တနေ့ က သီတင်းစာထဲ တွေ့ တဲ့ သတင်းလေးတပုဒ်ဖတ်ပြီး စိတ်ထဲ အတော်လေး ပီတိဖြစ်မိပါတယ် ။
များသော အားဖြင့်  နေ့ တိုင်းလိုလို အနိဌာရုံ တွေ ။ အ မင်္ဂလာ သတင်းတွေဘဲ မြင်နေရ ရာ မှ ဒီသတင်းလေးကြည့်ပြီးလူတယောက် နဲ့ တယောက် အမြဲ ဒီလိုချစ်ခင် မြတ်နိုး နိုင်ကြရင် ဘယ်လောက်များကောင်းလိုက်လေမလည်းလို့ စဉ်းစား မိပါတယ်။ လင်နဲ့ မယား လျှာနဲ့သွား ဆိုသလို အစဉ်မသင့်တဲ့ တခါတလေ မှာ ကိုက်မိ ..အဲ ..ကတောက်ကဆ လေးများ ဖြစ်လေ့ ရှိတာလည်း သဘာဝ ပါဘဲ ။
ဒါပေမဲ့  တယောက်နဲ့ တယောက် ချစ်ခင် မြတ်နိုးကြမယ် ၊ နားလည် ခွင့်လွှတ် တတ်ကြမယ် ၊ အပေးအယူ မျှတကြမယ်ဆိုရင် ဒီ အိမ်ထောင် တခုဟာ ပျော်ရွှင်ချမ်းမြေ့ စရာ တွေနဲ့  ရည်ရှည် တည်တံ့ နိုင်မှာပါ ၊။
ဒီဇာတ်လမ်းမှ မင်းသား နာမယ်က ချန်လုန်ထုန် ၄၈ နှစ် ။ သူ့  မိန်းမ က ၅၂ နှစ် ပါ ။ ခုဆို အိမ်ထောင်သက် ၁၄ နှစ် ။ သားသမီး မထွန်းကား သေးပါဘူး ။ယောင်္ကျားက စီးပွားရေး ကုမ္ပဏီကြီးတခုမှာ တာဝန်ယူရတယ် ၊၊ မိန်းမ ကတော့ အစိုးရ ဆေးရုံကြီး တခုမှ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဝန်ထမ်း တဦးပါ ။
၂၀၀၇ ခုနှစ်မှာ သွေးအန်ပြီးဆေးရုံတက်ရာမှ သူမ ဟာ အသည်းမာကျွတ်ခြင်းရောဂါ ဖြစ်နေကြောင်း ဆရာဝန်ကြီးတွေကပြောခဲ့ ပါတယ်။ အစားအသောက်ကို လည်း အစာချေဖျက်လွယ်ပြီး အဟာရ ဖြစ်မဲ့ အရာတွေသာ စားသုံးဖို့  အကြံပြုတာကြောင့် မစ္စတာ ချန်ဟာ အဲဒီ အချိန်မှ စပြီး ထမင်းဟင်းချက် တာ ကို အထူးကြိုးစားသင်ယူပြီး သူ့ မိန်းမ ကို နေ့ တိုင်း ဂရုတစိုက် ချက်ပြုတ်ကျွေးမွေး ပြီး ပြုစုခဲ့ ပါတယ် ။
၂၀၀၈ ခုနှစ် မေလ မှာ ရောဂါပိုးဝင် သွေးဆိပ်တက်ပြီး သူမရဲ့  အသည်းဟာ လုံးဝ နီးပါး ပျက်စီးခဲ့ရပါတယ် ။ အသည်း ကို အရေးတကြီး အစားထိုးလဲလှယ် မှု မပြုလုပ်နိုင်ဘူး ဆိုရင် သူမဟာ ၂ နှစ်ထက် ပို ပြီး အသက်မရှည် နိုင်တော့ဘုးလို့  ဆရာဝန် တွေက ပြောပါတယ် ။
( ပထမ အကြိမ် မှာ သူ့ ရဲ့ ဘယ်ဘက်ကျောက်ကပ် ကို သူ့ မိန်းမ အတွက် ပေးခဲ့ ပုံ နှင့် ဒုတိယ အကြိမ် မှာ သူ့ အသည်း ရဲ့  ၆၀ ရာခိုင်နုန်း ကို သူ့ မိန်းမ အတွက် အစားထိုး ပေးခဲ့ တဲ့  ပုံ )
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ မှာ သူတို့ လင်မယား နှစ်ဦးစလုံး ကျန်းမာစွာ ဆေးရုံ ဆင်းကြရပြီး
ပျော်ရွှင်ဘွယ်ရာ တူနှစ်ကိုယ် တိုင်းပြည်လေးကို စိတ်တူကိုယ်တူ ဆက်လက်တည်ဆောက် နေထိုင် နေကြဆဲ ဖြစ်ပါတယ်။
ဪ .. ဒီလို ချစ်မေတ္တာ တရားနဲ့ အချစ်ကြီးတဲ့ သူ ...ဤကမ္ဘာကြီးမှာ ရှိတော့ ရှိနေကြပါသေးသည် ။ သို့ သော် ရှားပါသည် ။
ချစ်သော ဘလောဂါ မမ ၊ ညီမ ၊ တူမ ၊ မြေးမ လေး များ လည်း ဤသို့ သော ရှားရှားပါးပါး အဖေါ်မွန် လေးများ တွေ့  နိုင်ကြပါစေ ဟု ဆုတောင်း ပေးပါသည် ။
( အမြဲတမ်း ယောင်္ကျား မကောင်းသတင်းများ တင်ပြနေ ၍ အကျွန်ုပ် အား အထင် အမြင်စောင်းနေသူများ ပြန်လည် တည့်မတ်စွာ မြင်နိုင်ပါစေရန် လည်း ရည်ရွယ်ပါသည် ။ မှန်တာပြော လင်ကောင်း သားကောင်း ရ ပါ စေ လို့  ။း))
အဲလိုမှ မဟုတ်ကြဘူး ။ တယောက်နဲ့ တယောက် မြတ်နိုး ယုံကြည်မှု မရှိဘူးဆိုရင်တော့ နောက် ကြာလေ ပြသနာတွေ ၊ မကျေနပ်မှုတွေ နဲ့အ စိုင် အခဲ ကြီးမားလာပြီး နောက်ဆုံး အိမ်ထောင်ရေး ပျက်စီးခြင်းများ ဖြစ်လာတတ်တာ လေ ။
အခု ပြောပြချင်တဲ့  အိမ်ထောင်လေးတခု မှာ လင် နဲ့ မယား တို့  အသက် ပေး ချစ်ခင် ကြပုံလေးတွေ တွေ့ ကြရမှာပါ ။
ဒီတခါ ကတော့ စိတ်ကူးယဉ် ပုံပြင်လေး မဟုတ်ပါဘူး ။ တကဲ့ အဖြစ်အပျက် ၊ ရှိတော့ ရှိတယ် ၊ ရှားတယ် ဆိုတဲ့ အထဲ ကပေါ့ ။
အခု ပြောပြချင်တဲ့  အိမ်ထောင်လေးတခု မှာ လင် နဲ့ မယား တို့  အသက် ပေး ချစ်ခင် ကြပုံလေးတွေ တွေ့ ကြရမှာပါ ။
ဒီတခါ ကတော့ စိတ်ကူးယဉ် ပုံပြင်လေး မဟုတ်ပါဘူး ။ တကဲ့ အဖြစ်အပျက် ၊ ရှိတော့ ရှိတယ် ၊ ရှားတယ် ဆိုတဲ့ အထဲ ကပေါ့ ။
ဒီဇာတ်လမ်းမှ မင်းသား နာမယ်က ချန်လုန်ထုန် ၄၈ နှစ် ။ သူ့  မိန်းမ က ၅၂ နှစ် ပါ ။ ခုဆို အိမ်ထောင်သက် ၁၄ နှစ် ။ သားသမီး မထွန်းကား သေးပါဘူး ။ယောင်္ကျားက စီးပွားရေး ကုမ္ပဏီကြီးတခုမှာ တာဝန်ယူရတယ် ၊၊ မိန်းမ ကတော့ အစိုးရ ဆေးရုံကြီး တခုမှ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဝန်ထမ်း တဦးပါ ။
၁၉၉၃ ခုနှစ်မှာ သူတို့ နှစ်ဦး တောင်တက် အဖွဲ့ တခု မှာ ပါဝင်ရင်းနဲ့  စတင် သိကျွမ်းခဲ့ကြတယ်တဲ့။
နောက် ၂ နှစ် အကြာ ၁၉၉၅ ခုနှစ်မှာ လက်ထပ်ခဲ့ ကြတယ် ။လက်ထပ်ပြီး နောက် တနှစ်အကြာမှာဘဲ မိန်းမမှာ ကျောက်ကပ်ယောင်တာ အရင်းခံပြီး သွေးတိုးရောဂါ စတင် ခံစား ရပါတယ် ။
နောက် ၂ နှစ် အကြာ ၁၉၉၅ ခုနှစ်မှာ လက်ထပ်ခဲ့ ကြတယ် ။လက်ထပ်ပြီး နောက် တနှစ်အကြာမှာဘဲ မိန်းမမှာ ကျောက်ကပ်ယောင်တာ အရင်းခံပြီး သွေးတိုးရောဂါ စတင် ခံစား ရပါတယ် ။
နောက်ထပ် ၄ နှစ်အကြာ မှာတော့ ၊ ၂၀၀၀ ခုနှစ်မှာ မိန်းမ ဟာ သွေးတိုးရောဂါ ကြောင့် ဦးနှောက်မှာသွေးထွက်ပြီး လေဖြတ်တယ် ။ ကျောက်ကပ်လည်း တစ တစ ပို ပျက်စီးလာခဲ့ ပါတယ် ။
ဒါကြောင့် ၂၀၀၁ ခုနှစ်မှာ မစ္စတာ ချန် ဟာ သူ့ ရဲ့  ဘယ်ဖက် ကျောက်ကပ်ကို သူ့ မိန်းမ အသက်ဆက်ရှင် နိုင်အောင် ပေးလှူ ခဲ့ ပါတယ် ။
ဒါကြောင့် ၂၀၀၁ ခုနှစ်မှာ မစ္စတာ ချန် ဟာ သူ့ ရဲ့  ဘယ်ဖက် ကျောက်ကပ်ကို သူ့ မိန်းမ အသက်ဆက်ရှင် နိုင်အောင် ပေးလှူ ခဲ့ ပါတယ် ။
အောက်ဘက် ဘယ် ပုံလေးကတော့ သူ့  မိန်းမ အတွက် ချက်ပြုတ်ပေးနေတဲ့ ပုံလေးပါ )
၂၀၀၇ ခုနှစ်မှာ သွေးအန်ပြီးဆေးရုံတက်ရာမှ သူမ ဟာ အသည်းမာကျွတ်ခြင်းရောဂါ ဖြစ်နေကြောင်း ဆရာဝန်ကြီးတွေကပြောခဲ့ ပါတယ်။ အစားအသောက်ကို လည်း အစာချေဖျက်လွယ်ပြီး အဟာရ ဖြစ်မဲ့ အရာတွေသာ စားသုံးဖို့  အကြံပြုတာကြောင့် မစ္စတာ ချန်ဟာ အဲဒီ အချိန်မှ စပြီး ထမင်းဟင်းချက် တာ ကို အထူးကြိုးစားသင်ယူပြီး သူ့ မိန်းမ ကို နေ့ တိုင်း ဂရုတစိုက် ချက်ပြုတ်ကျွေးမွေး ပြီး ပြုစုခဲ့ ပါတယ် ။
၂၀၀၈ ခုနှစ် မေလ မှာ ရောဂါပိုးဝင် သွေးဆိပ်တက်ပြီး သူမရဲ့  အသည်းဟာ လုံးဝ နီးပါး ပျက်စီးခဲ့ရပါတယ် ။ အသည်း ကို အရေးတကြီး အစားထိုးလဲလှယ် မှု မပြုလုပ်နိုင်ဘူး ဆိုရင် သူမဟာ ၂ နှစ်ထက် ပို ပြီး အသက်မရှည် နိုင်တော့ဘုးလို့  ဆရာဝန် တွေက ပြောပါတယ် ။
အဲဒီအချိန်မှာတော့  မစ္စတာ ချန် ဟာ သူ့ ချစ်ဇနီး ရဲ့ အသက်ကို ကယ်ဖို့ အတွက် သူ့ ခန္ဓာကိုယ် ထဲ က ကောင်းမွန်တဲ့ အသည်းရဲ့  ၆၀% ကို ပေးဆပ်ခဲ့ ပါတယ်။ အဲဒီလို ကြီးမားတဲ့ အချစ်သက်သေ အတွက် ဒုတိယ အကြိမ် ခွဲစိပ်ခြင်းကို ၂၀၀၈ ခု နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့  ခရစ်စမတ် အကြို နေ့ မှာ ပြုလုပ်ခဲ့ ပါတယ်။
( ပထမ အကြိမ် မှာ သူ့ ရဲ့ ဘယ်ဘက်ကျောက်ကပ် ကို သူ့ မိန်းမ အတွက် ပေးခဲ့ ပုံ နှင့် ဒုတိယ အကြိမ် မှာ သူ့ အသည်း ရဲ့  ၆၀ ရာခိုင်နုန်း ကို သူ့ မိန်းမ အတွက် အစားထိုး ပေးခဲ့ တဲ့  ပုံ )
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ မှာ သူတို့ လင်မယား နှစ်ဦးစလုံး ကျန်းမာစွာ ဆေးရုံ ဆင်းကြရပြီး
ပျော်ရွှင်ဘွယ်ရာ တူနှစ်ကိုယ် တိုင်းပြည်လေးကို စိတ်တူကိုယ်တူ ဆက်လက်တည်ဆောက် နေထိုင် နေကြဆဲ ဖြစ်ပါတယ်။
ဪ .. ဒီလို ချစ်မေတ္တာ တရားနဲ့ အချစ်ကြီးတဲ့ သူ ...ဤကမ္ဘာကြီးမှာ ရှိတော့ ရှိနေကြပါသေးသည် ။ သို့ သော် ရှားပါသည် ။
ချစ်သော ဘလောဂါ မမ ၊ ညီမ ၊ တူမ ၊ မြေးမ လေး များ လည်း ဤသို့ သော ရှားရှားပါးပါး အဖေါ်မွန် လေးများ တွေ့  နိုင်ကြပါစေ ဟု ဆုတောင်း ပေးပါသည် ။
( အမြဲတမ်း ယောင်္ကျား မကောင်းသတင်းများ တင်ပြနေ ၍ အကျွန်ုပ် အား အထင် အမြင်စောင်းနေသူများ ပြန်လည် တည့်မတ်စွာ မြင်နိုင်ပါစေရန် လည်း ရည်ရွယ်ပါသည် ။ မှန်တာပြော လင်ကောင်း သားကောင်း ရ ပါ စေ လို့  ။း))
►Posted by
:kiki
:
at
6/22/2009 09:15:00 AM
Subscribe to:
Post Comments (Atom)
16 comments:
အမ ကီးကီးရေ အခုတော့ အမကို အထင်အမြင်စောင်း တွေ ပြေလည်သွားမှာပေါ့... ယေင်္ကျားတွေလဲ အင်မတန်ချစ်တတ်ပါတယ်နော်...အမအမြင်မှန် ရသွားပြပီထင်တယ်.... အဟတ်....
ကောင်းပါတယ်ဗျာ...။ မင်္ဂလာရှိပါတယ်..။
အာဂယောကျာင်္း ရှားမှရှားပဲ....အမျိုးသမီးများ အားကျ စရာဖြစ်မယ်...။အောက်ဆုံးက ကြော်ငြာလေးကို ဖတ်ပြီး မကီအတွက် ရှာပုံတော်ဖွင့်ပေးမယ်
ဖတ်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်၊
သူမရှိဘဲ နေသွားရမယ့်ဘဝထက်စာရင် အတူတူသေသွားမယ်ဆိုတဲ့သဘောလို့ထင်တယ်.
၊ကြီးမှချစ်မိရင်ပိုဆိုးတယ်နော်..
သတိထား..ခင်မင်စွာဖြင့်
ပျော်စရာကြီးဗျာ..ဖတ်ရတာ..း).. အဲလိုမျိုးတွေပဲ ချစ်နေကြရင် ဘယ်လောက်ကောင်းကြမလဲနော်...
ချစ်ခြင်းမေတ္တာရဲ့ အလှအပကို အပြည့်အဝ ဖော်ကြူးနေကြတဲ့ သူတွေအကြောင်းကို ကြည်နူးဝမ်းသာမှု အပြည့်နဲ့ ဖတ်သွားပါတယ် ညီမလေး kiki ရေ...
အသွေးယူယူ အသားယူယူ အသဲယူယူ ကျောက်ကပ်ယူယူပေါ့
တော်တယ်ကွယ်.... သူများသားသမီးတွေ.....
ကာတွန်းထဲက စီးပွားရေးဝန်ကြီးပြောတာဖတ်ဖူးတယ်။
ကျွန်တော်တို့တိုင်းပြည်ကလူတွေ ဆင်းရဲတယ် စာမသင်နိုင်ဘူးပြောနေကြတယ်။
တကယ်တော့ ကိုယ့်ရဲ့ ခန္ဓာအစိတ်အပိုင်းတွေကိုလှူပြီး တဖက်တလမ်းက ငွေရှာလို့ရပါတယ်... ဒီပုံထဲက မိသားစိုကိုကြည့်ပါ ဆိုပြီး ပုံပြပါတယ်...
ပုံထဲမှာ သူတို့သားက ဘွဲ့ဝတ်စုံကိုဝတ်လို့ ပြုံးပြုံးကြီး...
အဖေနဲက အမေမှာတော့ ခြေထောက်နှစ်ဘက်လုံးမရှိတော့ဘူး... မျက်လုံးဆိုလဲ တဘက်စီပဲရှိတော့တယ်... ဗိုက်ခွဲပြီး ကလီစာတွေလှူရတာလဲ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး...
အဲလိုမျိုးတွေလဲ ရှိတတ်ပါတယ်...
ရှိတော့ရှိတယ် ရှားတယ်
းဝ)
တော်သေးတာပေါ့ ဦးလူထွေးရယ် ..
သူဘွဲ့ ရတဲ့ ပုံ ကို မြင်ရအောင် မိဘ နှစ်ပါးလုံးရဲ့  မျက်စိ တဖက်စီ ချန်ထားပေး ပေလို့ ဘဲ ..
(မိဘဝဋ် နဲ့  သားသမီး ဝတ် တွေလေ )
ဦးလူထွေးကြီးလဲ သတိရနော် ..မိဘဝဋ် ကျေပါစေ..
ဟဲ.. ဟဲ
ကိကိရေ
လာဖတ်သွားတယ်နော်
ချစ်ခင်လျက်
အဟား ဖွားကိ လိမ်မာသွားပြီထင်တယ် နောင်တတွေ ရနေလောက်ပြီး အဖွားရေ အမြန်ဆုံး အဲလိုမျိုးလေးနဲ့ တွေ့ပါစေ..
လေးစားလျက်
တောင်ပေါ်သား
မမကိကိရေ
ဖတ်ရတာ ကြည်နူးစရာနော်
း)
အမြန်ဆုံးတွေ့ပါစေဗျို့ :D (မမကိကိကို ဆုတောင်းပေးတာနော်း))
ချစ်ခင်စွာ
ရှိပါတယ်, အဲလိုအသက်ပေးပြီးကြင်နာကြတဲ့သူ, ဘာသာရေးဘက်ကကြည့်ရင်လဲ ဒါက ဇီဝိတ ဒါနလေ
သာဓုခေါ်ထိုက်တယ်..... ယူတတ်ရင်ကုသိုလ် တဲ့
သူ့အတွက်ဆို ကိုယ်သေရဲတယ်းp ဘာပဲ လုပ်ရလုပ်ရပါလေ
Post a Comment