Jun25,2009
ဆေးထိုးဖို့  ဆို လူတွေ အတော်များများကြောက်တတ်ကြပါတယ် ။ ဆေးထိုးအပ် ဘယ်လောက် သေးသေး အပ်မြင်ရုံနဲ့ လန့် နေတတ်ကြတဲ့ သူတွေ မနည်းပါဘူး ။ ( ဆေးထိုးမှ ရောဂါပျောက်တယ် ထင်တတ်ကြတဲ့ တချို့ သူတွေကလွဲ ရင်ပေါ့လေ ၊)
တချို့ ကလေးငယ်များဆိုရင် ဘယ်လောက်များ လည်သလည်းဆိုတော့ ဆေးရုံထဲ ဝင်လိုက်တာနဲ့  ။ ဂျူတီကုတ် ဖြူဖြူ ဆရာဝန် ရှေ့ရောက်တာနဲ့ ကို အော်ကြီးဟစ်ကျယ် ငိုတတ်ကြတာ ရီရမလို ။သနားရမလိုနဲ့ လေ ။
ကလေးငယ်များအတွက် သူ့ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့  ကာကွယ်ဆေး မျိုးစုံ ရှိကြတယ် ။များသော အားဖြင့် ဘီစီဂျီ ခေါ်တဲ့  တီဘီ ကာကွယ်ဆေး ။ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေး ၊ ဒီပီတီ ခေါ် ဆုံဆို့ နာ၊ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး ။ ဂျပန် ဦးနှောက် အမြှေးရောင် ကာကွယ်ဆေး ၊ နမိုးနီးယား အဆုပ်ယောင် ကာကွယ်ဆေး အစရှိတဲ့ ကာကွယ်ဆေးတွေကို နိုင်ငံအလိုက် ။ အသက်ရွယ် အလိုက် မဖြစ် မနေ ထိုးကြရပါတယ် ။ အစိုးရ ကျန်းမာရေးဌာန တွေက တာဝန်ယူ လုပ်ဆောင်ပေးလေ့ ရှိကြတဲ့  အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု တခုထဲမှာ အပါအဝင်ပေါ့ နော် ။
ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး မှာ အစက်ချ ဆေးရည် တိုက်ရတာက လွဲရင် ကျန်တဲ့ ဆေးတွေက အသားဆေး အဖြစ်ထိုး ကြရတာလေ ။
ဆေးထိုးအပ်နဲ့ ထိုး တယ် ဆိုတော့ အနည်းနဲ့  အများ နာကြတာချည်းပါဘဲ ။တခြားဖြစ်တတ်တာကတော့ အထိုးခံရတဲ့ နေရာ မှာ အဆင်မသင့်ရင် ယောင်ရမ်းတယ် ။ အကြိတ် အခဲ ဖြစ်တယ် ။ ပိုးဝင်တတ်တယ်ပေါ့ ။
ခုဆိုရင် ကမ္ဘာ့ ပထမ ဦးဆုံး အနေနဲ့ တီထွင်မှု တမျိုးကို ထိုင်ဝမ်နိုင်ငံ ပစိဖိတ် အိုးရှင်း တက္ကသိုလ်မှ တွဲဘက် ပရော်ဖက်ဆာ ဝူကျန်းကျယ် (海大副教授吳彰哲 ) ဆိုသူက ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ် ။ ဆေးထိုးအပ်နဲ့ ဆေးထိုးစရာမလိုဘဲ ပလာစတာလေး ကပ်ရုံ နဲ့တင် ၊ မနာမကျင် နဲ့ တူညီတဲ့ အာနိသင် ကို ရရှိစေတဲ့  ကပ်ဆေး ကာကွယ်ဆေး တမျိုး ဖြစ်ပါတယ် ။
လောလောဆယ် ဖေါ်ထုတ် ပြုလုပ်ထားတာ ကတော့ ဂျပန် ဦးနှောက် အမြှေးရောင် ( Japanese Encephalitis - J.E ) အတွက် ကာကွယ်ဆေး တမျိုးပါ ။
အဲဒီဆေးကို ထိုးဖို့ မလိုဘဲ အဖြူရောင် လေးထောင့်ပလာစတာ လေးကို သန့် စင်တဲ့ အရေပြား ပေါ်မှာ ၂ နာရီကြာမျှ ကပ်ထားရုံပါဘဲ။
ဒီဆေးထဲ က DNA ဓါတ် တမျိုးဟာ အရေပြားထဲ စိမ့်ဝင်သွားပြီး ပရိုတင်း ဓါတ် တခု အနေနဲ့ ကိုယ်ခန္ဓာရဲ့ ခုခံအား Antibody ထွက်ရှိစေပြီးနောက် ဘေလုံးနဲ့  သားငံကြိတ် တို့ မှာ ကာကွယ်ခုခံမှုတွေ ဆက်ဖြစ်စေပါတယ် ။
အဲဒီ ဆေးပလာစတာ လေးကို နောက် ထပ် ၃ ပါတ် အကြာမှာ တကြိမ် ထပ်ကပ် ပေးခြင်း အားဖြင့် ၊ ကာကွယ်ဆေး ၄ ကြိမ် ထိုးပေးရတဲ့  ခုခံစွမ်းအားမျိုးနဲ့ တူညီတဲ့  အကျိုးသက်ရောက်မှု ရရှိ စေမှာ ဖြစ်ပါတယ်။
ဒီ ပလာစတာ ကပ်ဆေးလေးတွေ ကို အခန်းအပူ ချိန်မှာ ဘဲ ထိန်းသိမ်း ထားရှိနိုင်တဲ့အတွက် ရေခဲ သို့ မဟုတ် အအေးဓါတ်နဲ့ ဆေးသိုလှောင်ရတဲ့  အပို အလုပ်ရှုပ်တာတွေလည်း နဲသွားပါမယ်။
( မီးမမှန် ၊ မီးမရှိတဲ့  ရွှေပြည်ကြီးအတွက် အသင့်လျှော်ဆုံးပေါ့နော် ) ။ ပြီးတော့ ဆေးထုတ်လုပ်တဲ့  ကုန်ကျ စရိတ်ဟာလည်း ထိုးဆေးထက် တဝက်မျှ သက်သာ ပါတယ် တဲ့  ။
နောက်နောင်ဆိုရင် တခြားရောဂါ ကာကွယ်ဆေးများ ဆက်ထုတ်ဖို့ ကြိုးစားလျှက် ရှိပါတဲ့ အကြောင်း သတင်းကောင်း ပါးအပ် ပါတယ်။
နောက်ဆို မနာ မကျင် ကာကွယ်ဆေးတွေ ပေါ်လာတော့မှာမို့  လူသားတွေ အတွက် အကျိုးပြုတဲ့  တီထွင်မှုလေးပါ ။
(ကိုယ်တို့ ရွှေပြည်ကြီးက များစွာသော ကလေးများအတွက် ဒီလို တီထွင်မှုလေးတွေ လျှင်မြန် များပြားစွာ ပြုလုပ်ပေးနိုင်မဲ့  ပြည်တွင်းဖြစ် အတတ်ပညာ ရှင်များ ပေါ်ထွန်းနိုင်ပါစေ လို့  .... )
တရုပ်လို ဖတ်လိုသူများအတွက် အော်ရီဂျင်နယ် လေးက ဒီအောက် မှာပါ။ :)
TVBS 更新日期:"2009/06/24 22:55" 張嘉男
說到了打針,可能很多人都有過恐怖的經驗,不過想要不生病,疫苗這東西卻又是非打不可,現在海洋大學的吳彰哲副教授,為大家解除了這種煩惱,他研發了全球首見的疫苗貼布,這種疫苗就像OK蹦一樣,只要貼在皮膚上就能跟打針有同樣的效果。
講到了打針,別說小嬰孩會怕到嚎啕大哭,就連大人也不免眉頭一皺,只是誰說接種疫苗就一定得打針,現在用貼的也能搞定。海大副教授吳彰哲:「這樣就可以跟疫苗同樣功效,對,就是直接貼上去。」
這塊四方型的小白布,就是全世界首見的疫苗貼布,先用果酸去除角質層,再把貼布貼在皮膚上2個小時,就能跟打針有一樣的效果。吳彰哲:「DNA進到我們皮膚裡面去,在這邊表現蛋白質,我們抗原呈現細胞把他捕捉以後,帶到淋巴結或是脾臟,引起我們的免疫反應。」
以目前進行動物實驗中的日本腦炎疫苗來說,貼布不僅不需要扎針筒,可以減少感染的機會,同時它在室溫下就能保存,並且隔3個禮拜後再貼1張,2張貼布就能跟注射4劑疫苗有著同樣的功效,而且每張貼布的價格還比疫苗便宜一半。吳彰哲:「我們的做法就是,這是雙面的,把DNA的微脂體點上去。」
ဆေးလိပ် ဖြတ်လိုသူများအတွက် အလားတူ ပလာစတာ ကပ်ဆေး များ ကတော့ အသုံး ပြုနေကြတာ ကြာ ပါ ပြီ ။
သိလိုသူများ စုံစမ်းနိုင်ပါတယ် ။ :)
►Posted by
:kiki
:
at
6/25/2009 02:02:00 AM
Subscribe to:
Post Comments (Atom)
10 comments:
ပေါတာပျောက်ဖို့ရော ပလာစကာကပ်လို့ရလား စုံစမ်းပေးပါ...
သူငယ်ချင်းတယောက်ကို လက်ဆောင်ပေးချင်လို့...
သူ့နာမည်က "အီးတရောလပ်" လို့ခေါ်တယ်...
းဝ)
ဦးနှောက်အမြှေးရောင်တာ ကုရင်ပျောက်လားမကြီး
ကျနော်သိချင်ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဖွားကိရေးးးးးးးးးးးးးးး
ရွှေရွှေသဲးစားနေလို့တဲ့လေ
ကုလို့ရမလားတဲ့
ခင်တဲ့
မြူးလေး
ဒီအစိုးရ ရဲ့ လက်ထက်မှာ ဒီလိုနည်းပညာတွေ ကတော့ အသေးအဖွဲ့ပါ... မသုံးဘူး ဒီလူတွေက နူကလီး၇ား လောက်မှ လုပ်တတ်တာ....ဟင့် .... ဘာမှတ်လဲ.... သူများနိုင်ငံတွေက ဆေးထိုးအပ်အစား ပလာစတာ သုံးနေရင်.... သူတို့က နူကလီးရား ထိပ်ဖူးတွေ သုံးတော့မှာ ဆေးထိုးအပ်တွေက သေးနေလို့ အမရေ .....
စိတ်ဝင်စားစရာ သတင်းကောင်းလေးပါ။
မမကိ
မေလေးလဲငယ်ငယ်က ဆေးခဏခဏထိုးရလို့ ဆရာဝန်မြင်ရင် ဆဲတာနည်းမျိုးစုံဘဲ..အဲဒီနည်းလေးမဆိုးဘူးနော်
လာရောက်မှတ်သားသွားပါတယ်
အင်ဆူလင် နေ့တိုင်း ထိုးနေရတာမို့ ဒီလို အင်ဆူလင် ပလာစတာ ပေါ်ရင် သိပ်ကောင်းမှာ။
မြန်မြန် တီထွင်ကြပါ။ တီထွင်ကြပါ။
အပ်ကြောက်တဲ့လူ နေ့တိုင်း ထိုးရတော့ ဘယ်လောက် စိတ်ညစ်မလဲ စဉ်းစားသာ ကြည့်ပေတော့ ကိကိရေ..
အစ်မကြီးက တရုတ်စကား တတ်တယ်ပေါ့ သုတ်စားရတာပေါ့ , ဘာသာပြန်ပေးပြီး ဗဟုသုတတိုးပွားစေတဲ့ အကျိုးတွေ အပြည့်အ၀ရနိုင်ပါစေ အစ်မရယ်
တကယ်လားဟင်း :( မြေးလေးက ဆေးထိုးခံရဖို့တော့ အသေကြောက်။ ကြောက်ရတဲ့အထဲ ဘွားကိက ပိုပို ခြောက်နေတယ်။
ကောင်းလိုက်တာ .. အဲလိုဆို
ဆေးထိုးအပ်အရမ်းကြောက်ပဲ
မတတ်သာလို့ထိုးရမယ်ဆိုရင်လည်းမကြည့်ရဲဘူး
ဟိုဘက်လှည့်နေတာ .. :D
Post a Comment