ဪ .. နွေရောက်ပြီလေ နွေအပူ လေအပူ နေရခက်လှပါပေသမို့  အီဖေစကိုယ် မှာ အေးရာအေးကြောင်း ရှာမိပါတယ် ။
အသွားမတော် တလှမ်း ၊ ကိုယ့် မှာတော့ အလျှောမတော် တချက်နဲ့ တင် အသက်ထွက်ရပါလေပြီ။
( မြွေတကောင်၏ နောက်ဆုံး တမ်းခြင်း )
ခုတလော ရာသီဥတု ကလည်း ပူသထက် ပူပြင်း ၊ ပထဝီ ကမ္ဘာ မြေကြီး ကလည်း အစွမ်းကုန် အပူငွေ့ တွေ တင်း ၊လူသားတွေတင် နေရခက်ခြင်း မဟုတ် ။ ကိုရွှေ မြွေ လေးခမြာ လည်း နေရခက်လှ ပေသမို့  အေးရာ အေးကြောင်း ရှာမိပါတယ် လေ ။
ထိုင်ဝမ် ကျွန်းနိုင်ငံလေးရဲ့ နယ်မြေ အပိုင် ဖုန်ဟူ မြို့ လေး က ပိုပြီး ရာသီဥတု ပြင်းထန်တတ်တယ် ။ ပင်မကျွန်းကြီးထက် ပူရင် ပိုပူ ၊ အေးရင် ပိုအေးတယ်ပေါ့ နော်။
ဒီနေ့ မနက် က သတင်းတပုဒ် ကြည့် လိုက်ရတော့ အူတွေ အသည်းတွေ ရှိရှိသမျှ ယားသွားလို့ စာဖတ်သူ မိတ်ဆွေမောင်နှမ များပါ အေးအတူ ပူအမျှ အတူတကွ ခံစား နိုင်ရလေအောင် မျှဝေပေးလိုက် ပါတယ် ။
ဖုန်ဟူမြို့  အရံ ရဲ တပ်ဖွဲ့ မှ ဒု ရဲမှူး မစ္စတာ ချိုက် ဆိုသူ ဟာ တနေ့ ည ပိုင်း အလုပ်ဆင်း အိမ်ပြန်လမ်းမှာ သူ့ အရှေ့ လမ်း မပေါ်မှာ မြွေတကောင် ဖြတ်သွား တာကို အမှတ် တမဲ့ လျှစ်ကနဲ မြင်လိုက်လို့  ရပ်လိုက်စဉ် မှာ ဒီမြွေဟာ လန့်ပြီး သူ့ ဆိုင်ကယ်ဘီးအောက် ဖြတ်တက်တာ သိလိုက်တယ်ပေါ့ ။ နောက်တော့ ဒီမြွေ ကဘီးမှတဆင့် ဆိုင်ကယ်ရှေ့ ဖုံးထဲ ဝင်သွားတာလေ ။ သူ့ အထင်တော့ ဆက် မောင်းလိုက်ရင် ဒီအမြီးရှည် ကောင် ပြုတ်ကျ ကျန် ခဲ့ မယ် ထင်ပြီး ဘာမှ ဆက်မလုပ်တော့ဘဲ အိမ် အပြန် ခရီး ဆက်လာပါတယ် ။ နောက်တော့ မှ သူ့ လက်မှာ အေးစက်စက် အထိအတွေ့  ခံစားလိုက်ရမှ ကြည့်လိုက်တော့ ဘယ်ဘက် လက်ကိုင် ဘရိတ် တန်းမှာ သကောင့်သား က ခေါင်းပြူ ထွက် နေတာတွေ့ ရတယ် ။
( အံမလေး ကိုယ်သာဆို နေရာတင် မှာ မူးမေ့သွားလောက်တယ် ။ မြွေဆို ရွံကြောက်ကြီးလေ ၊ဒီလောက် အနီးကပ်ကြီး ရုတ်တရက် မြင်လိုက်ရတာ ဆိုတော့ ..) ။
ဒီလူ ကတော့ ရဲ မို့ လို့ လား မသိ ၊ သတ္တိ ရှိ စွာ နဲ့ ပေါ့ ( ဒီနိုင်ငံ မှရဲ စိတ် ပြည့် ဝသော ရဲများကို ဆိုလိုပါတယ် နော် ) ။ အိမ်ထိဆက်စီးလာလိုက်သေးတယ်တဲ့  ။ သူ့ ဟာသူ သွားပါ စေ ဆို ပြီး မေတ္တာ ထားတာ လည်း ပါ မှာပေါ့ ။
နောက်တနေ့ မနက် မိုးလင်းတော့ သူ့ ဆိုင်ကယ် ဆီ ပြန်လာ အကြည့်  မှာ တွေ့ ရတာ က အမြှီးရှည်ကောင် မျက်ဖြူ ဆိုက်နေပြီ လေ ။ ဆွဲထုတ်လို့ ကလည်း မရတာ နဲ့  ဆိုင်ကယ်ပြင်တဲ့ ဆိုင်ကို သွား ပြီး ရှေ့  ဖုံးကို တစ စီ ဆွဲ ဖြုတ် ပြီး မှ ကြည့်တော့ သနားစရာ ကို မြွေလေး အသက် မရှိ တော့ပါဘုး ။ အလာကောင်း ပေမဲ့ အခါနှောင်း သွားတယ် ပေါ့ကွယ် ။
ပုံမှာ ပြထားတဲ့ အတိုင်း ဒီ အမြှီးရှည်ကောင် က လူတရပ်စာ မက ရှည်ပါတယ် ။စက်ကြားထဲ ။ ဘီးကြားထဲ ညှပ်ပြီး အသက် ထွက်ရ ရှာတာပါ ။
သတ္တဝါ တခု ၊ ကံ တခု ပေ ပဲ ပေါ့ ။
သို့ ပေသော်လည်း ကိုယ့် မှာတော့ အခု ဆိုင်ကယ် မောင်းတော့မယ်ဆို ဒီပုံ ထဲ က အရိပ်က ဘယ်လောက်ကြာအောင် လိုက်ခြောက် နေမယ်မှန်း မသိသေးလို့  ။ ။ ။ အမေရေ ကယ်ပါအုံး ။။။
သတင်းဖေါ်ပြချက်အရ ဒီမြွေဟာ Elaphe carinata အမျိုးစုဝင် ဖြစ်ပါတယ် ။ ၂၆၅ စင်တီမီတာ ရှည်ပါသတဲ့ ။ သူများကို တိုက်ခိုက်တဲ့  အချိန်မှာ အမြီးပိုင်းမှ အလွန်ဆိုးဝါးသော အနံ့ တမျိုး ထွက်စေပါတယ်တဲ့ ..တခြားသတ္တဝါတွေ နဲ့ သူတို့  အချင်းချင်း ကို မြို နိုင် ပါသတဲ့  .. စပါးကြီးမြွေ ပေါ့ နော်..
ဟိဟိ အသေးစိတ်တော့  မရေးတတ်တော့ဘုး။ စိတ်ဝင်စားရင် ဒီနေရာ မှာ ဆက်ဖတ်ပါနော် .. .
►Posted by
:kiki
:
at
6/30/2009 06:30:00 PM
Subscribe to:
Post Comments (Atom)
17 comments:
မြွေက အကြီးကြီးနော်
မြန်မာနိုင်ငံသာဆိုရင် အခုဆိုဟင်းအိုးထဲမှာ နေမှာ, အဲဒီနိုင်ငံက ပိုဆိုးပါတယ် တီကောင်က အစ စားတဲ့နိုင်ငံတွေ ,
အသဲယားလိုက်တာ.... အီးးးဟီးးးး
ဒီလိုရာသီဥတုမျိုးမှာ...တော်တော်သတိထားရမယ်............... အဲဒီကောင်တွေတအားထွက်လာတတ်တယ် ..........်အသဲယားစရာကောင်းပါဘိ.....................................အဆိတ်ရှိတဲ့ ကောင်ဆိုပိုဆိုး........မျိုးကြီးဆိုသလိုအော်...လိုက်မယ်....မလာပါနဲ့ ချစ်ရင်.....မလာခဲ့ နဲ့ .....အန္တရယ်သိပ်များလွန်းတယ်...မလာနဲ့.....ခင်တဲ့ ....သုဒြေ္န
မီးချစ် အိမ်မှာလဲ မြွေက တံခါးဘောင်ပေါ်တက်နေတာ မတွေ့ ဘူး မီးပြတ်နေလို့  ဖယောင်းတိုင်လေး ကိုင်ပြီး ..ဖွင့်လိုက်တာ.. အားးးးး ဆိုအော်တာ ဘေးအိမ်တွေ တောင် ပြေးလာတယ် .. အဟီး..
မမကိ...
ဂျစ် မြွေကြောက်တတ်တယ်
မမကီကတော်တယ်....သတင်းရှာတာ....
ရာသီဥတုက ပူပါ့....
မမကိ ကိုသတိရတယ်....ဝေးးးးးးးး
ဂျစ်
လုံးလုံးမချစ်တဲ့ သတ္တ၀ါတွေထဲမှာ မြွေနဲ့ မျှော့က ထိပ်ဆုံးက။
အသည်းယားလိုက်တာနော်။
မြွေမင်းသမီး ဖွားကိ...
အဆိပ်ပြင်းသည်။
းဝ)
မြွေဆို ကြောက်တယ်။ ဖင်ထိုင်ခုံထဲ နောက်ကနေ ၀င်မလာတာ တော်သေး။
ကျွန်တော်က မြွေဆို ရုပ်တရပ်တွေ့ရင်ကြောက်တယ်... သူများကပြရင် မကြောက်ဘူး ဒုတ်နဲ့သွာစတက်တယ်... :D
ဘွားကိ ပူတယ် ပူတယ်ဆိုပြီးသတိထားနော်။ တော်ကြာ ဒီလို မြွေများတက်လာရင် မေတ္တာပို့နော်. :))
မြေးတော့ ကြောင်သာကြောက်တာ မြွေတော့ ကြောက်ဘူးရယ်:))
ဘွားကိ ပူတယ် ပူတယ်ဆိုပြီးသတိထားနော်။ တော်ကြာ ဒီလို မြွေများတက်လာရင် မေတ္တာပို့နော်. :))
မြေးတော့ ကြောင်သာကြောက်တာ မြွေတော့ ကြောက်ဘူးရယ်:))
ဒေါ်ကိရေ ဖတ်ရင်းနဲ့ ကြက်သီးထ ပြီး အသည်းတောင် ယားပါပကော လူလဲ တကိုယ်လုံးယားနေပြီ အဟီးးးးး
ဒီမှာလဲ တော်တော်ပူနေပြီ ဗျိုးးးးး
တာ့တာ ဘိုင်
ဖွားကိ ဘာတွေတုန်း အဲ့ဒီမြွေကို ဘာလုပ်လိုက်သလဲဟင် ချက်စားတာလား ပြုတ်စားတာလား သိချင်တယ် အဟဲ လက်ကိုမကိုက်လိုက်ဘူးလား မသိဘူးနော်း)
လေးစားလျက်
တောင်ပေါ်သား
မမကီ
လက်ကိုင်မှာဆိုတော့ လက်ကိုလာမကိုက်ဘူးလားမမ။အသဲယားလိုက်တာနော်
မမကိုချစ်တဲ့
မေလေး
မြင်ရင် အသဲယားလို့ မြွေကြောက်တယ်...
ကမ္ဘာမှာ အကြောက်ဆုံးက တီကောင် အီး မြွေလဲ တီကောင်အမျိုးပဲ အကောင်ရှည်ဆို အကုန်ကြောက်တယ်..
အသည်းယားလိုက်တာ .. သနားလည်းသနားပါတယ်
ဖြစ်မှဖြစ်ရလေနော်
Post a Comment