Jun18,2009
ဓါး ဓါးချင်း လှံ လှံချင်း ၊
တုံးဆို တိုက် ကျားဆိုကိုက်တဲ့  စရိုက် ၊
မကြိုက်တာတွေ ရင်မှာပိုက်ရင်း
မနိုင်လို့ ပေးရတဲ့ အရှုံးမျိုး
ဘယ်သူ လိုချင်ပါ့ မလဲ ။
ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ် ၊
ဖြစ်သင့်တာတွေ ဖြစ်အောင်လုပ် ၊
နောက်မဆုတ်ဘဲ ဇွတ်တရွတ်လုပ်ရင်း
ပြေးလမ်းတဝက်မှာ ခြေခေါက် လဲ ရပေါ့ ။
တောက်တချက်ခေါက်ကာ ငေါက်ကနဲ ပြန် အထမှာ၊
ရင်ထဲ က အနာကို သူလာဆွ ရုံမျှမက
လူပုံ အလည် ကလူ မြူ ကာ ပြနေသေးရဲ့ 
ပြီးတော့ အောင်နိုင်သူ အပြုံးနဲ့ မဲ့ ပြုံးလေးပါ ရွဲ့ တဲ့ တဲ့ 
ဒင်းကဘဲ ပြော ၊ မင်းလောက်တော့ သနားတယ် တဲ့လေ ။
အားလုံးကို ပျော်စေချင်တဲ စေတနာ နဲ့ 
ဝေဒနာ တွေ ရင်မှာ မချိပေမဲ့  ၊သေရွာလည်း မှန်းရဲပါရဲ့ 
ဘေးစကားတွေ ဂရု မစိုက် ၊ ရူးမိုက်စွာ လှမ်းမိခဲ့ပေါ့
ကြမ်းတဲ့ ဒီလမ်း ။
(ပျော်ရမလားလို့ ရေးမိပါတယ် ၊ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တာသာ အဖတ်တင်ပါရော့လား ။
ကြောက်ပါပြီ နောက်တခါဆို ဟိုဟို ဒီဒီ ရေးတော့ပါဘူး )
►Posted by
:kiki
:
at
6/18/2009 01:02:00 AM
Subscribe to:
Post Comments (Atom)
7 comments:
အကြောက်သန် အတွေးဖောက်ပြီး
နောက်ပြန် ပြေးပေါက်မရှာနဲ့
ရှေ့ကိုသာဆက်လျှောက်
တနေ့နေ့မှာရောက်ရမယ်...
အံခဲရင်း မာန်ဇွဲတင်း
အလံမလဲခြင်းစိတ်ဓာတ်နဲ့
နိမိတ်ဖတ်ပြီး......
အောင်ပန်းခူးစိတ်ကူးနဲ့
မြူးကြစို့.....
ရဲဘော် လူထွေး
ကျနော့် အမကြီး ဘာဖြစ်
ဘာမှ မပူနဲ့ လုပ်ချင်တာလုပ်
ပျော်လို့ပဲလုပ်လုပ်
လုပ်ချင်လို့ပဲလုပ်လုပ်
လုပ်သင့်တာ လုပ်ချင်တာလုပ်
ဘာမှ စိတ်ထဲမထားနဲ့ သိလား
မကြီးအနောက်မှာ ဖိုးစိန်တစ်ယောက်လုံးရှိတယ်
လုံချည်ကို စလွယ်သိုင်း ဖိနပ်ကို လက်ကြားနှစ်ဖက်ညှပ်ပြီးသား
ထစ်ကနဲဆို နောက်မလှည့်ကြည့်ဘူး
ပြေးပြီးလို့သာမှတ် အဟားးး
စတာပါ... စိတ်ထဲ မထားနဲ့
ပျော်သလိုနေပါ မကြီးကီး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မမကီ
“ တောက်တချက်ခေါက်ကာ ငေါက်ကနဲ ပြန် အထမှာ၊
ရင်ထဲ က အနာကို သူလာဆွ ရုံမျှမက
လူပုံ အလည် ကလူ မြူ ကာ ပြနေသေးရဲ့ 
ပြီးတော့ အောင်နိုင်သူ အပြုံးနဲ့ မဲ့ ပြုံးလေးပါ ရွဲ့ တဲ့ တဲ့ 
ဒင်းကဘဲ ပြော ၊ မင်းလောက်တော့ သနားတယ် တဲ့လေ ။ ”
ဘာတွေဖြစ်နီးကီးနေလို့လဲမမရ ..ဘူသူလဲ မင်း ဆိုတာ..ရင်ထဲကအနာလာဆွရင် မေလေးအရက်ပျံလာလောင်းပေးမယ်နော်..မပူနဲ့ သိလား..
ချစ်လို့စတာပါ မမရာ
ပျော်ပျော်လေးနေပါနော်..မေလေးက မမပျော်နေတာဘဲမြင်ချင်တာပါ
မမကိုချစ်တဲ့
မေလေး
ချိတ်မညစ်နဲ့ .. ဘာဖစ်ဖစ် စိတ်မညစ်နဲ့ ...နောက်ပီး၇င် ကောင်းသွားမယ်... ပျော်တတ်အောင် ကြိုးစားကွယ်.....
လာလာ...လီးလာလီ.... လာလာ့လာလာ...
ဘေးစကားတွေ ဂရု မစိုက် ၊ ရူးမိုက်စွာ လှမ်းမိခဲ့ပေါ့
ကြမ်းတဲ့ ဒီလမ်း ....................
မိုက်တယ်...သူငယ်ချင်းရေ.....ဆက်ရေး...ဆက်ရေး
ပျော်ရွှင်ပါစေ....ဂျစ်တို့က 中和 မှာနေတာပါ....
လည်လည်လာခဲ့လေ....မုန့်လိုက်ကျွေးမယ်...။
ဂျစ်ရဲ့ ချစ်သူကလဲ kikiကိုအားပေးနေတဲ့သူပါပဲ...
ခင်တဲ့
ဂျစ်
ပြေး ပြေး
နောက်လှဲ့ မကြည့်နဲ့ ပြေးသာပြေး
တွမ်ဟန့် ကို ပြောတာပါ။
ညတစ်ခေါင် ဘာလုပ်ရမှန်းမသိ
ထထိုင်ကာ ကီးကီးဘလောက်ကိုကြည့် ပြေးကာလွှာကာ တောက်သံတွေနဲ့
သူများတကာလို ကာရံစပ်ချင်မိ့
ပညာကလေးက မစုံမလင်မို့
စပ်ကာမရ ကာသံပေသံ
ထွက်တာပဲ ကောင်းလိမ့် မဟဲ့လို့
တောက်ခေါက်ကာ နောက်ပြန်မလှည့်ကြည့်မိသည်မို့
ဟော ကျွတ်မိပေါ့ ငါ့ထမိန်........
(အဟိ့ ပျော်ပါစေ မကိ့)
Post a Comment