ ကျန်ခဲ့ တဲ့  တဦးတည်းသော အကိုရဲ့  ပြောကြားချက်များ အရ အကျဉ်းချုပ်ထားတဲ့  သူ့ ဇာတ်လမ်းလေးပါ ။
မူလသတင်းလေးက ဒီမှာ ရှိပါတယ် ။
記者:賴佩真 廖文漢 台中 報導
မြွေအရေခွံ ။ ဖွတ် ၊ ပဒတ် ။မိချောင်း အရေခွံ နဲ့ လုပ်ထားတဲ့  ဒီလို အိတ် လှလှလေးတွေ နှစ်သက် သဘောကျသူများ ၊ပိုက်ဆံ ချမ်းသာသူ လူတန်းစားများ ဈေးကြီးကြီးပေး ပြီး အလှဆင်တတ်ကြတာ ဘာကြောင့်များပါလိမ့်နော် ။
| ||||||
။ ဒီနေရာက ရတဲ့သတင်းလေးပါ... အောင်နက်နှင့် ဂုတ်ကျားမ ၂ကောင်သား ခေါင်းချင်းဆိုင်၍ ဤသတင်းစာ ကို ဖတ်ပြီးသကာလ အနီးရှိ လဖက်ရည်ဆိုင်မှ ဟစ်ဟော့သီချင်းသံတပုဒ် လွင့်မြောလာပါသည် .... ဪ လူဖြစ်ရတဲ့ ဒုက္ခ... လူဖြစ်ရတဲ့  ဒုက္ခ... ဒီတော့ အောင်နက်ကြီးတကောင်လည်း မနေနိုင် မထိုင်နိုင် ရောယောင်ပြီး လိုက်ညီးမိလိုက်သည် ။ ဪ ခွေးဖြစ်ရတဲ့ ဒုက္ခ.. ခွေးဖြစ်ရတဲ့ ဒုက္ခ ... အာ .....ဝူးးးး ....အာ....ဝူးးးးးး (ဤတွင် ခွေးဇာတ်လမ်း တခန်းရပ်ပါပြီ ).. ဖွားကိတယောက် ခွေးများအားစာနာသနားမိစွာဖြင့် ခွေးလိုတွေး၍ ခွေးလိုရေးလိုက်ပါသည်။ အဲ.. ခွေးဖက်မှခံစားကာ ရေးလိုက်ပါသည်။ လူကြီးမင်းများ လူကြီးမင်းဆန်ဆန် ဖတ်ကြပါလေကုန် ...... |