ကိုယ် ဒီကိုရောက်လာရတာတသက်လုံးယောင်လို့ တောင်အိပ်မက်ထဲ ထဲ့ မမက်ခဲ့ ဘူး၊ မမျှော်လင့်ဘဲ့ အကန် ခံလိုက်ရပြီးရောက်လာတဲ့  ဘောလုံးလေးတလုံးလိုပေါ့ ။အမျှော်အမြင်ကြီးတဲ့ မားသားကြီးက အမိပြည်မှာဆက်နေရင် ပြောမရ ဆိုမရလေး ၊အိမ်မကပ်တဲ့ ဟာလေး ။ ဒီလိုမှပြည်နှင်ဒါဏ်မပေးရင် တနေ့ တော့ ဒုက္ခ နဲ့ လှလှနဲ့ တွေ့ ရချည်သေးရဲ့ ဆိုပြီး တချက်လွှတ် အမိန့် ချလိုက်လို့  မယောင်မလည်နဲ့  လုပြည် ဝပြည် ကိုလေလွင့် လာရတာပေါ့ ။ အချိန် တလ အတွင်း ဘာမှမဆိုင်တဲ့ လူမျိုးခြား ။ရေခြား ။ မြေခြားမှာ သွားနေရအောင် ဘာမှလဲ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရောက်လာရတာ ။စာရေး၊ စာဖတ်တတ်ဖို့ ဝေးသေး ။စကားတောင် ၁. ၂. ၃. ၄ အလုံးကွဲအောင် မပြောတတ်ပါဘူး ။ဒီရောက်တော့ အမ တဝမ်းကွဲ တွေအိမ်မှာ နေရတယ်လေ ။ ရောက်ခါစဆိုတော့ ဘာအလုပ်မှ လုပ်လို့ မရသေးဘူး ။ တရားဝင်နေထိုင်ခွင့်  လက်မှတ်ရမှ အလုပ်ရှာလို့ ရတယ် ။ နို့ မဟုတ်ရင် ပြသနာတက် နိုင်တယ် ။ ဒါကြောင့် တလလုံးလုံး အိမ်မှာဘဲ နေရတာ ။ အမဝမ်းကွဲ အလုပ်သွားနေတဲ့ အချိန်ဆို အိမ်မှာ တယောက်ထဲ ပျင်းနေတာ ။ စကားလဲ မပေါက် ။ လမ်းတွေလဲ မကျွမ်းဆိုတော့  အိမ်စောင့်နတ်နဲ့ မတည့်တဲ့ ကိုယ်တယောက် နေ့ခင်း နေ့ လည် ဘာလုပ်ရမှန်းမသိ ။ သူတို့ ဆီက လွှင့်တဲ့ TV programme တွေလည်း ကိုယ်နားမလည် ၊ မကြည့် ချင် ၊ တခါမှလည်းမခွဲဘူးတဲ့  အမေ့ကိုလွမ်းလို့ တနေ့ တနေ့  ခိုးပြီးငိုနေရတယ် ။(ဗမာပြည်မှာရှိနေတုန်းကတော့ အိမ်ဆိုတာကြီးကို မကပ်ချင်တာ ၊နီးတကျက်ကျက် ၊ဝေးတသက်သက် ဆိုတာ သိပ်မှန်တာဘဲ )
* ကိုယ့်အိမ်ထောင်ဖက်ကို ချစ်တယ်လို့ ပြောလိုက်လို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* သားသမီးလေးတွေကို သိပ်လိမ္မာတာပဲလို့ ချီးမွမ်းလိုက်မိလို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ဆိုက္ကားဆရာကို ရေတစ်ခွက် တိုက်လိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* တန်းစီနေခိုက်မှာ ကိုယ့်ရှေ့က တစ်ယောက်တစ်လေ ကြားဖြတ်ဝင်တာကို သည်းခံလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အစ်ကို အစ်မတွေဆီကို သတိရကြောင်း ဖုန်းလေးနဲ့လှမ်းပြော ၊ စာလေးနဲ့လှမ်းပြောလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* မမာနေတဲ့ အပေါင်းအသင်းဆီ စားစရာလေး တစ်ခုခု သွားပို့လိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အိုမင်းမစွမ်းသူ တစ်ယောက်အတွက် ကိုယ့်နေရာကို ဖယ်ပေးလိုက်လို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အများအကျိုးအတွက် ဆောင်ရွက်ပေးသူတစ်ယောက်ကို အားပေးစကားဆိုလိုက်မိလို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ဟင်းချက်စရာကို တောင်းထဲထည့်ပေးလိုက်တဲ့ ဈေးသည်ကို ကျေးဇူးတင်ပါတရ်ဗျာ/ရှင်လို့ ပြောလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အိမ်မှာမွေးထားတဲ့ ခွေးကလေးနဲ့ ခုန်ပေါက် ကစားလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ကိုယ့်လက်အောက်က အလုပ်ပင်ပန်းနေတဲ့ အမှုထမ်းကို ရက်တွက်မဖြတ်ဘဲ တစ်ရက်တာ အနားပေးလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပြီး နောက်တစ်ခါ အလားတူ အမှားမျိုး မကျူးလွန်ဖြစ်အောင် ဆင်ခြင်သုံးသပ်လိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ဒီ ဘာမဟုတ်တဲ့ ထောက်ထားမှုလေးတွေကိုပဲ ကြုံရင် ကြုံသလို လုပ်ရင်းနဲ့ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းသွားလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
Sandy Ezrine ရေးတဲ့ It couldn't hurt ကို ဆရာအတ္တကျော်က ဆီလျှော်အောင်ဘာသာပြန်ပေးထားတဲ့ စာစုလေးတွေပါ ။ ကျွန်တော်တို့ ဘ၀မှာလဲ ဒါလေးတွေက နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတာပါ ။ ကိုယ့်မျက်စိအောက်မှာပဲ ဖြစ်ပေါ်နေတဲ့ ဒီအရာလေးတွေကို ထောက်ထားသင့်ပါရက်နဲ့ လောဘ ၊ အတ္တ ၊ မာန တို့ကြောင့် လစ်လျှူရှုဖြစ်နေတာလဲ အားလုံးလိုလိုပါပဲ ။ ဒါကြောင့် ဒါမျိုးလေးတွေကို သူငယ်ချင်းတွေ အနေနဲ့ မြန်မာလူမျိုးပီပီ ထောက်ထားညှာတာလိုက်လို့ ဘာမှ နစ်နာသွားနိုင်ပါသလဲ...?
နတ်သဘင်မှအရူးလေးတယောက်ရဲ့ အတွေးအခေါ်လေးတွေ ကြိုက်လို့  ပြန်ပြီးမျှဝေပေးလိုက်တာပါ။
ဒီလွယ်လွယ်ကူကူ ကိစ္စလေးတွေကိုတောင် လူအတော်များများက လိုက်လုပ်နိုင်ဖို့ သိပ်မလွယ်ကြဘူးနော်။ ဪ..လူ့ စိတ်..
ငါပြောသလိုလုပ်..ငါလုပ်သလို မလုပ်နဲ့ ဆိုတာ ဒါမျိုးတွေလား ။ ။ ။ ? ? ?
ဒီရောက်ကတည်းက အလုပ်ကိုတပါတ်မှာ ၆ရက်..တရက်ကို ၁၆ နာရီ အလုပ်ချိန်ကို မလုပ်ချင်လုပ်ချင်၊လုပ်နေရတာဘယ်ဝဋ်ကျွေးလည်းမသိပါ။ တနင်္ဂနွေတရက်ဘဲအနားရတယ် ။
ဒီရှားရှားပါပါး နားတဲ့ တရက်မှာ များသောအားဖြင့် တယောက်ထဲဟိုပတ်ဒီပတ် လျှောက်သွားနေကြပါ။လေပြင်းမုန်တိုင်းကျတဲ့ ရက်တောင် အလွတ်မပေးတတ်ဘူး။ အဟဲ အိမ်နဲ့ သိပ်ဓါတ်မတည့်လို့ နဲ့ တူပါတယ်။ဒါမှမဟုတ်၊ခြေထောက်မှာဗွေပါလို့လားမသိပါ။အိမ်မှာမကပ်ချင်ဘူးလေ။ ခုတလော သွားပတ်တတ်တဲ့နေရာလေးကတော့ MRT မြေအောက်ကြွက်တွင်းမှ အရောင်းဆိုင်တန်းတွေပါ ။မိုးလုံ၊လေလုံ၊ နွေဆိုလဲ အဲယားကွန်းအပြည့်နဲ့မို့ အေးအေးဆေးဆေး။စားသောက်ဆိုင်တွေလဲအစုံ ၊ခေတ်လူငယ်ကြိုက်ပစ္စည်းလဲအစုံရ ၊ဈေးလဲ သက်သာတဲ့ ဆိုင်တွေအများကြီးရှိလို့ လေ ။ပေါချောင်ကောင်းကြိုက်သူ အီဖေကိုယ် အကြိုက်နေရာလေးတခုပေါ့။
ဒီနေ့ တော့ဒီကြွက်တွင်းထဲ အရိုးရှာဖို့  တာဝန်တခုနဲ့ ရောက်ခဲ့ သေးတယ် ။(အဟဲ စကားဝှက်ပါ ။သက်ဆိုင်သူတယောက်ဘဲ ဒီအဓိပ္ပါယ်ကိုသိမှာပါ ။ဒီအကြောင်းနောက်မှအဖြေပြောပြမယ်နော်)။
ဒါပေမဲ့ ခြေသာတိုရော ။ အရိုးနဲ့တူတာဆိုလို့ ငဖေါင်ရိုးတောင်မတွေ့ မိဘူး( ဒီကလူတွေ အစားသောင်းကျန်းလို့  ဝကစ်ကစ်လေးတွေများတယ် ) ။ဒီတော့တွေ့ တာ မြင်တာလေးတွေဘဲ ထဲ့ ပေးလိုက်ရတယ် ။ ဒီကအခြေခံလူတန်းစားတွေ ။ လူငယ်လေးတွေ အားလပ်ရက်တွေကို ဘယ်လို အသုံးချကြသလဲ ဆိုတဲ့  အကြောင်းများထဲက တစေ့တစောင်းလေးတွေပါ..
ဒီအထဲမှာကြည့်ခဲ့ရတဲ့မျက်လှည့်ပွဲလေးက အတော်လေးကောင်းတယ် ။ဒါပေမဲ့ ရိုက်ထားတာ ၁၀ မိနစ်စာ .ပေရှည်သွားလို့နဲ့ တူပါရဲ့  ဘယ်လိုမှ upload လုပ်မရလို့  မတင်ပေးလိုက်ရဘူး။ သိတဲ့ လူတွေ ပြောပြကြပါအုံး။
ဒါကြောင့် တင်လို့ ရတဲ့ အတိုအထွာလေးဘဲ ထဲ့ပေးလိုက်တာ စိတ်မရှိပါနဲ့ နော်..






