ဝက်တုပ်ကွေးအတွက် ကုသရေးနှင့် ကာကွယ်ရေး အတွက် အသုံးပြုနိုင်သော ဆေး များနှင့် အညွှန်းများ
http://www.cdc.gov/swineflu/recommendations.htm#
ရောဂါပျံ့နှံ့မှု အဆင့် ၆ ဆင့်ရှိတဲ့အထဲ အခု အဆင့် ၄ ကနေ အဆင့် ၅ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မြှင့်တင်လိုက်တဲ့အတွက် ကမ္ဘာနဲ့အ၀န်း ပျံ့နှံ့မှုအဆင့်ကိုရောက်ဖို့ ၁ ဆင့်ပဲလိုပါတော့တယ်။
ဝက်တုပ်ကွေး သတိပေးအဆင့် ၅ WHO တိုးမြှင့်
30 April 2009
ဝက်တုပ်ကွေးရောဂါ အကြီးအကျယ် ပျံ့နှံ့နိုင်တဲ့ အဆင့်ကို WHOက မြှင့်တင်လိုက်ပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် မာဂရက် ချမ်း က သတိပေးချက် အဆင့် ၅သို့ မြှင့်တင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ဂျနီဗာမှာ ကြေညာ လိုက်ပြီး နိုင်ငံ အားလုံး အဲဒီ နှုန်းထားနဲ့ ပြင်ဆင်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ပထ၀ီ ဒေသတလျှောက် ကျယ်ပြန့်စွာ လူတွေ အကြား လူဦးရေ မြင့်မားစွာ ကူစက်နိုင်တယ်လို့ WHOက ဆိုပါတယ်။ မက္ကဆီကို နိုင်ငံမှာ ၀က်တုပ်ကွေးရောဂါကြောင့် လူ ၁၅၉ယောက် သေဆုံးပြီး လူ ၂၅၀၀ယောက်လောက် ၀က်တုပ်ကွေး ရောဂါ ဖြစ်နေကြပါတယ်။
အမေရိကန် နိုင်ငံမှာ ပြည်နယ် ၁၀ခုမှာ ၀က်တုပ်ကွေး ရောဂါ ဖြစ်သူ ၉၁ယောက် ရှိကြောင်း ရောဂါ ထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဌာနက ကြေညာပြီး မိန်း ပြည်နယ်က လာတဲ့ သတင်းတရပ်က ရောဂါဖြစ်သူ ၃ယောက် တွေ့ရှိလို့ အခုအခါ ပြည်နယ် ၁၁ခုမှာ ရောဂါဖြစ်သူ ၉၄ယောက်ရှိသွားပါပြီ။ အသက် ၂၃ လသား တယောက်ကတော့ ၀က်တုပ်ကွေး ရောဂါနဲ့ တက္ကဆက် ပြည်နယ်မှာ သေဆုံး သွားပါပြီ။ ၀က်တုပ်ကွေး ရောဂါ ဖြစ်နေကြတဲ့ထဲမှာ သြစတီးလျ၊ ဗြိတန်၊ ကနေဒါ၊ ကိုစတာရီကာ၊ ဂျာမနီ၊ အစ္စရေး၊ စပိန်နဲ့ နယူဇီလန် နိုင်ငံတို့ ပါဝင်ပါတယ်။ သြစတေးလျ၊ ကိုလံဘီယာ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာတော့ ဖျားနေကြလို့ ၀က်တုပ်ကွေး ဟုတ် မဟုတ် စူးစမ်းနေဆဲ ဖြစ်ပါတယ်။ ၀က်တုပ်ကွေး ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးကို အတက်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ သမ္မတ အိုဘားမားက ကြေညာပါတယ်။
http://www.voanews.com/burmese/2009-04-30-voa1.cfm
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
ဝက်တုပ်ကွေး ကာကွယ်ဆေး ဖော်စပ်နိုင်ရေး သိပ္ပံပညာရှင်တွေ ကြိုးပမ်း
29 April 2009
ဝက်တုပ်ကွေး ဗိုင်းရပ် ပျံ့နှံမှုကို ကမ္ဘာအ၀ှမ်း လူထု ကျန်းမာရေး အရာရှိတွေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြချိန်မှာပဲ၊ ဆေးသိပ္ပံ ပညာရှင်တွေကလည်း အခု ဗိုင်းရပ် မျိုးစိတ်သစ်အတွက် ကာကွယ်ဆေးထုတ်ဖို့ အပြင်းအထန်ကို ကြိုးပမ်း နေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Jessica Berman သတင်းရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
Johns Hopkins တက္ကသိုလ် လူထု ကျန်းမာရေးဌာနက မော်လီကြူး ဇီဝ ပညာရှင် Andrew Pekosz အဆိုအရတော့ အခု တိုင်းပြည် အချို့မှာတွေ့လာရတဲ့ H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်မျိုးနဲ့ ပတ်သက်လို့ ပညာရှင်တွေ သိရှိထားမှု အတော် နည်းတယ်လို့ ပြောရမှာပါ။ တိုင်းပြည် တပြည်ကနေ တပြည် ၀က်တုပ်ကွေး ဗိုင်းရပ် ပျံ့နှံ့မှုနှုန်းကြောင့်လည်း ဒီရောဂါဟာ ကမ္ဘာရဲ့ ကပ်ရောဂါတခု ဖြစ်လာနိုင်ပါတယ်။
အခု ဗိုင်းရပ်ဟာ လူ အသက်ရှု လမ်းကြောင်းကို ထိခိုက်စေတဲ့ A အမျိုးအစား တုပ်ကွေးဖြစ်ပြီး ရောဂါ ပြင်းထန်ရင်တော့ အသက်ဆုံးရှုံးမှုပါ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်ဟာ လူတဦးကနေ တဦးကိုလည်း အလွယ်တကူကို ကူးစက်ပါတယ်။
ဒီဗိုင်းရပ်ဟာ ၀က် လူ ငှက်တို့မှာ ဖြစ်တဲ့ တုပ်ကွေး မျိုးရိုးဗီဇတွေ ရှိပြီး၊ ဘယ်သူမှ ဒီဗိုင်းရပ်ကို ခံနိုင်ရည်မရှိဘူးလို့ Pekosz က ပြောပါတယ်။
"ဒါဟာ ဗိုင်းရပ်အသစ်ပါ။ ဘယ်လို ဇီဝဖွဲ့စည်းမှုတွေရှိတယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ တုပ်ကွေး ဗိုင်းရပ် မျိုးစိတ်တွေဟာ မတူညီတာနဲ့အမျှ တိရိစ္ဆာန်နဲ့ အခြား လူတွေမှာ ရောဂါဖြစ်နိုင်ခြေဟာလည်း တူညီမှု မရှိပါဘူး။ အခုတော့ ဒီဗိုင်းရပ်ကြောင့် ရောဂါဖြစ်နိုင်ခြေဟာ အတော်လေးကို ရှုပ်ရှုပ်ထွေးထွေး ရှိနေပါတယ်။"
အခု ဒီဗိုင်းရပ် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ PATH လို့ခေါ်တဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းက Kathy Nauzil ကတော့ သတင်းကောင်း တခုကို ပြောပါတယ်။ အခု တွေ့ရတဲ့ ၀က်တုပ်ကွေး ဗိုင်းရပ်ရဲ့ မော်လီကျူး ဖွဲ့စည်းမှုကို သုံးသပ် ကြည့်တော့ တကမ္ဘာလုံးမှာ အခု တွေ့နေရတဲ့ ဗိုင်းရပ်က တမျိုးတည်းပဲ ဖြစ်နေတာပါတဲ့..
"ဗိုင်းရပ်က အသွင်ပြောင်း သွားတယ်ဆိုတာ မတွေ့ရပါဘူး။ မက်ဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုက နေရာ အတော် များများမှာ တွေ့ရတဲ့ ဗိုင်းရပ်က တပုံစံတည်းဖြစ်နေပါတယ်။"
အခု တွေ့ရတဲ့ ၀က်တုပ်ကွေးဟာ လူတွေကို ကူးစက်ပြီး မျိုးရိုးဗီဇ ပြောင်းလဲပုံ မရတောကြောင့် ကာကွယ်ဆေး ထုတ်လုပ် ဖို့ ပိုပြီး လွယ်ကူလိမ့်မယ်လို့ သူက ပြောပါတယ်။ CDC အမေရိကန် ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနကလည်း ကာကွယ်ဆေး ထုတ်နိုင်ဖို့အတွက် ၀က်တုပ်ကွေး ဗိုင်းရပ် နမူနာတွေကို ဆေးကုမ္ပဏီတွေကို ပို့ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ ရှိနေတဲ့ အကဲစမ်းချက်ကတော့ ၀က်တုပ်ကွေး ကာကွယ်ဆေးတွေကို ဘယ်လိုဖြန့်ချီမလဲ ဆိုတာကို ဆုံးဖြတ်တဲ့ကိစ္စ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လာမယ့် တုပ်ကွေး ရာသီအတွက် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဟာ အခု H1N1 တုပ်ကွေးကို ထိရောက်မှု မရှိတာ ကြောင့် ဒါတွေကို အခုလက်ရှိ တုပ်ကွေးကာကွယ်ဆေးနဲ့ပေါင်းပြီး ထုတ်မလား သူ့ချည်းသက်သက် ကာကွယ်ဆေး အနေ နဲ့ ထားမလားဆိုတာ လူထုကျန်းမာရေးအရာရှိတွေ ဆုံးဖြတ်ဖို့လိုအပ်တယ်လို့ John Hopkins တက္ကသိုလ်က Andrew Pekosz က ပြောပါတယ်။
အခုတော့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရော အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနတို့ကပါ တုပ်ကွေး ဗိုင်းရပ်သစ် ကာကွယ်ဆေးအတွက် ဆေးကုမ္ပဏီတွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ဒီသတင်းလေးကို ဒီနေရာမှ ရယူဖေါ်ပြပေးခြင်းဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-04-29-voa6.cfm
၂၀၀၉ ဧပြီလ ၁၂ ရက်နေ့  ။ထိုင်ပေ ၊ကျုံးဟိုမြို့ မှာကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြို့ တော်ဝန်လဲ ပါဝင်ပြီး မြို့ နယ်သားများနဲ့အတူ ပျော်ရွှင်စွာ ရေကစားနေကြတဲ့ ပုံလေးပါ ။
ဒါကတော့ ရေပန်းတွေအောက်မှာ မြို့ နယ်ရပ်ကွက်မှလူတွေ သင်္ကြန်ရေ အဖျန်းခံပြီး ဆော့ကစားနေကြပုံတွေပါ..