ဒီက ရှစ်ကလေး လေးလုံး တန်းပြီးသိပ်မကြာ သူတို့လဲ လိုက်တန်းကြ ၊ ဒီက နာဂစ်ပြီးသိပ်မကြာ သူတို့ လဲ လိုက်လှုပ်လိုက်ကြနဲ့ လေ။ဒါပေမဲ့ ဒီတခါတော့ သူတို့ ဆီ အရင်ဖြစ်သွားတာ မယ်လမင်း နို့ မှုံ့ အကြောင်း ၊ ကမ္ဘာကျော်သွားတဲ့ အထိပေမို့  မြေးတို့ အားလုံး သိကြမှာပေါ့ ။ ဒီလိုကွဲ့  ။ ဒို့ ပြေ ဒို့ ရွာမှာလေ ဟိုးခေတ် ဟိုး အခါက ဘီပီအိုင် ဆိုတာ တတိုင်းပြည်လုံး အားထားနေရတဲ့  ဆေးဝါးမျိုးစုံ ထုတ်လုပ်တဲ့  စက်ရုံကြီးတရုံပေါ့ကွယ် ။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ရွှေပြည်သူ ရွှေပြည်သားတွေ ဆိုရင် တောင်မှ အဲဒီ အိုင်ကြီးက ထုတ်လုပ်တဲ ဆေးစွမ်းဆေးကောင်းတွေ ကိုဘဲ တကူးတက ပြန်မှာယူပြီး သုံးစွဲကြတယ်ကွဲ့  ။ ဒီခေတ်ကာလ ကလေးများက မေးကြလိမ့်မယ် ။ ဖွားကိ ၊ ဘယ်နေရာက အိုင်ကြီးလဲလို့ ၊ ရေကြည်အိုင်ကို သာ မြေးတို့ သိရင်သိကြမယ် ။ ဘီပီအိုင်ကို မသိကြတာလည်း မြေးတို့ အပစ် ဟုတ်ဘူးလေကွယ် ၊ လူတွေ မပြောင်းဘဲ နာမယ်တွေ တွင်တွင်ပြောင်းတာ ခေတ်စားနေတဲ့  ဒီခေတ်ကြီးထဲ အမ် ပီ အက်ဖ် ဆိုလား၊ ဘာ ဆိုလား ပြောင်းသွားခဲ့တာကိုး ။ ထားလိုက်ပါတော့ နာမယ်ဆိုတာ သတ်မှတ်ချက် တခု ပေဘဲ မို့  သိပ်တော့ အရေး မပါလှပေဘူုး ။ ဒီအိုင်ကြီးက ခု ဈာန်လျှောသွားတဲ့ ရန်ကုန်ရွာကြီးရဲ့ ကြို့ ကုန်းဆိုတဲ နေရာမှာတည်ရှိခဲ့တာပေါ့ ။ အဲဒီမှာလေ အခုဆို ဖက်စပ်ခေါ်တဲ့  ဘာဖက်တွေ နဲ့ ဘာဖက်တွေ စပ်ထားတာလဲတော့ ဖွားလဲ သိဘူးကွယ် ၊ကြည့်ရတာတော့ အင်ဖက်တွေနဲ့ တူပါတယ် ။ အဲဒီ ဖက်စပ် တွေနဲ့ စက်ရုံကြီးကို လှည့်ပတ်ကြတာပေါ့ ကွယ် ။ အကျိုး အမြတ်တွေ ရှိလို့ဘဲ လာအစပ်ခံကြတယ်ပေါ့နော် ။ခေတ်မှီ စက်ရုံကြီးဆိုတော့လည်း အသိပညာ ၊အတတ်ပညာရှင်တွေ မရှိမဖြစ်လိုအပ်တယ်လေ ။ မြေးတို ရေ ၊ ခုခေတ်ကြီးမှာ အသိရှိမှ ပညာရှင် ဖြစ်သူများ နဲ့  အတတ်ရှိလို့  ပညာရှင် ဖြစ်သူများ အမျိုးအစား စုံလှတယ် ကွယ် ။ ဒီလိုနဲ့  အဲဒီ ပညာရှင် တွေက ခေတ်မှီ ဆေးဝါး တွေ ဖေါ်စပ်ကြရတောပေါ့ ။ ဘယ်ရောဂါ အတွက် ဘယ်ဆေး ဝါးကို ဘယ်လို အချိုးနဲ ဘယ်လိုဖေါ်စပ်ရတယ်ဆိုတာ ဖေါ်မြူလာပေါင်းများစွာရှိတာပေါ့ နော် ။ဖေါ်မြူလာကောင်းကောင်းမှ ပစ္စည်းကောင်းကောင်း ထွက်ဖို ရာက အရည် အသွေး ထိန်းချုပ်ရေး က အတော်လေး အရေးပါလှတယ်လေ ။ ဒီစက်ရုံကြီးကို လွှဲပြောင်းယူတဲ့  ဖက်စပ် အုံနာ ကြီးက သူ့ ရဲ့  အမြတ် အစွန်းများများရရေးအတွက် ကုန်ကျစရိတ်တွေ လျှော့ချ ဖို့  ကြံစည်လာပါလေရောတဲ့ ကွယ် ။ အရည် အသွေး ထိန်းချုပ်ရေးအတွက် ခုတော့  အပိုတွေ အကုန်မခံချင်ကြတော့ဘူးတဲ့ ။ပြီးတော့ ပေါချောင်ကောင်းနဲ့ ရတဲ့  အရည်ညံ့ ကုန်ကြမ်းတွေ ကို အစားထိုးပြီး ဖြစ်ကတတ်ဆန်း ကွာလတီ နဲ့ ထုတ်မယ်ပေါ့ ။ ဒီတော့ အဲဒီ အတတ်ပညာ ရှင်ကြီးကို ပြောသတဲ့  ။ အသင် ပညာရှင်ကြီး ဒီဆေး ကဈေးကွက်မှာ ရောင်းအားကောင်တယ် ။ သူ့ ကို စရိတ်အနဲဆုံး နဲ့ ပစ္စည်းများများထွက်အောင်လုပ်ေ ဒီကုန်ကြမ်းကို သူ ဓါတ်ခွဲကြည့် လိုက်တော့ ... လား လားးး အထဲမှာ လူတွေကို အန္တရာယ်ပြုစေတဲ့  ဒြပ်ပစ္စည်းတွေ ဖြစ်နေသတဲ့  ။ ဒီ ဒြပ်တွေ ကို ကြာကြာ သုံးစွဲသူတွေမှာ အသည်း နဲ့  ကျောက်ကပ် နှလုံးတွေ ထိခိုက်စေတတ်တယ်တဲ့ ။ ဪ ဒါပေမဲ့  လိပ်တက်ဖွတ်တက်ကားကြီးမျက်နှာနဲ့ ပဲ သူလဲ ဘာမှ စောဒက မတက်တော့ဘဲ အဲဒီ ဒြပ်တွေ ပါတဲ့  အားတိုးဆေးတွေ ကို အဆက်မပြတ်ထုတ်တော့တာပေါ့ကွယ် ။ အုံနာကြီးကလဲ နာမယ်ကြီး မင်းသမီးပေါင်းစုံ နဲ့  အဆက်မပြတ် တယ်လီဗေးရှင်းမှာ ဒီတွန့်  လိန်ကောက်ကွေး ရှင်ရှင် သေသေ အားတိုးဆေးကြီးကို ကြေငြာရောင်းချလိုက်တဲ့ အတွက် အားပြတ်လုဆဲဆဲ ဖြစ်နေကြတဲ့ ပြည်လုံးကျွတ် နီးပါးကလူတွေ ဝယ်ယူ စားသုံးကြပါလေရောတဲ့ကွယ် ။အုံနာကြီးက တိုက် ၂လုံးမှ ၄လုံး ဖြစ် ။ ပညာရှင်မှာ ကား ၁စီးမှ ၂စီးရ နဲ့  အတော်လေးအဆင်ပြေ နေကြတာပေါ့ကွယ် ။ ဒီလိုနဲ့  လောဘ အတောမသတ်နိုင်ကြတဲ့ လူ့ သဘာဝ အတိုင်း နောက်တမျိုး အမြတ်ပိုကျန်မဲ့ ဆေး ၊ သွေးတိုး ၊ နှစ်လုံး၊ ဆီးချို ဆေးသစ်တွေ ထပ်ထုတ်ကြတယ်ပေါ့ ။ ဒီဆေးထဲမှာပါတဲ့  ဒြပ်ပစ္စည်းမျိုးကရေရှည်သုံးစွဲ ဒီတခါတော့ အမြတ်အစွန်းပို ကျန်မှာမို့  အုံနာကြီးက သူ့ ရဲ့ အရိုးအရင်းတန်ဖိုးလောက်သာရှိတဲ့  တိုက်နဲ့ ခြံယာမြေတွေကို ပညာရှင်အား နှုတ်ပိတ်ခ ပေးတယ်တဲ့  ။ ဒီတော့လဲ ဘာပြောကောင်းမလဲကွယ် ။ အဆိပ်တွေကို ဆေးလို လှိမ့်ထုတ်ပြီးရောင်းလိုက်ကြတာေ ဒီလိုနဲ့  အဲဒီ တိုင်းပြည်လေးထဲက လူတွေတဖြေးဖြေးနဲ့ ရောဂါဘယတွေ ထူပြောလာကြသတဲ့ ။ အားဆေးတွေသောက်ရင်း အသည်းတွေ နှစ်လုံးတွေ ကျောက်ကပ်တွေ ပျက်စီးလာကြသတဲ့  ။ နှစ်လုံး၊ သွေးတိုး ၊ ဆီးချို ဆေးတွေ စားရင်းနဲ့  ဦးနှောက်တွေ ထိခိုက် ပျက်စီးလာကြသတဲ့  ။ ဒီလိုဆိုတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ။အဲဒီ အုံနာကြီးက ဖက်စပ် ကိုယ်ပိုင်ဆေးရုံကြီးတွေလည်း ဖွင့်ထားသေးတာကိုး ၊ ဂဲတလုံး နဲ့ ငါးဆယ် ငါး သန်းကျော် သော ငှက်တွေ ကို ပစ်ခတ်နိုင်ခဲ့ ပေတာကိုး ။ ဒီ ငှက်ပေါင်းများစွာထဲမှာ ပညာရှင်ကြီးရဲ့ သွေးရင်းသားရင်းမဟုတ်သည့်တိုင် ဒီလိုဆိုရင် ဘာလို့ ဒီစက်ရုံက ဆေးတွေ ဆက်သောက်နေကြတာလဲ ။ တခြားတံဆိပ်တွေ ပြောင်းသောက်ပါလားလို့ စောဒက တက်ချင်နေသူများရှိလိမ့်မယ် ။ ဒီလိုရှိတယ်လေ ။ ဒီ အုံနာကြီး က ဘယ်အထိတောင် ပိုင်သလဲ နိုင်သလဲ ဆို တာ ပြောပြရင် သြချမယ်ထင်ပါ့ ။ သူ့  စက်ရုံ ထုတ် ဆေးက လွဲရင် တခြားဆေးတွေ အားလုံး အများပြည်သူ သောက်သုံးရန် မသင့် လို့  သတင်းတွေထဲအမိ့န်တွေထုတ်ပြန်ပေးနိုင်ရလေအောင် ကို အဲဒီ အဖွဲ့ အစည်းထဲက အာဏာပါဝါရှိသူများ အားလုံးဟာ သူ့ ရဲ့ လက်ခုပ်ထဲက ရေလို ဖြစ်နေကြလို့ ဘဲပေါ့ကွယ် ။ ( ကဲ မြေးတို့ အားလုံး လက်ခုပ်တီးပြီး အားပေးကြပါ ။ လဖက်တွေ ၊ ငပိတွေ မစားရတဲ့အပြင် ဆေးတွေပါ သောက်ရခက်ကြီး ဖြစ်လာတာပေါ့လေ ) ဒီလိုနဲ့ဘဲ ကြာလေလေ ရောဂါထူလေလေ။ ဆေးရုံပေါ်ရောက် ၊ ရောဂါမပျောက် ဥစ္စာ ပျောက် ၊ နောက်ဆုံး လူပါပျောက် ။ ဒီသံသရာကြီးထဲ တဝဲလည်လည် ဖြစ်လာရတယ် ။ ဘယ်သူသေသေ ငတေမာ ၂ယောက်ကတော့ လောကစည်းစိမ်တွေ ခံစားစံစားနေကြဆဲပေါ့ ။ပညာရှင် ဆိုသူကလည်း တနင့်တပိုးကြီး ရ ထား တာမို့  ၊ ရေငုံ နှုတ် ပိတ် နဲ့ အဆိပ်ပင်ရေလောင်း အလုပ်ကို ဆက်လုပ်နေတာပေါ့လေ။ ဒီလိုနဲ့  နှစ်အနည်းငယ်ကြာလာတယ်ပေါ့ကွယ် ။ တနေ့ မှာ ပညာရှင်ကြီးက သတိထားမိလာတယ်တဲ့ ။ သူ့ ရဲ့ ချစ်မငြီးတဲ့ ဇနီး နဲ့  သမီးလေး တို့  အရင်နဲ့မတူဘူးပေါ့ ။ သမီးလေးက စားကောင်းသောက်ကောင်းတွေစားရလွ တနေ့ မှာ ... ဒီပညာရှင်ကြီး ဘယ်လို မှ မမျှော်လင့်ထားတဲ့ တနေ့ မှာပေါ့ ။ သူ့ တာဝန် ပြီးလို့  အိမ် အပြန် ၊ ဧည့်ခန်းထဲ ကိုရောက်တယ် ဆိုရင်ဘဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အသက်ရှု ရပ်တန့် သွားရမလောက် ထိတ်လန့် ခြောက်ခြား ခြင်းများစွာဖြင့် အရုပ်ကြိုးပြတ် ခွေကနဲ လဲကျသွားရ ပါတော့တယ် ကွယ် ။။ ကဲ ..ကဲ .. မြေးတို့ ရေ ၊ ဖွားကိလည်း ပုံပြောရတာ မောပြီ ၊ ရေသောက်ပြီး နားအုံး မယ်ကွယ် ။.... ဟာ .. ဖွားကိ ကလည်း ကောင်းခန်းရောက်မှ ဘယ့်နှယ် ကောက်ခါငင်ခါ ပြီးပါပြီတဲ့လဲ ။ ဇာတ်လမ်းကြီး က မှ မပြီးသေးတာ ။ဘေးမှ စိတ်ဝင်တစား နားထောင်နေတဲ့  ချစ်မြေးမလေး ငုံ က စာကလေး ဖင်ကွဲ သံနဲ့ စူးစူးဝါးဝါး ထအော်တော့ မှ ...ဪ ။။ဟုတ်ပေသားဘဲနော် ။ ဒီ အနှစ် ၂၀ ကျော် အခန်းဆက် ဇာတ်လမ်းတွဲ ကြီး ။ပြီးမှ မပြီးသေးတာ ။ ပွဲတော့ သိမ်း ခါ နီးပါပြီလေ ။ အဆုံးသတ်ပေးလိုက်ပါအုံးမယ် ။ ဒီလိုကွဲ့  ဒီပညာရှင်ကြီး အရုပ်ကြိုးပြတ် ပုံကနဲ လဲသွားရတာကတော့ သူဘယ်လိုမှ မမျှော်လင့် ထားခဲ့တဲ့ အကြောင်းများ ။သူ့ ရဲ့ တဦးတည်းသော ချစ်သမီးလေး ဟာ အိမ်ရှေ့  ဧည့် ခန်း ကျယ်ကြီးထဲ က ကြမ်းပြင်ပေါ်မှာ ပစ္စလက်ခတ် သတိကင်းလွတ် နေတယ် ။ လူတကိုယ်လုံး ဖေါင်းပွ ဖေါသွပ်ပြီး အသားအရေဟာလဲ မီးနေသယ် ဆနွင်းလိမ်းထားသလို ဝါထိန် နေကာ ပါးစပ်မှ လဲ အမြူပ် တစီစီ ထွက်လို့ပေါ့လေ ။ အသည်းရော ကျောက်ကပ်ရော ပျက်စီး ပြီး ဦးနှောက် ယောင်ယမ်းခြင်း လက္ခဏာ တွေပေါ့ ။ ချစ်မငြီးတဲ့  ဇနီးလေး ဟာ ဖြင့်ရင် ကန်တော့ပါသေးရဲ့ နော် ။ မိမွေးတိုင်း ဖမွေးတိုင်း နဲ့ နှုတ်မှလဲ တတွတ်တွတ် အဆက်အပြတ် ရွတ်ဆို ပြီး ဝုန်းဒိုင်းကြဲအောင် ခုန်ပေါက် ပြေးလွှား နေလို့ပါဘဲ ။ဘယ်သူ့ ကိုမှ မမှတ် မိတဲ့  ပြူးကြောင်ကြောင် မျက်လုံး အစုံကြောင့်  ပညာရှင်ကြီးတယောက် သိလိုက်ပါပြီ ။ သူ့ အဆိပ် ဖေါ်မြူ လာ ဆေးတွေ ထဲ က အဆိပ်သင့် ပုံအတိုင်းပါဘဲ ။ ဒီတော့ ခွေရာက လဲနေရာမှ အမြန်စဉ်းစားကြည့်တော့ ဖြစ်နိုင်ခြေ ရှိတာ တချက်ဘဲ ရှိတာပေါ့ ။ သူ့ ရဲ့ လူယုံတော် ဒရိုင်ဘာကြီး ...အစက ရိုးရိုး ။ ခုတလော အမူအယာတွေ တမျိုးပြောင်းနေတာလေ ။ ဒါကြောင် ဒီ မိသားစု အထွေထွေ စီမံခန့် ခွဲရေး ပူးတွဲ တာဝန် ကားမောင်းသမား ကြီးကို ဆီး စစ် သွေးစစ် လုပ်ကြည့် တော့မှ သူလဲ ဘဲ ဦးနှောက် ထိခိုက်စ ပြုနေတဲ့ အကြောင်း အဖြေထွက်လာတယ်လေ ။ ဒီ အရူးကို ဘုံမြှောက် မိတော့  သူ့ ကို ဆေးဝယ်ခိုင်းတိုင်း ခင်ရာမင်ရာက ဆေးတွေ ဘဲ ဝယ်လာပေး ။ မသိတဲ့သူ ကလည်းသောက်ပေါ့ နော် ။ ဪ .... ဘယ်သူမပြု မိမိမှု ။ လောဘ ရဲ့ သားကောင်တယောက် ။ ဘယ်သူ သေသေ ငတေမာ ပြီးရော ။ ကိုယ်ကျိုးဘဲ ကြည့်ခဲ့ မိလို့ ။ ခုတော့ ..... တကယ် သာယာ လှပသောရွာကြီးတရွာ ၊ ရွာသာကြီး မှာ မသေ မရှင် သူ့ မိသားစုနဲ့ ၊ ဘယ်လောက် ကြာကြာ စံရ ခံ ရ အုံးမှာလဲ လို့  ။။။ ( ဒီလို ဖြစ်မှာစိုးလို့  သူ့ မိသား တစု သုံးတဲ့ ဆေးတွေ ကို နိုင်ငံ ခြားမှ ဒါရိုက် မှာယူ တင်သွင်းနေတဲ့  ကြားထဲ ကနေ ။အဲဒီ အဆိပ် ပါတဲ့ ဆေးတွေ သူတို့  ဘယ်လို စားသုံး မိကြတယ် ဆိုတာ သိချင်ရင် တိုးတိုးလေးပြော ပြ ပါ့မယ် ။ ) တို့ တိုင်း တို့ ပြေ တို့ ရွှေပြည် မှာလေ .. အတု တွေ ၊ အတု တွေ ။ နေရာတကာ အတုတွေ ပေါ မှ ပေါ ပါပေ့ ။ဆေးအတု ။ ဘိလပ်မြေ အတု ။ စားသောက်ကုန် အတု ။ အသုံး အဆောင် အတု ။သီချင်းခွေအတု နောက်ဆုံး တော့ ရှိထားတဲ့  လွတ်လပ်ရေးဆိုတာကြီး ကပါ အတု အယောင် ။ ဒီဆေးအတု က တကဲ့ မူလ ပထမဆေးထက် အဆ တရာလောက်ဈေးပိုချိုနေတော့ မသမာသူ တခြားစီးပွားရေးသမားတဦးက ပညာရှင်ကြီး ထုတ်လုပ်တဲ့ ဆေးကို နိုင်ငံခြားဆေးအကောင်းနေရာမှာ အစားထိုးပြီး ။ အတု အနေနဲ့ ပြန်လည်ထုတ်ပိုးရောင်းချ ထားလိုက် လို့ ပါဘဲကွယ် ။ မြွေမြွေချင်း ခြေမြင်ကြတယ် ဆိုပေမဲ့  တကွက် မှားသော ကျား ကတော့  ခံရ စမြဲ မို့ ... ဝဋ်လိုက်တတ်တယ် ကိုကို သတိထား ။ ။ ။ ( လူ သားများအတွက် လွန် စွာ အန္တ ရာယ် ကြီးမားသော ဆေးဝါးအတု များ အကြောင်း ကို သိရှိ စေလိုပါ၍ ကိုယ်ပိုင်စိတ်ကူးအတွေးဖြင့် ရေးသားထားခြင်း ဖြစ်ပါသည် ။ တမင်တကာရော ၊ မတော် တဆ ရော တိုက်ဆိုင်မှု လေး များ များစွာ ရှိနိုင်ပါသည် ။ လို သလို ဆွဲ တွေးပြီး လွတ်လပ်စွာ ခံစားနိုင်ပါသည် )
12 comments:
လိုက်မှာပဲဝဋ်ကတော့
သူများကိုလုပ်ထားတာဘယ်တော့ပြန်ခံရမလဲ
ကြည့်ကြသေးတာပေါ့ ဟွန်းး
အလွဲသုံးစားမှုနဲ့ရွာသာကြီးထောင်ပို့လိုက်မယ်နော်
ပညာရှင် ခေါ်ပါတော့မလား။
ကားတစီး တိုက်တလုံးနဲ
လူအများ အသက်နဲ့ လှဲရက်တာ
နုတ်ပိတ် နေနိုင်တာ တုန်လှုပ်စရာကောင်းလိုက်တာ။
တကယ်ပဲ တချို့ တွေ နေနိုင်လွန်းတယ်။
မအယ်
မကိ
ဝဋ်လိုက်တယ်ဆိုတာ တကယ်လိုက်တာဗျ...
သည်ဘ၀မှာ မလိုက်ရင်လည်း နောက်ဘ၀အထိ လိုက်လာမှာပဲ...
ATN
ဝဋ်လဲလိုက်မယ်.... ငရဲမှာလဲ အကြိမ်ပေါင်းများစွားခံရအုံးမှာပါ..
တော်တော်ဆိုးဝါးတယ်....
ဖွားကိ ပုံပြင်လေးကိုနားထောင်ပေးတယ်...
ပေးတော့မုန့်ဖိုး...
စောင့်နေတယ်....
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဝဋ်ဆိုတာလဲတတ်ပါတယ်ခင်ဗျာ... အော် မသမာသူများ ဒုက္ခ ရောက်နေကြရတာပါ့လား သနားပါတယ် ကျွတ် ကျွတ် ကျွတ်
လေးစားလျက်
တောင်ပေါ်သား
ဝဋ်ဆိုတာ နောက်ဘဝ မစောင့်တတ်ဘူး ဆိုတာ မေ့နေကြတယ် ထင်တယ်နော်..မမကီရေ မမကို အားကျမိပါတယ် မေလေး စိတ်ဝင်စားမျှော်လင့်ခဲ့ရတဲ့ ဘဝထဲမှာ ကျင်လည်နေလို့လေ...
မမရေ ဆေးကျောင်းဖွင့်ရင်လှမ်းခေါ်လိုက်မယ်နော်..ခုတော့ ပိုက်ပိုက်မရှိသေးလို့ ..
ဒါနဲ့ မမ စကားမစပ် (အတင်းကို စပ်တာ) မေလေးလာရင် ထမင်းဘယ်နှစ်ရက် ကျွေးဖို့ အစီအစဉ်ရှိလဲဟင်..မမတို့ ကျွေးမဲ့ပေါ်မူတည်ပြီး မေလေးက နေမှာကို နော်..အဟီးး
ဖုန်းဆက်လိုက်ရမလားးးးးးဖုန်းဆက်လိုက်ရမလားးးးးးးးးးးး
ခင်လို့စတာနော်..တကယ်ပါ အဟုတ်ပါ..ချစ်လို့ပါ မမကီ ကိုလေ
မမရေ ဖုန်းနံပါတ်ပေးတဲ့ အတွက် ရှဲ့ရှဲ့နီ..ဝါ..ပြာ..နော်
မမကိုချစ်တဲ့
မေလေး
နံမည်တွေပြောင်းပြီးမှမကောင်းတော့တဲအကြောင်းဆရာမောင်သော်က-ကပြောဘူးတယ်ဗျ။
ရှာမီးချိုချင်ကိုရသာလို့အမည်ပြောင်းလိုက်မှအရသာမရှိတော့ပါလားတဲ့---
Lux ဆပ်ပြာကိုမွှေးလို့အမည်ပြောင်းလိုက်မှမမွှေးတော့ကါကလားတဲ့---
အဲဒီလိုပဲ ဘီပီအိုင်လည်းဖြစ်သွားရတာပေါ့
ကိလေးရေ.... ပြည်သူပြည်သားတွေ အသည်းစွဲ ဘောလုံး အရက် မူးယစ်ဆေး နဲ့ (((နှစ်လုံး သုံးလုံး)))တွေ အကြောင်းလဲ ရေးပါဦးဟေ့......
ပြည်သူတွေ စိတ်မအားကိုယ်မအား.... ဘာမှ ဂရုမစိုက်အားတော့လောက်အောင် လုပ်ထားတဲ့ နအဖရဲ့ ကျွေးကွက်တွေပေါဟယ်.....
အဖွားကိ .... အဖွားကိဘလော့ရဲ့စလိုက်ဘားမှာ စေတီကို ကြိုးနဲ့ ဆွဲချိုးနေတာ သဘောတရားတွေ အများကြီးပါတယ် ဆိုတာနားလည်ပါတယ်ဗျာ...., အဖွားကိစိတ်ထဲမှာ စိတ်ချမ်းသာနေတယ်မထင်ပါဘူး။ စိတ်ချမ်းသာမှုတွေ လိုချင်ရင် စိတ်မချမ်းသာမှုတွေကို စွန့်လွှတ်သင့်တယ်ထင်တယ်နော်
အကြံပြုတာပါ အဖွားကိ..., သူများ အကုသိုလ်ကို ကိုယ့်အကုသိုလ် လုပ်နေတာလို့ထင်ပါတယ်.., သူဝဋ်ကြွေး သူပြန်ဆပ်ရမှာပါဗျာ....
ခေတ်ကိုက လူတွေ မပြောင်းဘဲ နာမယ်တွေ တွင်တွင်ပြောင်းတဲ့ခေတ်...
မင်းဆိုးမင်းညစ်တွေ ကြီးစိုးတဲ့ခေတ်မှာ ...
အမှန်ဟာ မတရားသဖြင့် ... အမှားဖြစ်
အမှားဟာ ပြောင်းပြန်လန်လို့... အမှန်ဖြစ်
လူညစ်ထေး လူ့ဗာလတွေ ကောင်းစားတဲ့ခေတ်...
မြန်မြန်လည်ပါ အဲဒီဝဋ်...
းဝ(
ကိုယ်စိုက်သမျှ ကိုယ်ရိတ်သိမ်းရတာပါပဲ ကိကိရေ..
ကျန်သေးတယ်၊ နောက်ထပ် လူတွေ ကျန်သေးတယ်။
ဝဋ်မှအမြဲ ငရဲမှာအပတဲ့... သိပ်မှန်တာပဲ kikiရေ။ ဘယ်သူမဆို ကိုယ်ပြုတဲ့ မကောင်းကံက ပြေးကိုမလွတ်ပါဘူးနော်...
Post a Comment