တနယ်စီခြား နေသော ချစ်သူ စုံတွဲများ အတွက် ရည်ရွယ် ထားသည့် မိုဘိုင်းလ်ဖုန်း တမျိုးကို ပြင်သစ်နိုင်ငံမှ ပညာရှင်များ က ရှာရှာဖွေဖွေ ဖန်တီး ထုတ်လုပ် လိုက်သည်။
Kiss p့hone ဟု အမည် ပေးထားသည့် အဆိုပါ မိုဘိုင်းလ် ဖုန်း တွင် လူ့ နှုတ်ခမ်း သဏ္ဍန် စုပ်ခွက် ကြီးတစ်ခု ပါရှိပြီး ထို စုပ်ခွက် မှ တဆင့် အနမ်းခြွေ လိုက်ပါက တစ်ဖက် မှ ချစ်သူထံသို့ ထိုအနမ်းကို လက်ဆင့်ကမ်း သယ်ဆောင် ပေးနိုင်ကြောင်း သိရှိရသည်။
ထို့အတွက် ချစ်သူ နှစ်ဦးလုံး တွင် Kissphone တစ်လုံးစီ ရှိနေရန်တော့ လိုအပ်သည်။ ထိုနှုတ်ခမ်းပုံ စုပ်ခွက်ကြီးများသည် အာရုံခံစနစ် တပ်ဆင်ထားပြီး တစ်ဖက်မှ နမ်းလိုက် သည့် အနမ်း ၏ စုပ်ယူအား၊ အပူချိန်ပမာဏ၊ သက်ရောက်သော ဖိအား တို့ကို စနစ်တကျ မှတ်တမ်း တင်ကာ တစ်ဖက် တွင် ထို အနမ်း အတိုင်း ပို့ဆောင် ပေးကြောင်း သိရသည်။
အနေဝေး နေသည့် ချစ်သူချင်း ရုပ်ပိုင်း ဆိုင်ရာ ချစ်ခင် ထိတွေ့မှုရရှိ စေလိုသော ရည်ရွယ်ချက် ဖြင့် ယခု ဖုန်းကို ဖန်တီး ခဲ့ကြောင်း ထိုဖုန်း ကို တီထွင်သူ ဂျော်ဂျက်ကူဆိုရော က ရှင်းလင်း ပြောဆိုသွားပြီး ထိုဖုန်း ကို အသုံးပြုပါက ဖုန်းနံပါတ် မှားမခေါ်မိရန် သတိထားသင့်ကြောင်း အရွှမ်းဖောက် ပြောကြား ခဲ့သည်။
12 comments:
ဟာ.................................
ဟီးဟီး.... သွားမတိုက်ပဲ နမ်းမိရင် အာပုတ်စော်ရော နံလားဟင်.....
ဘွားကီ. မြေးလေးကျတော့ မ၀ယ်ပေးဘူး။ ခေါ်တော့ဘူး။ မြေး က ဘွားကိနဲ့ ဖုန်းပြောတဲ့အခါသုံးချင်တာပါနော်။။ ၀ယ်ပေးနော်:))
ကိကိအတွက် တခု
အဟားးး
ကြိုက်တယ်ဗျို့...
မကြီးကီဆီက သတင်းတစ်ခုရထားပါတယ်
မောင်လေး ဖိုးစိန်ကိုချစ်သောအားဖြင့်
ထိုဖုန်းကို မောင်လေးဖိုးစိန်မွေးနေ့တွင်
ငွေအကုန်ကျခံပြီးဝယ်ပေးမည်ဟု ပြောထားပါသည်...
မကြာခင်လာတော့မည့် မွေးနေ့လက်ဆောင်ကိုမျှော်ရင်း
မကြာခင် ဖုန်းတစ်လုံးဖြင့် ပတ်ချွဲ နှပ်ချွဲ လုပ်ရမည် ဖြစ်ပါသောကြောင့် စိတ်ညစ်မှုများပြေပျောက်ကာ
ပျော်နေပြီးဖြစ်ပါသည်....
မွေးနေ့ထက်နောက်မကျစေရန် အထူးပင်မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား....း)
အနမ်းတွေ ခုကတည်းကစုထားတော့မယ့် အဟတ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
သားကိုလဲ တခုပေး သားလဲ ဖုန်းထဲကနေ ပါးချ ချင်တယ် ဟီးး (ပါးချ ချင်တယ်ဆိုတာ ပါးရိုက်ချင်လို့လို့ ပြောတာနော် တမျိုးမထင်နဲ့)
လေးစားလျက်
တောင်ပေါ်သား
မိုက်တယ်နော်.......... အရူးထလို့ ပိုကောင်းပေါ့ မဟုတ်ရင် စောင်ခြုံထဲက ကြားနေရတာ နားမခံသာဘူးဗျာ
ခင်မင်လျှက်
ဖွားကိ နော်....
အသက်ကြီးမှ.............
ကိကိ ရယ်
ကြံကြံဖန်ဖန်တွေ့တတ်တယ်
ခင်မင်လျက်
မမကီ
လက်ဆောင်ပေးမယ်ဆိုလို့ကျေးဇူးပါ..မေလေးအတွက်မလိုအပ်တော့တာမို့ လိုနေတဲ့သူတွေကိုသာပေးလိုက်ပါတော့မမရယ်..။
ခင်တဲ့
မေလေး
ကျုပ်တို့က အငွေ့နဲ့ မရဘူး အတွေ့ပဲရတယ်။ ဒီတော့ အသုံးမဝင်ဘူးဗျို့ အဟေဟေဟေ
Post a Comment