လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့
ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီး
ခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။
အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။
နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။
ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။
ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီး
တောင်ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။
သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က ကမ်းပါးပြတ်တစ်နေရာမှာ
ပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့် သီးနေလေရဲ့။
ဝမ်းမြောက်ဝမ်းသာ အားရအားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက် ဟိုးအဝေးဆီက
ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ အောက်က
သူ့ကိုမော့ကြည့်နေတာ အတိုင်းသား မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ"
တုန်သွားတယ်။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ်ဖြစ်၊
ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ
ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။
စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ အသံတချို့ ကြားရပြန်တယ်။
ကြွက်နှစ်ကောင်က ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။ ရုတ်တရက်
တစ်ချက်ပြာသွားပေမဲ့ ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို
ကြွက်ကိုက်လို့ အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့
တော်သေးတယ်လို့တွေးမိ သွားတာကိုး။
စိတ်ပြန်လည်ငြိမ်သက်သွားတော့ ဘေးပတ်ပတ်လည်မှာ
ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။
ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့
ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။ သုံးထောင့်သဏ္ဍာန်ရှိတဲ့
သစ်ပင်ခွကြားကောင်းကောင်းတစ်ခု
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော
ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။
အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲနှစ်ကောင်းလုံး
ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူက သစ်ကိုင်းတွေကို အသာအယာဆွဲရင်း
ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း တွယ်တက်လာခဲ့တယ်။
နောက်ဆုံးတော့ အသက်အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။
ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားက
ဘယ်လိုမှမအောင့်မစောင့်နိုင်တော
လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့်
ကြောက်လန့်ပြီးထွက်ပြေးကုန်ြ
ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။
လူတွေက အမိဝမ်းက ကျွတ်တဲ့အချိန်ကစပြီး
အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက်
နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း ကမ်းပါးအောက်က
လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့
ညဥ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘ၀ရဲ့
ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး
ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။
လူ့ဘ၀ရဲ့ အဆိုးဆုံးအခြင်းအရာဟာ သေခြင်းဘဲဆိုတာ သိနေမှတော့
တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။
ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင် အိပ်ပစ်လိုက်ဖို့ဘဲ။
အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျ
"ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။
BeautyMax Magazine မှမောင်မောင်လှိုင်၏ စာပုဒ်လေးပါ ။ပေးပို့ တဲ့ သူငယ်ချင်းနဲ့  မူရင်းစာရေးသူု တို့ ကိုကျေးဇူးတင်ပါတယ် ။
လွမ်းတော့ လွမ်းတယ် ဒီဇင်ဘာရယ် ။ကိုယ် မင်းကို လွတ်မထွက်သွားအောင် ဖက်တွယ်ထားလိုက်ချင်ပါရဲ့ ။တနှစ်ရဲ့  နောက်ဆုံး ဒီတလကုန်ခါနီးတိုင်း မင်း အမြဲတမ်းကိုယ့် အနားမှာရှိနေနိုင်ရင်ကောင်းမှာဘဲလို့  စဉ်းစားမိပါပေါ့ လား ။စကားချပ်...ဒီအချိန်ဆိုရင် လျှော့ဈေးချတဲ့ အချိန်လေ ၊ဒီ အချိန်လေးစောင့်ပြီး ပစ္စည်းတွေဝယ်ရတာ .. အဟဲ ပိုတွက်ချေကိုက်လို့  ပါ ။ တပါတ်မှာ မှ တနဂ င်္နွေ တရက်ဘဲ အနားရလို့ ဟိုဟိုဒီဒီ ဈေးဝယ်ထွက်ရတဲ့ အချိန်လေးတောင် မလောက်ချင်ဘူး ။ ဒီဇင်ဘာတလမှာ တနင်္ဂနွေ ၈ ပါတ်လောက်ရှိပေးရင်ကောင်းမယ်နော် ။
အဟင်း ...မင်းကလှည့်မကြည့်ဘဲထွက်ခွာသွားတဲ့  အချိန်တိုင်း အသစ် တွေ့ လို့  အဟောင်းမေ့ကြသူ အတော်များများက လက်ခုတ်လက်ဝါးများတောင်တီးလို့  ရင်ခွင်သစ်ထဲ အလုအယက်တိုးဝင်ခဲ့ကြတဲ့  အကြိမ်ပေါင်းလဲ မနည်းတော့ပါဘူး ။ ကိုယ်တိုင်လဲ ဒီလို ပျော်ခဲ့ ဘူးတာပေါ ၊့ ဒီ တနှစ်ပါတ်လုံးမှာ ကိုယ့်အတွက် ၊ မိသားစုအတွက် တိုးတက်ရာတိုးတက်ကြောင်းဘာတွေ လုပ်ခဲ့ ပြီးပြီလဲ။ရှေ့ ဆက်ပြီးဘာလုပ်ရမလဲ ...ခုတော့ ဒီလောက်ဘဲ စဉ်းစားမိတော့တယ် ။ ကာလ ဒေသလိုက်ပြီး လူတွေ ရဲ့ စိတ်တွေ အတွေးအခေါ်တွေ အနည်းနဲ့  အများပြောင်းလဲ ကုန်တတ်ကြတာ အစတုံးကသဘောမပေါက် ၊လက်မခံမိခဲ့ ဘူး ။ ခုတော့ လဲ မတတ်နိုင်လက်မှိုင်ချ ပြီး ၊ မတတ်သာ ခပ်ခွာခွာနေတတ်ဖို့  ကိုယ် အကျင့် သားရနေပါပြီ ။ ကိုယ့်လူမျိုး အတွက်တို့  ၊ တိုင်းပြည်အတွက်တို့ ဆိုတဲ့  အတွေးအခေါ်တွေကိုတော့ လွန်ခဲ့ တဲ့  အနှစ် ၂၀ ကျော် က အတွေ့  အကြုံတွေအောက်မှာ မှုန်ဝါး စွာနဲ့  ချန်ခဲ့ရပါပြီ ။ အဲဒီ အချိန်လေး က၊ အဖြစ်အပျက်လေးတွေကိုလဲ ... အင်း လေ .. လွမ်းတော့ လွမ်းတယ်ပေါ့ ။အသက်တွေ တနှစ်စီကြီးသွားကြပြီ ဆိုတော့ သူတို့ လဲ အတွေ့  အကြုံတွေ တနှစ်စာပိုရပြီးအသိဥာဏ်တွေလဲ ပိုပြီးရင့်ကျက်လာကြမှာပေါ့ လေ။ နောက်တော့လဲ ဒါတွေဟာ ဘာမှ မဟုတ်တော့ပါဘူး ။ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန် ပျက်ကြရတာဘဲလေ ။ ဒီတော့ လက်ရှိဘဝလေးတွေမှာ ပျော်အောင်နေကြပြီး ကိုယ့် ဘဝရှေ့ ရေးလေးတွေ အတွက် မျှော်လင့် ချက်တွေ ပေးနေသေးတဲ့  နှစ်သစ်လေးတွေကို ကြိုဆိုကြတာပေါ့ ။
လွမ်းတော့လွမ်းတယ် ဒီဇင်ဘာရယ် ။ ငယ်ငယ်တုန်းက ဒီဇင်ဘာ ချမ်းချမ်းလည်း အလွတ်မပေး ။မားသားကြီး က စောစောစီးစီး အတင်း နှိုးပြီး ရေသွားကူးခိုင်းလို့  အိပ်ချင်မူးတူး ရေကူးရတာ။ရေကူးသင်ခါစမှာ မသွားချင်လို့  ဆရာကို အကြောင်းအမျိုးမျိုးရှာပြီး နှိပ်စက်ခဲ့ တာ။ တခါတလေ ပြန်တွေးမိပြီး လွမ်းသလိုပါဘဲ။ ခုတော့ ဒီကဆောင်းတွင်း ဘယ်လောက်အေးအေး . နှိုးမဲ့ အမေ အနားမှာ မရှိပေမဲ့  ကိုယ့် အသိနဲ့ ကိုယ်ထ ၊ အလုပ် မတက်ခင် ရတဲ့  အချိန်လေး မှာ ကျန်းမာရေးအတွက် ရေကူးဖြစ်ပါတယ် ။ အမေ့ ကျေးဇူးတွေပေါ့ လေ ။
လွမ်းတော့လွမ်းတယ် ဒီဇင်ဘာရယ် ။ ဒါပေမဲ့  ဒီတနှစ်တော့ မင်းကို သိပ်ပြီးလွမ်းဖြစ်မယ် မထင်ဘူး ။
အသစ်တွေ့ လို့  အဟောင်းမေ့တယ် လို့  မင်းကဆိုလာရင်လဲ... သဘာဝဟာ သဘာဝပါလို့  ကိုယ်လဲ ပြန်ဟစ်ရမှာပေါ့ နော် ။
ကြိုတင်အသိပေးပါရစေ ...နှလုံးရောဂါရှိုသူများနဲ့ ကြောက်တတ်သူများ ၊မကြည့် ချင်သူများ ဖွင့်မကြည့် ကြပါရန်။
ဒီ ဗွီဒီယို အပိုင်းတိုလေးဖေါ်ပြရတဲ့ အကြောင်းလေးက စာရှု သူမိတ်ဆွေများထမင်းစားပျက်အောင်လုပ်တာမဟုတ်ပါဘူး၊ လမ်းပန်းဆက်သွယ်ရေးအနေနဲ့  မော်တော်ဆိုင်ကယ်စီးပြီးတနေ့ ဓူဝလှုပ်ရှားနေကြရသူများအတွက် အန္တရာယ်ကင်းအောင် ဂရုစိုက် ကြိုတင်ကာကွယ်နိုင်အောင်ဆိုတဲ့  စေတနာလေးနဲ့ ပါ ။ အမေရိကားလို ကြီးမားကျယ်ပြန့်တဲ့ နေရာမျိုးမှာ ဆိုင်ကယ်ဟာ သိပ်ပြီးအရေးမပါလှပေမဲ့ ၊ထိုင်ဝမ်နိုင်ငံလေးမှာလို မြေနေရာကျဉ်း၊လမ်းကျဉ်းလေးတွေပေါ်မှာ ကားတွေ ။မော်တော်ယာဉ်မျိုးစုံ ပြွတ်သိပ်မောင်းနှင်နေရတဲ့  နေရာမျိုးတွေမှာ ဒီလို မော်တော်ဆိုင်ကယ်တွေနဲ့  မလှုပ်ရှားရင် လိုတဲ့ ခရီးအချိန်မှီရောက်ဖို့  ခက်တယ်ပေါ့။ MRT လိုင်းတွေ ပြေးတဲ့ နေရာနဲ့ ဝေးတဲ့  နေရာမျိုးမှာ သွားလာနေရသူတွေဟာလဲ ဆိုင်ကယ် ကိုဘဲ အဓိက အသုံးပြုနေ ကြရတယ်လေ။ ဒါကြောင့် ဒီလို မစီးမဖြစ် မောင်းနှင်စီးနင်း နေရတဲ့ ဆိုင်ကယ်သမားများ လမ်းစည်းကမ်းနဲ့ အညီ မောင်းနှင်နိုင်ကြစေရန် ရည်ရွယ်ပါတယ် ။
မီးပွိုင့်လမ်းဆုံတွေ ( လမ်း သုံးခွ၊လေးခွ၊ငါးခွ၊ T ပုံသဏ္ဍန် အစရှိသဖြင့် ) ရောက်ရင် ၊ ဆိုင်ကယ်တွေဟာ မော်တော်ကားတွေလို ဒါရိုက်ကွေ့ လိုက်လို့ မရပါဘူး ။ အရင်ဦးဆုံး ကိုယ်မောင်းနှင်နေတဲ့  အဖက်ခြမ်းမှာ ရပ်ပြီး၊ နောက် သွားလိုတဲ့  ယာဉ်ကြောကိုပြောင်းပြီး၊ စောင့်ပြီးမှ တဆင့် ကွေ့ ချိုး ရပါတယ်။ ဒါ ရိုက်ကွေ့ လိုက်မယ်ဆိုရင် ပုံထဲမြင်ရတဲ့  အတိုင်း အလွန်ဘဲ အန္တရာယ်များလှပါတယ် ၊ နောက်ကြည့် မှန်မကြည့် ဘဲ ယာဉ်လမ်းကြောင်းပြောင်းတာ ။ အချက်ပြမီး signal light မပြဘဲ အလျှင်စလို ချိုးကွေ့ တာတွေဟာလဲ ကိုယ့် အန္တရာယ် ကိုယ်ဖိတ်ခေါ်နေသလိုပါဘဲ ။
(တနေ့ .ဓူဝ ဘီးနှစ်လုံးနဲ့  ဖက်လိုက် ခွလိုက် သွားလာ လှုပ် ရှားနေရသူများ၊ မလွှဲသာလို့ ဆိုင်ကယ်မောင်းပြီး ဂျောင်း နေကြရသူများ ၊ အန္တရာယ်ကင်းဘေးရှင်းစွာဖြင့်  လိုရာခရီး ရောက်နိုင်ကြပါစေ )
(ဒီပုံလေးက ထိုင်ဝမ်အလယ်ပိုင်းတောမြို့ လေးရဲ့ မီးပွိုင့်တခုမှာရိုက်ယူထားတာပါ)
ဒီပုံလေးကိုကြည့်ပြီး ကိုယ့်အဖွား( အမေ့ရဲ့အမေ)ကိုသတိရမိသေးတယ် ။ အဖွားရှိနေတုံးက သူ့ ကို စ ခဲ့  နောက်ခဲ့ တာလေးတွေကိုပေါ့လေ။အဖွားလဲ ဒီလိုဘဲ သိပ်ယောင်တတ်တာ ။တခါတလေ အဆင်မသင့်ရင် ဒေါသထွက်တတ်တာလေး ကလဲ အတော်လေးချစ်စရာကောင်းတယ် ။အဲဒီအချိန်ကျရင် ရှမ်းလို တောက်လျှောက် မနားတမ်းရွတ်နေတော့တာဘဲလေ ။သူကဗမာလို မြန်မြန်နဲ့  ရေရေလည်လည်မပြောတတ်တော့ အမြန်နှုံးနဲ့ ချချင်ရင် ရှမ်းလို ရွတ်ရတာပေါ့။ အဟဲ ကိုယ်တို့ အငယ် ၃ ယောက်ကလည်း ဗမာတောထဲမှာကြီးပြင်းခဲ့ ရတော့ ရှမ်းစကားဆိုရင် ထမင်းစားရေသောက်လောက်ဘဲ သိတာလေ ။ (ဒါမှ မသိရင် ထမင်းငတ်မှာစိုးလို့ ပါ)။ဒီလိုဘဲ သူကယောင်တတ်တော့ လန့် သွားရင် လက်ထဲမှာ ရှိတဲ့  တခုခုနဲ့  လှမ်းပေါက်တတ် ၊ လွှင့်ပစ်တတ်တာလေ။အဲဒီတော့ သူ့ ကို စပြီးရင် အရှောင်အတိမ်း ဂျက်စီဂျိန်းလေးကလဲ လုပ်ရသေးတယ်။ပျော်စရာ တခုလို သဘောထားပြီး ရှိစုမဲ့စု ဒီအဖွားတယောက်ကို ဘဲ အမျိုးစုံအောင် စခဲ့  ၊နောက်ခဲ့ ရတာ ။ ပြန်တွေးရင် လွမ်းမိပါသေးရဲ့ ။
့အဖွားအကြောင်းပြောနေတာနဲ့  ဗွီဒီယိုပုံလေးအကြောင်းမရောက်တော့ဘူး ။သည်းခံပါ ။ပုံလေးထဲက အတိုင်းဆိုရင် ဒီလမ်းဖြတ်ကူးနေတဲ့  အင်္ဂလိပ် အဖွားကြီးလဲ အတော်လေးယောင်တတ်ပုံရတယ်နော် ။ ဒါမှမဟုတ် ဒေါသထွက်လွယ်တဲ့ သူလားမသိ ။ သူ့ ဟာသူ စိတ်ကူးယဉ် ဖီလင်လေးတက်ပြီး မျဉ်းကြားကနေ လမ်းဖြတ်ကူးနေတုံး ကားဟွန်းသံ ကျယ်ကြီးက အနားမှာ ရုတ်တရက် ထွက်လာတော့ လန့်ဖျန့် ပြီး သူ့ လက်ထဲမှာကိုင်ထားတဲ့  ပိုက်ဆံအိတ်နဲ့ လှမ်းရိုက်လိုက်တော့  ဒီအရှိန်လေးတောင်မခံနိုင်တဲ့  Air Bag ကပွင့် ထွက်ရတယ်လို့ နော် ။ ဘာကားအမျိုးအစားလဲ မသိဘူး ။ဒါလေးတောင် ခံနိုင်ရေ မရှိတဲ့ကား ။ကိုယ်တကယ် ကားဝယ်စီးနိုင်တဲ့ အခါ မဝယ်မိအောင် သတိထားမှဘဲ ၊ အဟဲ . လောလောဆယ်ဆယ် စိတ်ထဲ တေးထားရတာလေ ။
နောက်တချက် စဉ်းစားမိသည်မှာ( အတုံးလိုက် မစားချင်လို့ စဉ်းပြီးစားတယ်လို့  မထင်မှတ်စေလိုပါ ) သူတို့  ဆီက ကားမောင်းသူတွေကလဲ စည်းကမ်းရှိကြပါဘိ ။ ဗမာပြည်ကလူတွေဆို ဒီလို ဘယ်ရမလဲနော် ။လမ်းကလည်း လူရှင်းနေတယ် ၊ မော်တော်ပီကယ်တို့  ကိုရွှေပရုပ်လုံးတို့ လည်းမရှိ တဲ့  မီးပွိုင့်မှာ ဒီလို တုန်ချိချိနဲ့  ကားလမ်းကူးနေတဲ့ သူမျိုးကို ရပ်စောင့် နေကြပါ့မလား ။စည်းကမ်းရှိတာချင်းလဲ ကွာခြားကြတယ်လေ ။ (အဟဲး အကောင်ကြီးလေ ပိုဆိုး(စား)လေ ဒို့ တိုင်းပြည်နဲ့  ယှဉ်နိုင်အုံးမလား )အင်းပြောရင်းဆိုရင်းလမ်းချော်တော့မှာဘဲ ၊ အမြန် ဘရိတ်အုပ်အုံးမှ ဒီ စိတ်နဲ့  ဒီလက်တွေကို ။။
ဆွေမျိုး မိတ်ဆွေသူငယ်ချင်းများမှာ အသည်းရောဂါနဲ့ ပတ်သက်ပြီး နာမကျန်းဖြစ်နေသူများ။ဆုံးပါးကြသူများ ခုတလောမှာ စိတ်မချမ်းသာဖြစ်စရာကောင်းလောက်အောင်ကို ကြားနေ၊မြင်နေရပါတယ်။အထူးသဖြင့် Bပိုးလို့ လူသိများနေတဲ့ Hepatitis B ကြောင့် ဖြစ်လာရတဲ့  နောက်ဆက်တွဲရောဂါတွေပါ ။
ဒီပုံကိုတွေ့ ရင် ဘယ်နိုင်ငံလဲဆိုတာ သိကြလိမ့်မယ်ထင်ပါတယ်
နေလာတာ အနှစ်၂၀ နီးပါး ရှိနေပြီ ဖြစ်ပေမဲ့  ဒီက တရုပ်စာတွေ..ဟင်းတွေ လုံးဝ မကြိုက်တော့ ..ကိုယ်တိုင်ကလဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မချက်တတ်တော့ ဗိုက်ပြသနာဖြေရှင်းဖို့ ဆိုင်ရှာရတော့တာပေါ့ ။တရုပ်ပြည်နေပြီးကုလားစာလာကြိုက်မိတဲ့ ဒီပါးစပ် ကလေးကို ရွှေချထားဖို့ ကောင်းနေပြီနော် ။အရင်၁၀ နှစ်လောက်ထိတော့ ကုလားစါကို ဒီအနီးပါတ်ဝန်းမှ ရှာလို့ မရသေးတော့ စိတ်ကူးနဲ့ ဘဲ စားနေရ တာလေ။ခုနောက်ပိုင်း ၅နှစ်လောက်မှတော့  ကုလား ဆိုင်လေးတွေ ဟိုတဆိုင် ဒီတဆိုင် ပေါ်လာလို့ တော်သေးတယ်။
ခုတလော နေသိပ်မကောင်းချင်သလိုမို့ ရောဂါအကြောင်းတွေဘဲ စိတ်ထဲရောက်နေမိတယ် .. လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ် ။ ခန္ဓာကိုယ်ကြီးက ညောင်းညာပြီးမျက်စိနှစ်လုံးကမဖွင့်ချင်လောက်အောင်ဖြစ်နေပေမဲ့တကယ်တန်းအိပ်ယာဝင်တော့ စိတ်ကူးတွေ တသီတတန်း ဘယ်က ဘယ်လိုဝင်လာမှန်းမသိ မောင်းထုတ်လဲမရ၊
NASA ကတွက်ချက် ( အမယ်)
ရက်ကလေးတောင် အတိအကျပါသေးရဲ့ 
၂၀၁၂ ဒီဇင်ဘာ ၂၁ တဲ့ 
Planet Nibiru အကျိုးကြောင့် 
ကမ္ဘာမြေကြီး ပျက်စီးမဲ့  အကြောင်းတဲ့လေ ။
အကယ်၍ ဒီလိုသာတကယ်ဖြစ်လာရင်တော့
လစ်စရာ မြေမရှိ ၊ ကမ္ဘာလူသား ဒုက္ခ အတိပေါ့ 
ဖြစ်သမျှအကြောင်း အကောင်းဘဲမို့ 
ခပ်ရဲရဲသာ သေပွဲဝင်ဖို့  စိတ်ထဲမှာ ထင်။
သို့ ပေမဲ့ မိုးပြိုမှာ အစိုးပိုတဲ့ တစ်တီတူးရဲ့ အဖြစ်လိုဘဲ
ခြေစုံချကာ မအိပ်ရဲနဲ့  အတွေးများဖရိုဖရဲ ရှိချိန်မှာ
ဦးဖျား သတိရမိသူက မင်းလေးပါ ၊
တမြေဆီဝေးကွာပေမဲ့လဲ စိတ်အတွေးတွေက မင်းနဲ့  မခွာပါဘူး။
အကုန်တကယ် မကြုံ မတွေ့ ချင်တဲ့ 
ဘုံကမ္ဘာ အိမ်နန်းပျက်ချိန်ဟာ
အမှန် တကယ် ကြုံရမယ်ဆိုရင်ဖြင့်
အဝေးမှ တွေးဆကာ အခက်စုံတဲ့  ရတက်အပုံ ပွေချင်ဘူး
နောက်ဆုံးထွက်သက်မှာ လက်အစုံယှက်ကာနေရဖို့ 
မင်းလေးအနား ကိုယ်ပြန်ခဲ့မယ်။
(အကယ်၍သာ မိုးပြိုခဲ့ လျှင် လို့ အစိုးရိမ်ပိုနေရရှာတဲ့  တစ်တီတူးလေးများ အား
ကိုယ်ချင်းစာစွာဖြင့်  .... ပြီးတော့ နောက် ၄နှစ်လောက်စောင့်ကြည့်ရင် အဖြေသိရမှာပေါ့ နော် ..
အဟဲ ၊ မပြော မရှိနဲ့ နော် ။ ဒီညကစပြီး ခြေထောက်မိုးပေါ်ထောင်အိပ်ဖို့ တွေးတောမိပါကြောင်း )
ဂတိတွေပေးပြီး မသိသလိုနေတာမျုား၊
ကြာလာတော့ အစဉ်အလာလိုဖြစ်ရပြီ
အရှေ့ နဲ့ အနောက် ၊တောင်နဲ့ မြောက်လို
ဆန့် ကျင်ဘက်အရာများစွာမှာ
ညှိုနှိုင်းခွင့် မရှိတဲ့  တဖက်သတ်စီရင်ချက်
ကိုယ့်အသက် ကို ဓါးစက်တင်ရရင်လဲ
ပြုံးမပျက် ပေးဆက်ဖို့  အမြဲအသင့်ပါ ကိုယ့်သခင်။
သစ္စာစောင့်သိ ချစ်တာ နှစ်ယောက်မရှိ
မင်းပေးတဲ့ ဂတိတွေ ကိုယ့်အတွက်အမှန်မှရှိပါ့မလားလို့ 
သံသယစိတ်လေးတောင် မင်းအပေါ်မတွေးရဲပါ ၊
မင်းကလွဲရင် ဖွဲနဲ့ ဆန်ကွဲလို့ 
ကိုယ့် ယုံကြည်ရာ ကိုယ့်သစ္စာကို
အစဉ်သာခိုင်မာစွာနေပါ့မယ်
အိုဘယ့် အချစ်ရူး ။
(မမူးတမူးအချိန် စဉ်းစားမိတဲ့ အရူးတရူးရဲ့  ဝေဒနာများ )
..ဒါပေမဲ့  တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဆိုတော့ ဘယ်လိုလှည့် ကွက်တွေ သုံးပေမဲ့နောက်ဆုံးတော့ ဘယ်သူမပြုမိမိမှုဆိုတဲ့ အတိုင်း ထိုက်သင့်တဲ့ ပြစ်ဒါဏ်ကို ခံရမှာ သေချာပါတယ် ။
ဒီတော့  ဘာကိုဆိုလိုချင်သလဲဆိုတော့...
လူတွေဟာ ဆင်းရဲဒါဏ်ကို ခံနိုင်ပေမဲ့ ချမ်းသာဒါဏ်ကိုမခံနိုင်ကြဘူးဆိုတာ ကိုယ်အရင်က သဘောမပေါက်ခဲ့ဘူး ။ပုထုစဉ် လူသား အများအပြားဟာ အာဏာ ၊ငွေ ရဲ့ အထိ အတွေ့ ကို မလွန်ဆန်နိုင်ကြဘဲ .ယစ်မောသာယာနေတတ်ကြပါတယ် ။ ဦးဏှောက်ရဲ့ စဉ်းစားတွေးခေါ်မှု ၊ အမှား အမှန်ဝေဖန်ပိုင်းခြားနိုင်မှုတွေကို အာဏာ ငွေ တိမ်သလ္လာတွေ ဖုံးလွှမ်းသွားချိန်မှာ ဘဝခရီးက တိမ်းစောင်းလမ်းမှား သွားလေ့ရှိကြပါတယ် ။လောဘ ဒေါသ မောဟတွေနဲ့  ပြည့် နှက်နေကြတဲ့ ဒီလောကကြီးထဲ .. အတောမသတ် နိုင်တဲ့ လောဘပင်လယ်ကြီးထဲ ... ဒီလူသားတွေ ဘယ်လောက်ကြာကူးခတ်နေကြရအုံးမှာလဲ ။
လူတွေ လူတွေ ...ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိကြသေးတဲ့ ဒီလူတွေထဲ ကိုယ်တယောက်လဲ အပါအဝင်ဖြစ်နေပြီလားလေ ?? ခြေထောက် နှစ်ချေုာင်းထဲ ရှိတဲ့  ဒီလူသားတွေဟာ ခြေထောက်လေးချောင်းရှိတဲ့ ဒီငွေသား နောက်အမှီလိုက်နေရတာ လူသာ ဖတ်ဖတ်မောရော ။
လိုက်လေ ဝေးလေ နဲ့  အဆုံးမသတ်နိုင်ပါဘူး ။ မောလို့  နားချင်ပေမဲ့  မနားနိုင်သေးဘူးကွယ် .. နောက်ကျ ကျန်နေရစ်မှာ စိုးရသေးတယ်လေ ။ သဘောပေါက် နားလည်ပေးကြပါနော် .. မဝေးတော့တဲ့  တနေ့ တော့  ကိုယ်ပြန်လာမှာပါ။
အရူးတယောက်ရဲ့ 
မျှော်လင့်ခြင်း
မိမိကိုယ် မိမိ သတ်သေခြင်း(အဆုံးစီရင်ခြင်း)
ဒီနေ့  မနက်စောစော နာရီအချက်ပေးခေါင်းလောင်းသံကြားပေမဲ့  မနေ့ ညက အတွေးပေါင်းများစွာကြောင့် မိုးလင်းခါနီးမှ အိပ်ဖြစ်တဲ့  ကိုယ် ၊ အိပ်ရေးမဝလို့  နာရီခေါင်းလောင်းလေး ပြန်ပိတ်ပြီး ခဏဆက်နှပ်နေတာ...အဲဒီအချိန် တယ်လီဖုံးသံက ငှက်ဆိုးထိုးသံလို စူးရှစွာ အော်လာတဲ့  အတွက် အိပ်မှုံစုံမွှားနဲ့  ထရတော့တာပေါ့။ အရေးပေါ်လူနာလာလို့ လေ ၊ စိတ်ထဲတော့ တော်တော်ရှုပ်သွားတယ် ။ဘယ်သူ ဘာများဖြစ်ပြန်ပြီလဲပေါ့။ ကမန်းကတန်းထ ၊သန့် ရှင်းရေးလုပ် ၊အဝတ်လဲ ပြီး အပြေးအလွှား အရေးပေါ်ခန်းထဲရောက် ၊ အသက် အစိတ်လောက် ရှိတဲ့  လူနာအမျိုးသမီး တယောက် ကုတင်ပေါ်မှာ ပက်လက်ကလေး ၊မျက်လုံးတွေကလဲ ရီဝေစွာပေါ့ ။ ဒီတော့ ဘာဖြစ်သလဲ ..ဘာညာကွိကွ သူ့ ရဲ့  ရာဇဝင် အတိုလေး ကို မှတ်တမ်းရေးရအောင် နဲနဲပါးပါးမေးရတာပေါ့ ။ (suicide case) ကိုယ့်ကိုကိုယ် သေကြောင်းကြံတာပေါ့လေ ။ ဘရိတ်ဒါး ပါးပါးလေးနဲ့  ကိုယ့် လက်ကောက်ဝတ် ကိုယ်ပြန်လှီးတာပေါ့ ။ ဒီတော့ ပြတ်သွားတဲ့  အသား၊အရွတ် ၊ အရေပြား တလွှာချင်းပြန်ချုပ်ပေးရင်း လူနာမိန်းကလေး အာရုံပြောင်းအောင် .ကိုယ်လဲ အိပ်ချင်ပြေအောင် စကားစမြည် ပြောဖြစ် မေးဖြစ်သွားတယ် ။ သူကလဲ အရက်ရှိန် မပြေသေးတော့ ပြောတာတွေ အမြီး အမောက် မတဲ့  ဟိုရောက် ဒီရောက်ပေါ့  ။ရည်းစားနဲ့  အဆင်မပြေလို့  ၊သူ့ ရည်းစား က နောက်ထပ်ကောင်မလေး တယောက်နဲ့  လှေနံ နှစ်ဖက်နင်း လို့  စကားများကြတဲ့  အကြောင်းသိလိုက်ရတယ်။
ဪ ...ဒါနဲ့ များ ကိုယ့် ကိုကိုယ် သေကြောင်းကြံရတယ်လို့ နော် ။ သူက ၂ဖက်နင်းရင် ၊ ကိုယ်က ၃ဖက်လောက်ပြန်နင်းလိုက်ပါလား ၊ အတော်ညံ့ တာဘဲ လို့  ၊ ကိုယ့် စိတ်ထဲ ဖြစ်မိတဲ့ အတွေး လေးတခုပါ။ ကိုယ့် အသက် ကိုယ်မနှမြောဘဲ အသားအနာခံပြီး ကိုယ့်ဟာကိုယ်လုပ်ရသလားလို့ လဲ သနားစိတ် လား ၊အပြစ်တင်စိတ်လား ကိုယ်မပြောပြတတ်တဲ့  စိတ်တခု လဲ ဖြစ်သွားသေးတယ် ။ ဒီတော့ လူနာ မလေးကို စ သလို ၊ နောက်သလို နဲ့  စကားတခွန်း လွှတ်ခနဲပြောလိုက်မိတယ် ။ နောက်တခါဆို ဒီလို မမိုက်နဲ့  ၊ ကိုယ့်ဟာကိုယ် မလုပ်နဲ့ .။သူ့ ကိုလုပ် လို့ လေ ။ ဒီအချိန်မှာ ကိုယ့်ဘေးမှာရှိနေတဲ့  ဆရာမလေးက လက်ကုပ်ပြီး သတိပေးမှ ကိုယ့်စကားကိုယ်ပြန်လျှောချရတယ် ။ တော်တော်ကြာ ကိုယ့်စကား အတွက် နှုတ်ကြောင့်သေ ဖြစ်ပြီး ကိုယ်ပါ တရားခံ ဖြစ်နေမှာ စိုးလို့ လေ။
လူနာကို လိုအပ်တာတွေ လုပ်ပေးအပြီး အားနေတဲ့  အချိန် ၊ကိုယ်လဲအိပ်ချင်စိတ်လုံး ဝပျောက်သွား တော့ ကိုယ့် ရဲ့  အကျင့်ဆိုးအတိုင်း အတွေးနယ်ချဲ့ ဖြစ်သွားတယ် ။တခြားတော့မဟုတ်ပါဘူး ။ မိမိကိုယ် မိမိသတ်သေခြင်း ဆိုတဲ့  အကြောင်းလေးပါ ။
အကျိုးဆက် တွေကရော ။။ ဘယ်လိုရှိ မလဲ ။ ဗုဒ္ဓဘာသာ တရားသဘောနဲ့ ပြောရရင် အဖန် ၅၀၅ ကမ္ဘာတဲ့လေ ။ တကမ္ဘာ ဟာ ဘယ်လောက်ကြာသလဲ ဆိုတာတော့  ကိုယ်လဲ သေချာ မသိပါဘူး ။ အကြမ်းဖျင်းကတော့  ဘဝပေါင်းမြောက်မြားစွာ ဒီလို သတ်သေခြင်းတွေ ဆက်ခါ ဖြစ်နေအုံးမှာလို့ ပြောကြတာဘဲ ။ ဒီတော့ ကိုယ်လဲ မတွေးကောင်း တွေးကောင်း ပေါက်ကရ တွေးဖြစ်သေးတယ် ၊ ဒီတခေါက်က သူ့ အတွက် ၅၀၄ ကမ္ဘာ ဖြစ်ချင်ဖြစ်နေမှာ ပေါ့  လို့  ။ဒါပေမဲ့ ဖြစ်နိုင်ခြေ ရာနှုန်းက အတော်လေး နဲပါတယ် နော် ။ဒါမှမဟုတ် ပထမဦးဆုံး တကမ္ဘာ ဖြစ်နေရင်တော့ မလွယ်ဘူး၊နောက်ထပ် ၅၀၄ ခါ ဆက်သတ်သေ ပေအုံးပေါ့  ။ သက်သေပြစရာ အထောက်အထားမရှိတော့လဲ အငြင်းပွားမနေချင်တော့ပါဘူး ။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ လေ ။အဓိက ပြောလို တာ က တော့  ကိုယ့်ကို ကိုယ်သတ်သေခြင်း ဟာ မကောင်းဘုး၊ မလုပ်သင့်၊ မလုပ်ထိုက်ဘုး ဆိုတာပါ ။ သေဆုံးခြင်း ၄ မျိုး( သက်တမ်းကုန်ခြင်း ၊ ကံအစွမ်းကုန်ခြင်း၊ သက်တမ်းနှင့် ကံအစွမ်း ၂မျိုးစလုံး ကုန်ခြင်း ၊ ဥပစ္ဆေ ဒက- ကံက သတ်ခြင်း ) ထဲ မှာ မိမိကိုယ်မိမိသတ်သေခြင်းဟာ ဥပစ္ဆေဒက ကံထဲ ပါဝင်နေပါတယ် ။ အကာလ မရဏ တခုဖြစ်ပါတယ် ။
ကိုယ် တိုင်လဲ မကြာသေးခင် တချိန်က အရာအားလုံး အဆင်မပြေတာတွေ ဆက်တိုက်ကြုံ နေရတော့  စိတ်တွေ အတော်လေးညစ်ပြီး သေခြင်စိတ် ပေါက်ခဲ့ ဘူးတယ် ။ စိတ်ကျရောဂါ တမျိုးပေါ့လေ။ လက်ထဲမှာလဲ စိတ် ငြိမ်ဆေး တွေ ၊ အိပ်ဆေးတွေ အလွယ်တကူ အဆင်သင့် ရှိနေတော့  တရက်မှာ ဒီလမ်း ပေါ်လျှောက်မိတော့ မလို့  နဲနဲဘဲလိုတယ် ။ ဒါပေမဲ့ တစုံ တယောက်သူ ရဲ့ စကားတခွန်းကြောင့် အချိန်မှီ အသိတခုပေါ်လာလို့ ခုချိန်ထိ အသက်နဲ့  ကိုယ်မြဲနေသေးတာပါ ။ ဒါကို ဘယ်သူမှ သိမှာမဟုတ်ပါဘူး ။
အဲ့ဒီ စကားလေးတခွန်းကို ပြောခဲ့ တဲ့  သူကိုယ်တိုင်တောင် သိချင်မှ သိမှာပါ ။ဘာဘဲဖြစ်ဖြစ်ပေါ့လေ ။သူ့ ကိုကျေးဇူးတင်နေဆဲပါ ။
ကံ ၊ ကံ၏အကျိုး ။ အလုပ်ကောင်းမှ ကံကောင်းမယ် တဲ့ ။ ဒီတော့ ရှေးဘဝတွေက ကံမကောင်း အကြောင်းမလှခဲ့  တာတွေ ဒီဘဝမှာ အပြီးသတ်ပေးဆပ်နိုင်အောင် ၊ နောင်ဘဝတွေထိ ကြွေးမကျန်အောင်
ခု အသက်ရှင်နေတုံး လုပ်ကြရမှာ မဟုတ်လား ။ ရခဲလှတဲ့  ဒီလူ့ ဘဝကြီး ထဲ က အသေးအဖွဲ ပြသနာတွေ ၊ ဒုက္ခတွေကို ဘာဖြစ်လို့  လွယ်လွယ်နဲ့  အရှုံးပေးကြရမှာလဲ ။ လောကကြီးမှာ နေတတ် တွေးတတ်ရင် ပျော်စရာတွေ အများကြီးပါ ။ ကိုယ့်ပါတ်ဝန်းကျင် နဲ့  လိုက်လျောညီထွေ နေတတ်ဖို့  အရေးကြီးပါတယ်။
စိတ်မညစ်ပါနဲ့  လေ ။ လိပ်ဖြစ်တာ အခွံထူလို့ ပေါ့ ။ ပျော်ပျော်နေ သေခဲ ။ ဒီတော့ ပျော်ပျော်သာနေ ကိုယ့်လူရေ ... Don't Worry , Be Happy !
(ဒါပေမဲ့လေ ၊ ဒါပေမဲ့ပေါ့  အပျော်တော့ သိပ်မလွန်စေနဲ့ ပေါ့ ။ ကိုယ့်အပျော်ကြောင့် သူများထိခိုက်တာမျိုးလဲ မဖြစ်ပါစေနဲ့ ။ ကိုယ်ပျော်ဖို့  သူများ မျက်ရည်ကျရတာလဲ မကောင်းဘူးနော် ။)
ပျော်တတ်သူတယောက် အမြဲတမ်းပျော်ရွှင်နေနိုင်ပါစေ လို့  .......
အပေါ်မှာ တင်ပြထားတဲ့  Music Video လေး ဟာ မနှစ်ကနာမယ်ကြီးခဲ့တဲ့
တရုပ် တေးသီချင်းလေးတပုဒ်ပါ။ဒီသီချင်းလေးကို မိတ်ဆွေတို့  ကြိုက် ၊ မကြိုက်
တော့ မသိပါဘူး ။ဒါက အဓိက မဟုတ်ပါဘူး ။ အခုပြောပြလိုတာ ဒီသီချင်းလေးရဲ့ 
အဓိပ္ပါယ် ရည်ရွယ်ချက် နဲ့  သီချင်းကို ရေးဖွဲ့  သီဆို တဲ့  နာမယ်ကြီး
လူငယ်အဆိုတော်လေး တယောက်ရဲ့  အနုပညာ အကြောင်းပါ။
သီချင်းအမည်က ဗမာလို အဓိပ္ပါယ်ပြန်ရရင် အလုပ်များနေသော နွားကျောင်းသား
( Busy Cowboy) ပေါ့ လေ ။ ဘီယာဆိုင်ရောက်ပေမဲ့  နွားနို့ ဘဲ မှာသောက်တတ်တဲ့
နွားကျောင်းသားတယောက် အကြောင်းပေါ့။ အရက်သောက်ရင် ကျန်းမာရေးထိခိုက်
တတ်တယ် လို့  ထဲ့ ဆိုထားပါတယ်။
Jay Chou (Chou Gyae Lun) လို့ အမည်ရတဲ့ ဒီအဆိုတော်လေး ဟာ ငယ်စဉ်ကလေးဘဝ
ကတည်းက မိစုံဖစုံ မနေခဲ့ရပါဘူး ။မိဘနှစ်ပါး ဟာသူလူမှန်းသိတတ်ခါစအချိန်မှာ
ကွာရှင်းပြတ်စဲ ခဲ့ကြပြီး ၊သူဟာ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ ရတာပါ ။
သူ့ မိခင်က သူ့ မှာ အနုပညာ ဗီဇရှိမှန်း သတိထားမိခဲ့ လို့  စန္ဒရားအတတ်ပညာကို
သူမူလတန်းကျောင်းသားအရွယ်ကတည်းက ဆရာနဲ့  စနစ်တကျ သင်ယူစေခဲ့ပါတယ် ။
သူ့ မိခင်က သိပ်ပြီးချမ်းသာကြွယ်ဝ လွန်းလို့ တော့ မဟုတ်ပါဘူး ။
သားဖြစ်သူရဲ့  ဝါသနာ နဲ့  ဗီဇ ကို ပြုစုပျိုးထောင် ပေးချင်လို့ 
ကြိုးစားပြီး မြေတောင်မြှောက်ပေးခဲ့ တာပါ ။ ဒီလိုနဲ့  အရွယ်ရောက်လာတော့
Jay ,ဟာ ဒုက္ခ အမျိုးမျိုး ကြားက ဇွဲ မလျှော့ဘဲ ကိုယ်တိုင် သီချင်းရေး ၊ ဆို နဲ့ 
နောက်ဆုံးတော့ ထိုင်ဝမ်နိုင်ငံလေးထဲတင်မက အာရှတိုက်မှာ ရေပန်းစားအောင်မြင်
ကျော်ကြားခဲ့ တာ ယနေ့ ထိ ပါဘဲ ။အခုဆို ရုပ်ရှင်လောကထဲ အထိ ဝင်ရောက်ပြီး
သန်းပေါင်းများစွာချမ်းသာနေတဲ့ ဘက်စုံအောင်မြင်နေတဲ့ လူငယ်တဦးပါ ။
သူဘာလို့  ဒီလောက်နာမယ်ကြီးနေရတာလဲ ဆိုတာ အဖြေရှာ ကြည့် မိတော့ ၊
သူ့ သီချင်းတွေဟာ ခေတ်လူငယ်တွေ ဘဝနဲ့ ဟပ်စပ်တယ် ။ပေါ်လွင်တယ် ။
ဆန်းသစ်တဲ့  အတွေးအခေါ် ၊အသုံးအနှုန်း ၊စကားလုံးတွေ နဲ့  လူငယ်တွေကို လမ်းမှားမလျှောက်
မိစေဖို့ သတိပေးထားတာလေးတွေ ၊ ထူးထူးခြားခြားသံစဉ်လေးတွေ ၊ သူ့ ရဲ့ 
တေးသီချင်းစုတိုင်းမှာ တပုဒ်စ၊ နှစ်ပုဒ်စ ထဲ့ သွင်းထားတဲ့  အတွက် ၊Series အသစ်ထွက်တိုင်း
Top Ten ထဲမှာ နေရာယူနိုင်ခဲ့ တာပါ။
လူငယ်နှင့် ဂီတအနုပညာ
ယနေ့ ခေတ်လူငယ်တိုင်းလိုလို ဂီတနှင့်မစိမ်းကြပါ ။အရူးအမူး နှစ်ခြိုက်ခြင်း
မျိုးမဟုတ်တာတောင် အနည်းနှင့်အများဟာတေးသီချင်း သီဆိုခြင်း ၊
နားဆင်ခြင်း ၊ ကခုန်ခြင်းများ ရှိတတ်ကြပါတယ်။အခုဆိုရင် MP3 ,MP4 အစရှိတဲ့ 
အလွယ်တကူ သယ်ဆောင်ပြီး နေရာမရွေး ၊ အချိန်မရွေး နားဆင်ကြည့်ရှုနိုင်တဲ့
ဖျော်ဖြေရေး ကရိယာများရှိနေပြီ ဖြစ်တဲ့အတွက် ဂီတနဲ့ ပိုပြီး နီးစပ်စွာ ရှိနေကြပါတယ် ။
ဂီတကို မြတ်နိုးခင်မင်သူများရဲ့  အတွင်းစိတ်သန္တာန်ဟာအများအားဖြင့်
သိမ်မွေ့ နူးညံ့ကြပါတယ် ။ငယ်စဉ်ကတည်းက ဂီတကို လေ့လာလိုက်စားခဲ့ ၊
အတူကြီးပြင်းခဲ့ရသူ များမှာ ပိုပြီး သိမ်မွေ့ ကြမှာပါ ။
ခေတ်ရေစီးကြောင်းအလျှောက်ပြောင်းလဲနေမြဲဖြစ်တဲ့  ဒီ ဂီတသံစဉ်တွေ ၊
စာသား အသုံးအနှုန်းတွေ ကို တချို့ လူကြီးတွေ က နားမလည် လက်မခံ
နိုင်တဲ့  အတွက် (အထူးသဖြင့် မြန်မာ ပြည်၌ လက်ရှိ ရေပန်းစားနေသော
ခေတ်ပေါ်တေးသီချင်းများအား နှိမ်ချပြောဆိုခြင်းများအတွက် ) လူကြီး နှင့်လူငယ်
အကြား ကွာဟမှုများ ရှိနေကြရပါတယ် ။ ဒါကြောင့် လူငယ်တွေ အတွက်
အကျိုးပြုစေနိုင်တဲ့ ၊ ရည်ရွယ်ချက် အဓိပ္ပါယ်ပြည့် စုံတဲ့  မြန်မာ တေးသီချင်းများ ကို
ကြိုဆို အားပေးကြဖို့  လိုပါတယ်။
ဒီလို သီချင်းလေးများလဲ များစွာပေါ်ထွက် နေရာရကြစေဖို့  မျှော်လင့်နေပါတယ်။
တရားမဝင် ခိုးကူးခွေများကြောင့်  ပင်ကိုယ် အနုပညာရှင်များရဲ့ ဆုံးရှုံးနစ်နာနေမှုများ
အမြန်ဆုံးပပျောက် စေရန်လည်းဂီတ ချစ်သူတိုင်းမှာ တာဝန်ရှိတယ် ဆိုတဲ့ အချက်ကို ရော
..ယခု ဒီစာဖတ်နေသူ မိတ်ဆွေ လက်ခံနိုင်ပါမည်လား ။။။။
(သီချင်းလေးတွေ ဆိုနေရရင်၊ ကနေရရင၊်တလောကလုံး ကို မေ့ပြီး ပျော်ရွှင် နေတတ်တဲ့ 
ချစ်သော ညီမလေး ငယ် အား သတိတရ )
အချစ်ဆိုတာ ဘာလဲ ??
ဟိုးရှေးပဝေသဏီ ကတည်းက ၊ ကမ္ဘာဦး စကတည်းက လူတွေ လူတွေ
တယောက်နဲ့ တယောက် ချစ်လိုက်ကြတာ ... ဘာတဲ့ ... အာဒမ်နဲ့ ဧဝ ၊
ရိုမီယိုနဲ့ ဂျူလီယက် ၊ ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ ရာဇဝင်တွင်တဲ့ ဂန္ဓဝင် အချစ်တွေ ။။
ကိုယ်တောင် အဲဒီအချိန်မှာ လူမဖြစ်သေးလို့  ။
မဟုတ်ရင် ရာဇဝင် စာတင်ခံရတဲ့ အထဲ
ကိုယ့်အမည် ကျန်ရင် ကျန်နေရစ်မှာ ။
ခုခေတ် ၊ နောင်ခေတ် နှစ်ပေါင်းများစွာ ဒီကမ္ဘာကြီး ရှိနေသ၍
ဒီအချစ်ဆိုတဲ့ ဟာကြီး က ဆက်လက်တည်ရှိနေအုံးမှာ ပေါ့  ။
ဒီတော့ အားအားယားယား ဟိုတွေး ဒီတွေး အကျင့် က ဖျောက်မရလို
့ပေါက်တတ်ရာရာ လျှောက်တွေးရင်း ကိုယ်တိုင် အဖြူ အမဲ မကွဲသေးတဲ့
ဒီ အချစ်ဆိုတာကြီးကို ဋီကာဖွဲ့ ဖြစ်သွားတာပါ ။။ အချစ်နဲ့ ပတ်သက်နေတဲ့  ခွဲခြမ်း
စိတ်ဖြာမှုလေးများပေါ့။
၁၅၀၀ အချစ် နဲ့  ၅၂၈ အချစ် ဟာ ဘာကွာသလဲ ပေါ့
(ဟဲ့ကောင် ငတုံးရဲ့  ဒီလောက်လွယ်လွယ်လေးများ
ဦးဏှောက်စားခံနေရသလား
.. မသေမချင်းမှတ်ထား ၉၇၂ ကွာတယ် .. ဒါလေးတောင် မသိဘူး လား ။
ဒါနဲ့ များ စာရင်းစစ်လုပ်နေရသေးတယ် ၊ အံ့ပါရဲ့  )
အင်းလေ ။ ဂလို တွက်ကြည့် တော့လဲ ဟုတ်သလို လိုပါဘဲ ။
ဒါဆိုရင် အဲဒီ အချစ်ဆိုတာ ဘာလဲ ။ ပြောစမ်းပါအုံး ။
တချို့ ကပြောတယ် ပေးဆပ်ခြင်းတဲ့  ၊ခွင့်လွှတ်ခြင်း တဲ့
တချို့  ပြောတော့ ရယူ ၊ ပိုင်ဆိုင် လိုခြင်း တဲ့ ။
(အာ ဒီအကောင် အတော်ခက်ပါလား ။ပေးနေတဲ့ သူရှိရင် ယူလိုက်ပေါ့ ကွာ ၊
ဒါမှ အချစ် ဒါနမြောက်သွားမှာပေါ့။ မင်း အချစ် က မင်းကို
နဖါကြိုးထိုးပြီး မဟုတ်တာတွေ လုပ်နေတာ ခွင့်လွှတ်နေချင် သပ ဆိုလဲ
မင်းဟာ လူ့ ငနွားပေါ့ ကွာ)
ပြီးတော့  တဖက်သတ်အချစ် တဲ့  ။ အုံပုန်းချစ် တဲ့ ။
တိတ်တခိုးအချစ် တဲ့ ။
(အင်း ဒါကတော့ နဲနဲ သနားစရာကောင်းတယ် ၊ တဖက်ကချည်းဘဲ သတ်နေတာ
အသတ်ခံရတဲ့ ဖက်က ကြာရင် ဘယ်ခံနိုင်ပါ့မလဲ ။
သေတွင်းဝ မှာနေပြီး ချစ်နေရတာ ကိုး ။သနားပါတယ် ။
အုံပုန်းချစ်လဲ အန္တရာယ် များပါတယ် .. မတော်လို့ 
သူပုန်းနေရတဲ့  အနီးနား မှာ ပျားအုံ ရှိနေရင်
အထဲ က ပျားထွက်တုပ်မှ ဒုက္ခ ရောက်မယ် ။
တိတ်တခိုး အချစ်လဲ ပင်ပန်းလွန်းလှ ပါတယ် ။ ချစ်သူ အိပ်ပျော်အောင်
စောင့်ပြီးမှ တိတ်တိတ်ခိုးစားရမှာ ..
ချစ်သူ အိပ်မပျော်တဲ့  ညဆို ဘယ်လို လုပ်မလဲ နော်
. ညစာ ငတ်ကိန်းဆိုက်ပြီပေါ့ ။ သူ့ ခမျာ အိပ်ရေးလဲ ပျက်ရသေးတယ် )
ပြီးတော့ ရှိသေးတယ် ... အတ္တ ကြီး တဲ့  အချစ် တဲ့ ၊ လောဘ ကြီးတဲ့ 
အချစ် တဲ့ ။
(အမယ်..... ဒါက နာမည် သာ ဆိုးတာ နော် ၊ သူ့ အတွက် တော့ သိပ်ကောင်းတာ ၊
မင်းမသိဘူးလား ကွ ၊)
ဒါဆို ကောက်ရိုးမီး အချစ် ၊ ပွဲပြီးမီးသေ အချစ် တွေ ကျတော့ရော ။။
ကောင်းလား မကောင်းဘူးလား ရှင်းပြပါအုံး ဥာဏ်နီ ဥာဏ်နက်ရှင် ရယ် ။
(အင်း ... ဒါကတော့ ရာသီဥတုပေါ် နဲနဲ အမှီပြု နေတယ်ပေါ့ကွာ ။။
ဂလိုရှိတယ် ငါ့ လူရေ ။ မိုးတွင်းအခါ ဆိုရင်တော့ ရှဲကနဲ အချစ်ဖြစ်မှာပေါ့ 
ကောက်ရိုးမီးလို ဝုန်းကနဲ ထ တောက်ပြီး ၊ အခါမဟုတ်မိုးတို့ ၊
အခါလွန်မိုးတို့  ရုတ်တရက် ရွာချလိုက်ရင်တော့ လဲ
မတတ်နိုင်ဘူး လေ .အဲဒါကြောင့် ဘဲ
ပွဲပြီးမီးသေ သွားရတာပေါ့  ။ နို့ မှို့ ရင် ဘယ်ထိ များ မီးခိုးကြွက်လျှောက်
လိုက်ပြီး မိုးမီးလောင်တဲ့  အထိ ပြင်းထန်သွားနိုင်တယ်၊ မသိဘူးနော်။
ဒါပေမဲ့  ချစ်ရတဲ့  သူအတွက် က ကောင်းပါတယ် ။
သူက ရှဲကနဲ ဝုန်းကနဲ ချစ်လိုက်ရတာ ၊
ပွဲပြီးမီးသေ ၊ မီးသတ်ခေါ်ပြီး ငြိမ်းပေးစရာတောင် မလို တော့ဘူး ။
တချက်ခုတ် နှစ်ချက်ပြတ် တာပေါ့ ။။ ဟဲ ဟဲ အချစ် ခံရတဲ့  သူ အတွက် ကတော့  ကွာ
၊ ဆန့်  တ ငန့် ငန့်နဲ့  ကျန်ရစ်ခဲ့  မှာ မြင်ယောင်နေပါ့  င့ါလူရာ ။)
ဒါဆိုလဲ နောက်တခု ပြောပြပါလား ။။ Love Is BLIND ဆိုတာလေ ။
( အင်းလေ ငါက မင်းလောက် အင်္ဂလိပ် လို မတတ်ပေမဲ့  မေးတဲ့  သူရှိတုန်း
တတ် သလို နဲ့  ရွှီးရတာပေါ့ .။ မသေမချင်းမှတ်ထား ကွ .
အချစ်က မျက်စိကန်းနေတဲ့  အတွက် သူ့ ရှေ့ မှာ မင်း နောက်ထပ်
ရည်းစား အယောက် တရာ ထားထား ၊ တထောင်ထားထား ရ တယ် ။
သူမမြင်ဘူး ။ ဟဲဟဲ တခုတော့ သတိထားပေါ့ ကွာ ၊
သူ့ အနားမှာ အသံဗလန် တွေတော့ မထွက်စေနဲ့ ပေါ့ ။
မျက်စိမကောင်းတဲ့  သူတွေ က နားပိုလျှင်တတ်ကြတယ် ။
ဟို လေ ၊ တရုပ်စကားပုံ တခုရှိတယ် ။
ခိုးစားပြီးရင် ပါးစပ်ကို စင်အောင်သုတ်ပါ တဲ့ ၊ ဟားဟား ဟား )
အင်း ။ ဒီနေ့  အဖို့ တော့  ဒီလောက်ဘဲ ရွှီးတော့ မယ် ။။
အချစ်ဋီကာ အပိုင်း ၁ ပေါ့  နော်
ကိုယ့် ရဲ့  အချစ်ပေါ် ထင်မြင် သုံးသပ်ချက် လေးတွေပါ
. စိတ်သဘောထားချင်းမတိုက်ဆိုင်ရင်တော့လဲ ..
အဲလေ ...ကွာရှင်း ပြတ်စဲ ကြတာပေါ့  . ဒီခေတ်ကြီးမှာ
ဒီ အချစ်လောက်နဲ့  ဦးဏှောက် အခြောက် ခံ
မနေကြတော့ ပါဘူး။ ဟုတ် တယ် ဟုတ် .
မချစ်ရဆိုရင် ပိုချစ်ချင်တာ လူ့ သဘော ပါ ။
(တစုံ ၂ယောက်သော သူကို ရည်ညွှန်းကြောင်း ဝန်ခံပါသည် )
KiKi
လားရာဂတိ အတွက်
လားရာဂတိအတွက် ကောင်းသောနိမိတ်နှင့်မကောင်းသောနိမိတ်ထင်လာခြင်းသည်
မိမိပြုလုပ်ခဲ့သော ကံများနှင့် ထိုကံများ၏ အကျိုးပေးအလှည့် အစဉ်ပေါ်တွင် တည်ပါသည်။
ကံ( ကမ္မ ) သည် ကိုယ် ၊ နှုတ် ၊စိတ် သုံးမျိုးဖြင့် ပြုလုပ်ခဲ့သော( ယခုဘဝ နှင့် ရှေးရှေး ဘဝ
အဆက်ဆက်တို့ မှ) ကောင်းမှု မကောင်းမှု များဖြစ်ကြသည်။
ယေဘူယျအားဖြင့် ကောင်းသောကုသိုလ်ကံများရှိသူသည်
ကောင်းသော သုဂတိဘဝ ရောက်နိုင်သည်။
မကောင်းသော ကုသိုလ်ကံများရှိသူသည် မကောင်းသော ဒုဂ္ဂတိဘဝကိုရောက်ရန်ရှိသော်လည်း
(ပါကဒါန ) အကျိုးပေးအလှည့် အစဉ်အားဖြင့် ခွဲခြားရသော ကံ လေးပါးကြောင့်
အချို့လားရာဂတိများပြောင်းလဲကြရပေသည် ။
(၁) ကြီးလေးသော ဂရုကံ
(၃) အမြဲတစေပြုလုပ်သော အာစိဏ္ဏကံ
(၄) ပြုမိရုံမျှဖြစ်သောကံနှင့်ရှေးဘဝများမှကံ ၊ ကဋတ္တာကံ
အကျိုးပေးလှည့် အစဉ်
ကံ ၄မျိုးအနက် ကြီးလေးသော ဂရုကံ ပြုမိသောသူများသည်
နောင်ဘဝပဋိသန္ဓေ အကျိုးကို မုချပေးသည် ။
ဂရုကံ မရှိလျှင် သေခါနီးတွင်ပြုသော အာသန္နကံ က အကျိုးပေးသည် ။
အာသန္နကံ မရှိလျှင် အမြဲတစေပြုလုပ်သော အာစိဏ္ဏကံ က ပဋိသန္ဓေ အကျိုးကိုပေးသည် ။
ရှေးကံ ၃ ပါး မရှိမှသာ ကဋတ္တာကံက အကျိုးပေးသည် ။
နှစ်ရှည်လများပြုလုပ်အမြဲပြုလုပ်နေသော အာစိတ္တကံသည်
သဘာဝအားဖြင့် အားကောင်းသောကံဖြစ်သည် ။
အာသန္နကံသည် သဘာဝအားဖြင့် အာစိဏ္ဏကံလောက် အားမကောင်းပါ ၊ သို့ သော်
သေပြီးနောက်တဘဝအတွက် ပဋိသန္ဓေ အကျိုးပေးရာတွင် ၊
သေခါနီးပြုလုပ်သော အာသန္နကံသည်
ပဋိသန္ဓေနှင့် နီးကပ်သောကြောင့် ပဋိသန္ဓေအကျိုးပေးနိုင်ဖို့ ရန် ပို၍ အခွင့်သာသွားပါသည် ။
မျက်မှောက်ကာလတွင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ ဟောပြောချက်အရ အမရပူရမြို
့(တောင်မြို့ ) မှ ဒါယိကာမကြီးတဦးသည် တောင်သမန်ဘက်တွင် ကျောင်းတိုက်ကြီးဆောက်၍
လှုဒါန်း၏ ။ ထို့ အပြင်
အညာဒေသ ပူပြင်းသောကြောင့် ရေချမ်းစဉ်များစွာကိုလည်း လှုဒါန်းမှုပြု၍ ကျောင်းအမကြီး
ရေချမ်းအမကြီးဟူသော နာမည်နှင့် လူသိများ၏ ။ သူကွယ်လွန်ခါနှီးသောအခါ
သားသမီးများငိုကြလွန်းသောကြောင့် ထိုသူတို့ ကို စွဲလန်း၍(လောဘ ဖြင့်) သေဆုံးသွားသဖြင့်
တစ္ဆေ ဖြစ်ရ၏။
အဖေါ်တစ္ဆေများနှင့် အပျော်သွားနေကြ၍ သင်္ချိုင်းတွင် လှုဒါန်းမှုများကို မသိလိုက်ပါ
။ရက်လည်ဆွမ်းကျွေးသည့် အခါတွင်မှ တရားနာရ ၊ အမျှဝေသည်ကိုလည်းရသည် ဟု ၊
တရားဟောပြီးပြန်ကြွသော ဆရာတော်ဘုရားကို လိုက်၍ လျှောက်ထားပြီး
ကျွတ်လွတ်သွားပါသည် ။
ကွယ်လွန်ခါနီး တွင် ဆွေမျိုး သားသမီးများအနေဖြင့် မငိုမိရန် အထူးသတိထားသင့်သည် ။
သားသမီးကို စွဲလန်းသော လောဘတဏှာ အကုသိုလ် အာသန္နကံက တစ္ဆေ (ပြိတ္တာ)
ဘဝရောက်ရန် အကျိုးပေးသွားခြင်းဖြစ်သည်။
ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ) ၏ သေခြင်းကောင်းသောဘဝ ၊ လားရာကောင်းသော ဂတိ မှ
ကူးယူဖေါ်ပြခြင်းဖြစ်ပါသည် ။
ူလူတိုင်း အနေကောင်း အသေကောင်း၍ ဘဝကူးကောင်းကြပါစေရန် ။။
ကြာလှပြီဘဲလို့ ဆိုချင်လဲ ဆိုနိုင်ပါတယ် ။ အမေးရှိရင် အဖြေရှိရတယ်လေ ။
ဒီလိုပါ ၊။ ကိုယ့်အကြောင်းက စပြောမှ ဇာတ်ရည်လည်မှာမို့ ၊ ကိုယ့်ဘဝအကျဉ်းချုပ်လဲ
သူက အတော်လေး ပျော်တတ်ရွှင်တတ်တာ .. သင်္ကြန်အချိန်တိုင်း ရေ မကစားရ
သမားတော်ကြီး ကပြောတာ သူ့ ရဲ့  နောက်ဆုံး အချိန် တစ်လ ...အလွန်ဆုံး ၃ လ ပေါ့  တဲ့ ။
တချို့ ပြောတာ ကတော့  .. အသိပေးလို့ ရော ဘာထူးမှာမို့ လို့ လဲ..
ကိုယ်က ကျန်းမာရေးနဲ့ ပတ်သက် တဲ့ ။ ရောဂါ ဝေဒနာတွေနဲ့  ပတ်သက်တဲ့
ငါဘာရောဂါ ဖြစ်နေတာလဲ တဲ့  ..(သူနဲ့ ကိုယ်နဲ့ က အထက်အောက်တွေဆိုတော့ 
ငယ်ငယ်လေးကတည်းက နင် နဲ့  ငါနဲ့ ပြောတာ နှုတ်ကျိုးနေ တာ ပါ ..ကိုယ့်အမတယောက်ကို
ဒီတော့ ကိုယ် သူ့ ကို ဘယ်လို ပြန် အဖြေပေးရမလဲ လေ ..
.. အမရေ .. နင် အသည်းကင်ဆာ ဖြစ်နေတာ ..နောက် ထပ် ၁လ ၊အလွန်ဆုံး ၃ လဘဲ
ကိုယ့် ဦးဏှေက်ထဲ ဝေခွဲလို့ မရဘဲ မိနစ်များစွာ မလှုပ်မယှက် ကျောက်ရုပ် တခုလို ငြိမ်သက်သွားခဲ့ရတယ် .. ဒါကို သူလဲ ရိပ်မိသွားတယ် ထင်ပါရဲ့ ။့  ဘာဖြစ်လို့ ပြန်မဖြေတာလဲ တဲ့  ...
. အမရေ .. အဲဒီ အချိန်မှာ ငါအရမ်းငိုချလိုက်ချင်တာ ။ ဒါပေမဲ့  နင့် အရှေ့ မှာ ငါငိုလို့ 
မတင်မကျနဲ့  ၊ ရောချလိုက်ရပါတယ် .. အမ ရောဂါ က ဘာမှ မဟုတ်ပါဘူးဟယ် ။
ို့ကိုယ့်အသံမတုန်အောင် မနဲ ကြိုးစား ပြောရပါတယ် ..မုသားတဝက် နဲ့ ငရဲကြီး မယ်ဆိုရင်လဲ မတတ်နိုင်တော့ပါဘူး ။ အဲဒီတော့  ကိုယ့် အမလေ ၊ မယုံတဝက် ယုံ တဝက်နဲ့  ..
့သူ့ မှာ Hepatitis B(ဘီပိုး ပေါ့) ရှိတာ ကြာပါပြီ ..ဖြစ်ခါစတော့ သူ့ ဟာသူ အတော်ဂရုစိုက်
ကိုယ်လဲ အဲဒီ အချိန် တွေတုန်းက တနှစ်တခါ အိမ်ပြန်ရောက်တိုင်း သူ့ ကို အမြဲမေး ..
နောက်တခု က ။ အမ မေးခဲ့ တုန်းက အမရောဂါ နာမယ် အမှန်တိုင်းမပြောဘဲ ဝေ့လည်ကြောင်ပတ်နဲ့ ဖြေခဲ့  ရတာ ဟာလဲ .အမကို စိတ်မညစ်စေချင်တော့ လို့ ပါ ။ ဒီအတွက်ကြောင့်  အမ နောက်ဆုံးလုပ်စရာရှိတာလေးတွေ ၊ ပြင်ဆင်စရာလေးတွေ ၊ အမ ရဲ့  အဝေးရောက်နေတဲ့  သားအတွက် မှာစရာ ပြောစရာတွေ မပြောဖြစ် ၊မလုပ်ဖြစ် ၊ မမှာဖြစ် ခဲ့ လိုက်ရလို့ နောင်ဘဝထိ မဖြောင့်တန်းနေရရင် တော့ ငါ့ ကို တမလွန်ဘဝ ကနေပြီး နားလည်ပေးပါ အမရယ် ...
အမရဲ့  နောက်ဆုံးထွက်သက်လေးကို မမှီလိုက်ရတာ လဲစိတ်ထဲ မကောင်းဖြစ်နေရဆဲပါဘဲ အမရေ ။ အလုပ်တဖက်နဲ့  ခွင့်ရက်ရှည် တွေ ယူလို့ မရတာနဲ့  ရသလောက် အချိန်တို ခွင့်လေးတွေ အခါခါ ယူပြီး အဝေးမှ အခေါက်ခေါက်ပြန်ပြီး အမအနားမှာ အဖေါ်လုပ်ပေးခဲ့ ရတာ ..၂ လ အတွင်း ၃ကြိမ် မြောက့်  ငါ့ အပြန်ခရီးကို အမ ဘာလို့  မစောင့်ဘဲအလျှင်စလို ထွက်သွားခဲ့ ရတာလဲ အမရယ်။။ အဝေးပြန်ပြီး အလုပ်လုပ်နေရတဲ့ အချိန်တွေ မှာ တနေ့  ၂ကြိမ် အမဆီ ဖုံးဆက်ပြီး ရယ်စရာတွေ နဲ့  အမကို နှစ်သိမ့် နေခဲ့  တော့  အမကပြောတယ်လေ ..
သူ့ အခြေအနေ သူ အမှန်တကယ် မသိတာလား ။ သိရဲ့  သား နဲ့  ကိုယ်သူ့ ကို ညာလို့ တမင် ဒီလို ပြောခဲ့ တာလား အမ ရေ ... ဘာလို့  ကိုယ့်မှာ ဒီသံသယလေး တခု ခုထိ ရှိနေရသလဲ ဆိုတော့ .. ဒီလိုပါ ....
သူနေမကောင်းဖြစ်လို့ တက်နေတဲ့  ရန်ကုန်မြို့ တော်ကြီး က S ၂လုံး နဲ့  စီ နေတဲ့  ဆေးရုံတရုံမှာ အခြေအနေ မဟန်လို့  .ရလိုရငြား အိမ်နီးနားချင်း တနိုင်ငံမှာ သွားပြခဲ့တဲ့ ဆေးမှတ်တမ်းတွေ အားလုံး ၊သူမမြင်အောင် ဂျောင် တနေရာမှာ ဖွက်ပြီး ဒုတိယ အကြိမ် ကိုယ်အဝေး ပြန်ခဲ့ တာ ..သူဆုံးပြီးနောက်ပိုင်း တရက် မှာသူ့ ရဲ့  အိပ်ယာလေး သိမ်းပေးရင်းနဲ့ မမျှော်လင့်ဘဲ အဲဒီ ဆေးမှတ်တမ်းတွေ .ဓါတ်မှန်တွေ ကို သူ့ ရဲ့  မွေ့ ယာ နဲ့  ခေါင်းအုံး အောက်မှာ ရောက်နေတာ တွေ့ လိုက်ရတယ် .သူလဲ ခေတ်ပညာတတ် တယောက်ဘဲလေ ။ဒီ အင်္ဂလိပ်စာလုံးတွေ လောက်တော့  နားလည်မှာပါ ..Medical terms တွေ အကုန်ကိုတော့ ဘယ်နားလည်ပါ့ မလဲ ... HCC လို့ ရေးထားတာ မသိချင် မသိနိုင်ပေမဲ့ cancer ward ဆိုတာလောက်ကိုတော့ သူသိမယ်ထင်ပါတယ် ။
အမရေ . နင့် ကို အမှန် အတိုင်းရောဂါနံမယ် မပြောလိုက်တဲ့  အချိန်ကစပြီး ၊ငါ့ကို ရောဂါ နဲ့ ပတ်သက်ပြီးဘာတခွန်းမှ ထပ်မမေး ခဲ့ တာ .သေတဲ့  ထိပါ ..နင့်ကို ညာလိုက်လို့  သေတဲ့ အချိန်ထိ ငါ့ကို မယုံကြည် တော့ဘဲ .ငါ နင့်ဆီရောက်လာမဲ့  နာရီပိုင်းအချိန်လေးတောင် မစောင့်တော့ ဘဲ ထွက်သွားခဲ့ ရတာလား အမရယ် ..
ငါ နင့်အပေါ် ဒီတခါဘဲ ညာ မိတာပါ ..ဘာဘဲဖြစ်ဖြစ်ပေါ့လေ .တမလွန်ဘဝကနေပြီး ငါ့ ကိုနားလည်ပေးပါနော် ။။။
ဒီတော့  ကိုယ့်ရဲ့  တကယ့် အဖြစ်အပျက် နဲ့ ပတ်သက်ပြီး ယနေ့ ထိ ခံစားနေရတဲ့ 
ဒွိဟ လေးကို ပြောပြနိုင်ရင် ပြောပြပေးပါ လေ
လူတွေ ဟာ ကိုယ်မသေခင် မှာ ၊ ကိုယ်သေရတော့ မဲ့  အချိန် နဲ့  သေရခြင်း အကြောင်းရင်း ကို မိမိ ကိုယ်တိုင် သိပိုင်ခွင့်  ရှိရမှာ ပါသလား ။
သေခါနီးလူတယောက်ကို အမှန်အတိုင်း ပြောပြသင့်  ပါသလား ???
( ၂.၈.၂၀၀၇ ) မှာ ဘဝတပါးသို့  ထွက်ခွာ သွားခဲ့တဲ့  ချစ်အမ မကုကူ သို့  သတိရခြင်းများစွာဖြင့်
သိတဲ့ သူများပြောပြကြပါ ။။
အသက်ရှည်လို့  ဘုန်းမကြီး ။ ဘုန်းကြီးလို့  အသက်မရှည် ။
တခုခုကို ရွေးပါဆိုရင် ဘယ်တခုကို ရွေးမှာလဲ
အသက်လဲမရှည် . ဘုန်းလဲ မကြီး ဆိုတာကိုတော့  ဘယ်သူမှ ရွေးချင်ကြမှာ မဟုတ်ပါဘူး ။
အသက်လည်းရှည် ၊ ဘုန်းလည်းကြီး ။ ဒါတော့  လူတိုင်း လိုချင်ကြမှာ မေးစရာတောင် မလိုပါဘူး..
( လဒပြည်မှ လဒကြီးများ ဤကဲ့ သို့ သော အကျိုး ကို ခံစား စံ စားနေကြရသည်မှာ ထူးဆန်း ဖွယ် တပါး ဖြစ်နေပါ သည် )
ဘာကြောင့်  ဒီ သကောင့်သားများ ဒီဘဝမှာ ဒီလို ကောင်းသော အကျိုးများစွာ ကို ရရှိနေကြရပါသလဲ ။
ရှေးဘဝ မှ ကံ ၊ ကံ၏ အကျိုးကြောင့်  ဖြစ်နိုင် ပါသလား ။။
ခု ဘဝ မှာ ဘုရားဖျက် . တရားမဲ့  ..သံဃာ ရိုက် ခဲ့ တဲ့  အကြောင်း တရားတွေ အတွက်
ဝဋ်မှာအမြဲ ငရဲမှာ အပ ၊ ဘဝမကူးခင် ဒီဘဝမှာတင် ဝဋ်လည်ဖို့  အကျိုးတရားများကိုရော ခံစားရဖို့  အခွင့် အလမ်းများ ကျန်နေပါ အုံးမည် လား ။။
အဖြေသိသူ မိတ် ဆွေများ ။ အရုးလေးတယောက်ကို ပြောပြနိုင် ကြပါမည်လား ..
မှီငြမ်း ကိုးကားစရာ စာအုပ် စာတမ်းများ အနီးမှာ ရှာ မတွေ့  နိုင်တဲ့  အတွက်. .. ဖြတ်လမ်းနည်းကို အသုံးချလိုက်ရခြင်းအတွက် ဝမ်းနည်းပါသည် ။