တနေ့ တနေ့  ကွန်ပူတာကြီးရှေ့ မှာထိုင်ပြီး ဘလောဂင်း နေကြ ၊ ချက်တင်း နေကြတဲ့  ကိုကို မမ မောင်လေး ညီမလေး တို့  ။ ရုံး အလုပ် လုပ်ရင်းတန်းလန်း နဲ့ သူဌေး အလစ်မှာ ဘလောဂ် ရွာလည် ကြသူများ အားလုံး တို့  ကျန်းမာရေး နဲ့  ညီညွတ်စွာ ဆက်လက် လှုပ်ရှား နိုင်စေဖို့  ဖေါ်ပြပေးလိုက်ပါတယ် ..
ကွန် ရှေ့ မှာ အချိန်တွေ အကြာကြီးထိုင်ပြီး ချက် ..အဲ .. အလုပ် လုပ် ရင် ထိုင်တာ ၊ ကွန်ပူတာ ကြီးနဲ့ လက်အနေအထား မှန်အောင်ထားတာ ။ တွေဟာ အရေးကြီးတဲ့  အရာ တွေပါနော် ။ ဒီလိုမှ မဟုတ်ရင်တော့ ဇက်ကျောတက် ။ လက်ကောက်ဝတ်နာ ။ ပခုံးနာ ။ ကျောနာ ။ ခါးနာ ။ တကိုယ်လုံးညောင်းညာကိုက်ခဲ ။မျက်စိတွေ ပြာ ပြီး ကိုက်တာ ။ စသဖြင့် ခံစားရတတ်တယ် ။( ခုတောင် နာနေ ၊ ကိုက်နေ ၊ ပြာနေ ပြီ မဟုတ်လား ...)
ဒီတော့ ဒီကွန် ကြီးရှေ့ မှာ သက်တောင့် သက်သာ ထိုင်ဖို့  နည်းလမ်းလေးများ ပြောပြပေးမယ် ။ မသိသေးတဲ့သူများ အတွက် ရည်ရွယ်ပါတယ် ။ သိပြီးသား သူများ ဆက်မဖတ် ချင်ရင် ကျော်ခွ သွား ကြပါရန် ။
(The findings are reported in Europe's leading reproductive medicine journal Human Reproduction. They show that using an NC on the lap increased the left scrotal temperature by a median 2.6°C and the right by a median 2.8°C. Several previous studies have shown that increases in testicular or scrotal temperatures of between 1°C and 2.9°C are associated with a sustained and considerable negative effect on spermatogenesis and fertility.)
ဒီအောက်မှာတော့ ကွန်ပူတာကြီးရှေ့ အကြာကြီး ထိုင်နေရသူများ အညောင်းအညာပြေ လေ့ကျင့် ခန်းလေးကို ထိုင်ရာမထ လုပ်ပုံ လုပ်နည်းလေးပါ ။
22 comments:
အော် ဂလိုလား ဂလိုလား အော်
ပေါင်ပေါ်တော့တစ်ခါမှမတင်ဖူးသေးဘူး
တော်သေးတာပေါ့ မဟုတ်ရင်သွားပြီ ဘဝပျက်ပြီ :P
ပေါင်ပေါ်မတင်တာက cool padပါတွဲပြီးလေးနေလို့
နောက်ပြီးကြိုးတွေရှုပ်နေလို့
ကုလားထိုင်ကတော့ရိုးရိုးကော်ကုလားထိုင်ပဲ တနာရီလောက်ထိုင်ရင်ပဲညောင်းညာနေရော
ချဲပေါက်မှပဲ ဒီပုံထဲကကုလားထိုင်ကိုဝယ်ရဦးမယ်
ခုနောက်ပိုင်းချက်တင်တော့သိပ်ကြာကြာမလုပ်ဖြစ်တော့ပါဘူး စာရေးတာပဲရှိတယ်
ခုလိုစနစ်တကျပုံနဲ့တကွပြပေးထားတာကျေးဇူးပါ
အကျိုးအများကြီးရှိပါတယ်
ဟဟဟ ကိုသားကြီးကတော့ လုပ်ချလိုက်ပြန်ပါပီ ခိခိ
မျှဝေပေးတာ ရှဲရှဲ ဖွားကိရေ များ နံပါတ် ၃ ရတယ်နော် ဒီတခါ ဘိတ်ဟုတ်တော့ဘူး ရယ် ဟဟဟ
ကျေးဇူးပါဗျာ ဒါပေမယ့် ကျနော်ကအိပ်ယာထဲမှာ လှဲပြီး ဟိုလိမ့်ဒီလိမ့်နဲ့ပေါ့ ကွန်ပြူတာ ကြည့်တယ် စာရိုက်တယ်ဆိုတော့ မကောင်းဘူးမှတ်လားဗျာ ခုပြောသလိုပြောင်းလုပ်သင့်လား ဖြေကြားပေးပါ :)
ကျေးဇူးကို အထူး အထူး တင်မိပါကြောင့်
ကျွန်တော်တို့လို လက်ပ်တော့ (ဟိ့ တတ်လွယ်သော) ကိုင်သူအတွက် အထူးသတိပြုသင့်စရာဖြစ်ပါကြောင့်
အဲဒီအချက်သည် ယောက်ျားလေး ကျွန်တော်တို့လိုသာ ဖြစ်တတ်ဖြစ်သည့်အတွက် သေချာ ဖတ်မှတ်သွားပါကြောင်းပါဗျာ
အရင်တုန်းကလဲ သိတော့အသိသား...
တခါမှ လိုက်မလုပ်ကြည့်ဖူးပါဘူး...
ကိုယ့်ကို သူများက အရူးလို့ ပြောမယ်ထင်သေးတာ...
နောက်နေ့ကစပြီး လိုက်လုပ်ကြည့်ဦးမယ်...
သူများမေးရင် အီဒီရော့က ပြောပြတာလို့ ပြောလိုက်မှာပေါ့...
းဝ)
သူကလဲ အပူချိန်တတ်တာ ခွဲဂျမ်းခွဲဂျမ်းနဲ့....
ဘယ်နဲ့ညာနဲ့ ဘာကြောင့်မတူရတာလဲ.....
:( တခါမှ အဲဒီလို မထိုင်ဖူးဘူး။ ကြောက်တယ် ကောင်းကောင်း ချက်တင်ထိုင် အဲ အလုပ်လုပ်တော့မယ်နော်။ ကျေးဇူး ဘွားကိ
အီး မကြီးကိ ကယ်ပါ။ ကယ်ပါ။
အနော် ညဖက်ဆို လက်တော့က ပေါင်ပေါ်မှာဗျ။
နောက်ဆို ကူးပက် ခံတော့မယ်။
ရှဲရှဲနီ ....
ဝေါ မီ ထော ဖော
မမ ရေ မှတ်သားစရာပါပဲနော်...နောင့် တို့အတွက် ဘာမှ မဖြစ်နိုင်ပါဘူးနော်..မမ..း) နောင့်က နံရံကို မှီ လက်တော့ပ် ကို ပေါင်ပေါ တင် အဲ့လို.. စာရေး၊ စာဖတ်တာများတယ်..အိမ်မှာဆိုရင်ပေါ့...း)...ကျေးဇူးနော် မမ...။
မှတ်သားသွား၏
မကိရေ.. ကျေးဇူးဗျာ..လေ့ကျင့်ခန်းတော့ စမ်းလုပ်ကြည့်လိုက်ဦးမယ်...
ကျေးဇူးသိပ်တင်ပါတယ်။ကျွန်တော်ကကုတင်ခြေရင်း
မှာကွန်ပြုတာထားရိုက်တော့  အမှားတွေ ပြင်ရတာ
များလွန်းတော့  ဆယ့် နှစ်နာရီခွဲလို့  အိပ်တော့ 
မယ်လဲဆိုရော ခါးကမတ်မရတော့ ဘူး၊ကုန်းထား
တာများသွားလို့ လေ။ လယ်ဗယ် ညှိဘို့ ကြိုးစား
ရတော့ မယ်။ရှက်..ရှက်...ပါ မကီရေ..။
ညီမလဲ ညီမလေးမေဇင်လိုပဲ အခုတောင် ပေါင်ပေါ်တင်ပြီး ကြည့်နေတာ :P
.ကျေးဇူးပါနော် မ...
နောက်ဆိုသိပြီ... အင်တာနက်ပေါ်မှာ အမြဲတွေ့နေရတဲ့သူတွေ.. ခါးနဲ့ပတ်သတ်တာတခုခုတော့ ရှိနိုင်တာပေါ့နော်..ဟီးဟီး..
ဥပမာ ခါးကိုင်းတာ လက်ပြင်ကုန်းတာ ခါးကြီး ခိုင်နေတာ... ဇက်ကျောတတ်နေတာ... မျက်စေ့မွဲနေတာ...မလွတ်တော့ဘူး...ဟားဟား...
ရုံးမှာလဲ ထိုင်ရင်းထိုင်ရင်း နဲ့  လျောလျော သွားတာ ၁၆၀ ဒီဂရီ လောက်ထိ ရှိတယ်.. ဒီလေ့ကျင့်ခန်းလေး ကအရမ်းအသုံးဝင်တာပဲ.. ကြည့်နေရင်းနဲ့တောင် လိုက်လုပ်ကြည့်လိုက်သေးတယ်..ရှဲ့ ရှဲ့း))
မီးချစ် ကတော့ မိန်းကလေး ဆိုတော့
ဘာမှ ကြောက်စရာ မလိုဘူးပေါ့နော် ဖွားဖွား အဲမှားလို့  ကိကိ
မမကိ....တကယ်မှတ်သားသွားပါတယ်..
ဂျစ်တို့လို့ ကွန်ပြူတာနဲ့ အလုပ်လုပ်နေတဲ့သူအဘို့
တော်တော် အကျိုးရှိတဲ့ ပို့စ်လေးပါ...။
နှစ်သက်သွားတယ်....မမကိ
မမကိ...အာဘွား....
ချစ်တဲ့
ညီမဂျစ်
ဒေါ်ကီကီရေ လေ့လာသွားပါတယ် ဒီလိုကျန်မာရေးကို လိုက်စားပီ ဘလေဂ့်ဂင်းနိုင်ဖို့ အသိပေးတာလဲ ကျေးဇူး ပါ နော် .... ဒီလို ပညာများ ဆက်ပေးနိုင်ပါစေ..
ကိုဇော်
ညောင်းသွားပြီမဟုတ်လား မမကိ
နှိပ်ပေးမယ်လေ :D
ခေါင်းမှီလေးပါတဲ့ခုံနဲ့သာဆို အလုပ်တောင် လုပ်နိုင်တော့မယ်မထင်ဘူး
တခါတည်း အိပ်ပျော်သွားမှာ မြင်ယောင်တယ် :D
ကျေးဇူးတင်ပါတယ်..။ ရှေ့ဆက် ဘလောဂ်ဂင်းလို့ အဆင်ပြေသွားတာပေါ့.....။
Hi there, I found your blog via Google while searching for first aid for a heart attack and your post looks very interesting for me.
rH3uYcBX
Post a Comment