အချိန် ကာလ --၂၀၀၉ မေလ ၃၀ ရက်နေ့  ည ၉း၃၀ ..
နေရာ ဌာန -- ရန်ကုန်မြို့ တော် အထွေထွေ ရောဂါကု ဆေးရုံကြီး အရေးပေါ် ဌာန
တော်တီးတော်တီး ... ချလွင် ချလွင်...ကလင် ကလင် ..( အရေးပေါ်ကား ဥသြသံ။ ဆိုက်ကားဘဲလ်တီးသံ နဲ့ နွားလှည်း ချူသံ ရောထွေးစွာဖြင့်)
ဘေးကို ဘေးကို .. ဖယ်ပေးကြပါ ။အရေးကြီးလူနာ လာတယ်..
ဟိုက်.. .. ဒီည ဂျူတီ ရဲ့ ပထမ ဦးဆုံး ဟိုက် ..ပေါ့၊ အလုပ်သင် ချာဝန်မလေး မကိ မျက်လုံးပြူးပြီး အော်လိုက်မိတဲ့  အာမေဋိတ်သံ
အဲ ဒါမှ ဒွတ်ခ ပါဘဲ ..ဘာလူနာတွေ လာရှုပ်ကြအုံးမလဲ ။ ငါဒီည အဖို့  ဘလောဂ်တကာ လျှောက်လည်ဖို့ အချိန် မရတော့ဘူးပေါ့..
လှမ်းကြည့်လိုက်တော့ သန့် ရှင်းရေးအလုပ်သမား အမီနာကြိုင်ကြိုင် ရယ် ။ ဂိတ်စောင့် မောင်သိန်းစိန် ရယ် ။ အရက်နံ့  တထောင်းထောင်းနဲ့  အခန်းစောင့်  မောင်အေး ရယ် ၃ ယောက်သား ရှိစု မဲ့စု ထော်လီလေး ယိုင်နဲ့ နဲ့ ၃စီးကို တွန်းပြီး အပြေးလေး ဝင်လာတာတွေ့ ရတော့ ဒုတိယံပိ ဟိုက် ။တာဝန်ကျ A.S ကလည်း သူ့  အပြင် ကိုယ်ပိုင်ဆေးရုံမှာ တခါဖြတ် ၁သိန်း ကျတဲ့ အူအတက်လေး သွားပြီးပါးပါးလှီးနေတာ .ပြန် မရောက်သေးဘူး ။ ငါကလဲ ချော်လဲ ဒူးပြဲ လာတဲ့ လူနာ ။အစာအိမ်ထဲ အစာမရှိလို့ ရေတွေ ချည်း စွတ်သောက်ရင်းဗိုက်အောင့်လာတဲ့ လူနာလောက်ဘဲ ကုတတ်တာ။ ဆေးကျောင်းကို ၄နှစ်ခွဲနဲ့ အပီအပြင်တက်ခဲ့ ။ ကျောင်းသား ၄၀၀ ကို အလောင်းတလောင်း နှုံး ခွဲစိတ်သင်လာရတဲ့  ပြင်ညာလေး မတောက်တခေါက်နဲ့  ။ အခု ဒီလူနာ အသည်းအသန် တွေကို ဘယ်လို လုပ်ရပါ့ မလဲ ။ ကဲ တတ်နိုင်ပါဘူး ။ ဟန်ကိုယ့်ဖို့  ၊ကံ သူ့ ဖို့  လို့ ဘဲ သဘောထား ပြီး မီးစဉ်ကြည့်  က ရ မှာဘဲ။
ဟဲ့ မောင်သိန်းစိန်။ပြောစမ်းပါအုံး ။ဒီလူနာတွေ အပြုံလိုက် ။ ဘယ်နေရာမှာ ဘာတွေ ဖြစ်နေကြပြန် ပြီလည်း ဟ
ဟို ..ဟို.. ကျွန်တော်လည်း သေချာ မသိဘူး အမ လေး ရယ် ။ ဟို လေ လဒ ဆိုလာ ဒလ ဆို လား ။ အဲဒီမှာ ဘုရားပြိုကျ လို့ တဲ့ ။ နေ့ လည် ၂နာရီကျော်လောက်က ပြို တယ်ပြောတာဘဲ
ဟယ် လူတွေ အတော်ဒါဏ်ရာ ရကြမှာပေါ့ ။
ဟုတ်မယ် အမလေးရဲ့  ။ ဘုရားပြိုကျတဲ့ အချိန်တုံးက ငြမ်းပေါ်မှာ လူ ၁၀၀ ကျော်လောက်ရှိမယ်ပြောကြတယ် ။
ဟဲ့  ခုတောင်ည ၉ နာရီခွဲ ..ဒီည ပြို တာလားဟ ။
ဟာ ချာဝန်မလေးကလည်း အတော်ခက်ပါလား ဒီလဒ ပြည်ရဲ့  ကယ်ဆယ်ရေး နဲ့ ဆက်သွယ်ရေးအကြောင်းလည်း သိရဲ့ သားနဲ့ ဗျာ ။
ဒါတောင် မြေအောက်မှာ ပိနေတဲ့ သူတွေ အကုန် ဆွဲ မထုတ်ရသေးလို့  ။ ပြီးတော့ သေပြီးသားအလောင်းတွေလည်း ဒီဖက်မပို့ လို့ ။တော်ရုံ တန်ရုံ အဆင့်လောက်ရှိတဲ့  လူနာတွေလည်း ဟို မြို့ နယ်မှာ ဘဲ ဖြစ်သလို ထား ရသလို ကု ပေးနေလို့ ။
ဟဲ့ နေပါအုံး ။ ငါ အခုန ကြားလိုက်တာက အင်းဗြူးလန့်  ကားသံရယ် ။ ပြီးတော့ ဆိုက်ကားသံရယ် ။နွားလှည်းဆွဲလွဲ သံတွေရယ် စုံလို့ ပါလား။
ဟုတ်တယ် ချာဝန်မလေးရဲ့ ၊ဒါက လူနာ ရဲ့ အဆင့်အတန်းအလိုက် ခွဲတန်းချပေးလိုက်တဲ့ စီးတော် ယာဉ်တွေပေါ့ ( ဘေးမှ အမီနာ ကြိုင်ကြိုင်က ဝင်စွက် ပြောပေးလိုက်ခြင်း ဖြစ်သည် )
ကဲထားပါတော့ ဒါတွေက အဆန်းမဟုတ်တော့ပါဘူး ။ လူနာတွေ အရင်ကြည့် ရအောင် ။
ထော်လီ ၁ ပေါ်ကလူနာ ..အသားမဲမဲ ၊ နှုတ်ခမ်းထူထူ ပါးစပ်ပြဲပြဲ ။ ဗိုက်က အတော်လေးပူနေတာ။ အသက်ကတော့ ဖုတ်လိုက် ဖုတ်လိုက် ရှုနေပါသေးလား ။ သူ့  ရင်ဘတ်ပေါ်မှာချိတ်ထားတဲ့  တံဆိပ်များပြားစွာ ကို ကြည့်လိုက်တော့မှ သိလိုက်ရတာ ၊ ဒီလူနာ အမည် ကိုသန်းရွှေတဲ့ ။ ဟိုက် . တိုက်တိုက် ဆိုင်ဆိုင်အေ ။
့ဒီလူနာ BP 40/0 , Pulse စမ်းမရ ,RR 35 ,Temperature 34C , နဲ့ မမရေ ၊ ဘေးက ထမိန်ပြာဆရာမလေးက သတင်းပေးတာ ကြားတော့ အပြေးလေး စမ်းအကြည့် မှာ ...
ဟိုက် ။ ဗိုက်ပူကြီး ကဘယ်လောက်များ စားထားလည်းမသိ ။ ဗိုက်ထဲက အူအခွေလိုက်က အပြင်ထွက်လို့  ။ ရှော့ခ် ရနေပါရော လား ။ ဒါဆို မဖြစ်ချေဘူး ။ အင်မာဂျင်ဆီသီရေတာ( အရေးပေါ် ခွဲစိတ်ခန်း) တန်းပို့ ရမယ် ။သွေးသွင်းဖို့ အမြန်လုပ်စရာရှိတာ လုပ်ခိုင်းတော့ အဲဒီဘလူးစတပ်လေးက မမရေ ..ဒီနေ့ည ဘလတ်ဘဲန့် ခ် ပိတ်တယ်တဲ့ ။ မီးမလာ လို့ တဲ့။
ဟိုက် ။ အရေးပေါ်ဆေးရုံ ကြီးမှာ အရေးတကြီးလိုတဲ့ သွေးကို လိုတဲ့အချိန်မှာ မရနိုင်တာ ။ ဒုက္ခပါဘဲ ။ဒါဆိုလည်း ရှိတာလေး အရင်သွင်းထားဟယ် ။ပလာစမာ လေး အော ရမ်း .ပြီးရင် အငံရေလေးပေါ့ ။ဆော်လူကော်တက် ၅၀၀ တလုံး စတက် ထိုး ။ဒိုပါမင်း ဒရစ် ချိတ် ။ လူနာ အမျိုးတွေ မရောက်သေးတော့ ဒိုနေးရှင်းထဲက ဘဲ အရင်သုံးထားနော် ။ ပြီးမှ ထုံးစံအတိုင်း အလှူ ခံပေါ့ ။ မတတ်နိုင်ဘူး ။
ဟုတ်ကဲ့ ပါ ။
ဘလူးစတပ်လေး အလုပ်ရှုပ်နေတုံး ထော်လီ ၂ က လူနာပြေးကြည့် လိုက်တယ် ။ အမည် ငမန်းတဲ့  ။
ခေါင်းက တထွာလောက် ကွဲထွက်နေပြီး ခြေ ၂ဖက်လုံး သွင်သွင်ကျိုးနေပါလား၊ ပြီးတော့ ဖိကြေဒါဏ်ရာကြောင့် ကြွက်သားတွေ ရစရာ မရှိလောက်အောင် စုတ်ပြဲနေတာ ။ ဪ ..တိုက်တိုက် ဆိုင်ဆိုင် ပါဘဲလားအေ ။
သူများကို ချောင်းရိုက်ထားလို့ ဖြစ်ရတဲ့  ဟိုပဲအရင်းက အတိုင်းပါဘဲလား ။
ကဲ ခြေ၂ချောင်းလုံး ဖြတ်မှ ရတော့မှာ ။ နို့ မို့ ဆို ပိုးတွယ်ပြီး သွေးဆိပ်တက် မှာ။ အော်သို ဆာဂျင် (အရိုးခွဲစိတ်) ကိုခေါ်ထား ။ ခေါင်းကွဲတာ အရင်ချုပ်ထားပေးလိုက် မယ်။
ဆေးဘီဒိုထဲ ဆေးရှာကြည့် တော့ ..ဟိုက် ..ဆေးရုံတရုံလုံးလည်း အခွံဘဲ ကျန်ပါရောလား ။ဆရာဝန်ကြီးတွေ မရှိ ။ ဆေးမရှိနဲ့ လေ ။ ကဲ လေ .. တတ်နိုင်ပါဘူး ။သွေးတိတ်ဖို့ က ပို အရေးကြီးတယ် ။ ဒါနဲ့ ဘဲ တထွာလောက် ဟက်တက်ကွဲရာ ကြီးကို ထုံးဆေးမပါ အစိမ်းလတ်လတ် ချုပ်ပေးလိုက်တယ် ။ရှိတဲ့ အပ်ချည်ကြိုးတုတ်တုတ် ကြီးနဲ့ပါဘဲ ။ ပြီးတော့ သီရေတာ ပို့  ။ ခြေဖြတ်တဲ့  အော်ပရေးရှင်း လုပ်ဖို့  အော်သို ဆာဂျင်ကို စောင့်ရ မှာဘဲ ။
တတိယ လူနာ .. အမည် ၊ ဝင်းနိုင်ထွန်း တဲ့ ။ ဒါဏ်ရာတွေ စစ်ကြည့်လိုက်တော့ လျှာ က အရင်းမှ ပြတ်ထွက် ပြီး ပါးစပ်ပေါက် တခုလုံးလည်း ရစရာ မရှိအောင် ဖွာလံကျဲ နေတာ ။
ဟိုက် တိုက်တိုက်ဆိုင်ဆိုင်ပါဘဲလားအေ ။ ဟိုတလောက လေးတင် သူများကို ပေါက်တတ်ကရတွေနဲ့  ဟို တရာဆွဲ ဒီတရာဆွဲ လုပ်ထား ပြောထားတဲ့ သူ နဲ့ တထေရာတည်းအေ ။
ဒါပေမဲ့ ဘာမှ အာဂတ တရားမထားပါဘူး ။အလုပ်သင်လေး ဆိုပေမဲ့ ကျမ်းကျိန်ထားရတဲ့ မက်ဒီကယ် အက်သစ်နဲ့ အုတ် တွေ အတိုင်း ကျောသား ရင်သား မခွဲ ခြားပါဘူး ။
သူ့ အသက်ကယ်ဖို့  အရေးကြီးနေတာ ။ဒီတော့ သွေးစိမ်းရှင်ရှင် ဒလဟော ထွက်နေတဲ့ လျှာပြတ်ကို ညီအောင်ညှိဖြတ် ပြီး ပြန်ချုပ်ပေါ့ ။သူ့ ပါးစပ်ပေါက်လဲ အနားရအောင် အပေါ်အောက် နှုတ်ခမ်း၂ခု ကို ပိတ်ပြီး ပြန်ချုပ်ပေးလိုက်တယ်လေ။ ဟဲဟဲ ကျောင်းတော်ကြီးက သင်ပေးတဲ့ အထဲ ဒါတွေ တော့  မပါ ဘူး။ ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ထွင်ထားတာ ။
မမရေ သီရေတာ အဆင်သင့် ဖြစ်ပြီတဲ့ ။အနီဝတ် ဆရာမလေးပြောသံကြားမှ ..
ဟိုက် ။ သီရေတာလည်း လူလို နေလို့  ခေါ်နေပြီဆို တာသိလိုက်ရလို့  နောက်တကြိမ် ဟိုက်မိသေး ။
ဒီလိုနဲ့ သီရေတာပြေးဝင် ။ဪ မောင်သန်းရွှေ သွေးထွက်လွန်လို့  ရှောက်ခ် ရ ။ ဗိုက်ပေါက် အူထွက်နဲ့  သတိလစ်နေရှာပြီ ။
ရှိတဲ့ ဒရစ်အသကုန် တင် ။သွေးလှူမဲ့ သူ ရှာတာ တောင် မရလို့ ။ဘုန်းကြီးကျောင်းထိလိုက်ရှာရတာတဲ့  ။သူ့ အတွက် သွေးလှူပေးမဲ့ ဘုန်ကြီး ရှိနေသေးလို့  ဟင်း ကနဲ သက်ပျင်းရှည်ကြီးတချက်ချလိုက်မိသေး။
Laparotomy & Proceed -ဗိုက်ခွဲပြီး အူတွေပေါက်ပြဲတာတွေ ရှာ ။ ချုပ်မရတဲ့ အပိုင်းအစတွေ ဖြတ်ညှပ်ထုတ် ရတာပေါ့ ။
ဟယ် ...အမလေးး ။မျက်စိထဲ ပြိုးကနဲ ပျက်ကနဲ လက်သွားလို့  ဘာတွေပါလိမ့် လို့ ကြည့်မိလိုက်တော့
ဟိုက် ။ ဒီတဟိုက် က အကျယ်ဆုံးပါဘဲ။။
ဘယ်ဘဝတည်းက မြိုထားတဲ့ ဟာတွေပါလိမ့် ။။ မာမာတုံး ပြောင်လက်လက် တွေ ။ မှန်းစမ်းဟဲ့  ။
အောင်မလေးတော် ။ အတော်လေးကို ကြီးတဲ့ စိန်တုံးတွေ အပြုံ လိုက်ပါလား အေ။
့ကဲပါ ဒါတွေ ထားပါတော့ လူနာ အသက်ကယ်ဖို့ အရေးကြီးတာ ။အူ အပိုင်းအစတွေကို သေချာ သန့် စင် ၊ စစ်ဆေး ၊ ဗိုက်ပူကြီးထဲ ပြန်ထဲ့ ပေးပြီး တလွှာချင်း ပြန်ချုပ်ပေးနဲ့ အားလုံးလည်းပြီးရော ။
ဟိုက် နံနက် မိုးစဉ်စဉ် လင်းပါရောလား ။ တော်သေးတာပေါ့ ဟို ငမန်းတယောက်ခြေဖြတ်တဲ့ဟာ ဝိုင်းမကူ လိုက်ရတာ ။
ဂျူတီ ဆင်းတော့ မှ အပြေးအလွှားလေး ခြေဦးလှည့် လိုက်တဲ့ နေရာ ကတော့ ရန်ကုန်မြို့ ကြီး တနေရာ မှ ဆိုက်ဘာ ဆိုင်လေးပေါ့ ။
ဘယ်လောက် ပင်ပန်း အိပ်ချင်နေပေမဲ့  ဒီဘလောဂ်လည်ဖို့ ကိုတော့ မလုပ်မဖြစ် တာဝန်ကြီးတခု လို ဖြစ်နေရတာ။
ဟိုက် ငါလည်းဘယ်တော့ ဝဋ်လည်မလည်း နော်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဟိုက် ။။ ရှဲ့ ရှဲ့ ။။
►Posted by
:kiki
:
at
6/02/2009 04:33:00 PM
Subscribe to:
Post Comments (Atom)
14 comments:
ကိနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင်
ပလပ်ပေါက်ကို ကိုင်
ဖြစ်မှဖြစ်ရလေးချင်း
မကီးတော်တော်ပင်ပန်းသွားမှာပဲ
အိမ်ပြန် အနားယူတော့နော်
မောင်လေး ဆက်စီစဉ်လိုက်မယ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဟိုက်...ဟိုက်.....
ကိကိရေ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် တကယ်ဆို ကိက စိန် ဗိုက်ထဲ ထည့်ထားတဲ့ သူကို သံပုရည်ဒရစ်ပုလင်း ချိတ်ပေးလိုက်ရမှာ ခစ်ခစ်
ကိရေ...
သူ့ကြည့်ရတာ တော့ အူလဲ မတိုဘူး...
သူ့ဟာကြီး သူများနဲ့ မင်ကလာတောင်ဆောင်လိုက်သေးတယ်..
နင်နော် ကောလ ဟာလဝါတွေ...
ဟိုက်!ကောင်းမှကောင်းပါလား...။
ချက်ချင်းတော့ ပေးမသေလိုက်ပါနဲ့အုံး ကြွက်သတ်ဆေး ရယ် အင်ဒလင်းရယ် ထိုးပေးလိုက်ပါရစေအုံး
တကယ်ဆို မကိက မော်ကျူရီထဲ တန်းပို့လိုက်ရမှာဗျာ
မဟုတ်ဘူးနော့
ဒီကနေ့ အလုပ်ထဲကနေဖတ်တာလေ...
ရီလိုက်ရတာ အမေကိရယ်...
ှ
လည်ပင်းမှာ စတက်သိုစကုပ်ကြီး ချိတ်လို့ လူနာကို စမ်း.. ပြီးတော့...
"ဘာသံမှ မကြားရဘူး.. အားလုံးကောင်းတယ်" ဆိုပြီး ဆေးကုနေမယ့် အမေကိ ကိုမြင်ယောင်ပြီး သဘောကျသွားပါကြောင်း ...
မခင်ရဲတဲ့
ရဲဘော် လူထွင်း...
(ကိကီကို နိုင်ငံတော် အသရေဖျက်မှုနဲ့ ဝရမ်းထုတ်ထားတယ်)
ရေးတတ်လိုက်တာ၊ ရယ်ရတယ်၊ မြင်အောင်လဲ ပြောတတ်တယ်၊ လျှာကို အစိမ်းချုပ်မယ်ဆိုတော့ ခွဲခန်းတွေထဲ ဝင်နေကျပေမယ့် ကြက်သီးထသွားတယ်..
တော်တော်ရေးတတ်တဲ့ ကိကိ
ခင်မင်လျက်
မအယ်ဇီ ဆောင်းပါး
ဒေါက်တာ လွဏ်းဆွေ ဘလော့မှာ။
ရဲဘော် လူထွင်း
အောင်မငီးး
ကောင်းသဗျာ...
အစ်ကိုအောင်သာငယ်ဆီကရောက်လာဖြစ်တယ်..
ရေးတတ်လိုက်တာ..
Post a Comment