လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့
ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီး
ခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။
အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။
နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။
ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။
ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီး
တောင်ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။
သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က ကမ်းပါးပြတ်တစ်နေရာမှာ
ပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့် သီးနေလေရဲ့။
ဝမ်းမြောက်ဝမ်းသာ အားရအားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက် ဟိုးအဝေးဆီက
ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ အောက်က
သူ့ကိုမော့ကြည့်နေတာ အတိုင်းသား မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ"
တုန်သွားတယ်။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ်ဖြစ်၊
ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ
ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။
စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ အသံတချို့ ကြားရပြန်တယ်။
ကြွက်နှစ်ကောင်က ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။ ရုတ်တရက်
တစ်ချက်ပြာသွားပေမဲ့ ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို
ကြွက်ကိုက်လို့ အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့
တော်သေးတယ်လို့တွေးမိ သွားတာကိုး။
စိတ်ပြန်လည်ငြိမ်သက်သွားတော့ ဘေးပတ်ပတ်လည်မှာ
ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။
ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့
ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။ သုံးထောင့်သဏ္ဍာန်ရှိတဲ့
သစ်ပင်ခွကြားကောင်းကောင်းတစ်ခု
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော
ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။
အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲနှစ်ကောင်းလုံး
ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူက သစ်ကိုင်းတွေကို အသာအယာဆွဲရင်း
ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း တွယ်တက်လာခဲ့တယ်။
နောက်ဆုံးတော့ အသက်အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။
ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားက
ဘယ်လိုမှမအောင့်မစောင့်နိုင်တော
လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့်
ကြောက်လန့်ပြီးထွက်ပြေးကုန်ြ
ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။
လူတွေက အမိဝမ်းက ကျွတ်တဲ့အချိန်ကစပြီး
အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက်
နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း ကမ်းပါးအောက်က
လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့
ညဥ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘ၀ရဲ့
ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး
ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။
လူ့ဘ၀ရဲ့ အဆိုးဆုံးအခြင်းအရာဟာ သေခြင်းဘဲဆိုတာ သိနေမှတော့
တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။
ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင် အိပ်ပစ်လိုက်ဖို့ဘဲ။
အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျ
"ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။
BeautyMax Magazine မှမောင်မောင်လှိုင်၏ စာပုဒ်လေးပါ ။ပေးပို့ တဲ့ သူငယ်ချင်းနဲ့  မူရင်းစာရေးသူု တို့ ကိုကျေးဇူးတင်ပါတယ် ။
လွမ်းတော့ လွမ်းတယ် ဒီဇင်ဘာရယ် ။ကိုယ် မင်းကို လွတ်မထွက်သွားအောင် ဖက်တွယ်ထားလိုက်ချင်ပါရဲ့ ။တနှစ်ရဲ့  နောက်ဆုံး ဒီတလကုန်ခါနီးတိုင်း မင်း အမြဲတမ်းကိုယ့် အနားမှာရှိနေနိုင်ရင်ကောင်းမှာဘဲလို့  စဉ်းစားမိပါပေါ့ လား ။စကားချပ်...ဒီအချိန်ဆိုရင် လျှော့ဈေးချတဲ့ အချိန်လေ ၊ဒီ အချိန်လေးစောင့်ပြီး ပစ္စည်းတွေဝယ်ရတာ .. အဟဲ ပိုတွက်ချေကိုက်လို့  ပါ ။ တပါတ်မှာ မှ တနဂ င်္နွေ တရက်ဘဲ အနားရလို့ ဟိုဟိုဒီဒီ ဈေးဝယ်ထွက်ရတဲ့ အချိန်လေးတောင် မလောက်ချင်ဘူး ။ ဒီဇင်ဘာတလမှာ တနင်္ဂနွေ ၈ ပါတ်လောက်ရှိပေးရင်ကောင်းမယ်နော် ။
အဟင်း ...မင်းကလှည့်မကြည့်ဘဲထွက်ခွာသွားတဲ့  အချိန်တိုင်း အသစ် တွေ့ လို့  အဟောင်းမေ့ကြသူ အတော်များများက လက်ခုတ်လက်ဝါးများတောင်တီးလို့  ရင်ခွင်သစ်ထဲ အလုအယက်တိုးဝင်ခဲ့ကြတဲ့  အကြိမ်ပေါင်းလဲ မနည်းတော့ပါဘူး ။ ကိုယ်တိုင်လဲ ဒီလို ပျော်ခဲ့ ဘူးတာပေါ ၊့ ဒီ တနှစ်ပါတ်လုံးမှာ ကိုယ့်အတွက် ၊ မိသားစုအတွက် တိုးတက်ရာတိုးတက်ကြောင်းဘာတွေ လုပ်ခဲ့ ပြီးပြီလဲ။ရှေ့ ဆက်ပြီးဘာလုပ်ရမလဲ ...ခုတော့ ဒီလောက်ဘဲ စဉ်းစားမိတော့တယ် ။ ကာလ ဒေသလိုက်ပြီး လူတွေ ရဲ့ စိတ်တွေ အတွေးအခေါ်တွေ အနည်းနဲ့  အများပြောင်းလဲ ကုန်တတ်ကြတာ အစတုံးကသဘောမပေါက် ၊လက်မခံမိခဲ့ ဘူး ။ ခုတော့ လဲ မတတ်နိုင်လက်မှိုင်ချ ပြီး ၊ မတတ်သာ ခပ်ခွာခွာနေတတ်ဖို့  ကိုယ် အကျင့် သားရနေပါပြီ ။ ကိုယ့်လူမျိုး အတွက်တို့  ၊ တိုင်းပြည်အတွက်တို့ ဆိုတဲ့  အတွေးအခေါ်တွေကိုတော့ လွန်ခဲ့ တဲ့  အနှစ် ၂၀ ကျော် က အတွေ့  အကြုံတွေအောက်မှာ မှုန်ဝါး စွာနဲ့  ချန်ခဲ့ရပါပြီ ။ အဲဒီ အချိန်လေး က၊ အဖြစ်အပျက်လေးတွေကိုလဲ ... အင်း လေ .. လွမ်းတော့ လွမ်းတယ်ပေါ့ ။အသက်တွေ တနှစ်စီကြီးသွားကြပြီ ဆိုတော့ သူတို့ လဲ အတွေ့  အကြုံတွေ တနှစ်စာပိုရပြီးအသိဥာဏ်တွေလဲ ပိုပြီးရင့်ကျက်လာကြမှာပေါ့ လေ။ နောက်တော့လဲ ဒါတွေဟာ ဘာမှ မဟုတ်တော့ပါဘူး ။ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန် ပျက်ကြရတာဘဲလေ ။ ဒီတော့ လက်ရှိဘဝလေးတွေမှာ ပျော်အောင်နေကြပြီး ကိုယ့် ဘဝရှေ့ ရေးလေးတွေ အတွက် မျှော်လင့် ချက်တွေ ပေးနေသေးတဲ့  နှစ်သစ်လေးတွေကို ကြိုဆိုကြတာပေါ့ ။
လွမ်းတော့လွမ်းတယ် ဒီဇင်ဘာရယ် ။ ငယ်ငယ်တုန်းက ဒီဇင်ဘာ ချမ်းချမ်းလည်း အလွတ်မပေး ။မားသားကြီး က စောစောစီးစီး အတင်း နှိုးပြီး ရေသွားကူးခိုင်းလို့  အိပ်ချင်မူးတူး ရေကူးရတာ။ရေကူးသင်ခါစမှာ မသွားချင်လို့  ဆရာကို အကြောင်းအမျိုးမျိုးရှာပြီး နှိပ်စက်ခဲ့ တာ။ တခါတလေ ပြန်တွေးမိပြီး လွမ်းသလိုပါဘဲ။ ခုတော့ ဒီကဆောင်းတွင်း ဘယ်လောက်အေးအေး . နှိုးမဲ့ အမေ အနားမှာ မရှိပေမဲ့  ကိုယ့် အသိနဲ့ ကိုယ်ထ ၊ အလုပ် မတက်ခင် ရတဲ့  အချိန်လေး မှာ ကျန်းမာရေးအတွက် ရေကူးဖြစ်ပါတယ် ။ အမေ့ ကျေးဇူးတွေပေါ့ လေ ။
လွမ်းတော့လွမ်းတယ် ဒီဇင်ဘာရယ် ။ ဒါပေမဲ့  ဒီတနှစ်တော့ မင်းကို သိပ်ပြီးလွမ်းဖြစ်မယ် မထင်ဘူး ။
အသစ်တွေ့ လို့  အဟောင်းမေ့တယ် လို့  မင်းကဆိုလာရင်လဲ... သဘာဝဟာ သဘာဝပါလို့  ကိုယ်လဲ ပြန်ဟစ်ရမှာပေါ့ နော် ။
ကြိုတင်အသိပေးပါရစေ ...နှလုံးရောဂါရှိုသူများနဲ့ ကြောက်တတ်သူများ ၊မကြည့် ချင်သူများ ဖွင့်မကြည့် ကြပါရန်။
ဒီ ဗွီဒီယို အပိုင်းတိုလေးဖေါ်ပြရတဲ့ အကြောင်းလေးက စာရှု သူမိတ်ဆွေများထမင်းစားပျက်အောင်လုပ်တာမဟုတ်ပါဘူး၊ လမ်းပန်းဆက်သွယ်ရေးအနေနဲ့  မော်တော်ဆိုင်ကယ်စီးပြီးတနေ့ ဓူဝလှုပ်ရှားနေကြရသူများအတွက် အန္တရာယ်ကင်းအောင် ဂရုစိုက် ကြိုတင်ကာကွယ်နိုင်အောင်ဆိုတဲ့  စေတနာလေးနဲ့ ပါ ။ အမေရိကားလို ကြီးမားကျယ်ပြန့်တဲ့ နေရာမျိုးမှာ ဆိုင်ကယ်ဟာ သိပ်ပြီးအရေးမပါလှပေမဲ့ ၊ထိုင်ဝမ်နိုင်ငံလေးမှာလို မြေနေရာကျဉ်း၊လမ်းကျဉ်းလေးတွေပေါ်မှာ ကားတွေ ။မော်တော်ယာဉ်မျိုးစုံ ပြွတ်သိပ်မောင်းနှင်နေရတဲ့  နေရာမျိုးတွေမှာ ဒီလို မော်တော်ဆိုင်ကယ်တွေနဲ့  မလှုပ်ရှားရင် လိုတဲ့ ခရီးအချိန်မှီရောက်ဖို့  ခက်တယ်ပေါ့။ MRT လိုင်းတွေ ပြေးတဲ့ နေရာနဲ့ ဝေးတဲ့  နေရာမျိုးမှာ သွားလာနေရသူတွေဟာလဲ ဆိုင်ကယ် ကိုဘဲ အဓိက အသုံးပြုနေ ကြရတယ်လေ။ ဒါကြောင့် ဒီလို မစီးမဖြစ် မောင်းနှင်စီးနင်း နေရတဲ့ ဆိုင်ကယ်သမားများ လမ်းစည်းကမ်းနဲ့ အညီ မောင်းနှင်နိုင်ကြစေရန် ရည်ရွယ်ပါတယ် ။
မီးပွိုင့်လမ်းဆုံတွေ ( လမ်း သုံးခွ၊လေးခွ၊ငါးခွ၊ T ပုံသဏ္ဍန် အစရှိသဖြင့် ) ရောက်ရင် ၊ ဆိုင်ကယ်တွေဟာ မော်တော်ကားတွေလို ဒါရိုက်ကွေ့ လိုက်လို့ မရပါဘူး ။ အရင်ဦးဆုံး ကိုယ်မောင်းနှင်နေတဲ့  အဖက်ခြမ်းမှာ ရပ်ပြီး၊ နောက် သွားလိုတဲ့  ယာဉ်ကြောကိုပြောင်းပြီး၊ စောင့်ပြီးမှ တဆင့် ကွေ့ ချိုး ရပါတယ်။ ဒါ ရိုက်ကွေ့ လိုက်မယ်ဆိုရင် ပုံထဲမြင်ရတဲ့  အတိုင်း အလွန်ဘဲ အန္တရာယ်များလှပါတယ် ၊ နောက်ကြည့် မှန်မကြည့် ဘဲ ယာဉ်လမ်းကြောင်းပြောင်းတာ ။ အချက်ပြမီး signal light မပြဘဲ အလျှင်စလို ချိုးကွေ့ တာတွေဟာလဲ ကိုယ့် အန္တရာယ် ကိုယ်ဖိတ်ခေါ်နေသလိုပါဘဲ ။
(တနေ့ .ဓူဝ ဘီးနှစ်လုံးနဲ့  ဖက်လိုက် ခွလိုက် သွားလာ လှုပ် ရှားနေရသူများ၊ မလွှဲသာလို့ ဆိုင်ကယ်မောင်းပြီး ဂျောင်း နေကြရသူများ ၊ အန္တရာယ်ကင်းဘေးရှင်းစွာဖြင့်  လိုရာခရီး ရောက်နိုင်ကြပါစေ )
(ဒီပုံလေးက ထိုင်ဝမ်အလယ်ပိုင်းတောမြို့ လေးရဲ့ မီးပွိုင့်တခုမှာရိုက်ယူထားတာပါ)
ဒီပုံလေးကိုကြည့်ပြီး ကိုယ့်အဖွား( အမေ့ရဲ့အမေ)ကိုသတိရမိသေးတယ် ။ အဖွားရှိနေတုံးက သူ့ ကို စ ခဲ့  နောက်ခဲ့ တာလေးတွေကိုပေါ့လေ။အဖွားလဲ ဒီလိုဘဲ သိပ်ယောင်တတ်တာ ။တခါတလေ အဆင်မသင့်ရင် ဒေါသထွက်တတ်တာလေး ကလဲ အတော်လေးချစ်စရာကောင်းတယ် ။အဲဒီအချိန်ကျရင် ရှမ်းလို တောက်လျှောက် မနားတမ်းရွတ်နေတော့တာဘဲလေ ။သူကဗမာလို မြန်မြန်နဲ့  ရေရေလည်လည်မပြောတတ်တော့ အမြန်နှုံးနဲ့ ချချင်ရင် ရှမ်းလို ရွတ်ရတာပေါ့။ အဟဲ ကိုယ်တို့ အငယ် ၃ ယောက်ကလည်း ဗမာတောထဲမှာကြီးပြင်းခဲ့ ရတော့ ရှမ်းစကားဆိုရင် ထမင်းစားရေသောက်လောက်ဘဲ သိတာလေ ။ (ဒါမှ မသိရင် ထမင်းငတ်မှာစိုးလို့ ပါ)။ဒီလိုဘဲ သူကယောင်တတ်တော့ လန့် သွားရင် လက်ထဲမှာ ရှိတဲ့  တခုခုနဲ့  လှမ်းပေါက်တတ် ၊ လွှင့်ပစ်တတ်တာလေ။အဲဒီတော့ သူ့ ကို စပြီးရင် အရှောင်အတိမ်း ဂျက်စီဂျိန်းလေးကလဲ လုပ်ရသေးတယ်။ပျော်စရာ တခုလို သဘောထားပြီး ရှိစုမဲ့စု ဒီအဖွားတယောက်ကို ဘဲ အမျိုးစုံအောင် စခဲ့  ၊နောက်ခဲ့ ရတာ ။ ပြန်တွေးရင် လွမ်းမိပါသေးရဲ့ ။
့အဖွားအကြောင်းပြောနေတာနဲ့  ဗွီဒီယိုပုံလေးအကြောင်းမရောက်တော့ဘူး ။သည်းခံပါ ။ပုံလေးထဲက အတိုင်းဆိုရင် ဒီလမ်းဖြတ်ကူးနေတဲ့  အင်္ဂလိပ် အဖွားကြီးလဲ အတော်လေးယောင်တတ်ပုံရတယ်နော် ။ ဒါမှမဟုတ် ဒေါသထွက်လွယ်တဲ့ သူလားမသိ ။ သူ့ ဟာသူ စိတ်ကူးယဉ် ဖီလင်လေးတက်ပြီး မျဉ်းကြားကနေ လမ်းဖြတ်ကူးနေတုံး ကားဟွန်းသံ ကျယ်ကြီးက အနားမှာ ရုတ်တရက် ထွက်လာတော့ လန့်ဖျန့် ပြီး သူ့ လက်ထဲမှာကိုင်ထားတဲ့  ပိုက်ဆံအိတ်နဲ့ လှမ်းရိုက်လိုက်တော့  ဒီအရှိန်လေးတောင်မခံနိုင်တဲ့  Air Bag ကပွင့် ထွက်ရတယ်လို့ နော် ။ ဘာကားအမျိုးအစားလဲ မသိဘူး ။ဒါလေးတောင် ခံနိုင်ရေ မရှိတဲ့ကား ။ကိုယ်တကယ် ကားဝယ်စီးနိုင်တဲ့ အခါ မဝယ်မိအောင် သတိထားမှဘဲ ၊ အဟဲ . လောလောဆယ်ဆယ် စိတ်ထဲ တေးထားရတာလေ ။
နောက်တချက် စဉ်းစားမိသည်မှာ( အတုံးလိုက် မစားချင်လို့ စဉ်းပြီးစားတယ်လို့  မထင်မှတ်စေလိုပါ ) သူတို့  ဆီက ကားမောင်းသူတွေကလဲ စည်းကမ်းရှိကြပါဘိ ။ ဗမာပြည်ကလူတွေဆို ဒီလို ဘယ်ရမလဲနော် ။လမ်းကလည်း လူရှင်းနေတယ် ၊ မော်တော်ပီကယ်တို့  ကိုရွှေပရုပ်လုံးတို့ လည်းမရှိ တဲ့  မီးပွိုင့်မှာ ဒီလို တုန်ချိချိနဲ့  ကားလမ်းကူးနေတဲ့ သူမျိုးကို ရပ်စောင့် နေကြပါ့မလား ။စည်းကမ်းရှိတာချင်းလဲ ကွာခြားကြတယ်လေ ။ (အဟဲး အကောင်ကြီးလေ ပိုဆိုး(စား)လေ ဒို့ တိုင်းပြည်နဲ့  ယှဉ်နိုင်အုံးမလား )အင်းပြောရင်းဆိုရင်းလမ်းချော်တော့မှာဘဲ ၊ အမြန် ဘရိတ်အုပ်အုံးမှ ဒီ စိတ်နဲ့  ဒီလက်တွေကို ။။
ဆွေမျိုး မိတ်ဆွေသူငယ်ချင်းများမှာ အသည်းရောဂါနဲ့ ပတ်သက်ပြီး နာမကျန်းဖြစ်နေသူများ။ဆုံးပါးကြသူများ ခုတလောမှာ စိတ်မချမ်းသာဖြစ်စရာကောင်းလောက်အောင်ကို ကြားနေ၊မြင်နေရပါတယ်။အထူးသဖြင့် Bပိုးလို့ လူသိများနေတဲ့ Hepatitis B ကြောင့် ဖြစ်လာရတဲ့  နောက်ဆက်တွဲရောဂါတွေပါ ။