Jun13,2009
ဒီနေ့ တော့ ပေါ့ပေါ့ ပါးပါး ပုံပြောတမ်းဘဲ ဆော့ပါမယ်။
မမအယ်ဇီကြီး အားကျလို့ပါ ။ သူ့ မှာတော့ ပုံတို ပတ်စလေးတွေ ပြောပြမဲ့  အဖေါ်ကောင်းလေး ရှိနေပြီးသားမို့  ရယ်စရာ ဟာသလေးတွေ ၊ ပုံပြင်လေးတွေ နားထောင်နေကြ ဆိုဘဲ ။
့ကဲ ...ဒီတော့ ဖွားကိကလည်း အားကျ မခံ လာလည်ကြတဲ့  မြေးငယ်များကို ပုံပြင်လေး ပြောပြမယ်။
ရီစရာ ဟာသတော့ ဟုတ်ဖူး ။ နဲ နဲ လေး ဦးနှောက်စားပေးမှ ရယ် ဖြစ်မဲ့  ပုံ လေးပေါ့ကွယ် ။
တစ်ခါတုန်းက လူပြည့်မှာ နတ်တို့ အရှင် သိကြားမင်းနဲ့ ငရဲတို့ ဘုရင် ယမမင်းကြီးတို့ ဟာ အထူး တရား ရုံးတခု မှာ
အလွန် ပွေလီ လည်ဆည်တဲ့  မတရား မှုကြီးကို တက်ရောက် လေ့လာ ရင်းနဲ့  တွေ့ ဆုံကြပါသတဲ့ ။ ဒီလို ကြုံတောင့်ကြုံခဲ့
ဆုံကြဆဲမှာ မင်းနှစ်ပါးတို့ နှစ်ပါးသဘောတူ အစီအစီတစ်ရပ် ကို ရေးဆွဲကြခြဲ့ကသတ့။ဲ
အဲဒါကတော့ နတ်ပြည်နဲ့ ငရဲပြည် ကို ဒါရိုက် မိုးပျံ ရထားလမ်းကြီး တခု ဖောက်ကြမယ်လို့ အိုင်ဒီယာ ရပြီး ဘယ်လိုဖောက်ကြမလဲ ဆိုတာ ဆွေးနွေးကြပါသတဲ့ ။ ဒီလိုနဲ့ နှစ်ဦး နှစ်ဖက် သဘော တူညီချက် ရလိုက်တယ်ပေါ့ ။
နတ်ပြည်နဲ့ ငရဲပြည်တစ်ယောက်တစ်ခြမ်းစီ ရထားလမ်းဖောက်ကြမယ်။ ဆုံမှတ်ကတော့ လူပြည့်မှာဆုံကြမယ်လို့ သဘောတူကြသတဲ့ ။ အဲ သလိုနဲ့  နှစ်ဦးသဘောတူ စာချုပ် တခု ရေးချုပ်ကြတယ်တဲ့။
ချုပ်တာတွေ ခေတ်စားနေတဲ့  လူ့ ပြည်ရွှေရွာ ကြီးမှာ ဘယ်အရာတွေ ကို ဘယ်လို ချုပ် ချုပ် ရတယ် ဆိုဘဲ။ လက် ကလေးသာ တချက် တို့ လိုက် ၊ အချုပ်ကားက ချက်ချင်းရောက်လာတတ်တာ မျိုးလေ ။
ဒီလိုနဲ့  လူ့ ပြည်က အင်မတန် မသမာ မသမတ် ရှိလှတဲ့  ဟိုလူကြီး ရှေ့ မှာ ၃နှစ်ခွဲ ချမယ်ဆိုပြီး ( အဲလေ.. ယောင်လို့ ) ၃နှစ်ခွဲ အတွင်း အပြီး အစီး ၊ဒီ ရထားလမ်းကြီး အပြီး ဖေါက်ကြမယ်ဆိုပြီး ချုပ်လိုက် သတဲ့ ကွယ်။ စာချုပ် မှာ အသိသက်သေ လက်မှတ် ထိုးပေးခ ကတော့ ဟိုလူကြီးကို ဒီဘက်က စိန်နားကပ်ကြီး တရံ ။ ဟို ဘက်က စိန် ခြေကျင်းကြီး တရံ မေတ္တာ လက်ဆောင် ပေးရသပေါ့ ကွယ် ။
ဒီလိုနဲ့  အကျယ်ချုပ် လိုက် အကျဉ်းချုပ်လိုက် နဲ့ ချုပ်ပွဲ ပြီးသွားတယ် ဆိုပြီး ပြီး ချင်းပဲ ငရဲမင်းကြီးကလဲ သူရဲ့ ရထားဝန်ကြီး အဲ အဲ ဟုတ်ပါဘူး။ လမ်းဖောက်တတ်တဲ့ ငရဲအရာရှိကြီးကိုခေါ်ပြီး ဘယ်ပုံဘယ်နည်း ဖောက်ကြမယ်။ လူပြည်မှာ ဆုံမှတ်ဆိုတဲ့အတွက် အချိန်မီ ပြီးစီးအောင်လုပ်ဖို့ အမိန့်ချမှတ်လိုက်သတ့။ဲ အဲဒီ ငရဲ ပြည်မှာ ကလေ၊ လမ်း တံတား ဆောက်လုပ်ရေး အင်ဂျင် နီယာ တွေ အတော်များ ဆိုပဲကွယ် ။
ထို့ အတူဘဲ သိကြားမင်းကြီး ကလည်း သူရဲ့ ဆောက်လုပ်ရေးဝန်ကြီး ၀ိသကြုံကိုခေါ်ပြီး အမိန့်တွေဘာတွေ ပေးတာပေါ့လေ ။
သူ့အပါးတော်မြဲ မာတလိကိုလဲ ဒီစီမံချက်ကြီးမှာ အနီးကပ်ကြီးကြပ်ဖို့ တာဝန်ပေးထားသတဲ့ ။
ဒီလိုနဲ့ ရထားလမ်းကြီးဖောက်လာလိုက်ကြတာဟာ ကာလအတော်လေးကြာတော့ ငရဲပြည်ဘက်က တာဝန်ယူထားတဲ့
ရထားလမ်းကြီးဟာ ငရဲပြည်ကို ကျော်လို့ လူပြည့်အထိကို ရောက်လာပြီတ့။ဲ
ငရဲပြည်ကသာ ရထားလမ်းဖောက်လို့ လူပြည့်ရောက်လာတာ။ နတ်ပြည်ဘက်က အရိပ်အယောင်တောင်တောင် မတွေ့ရသေးလေတော့။
လမ်းဖောက်နေတဲ့ ငရဲအရာရှိကြီးလဲ ငရဲ ဘုရင် ယမမင်းကြီးထံ သတင်းပို့ရပြန်တာပေါ့။
ဒီတော့ ငရဲမင်းကြီးက အကြီးအကျယ် စိတ်ဆိုးသတ့။ဲ ဒါဟာ ကလေးကစားတာ မဟုတ်ဘူး။ ဘယ်နှယ်ကြောင့် အချိန်မှီ မပြီးရတာလည်း ။ သိကြားမင်းနှယ် သူကို ဂရုမစိုက်တာလား ပေါ့ ။ ဒါပေမယ့် သူ့ဘက်ကတော့ နတ်ပြည်ရောက်အောင် ဆက်ဖောက်မယ်ဆိုပြီး ငရဲမင်းကြီးက လမ်းဖောက်နေတဲ့အဖွဲ့တွေကို အမိန့်ပေးလိုက်တယ်။ ဒီလိုနဲ့ ငရဲ ပြည်ရောက် အင်ဂျင်နီယာ အကျော် ဘက်တော်သားတွေဟာ ရထားလမ်းတွေ ဆက်ဖောက်လာလိုက်တာ နောက်ဆုံးတော့ တာဝတိသာ နတ်ပြည် ထိအောင် သာ ပေါက်သွားတယ်။ နတ်ပြည်ဘက်က ရထား လမ်း မပြောနဲ့ လမ်းဘေးမှာ ထိုးရမဲ့  နာဂစ် အကူတာလပတ် နဲ့ ရွက်ဖျင်တဲတောင် မမြင်ရသေးတော့ ငရဲမင်းကြီးထံ အစီရင်ခံရပြန်တာပေါ့။
ဒီအခါကျတော့ ယမမင်းကြီးက တော်တော်ကို စိတ်ဆိုးသွား တာကြောင့် “ဟေ့ မင်းတို့ သိကြားမင်းနေတဲ့ တာဝတိသာအထိသာ
ဖောက်ပေတော့။ အဲဒီရထားလမ်းနဲ့ ငါကိုယ်တိုင်လိုက်လာပြီးတော့ မာဃနဲ့ စာရင်းရှင်းမယ်”လို့ ပြောတဲ့ အထိ ဖြစ်လာပါလေရောတ့။ဲ
ဒါနဲ့ ငရဲ အရာရှိကြီးတွေလဲ ငရဲ သား အင်အား ကောင်းကောင်းနဲ့ တာဝတိသာအထိရောက်အောင် ရထားလမ်းဆက်ဖောက်ကြရတာပေါ။့
တာဝတိသာအထိ ရထားလမ်းပေါက်ပြီဟေ့ ဆိုတာနဲ့ ငရဲသနင်းယမမင်းကြီးလဲ တပည့် ငရဲအရာရှိကြီးငယ်တွေကို ခေါ်ပြီး နတ်ပြည်အထိ တက်လိုက်လာတာပေါ့။
လမ်းတလျှောက်မှာလည်း ဘယ်တိုင်းပြည် မှာမှ မတွေ့ ဖူးသေးတဲ့  သတိပေးဆိုင်းဘုတ်ကြီးများ အပြိုင်အဆိုင် တင်ထားလိုက်ရသေး ။။
တံတား ခံနိုင် ဝန်အား xx တန် ။ xx တန်နှင့် အထက် ယာဉ်များ ဖြတ်ကျော်ခွင့် မပြု ။ တံတား ကျိုးလျှင် တံတား ဘိုး လျော်ရမည် ။
အဲဂတော့ ငရဲမင်းကြီးက သူ့ရဲ့  S1 ကိုလှမ်း ငေါက် လိုက်တယ်တဲ့ ကွယ် ။ ဟကောင်ရ ။ မင်းတို့  တံတားတွေ ခိုင်အောင် မဆောက်ထားဘဲ ဘယ့်နှာ တံတားကျိုးကျရင် သေမဲ့ သူ က ထ လျော်နေရအုံး မလားကွ ၊ မင်းတို့ အကောင်တွေ သောက်သုံး ကို မကျဘူး ။
ဒီလိုနဲ့  သူစီးလာတဲ့ တံတားကြီးဘယ်အချိန် ပြို ကျမလည်းလို့ စိတ် တထင့်ထင့်နဲ့ဘဲ ခရီးဆုံးရောက်ရောတဲ့ ။
တာဝတိသာမှာ သိကြားမင်းကြီးနဲ့ ငရဲမင်းနှစ်ပါး တွေ့ကြတဲ့အခါ။ ငရဲမင်းကြီးက “ဘယ်လိုတုန်း ကိုမာဃရဲ့ ခင်ဗျားနှယ်
ကျုပ်တို့မှာ ငရဲ ပြည်ကနေ လူ့ ပြည် ၊ လူပြည် ကနေ ရထားလမ်းဖော်လာလိုက်တာ ခင်ဗျားနေတဲ့ တာဝတိသာတောင် ရောက်ပြီ ဘယ်မလဲခင်ဗျားရထားလမ်း”” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ မေးသတ့။ဲ ဒီအခါ သိကြားမင်းကြီးက အခုလို ပြန်ဖြေလိုက်ပါသတ့။ဲ
“ယမမင်းရယ် ခင်ဗျားအပြစ်တင်ရင်လဲ ကျုပ်ခံရမှာပါပဲ။ အဲ .. ကျုပ်တို့ဆီကို အင်ဂျင်နီယာတွေ တယောက်မှ ကို
ရောက်မလာခဲ့ကြဘူးဗျ” ...တဲ့ ကွယ် ။
ပုံပြင်လေး ကတော့  ဒါပါဘဲကွယ် ။။ ဪ ။။ နတ်ပြည်မှာ အင်ဂျင်နီယာတွေ မရှိကြပေဘူးကိုး ။
( ဖတ်ခဲ့ဘုးသော မေးလ်တခုမှ အကြောင်းအရာလေးအား ဖြည့်စွက် မွန်းမံ ထားပါသည်။ အင်ဂျင်နီယာ များ အားလုံး ကို သိမ်းကြုံး ပြောကြားခြင်းမဟုတ် ပါကြောင်း ။ပညာတွေ တဖက်ကမ်းခတ်တတ်တိုင်းလည်း မှန်ကန်စွာတွေးခေါ် စဉ်းစားနိင် သူများ မဖြစ်တတ်ကြကြောင်း ပါ )။
မည်သူမဆို လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါသည် ။
►Posted by
:kiki
:
at
6/13/2009 01:53:00 AM
Subscribe to:
Post Comments (Atom)
16 comments:
ဟိဟိ... ချကွ ကိကိရေ......
"ပညာတွေ တဖက်ကမ်းခတ်တတ်တိုင်းလည်း မှန်ကန်စွာတွေးခေါ် စဉ်းစားနိင် သူများ မဖြစ်တတ်ကြကြောင်း ပါ ....."
မှန်တယ်....
ကိုယ်ပေါင်းနေတာ ဘသူမှန်းတောင် မသိကြဘူး ဟီးဟီး....
တနားဒယ်အေ....
ပြောဘူးပြောဘူး.... ဘတော့မှပြောဘူး....
အဲလိုတည့်တည့်ကြီး ဆော်ရဘူးလေ...
အခင်အမင်တွေ ပျက်ကုန်လိမ့်မယ်ကွယ်...
*****
ဖွားကိပိုစ်အတွက် ကြယ်ငါးပွင့်ပေးသည်...
းဝ)
စာရေးခွင့်ပါ ပိတ်ခံနေရမယ် ကိကိရေ။
ရီရတယ်ဟ ဗြဲ......................
ကိရေ.. ကိတို့ woe တိုင်း တို့မwoe နိုင်..
ကိတို့ wow တိုင်းလဲ တို့မ wow နိုင်...
ဘေးကကြည့်ရတာလဲ မောလာပြီ...
ဒါကြောင့် ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ်ပြီး...
အိမ်သာနတ် နဲ့ အဆက်ဖြတ်...
ရေခဲတုန်း ဖင်ခုထိုင်ပြီး...
အေးရာအေးကြောင်း...
ထမင်းကြမ်းပဲ ပြုံးပြုံးကြီး ယပ်ခတ်စားတော့မှာ မို့...
လာနှုတ်ဆက်တာပါ...
ပြန်လာလို့မှာ ယောက်ကျားမရသေးရင် တိမယ်
Bye ..Bye... Bebe....
တမိနစ်အတွင်းမှာ ၆၅ ခါပေါဖို့ဆိုတာ ဆေးပညာအရ မဖြစ်နိုင်တဲ့ကိစ္စပါ....
ဒါကို ဖွားကိက နည်းလမ်းသိတယ်ဆိုရင်တော့ ဦးဆောင်လမ်ပြပေးစေချင်ပါတယ်...
းဝ) (ဝး
အသာ လုပ်ပါဗျာ... အင်ဂျင်နီယာတွေ စိတ်ဆိုးနေကြဦးမယ်...း)
း) ပုံပြင်လေးဖတ်သွားတယ် တော်သေးတယ် အင်ဂျင်နီယာတွေပဲ ထိလို့ပေါ့ ဖွားကီ နာမယ်မှတ် ဟွန်းးးးးးးး
လေးစားလျက်
တောင်ပေါ်သား
အဟ ဟာ ဟားးးး
တောင်ပေါ်သားက ကိုယ့်မထိလို့ မနာတတ်သေးဘူး
ဟီးဟီး ဟားဟား ဟိုးဟိုး...
းဝ) ရဲဘော်
ကီကီ ဖြည်းဖြည်းပြောပါအုံး။ အိမ်ပြန်ရအုံးမှာလေကွယ်။
နားလည်မှုလေး မင်းမပေး၍ကွယ်...
မင်းလေးစိတ်တိုင်းကျ မင်းရေးပါအချစ်လေး
ထင်သလိုသာလုပ်လိုက် မတားဆီးတာ အချစ်တစ်ခုပါ
ဖတ်ရင်နဲ့ ဆိုမိတဲ့သီချင်းလေးပါချစ်မကြီးရေ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကိကိရေ
လာဖတ်သွားတယ်နော်
ချစ်ခင်လျက်
ပုံပြင်လေး နောက်တပုဒ်ဗျို့ ... ဟား၂၂..
.စကားမစပ်...ဆရာဝန်ကြီးနတ်တွေ နေ့စံညခံနတ်ဘ၀ တွင် ဖြစ်နေကြောင်း ခွီး
ဖွားကိ..ဘယ်နှယ်ဗျာ အင်တွေကို ( အဲလေ ) အင်ဂျင်နီယာတွေကို အပြစ်တင်နေတာကို သူတို့က
နေပြည်တော်နဲ့ ဓနုတ်ဘုရားမှ တာဝန်ကျနေလို့ မလာနိုင်
တာပါဗျာ..
အင်ဂျင်နီယာလုပ်တော့ဘူးနော် ..း))
ပုံပဲထိုင်ဆွဲနေတော့မယ် :P
ဖွားကိရေ...
ကိုယ့်သူငယ်ချင်းထဲမှာအင်ဂျင်နီယာများလို့နောက်ချင်လို့
မေးလ်ကနေforwardလုပ်ပါရစေနော်
ဟီး
Post a Comment