မိန်းမနဲ့ ယောင်္ကျား သဘာဝချင်း ကွဲပြားခြားနားနေကြတာ အားလုံး သိကြပြီးသားပါ ။
အား နွဲ့  သူပါရှင် လို့  မိန်းမသားတွေက သူတို့ ကိုယ်သူတို့ လည်း ဝန်ခံကြပြီးသားပါ ။ ဒါတွေက ယျေဘူယ အမြင်အားဖြင့်ပေါ့နော် ။
ဒါကြောင့် မိန်းမတွေဟာ ယောင်္ကျားယူကြတယ် ဆိုရာမှာ အားကိုးရှာချင်တဲ့ အပိုင်းကလည်း တခန်းတဏ္ဍ အနေနဲ့ ပါဝင်ကြတယ်ဆိုရင်လည်း မမှားပါဘူး ။ ချစ်ခြင်းမေတ္တာ ဆိုတာလည်းပါမယ်ပေါ့လေ ။မောင် တထမ်း မယ်တရွက် ဆို ဘယ်လောက် အတွဲ ညီလိုက်ကြပေမလဲ ။
အဟင့် ။ ဒါဆိုရင် အားမကိုးရတဲ့  ဒီလိုယောင်္ကျားမျိုးကို ဘာလို့များ ယူချင်ကြတာပါလိမ့်နော် ။
လျှာရိုးမရှိတိုင်း ညာ ညာပြောတတ်ကြတဲ့ ဤလိုယောင်္ကျား ။ မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင် ပါ့မယ်ဆိုပြီး ရပြီးခါကျမှ ဖျာလိုခင်းပြီးနင်းတတ်ကြတဲ့  ဤလိုယောင်္ကျားမျိုးကို ဝေးဝေးရှောင်ရှားနိုင်ကြပါစေရန် အသိပေးတင်ပြအပ်ပါတယ် နော်။
အပြင်ထွက်အိပ်ရင် အမြင်မတော်မှာ စိုးလို့ လားကွယ် ။
ကဲ ..အပျိုကြီး မမ တို့ ရေ ။ သေချာ စဉ်းစားပြီးမှ ဆုံး ဖြတ်ကြပါနော် ။
►Posted by
:kiki
:
at
6/11/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
18 comments:
အပျိုကြီး မမ ဆိုရင်တော့ မယ်ကိက ထိပ်ဆုံးပဲ....
နောက်က ဆက်တိုက်လာမှာ အပျိုလေး မယ်ကွိပေါ့ ဟိဟိ..
ဒီဘလော့မှာ မနောမနဲ မတ်စိ ကော်မန့် ပွတ်လို့ရဘူးညော်.. အဟင့်
မိန်းမတယောက်ကြောင့် တို့ပြည်မှာလဲ ယောက်ျားတွေ အုပ်စုလိုက်ကြီး ပျားတုပ်နေပြီ...
အမြင်ပဲ မဟုတ်လား.... ဖွားကိရဲ့
းဝ)
ကိကိနော်
ကိကိ ကိကိ ရှောင်မပြေးနဲ့ နော်။
ပေးစားမှာပဲ
အောင်မလေး အမမပြောခင်ထဲကယောင်္ကျားဆို
အဲလိုယောင်္ကျားမှမဟုတ်ဘူး အကုန်လုံးပဲ
ဟိ.. ဘာလဲတော့မမေးနဲ့
အမသိပြီးသားလေ :P
ပထမပုံက မိန်းမတလှည့် ယောက်ျားတလှည့်ကိုင် တာရောမဖြစ်နိုင်ဘူးလား? ဒုတိယပုံက ယောက်ျား ဆေးလိပ်သောက်ချင်လို့ သူမိန်းမ ကို ခဏထမ်းခိုင်းတာရောဖြစ်နိုင်ဘူးလား?
တတိယပုံကတော့ မိန်းမက အိုက်လို့နေမှာပေါ့...
အစ်မကလဲ ကျွန်တော့်လို အကောင်းမြင်စမ်းပါ
နော်....
နော် ..
နော်...
ဘွားကိရယ် ကျေးဇူးတင်လိုက်တာ.အပျိုကြီးပဲလုပ်တော့မယ်။ မြေးလေးကို တသက်လုံးတင်ကျွေးထားနော်:))
နောက်ဆုံးတစ်ယောက်ဖြစ်မှာ ကြိုမြင်လို့ ပြန်စဉ်းစားရင်ကောင်းမလားပဲ..
မကြီး သတိထားတော့နော့် ဒါကြောင့်လဲ အပျိုကြီးဖြစ်နေတာ အဟား ဟား
ကျနော်လဲ အဲလို ကောင်မလေးရထားတယ် လာကြည့် အဟဲ
လေးစားလျက်
တောင်ပေါ်သား
မကီရေ... ယောကျာင်္းယူမယ့် အတွေးတောင် ဘယ်ပျောက်သွားလည်း မသိဘူး။ အဲလို ချစ်ကြတာ ဖြစ်မှာပါ။ :D
ကောင်းကွက်လေးတွေရှိပါတယ်ဗျာ...
မိန်းမတွေကလည်း ဒီလိုကောင်းကွက်လေးတွေရှိနေလို့
ဒီလိုသည်းခံပြီးလုပ်ပေးတာပါ...
ဒါကလဲ အချစ်တမျိုးပေါ့...
အပျိုကြီးမမ
သေချာပြန်စဉ်းစားပါ...
ကောင်းကွက်တွေရှိတယ်
ကောင်းကွက်တွေရှိတယ်
ချစ်ခင်စွာဖြင့်
အပျိုကြီးမကီးရဲ့မောင်
ဖိုးစိန်
ဒုတိယ အကြိမ်မြောက် "..သြော်..မိန်းမ.." တမ်းခြင်း..။
ဖွားကိ နော်
ဖွားကိ လုပ်တာနဲ့  ချစ်သူကို တောင် ချစ်ရတာ တွန့်သွားပြီ.အဟီး
မမကိကို ချစ်တဲ့
မေလေး
မှန်တယ် ကိကိရေ ထောက်ခံတယ် ဟီး၂
ဟီးဟီး
တန်းတူရင်ဘောင်တန်းရုံတင်မက ကျော်တက်သလိုတောင်ဖြစ်နေပါလားနော် ..
ချစ်တာ ချစ်တာ .. :D
ကြောက်သွားပြီ မမကိကိရေ
ယောကျားမရရင် မမကြောင့်ပဲနော် .. :P
မမဆီမှာ လာနေမှာ :D:D
မကိရေ
ကွတ်တိပဲ..
အဲ့လိုမြင်ရရင် မောင်တို့ယောက်ျားတွေကိုတော့နော် ဟင်းဟင်း
ကိုလူထွေးပြောသလို ယောက်ျားရင့်မကြီးငါးသိန်းကျော်က မိန်းမတစ်ယောက်ကို ကြောက်နေပုံများ ကမ္ဘာကတောင် သိရဲ့...
လုပ်တော့မယ် သူယောကျာင်္းမယူတိုင်း သူများတွေကို
ဒါက ဒီလိုရှိတယ်လေ ဖြစ်မှာပေါ့။ :D
သူများလည်း သိဘူးလေ ရမ်းတုတ်တာ။ :P
အဆိုးမြင်ဝါဒ ကိုမုန်းလို့ ..။
သြော် . . . . အဲဒါမျိုးတော့ အကုန်ဟုတ်လောက်ပါဘူးကွယ်။
Post a Comment