စိတ်တွေ ရှုပ်နေလို့  ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့  သမိန်ပေါသွပ် ကာတွန်းလေးတွေ ပြန်ရှာဖတ်ဖြစ်တယ် ။
ရှင်းရှင်း လေး နဲ့ အူတက်အောင် ရယ်ရတဲ့ ကာတွန်းပုံလေးတွေ ကြည့် ရတာ စိတ် ရှုပ် သက်သာသွားတယ် ။
အတွေးတချို့ တော့ ကျန်ခဲ့ တယ်ပေါ့ ။ ဗြဲ ၊။း((
အဲလို လူမျိုး ၊ ရမ်းကု ကြီးနဲ့ တကယ် တွေ့ ခဲ့ ဖူးတာ ပြန် အမှတ်ရမိပါတယ် ။
ဒီကို ရောက်ခါစ မအူ မလည် ခေါ် ရမလား ၊အူကြောင်ကြောင် ဆို ရမလား ၊ ဟို မရောက် ဒီမရောက် ကြားကာလ တခု
မှာပေါ့နော်။ မြန်မာပြည်က လာတဲ့ စီနီယာ နောင်တော်ကြီး မိတ်ဆက်ပေးတဲ့ဆေးရုံတခု ၊ နယ်မြို့ လေးတနေရာ က
ကိုယ်ပိုင်ဆေးရုံ တရုံမှာ အလုပ်သွားလျှောက် ၊ အင်တာဗြူး ပြီးတာ နဲ့ ချက်ချင်းအလုပ် တက်နိုင်မလားတဲ့  ။
ဪ ငါတော့ ရေကန် အသင့် ကြာအသင့် ပါလားလို့  အထင်တခွဲသား နဲ့ နောက် တရက် က စပြီး
အလုပ်စလုပ်ဖြစ်ခဲ့တယ် ။ ဆေးရုံက ၆ ထပ် ရှိပေမဲ့ လူနာ လည်း သိပ် မရှိလှပါဘူး ။အဲဒီ ဆေးရုံအုပ်ခေါ်ရမလား ။
သူဌေးခေါ်ရမလား ။သူကိုယ်တိုင်က ဆရာဝန် ပါဘဲ ။ အသက် ၇၀ လောက် ရှိပြီ ။ ဒါပေမဲ့ သူရေးတဲ့ ဆေးစာတွေ
ကိုယ်လဲ တလုံးမှ မဖတ်တတ် ၊ စာလုံးတွေ က ရုတ်တရက်ကြည့် ရင်တော့ အင်းဂလိပ်စာလုံးတွေ လို ပါဘဲ ။
နောက်မှ သိတာ ဂျာမန် စာတွေ တဲ့ လေ ။
( ဟဲ ဟဲ .. ခု ဒီစာကို ဖတ်နေတဲ့ သူ တွေထဲ ဂျာမန်စာ တတ်တဲ့  ချစ်မမ ကြီး တယောက် ပြုံး မနေနဲ့ အုံး နော် ) ။
နောက်မှာရော အပေါ်မှာရော ဝတ်စ၂လုံး ပေါက် ပါတာတွေလည်း ရှိပ ။ အဲဒါမှ ပြသနာ ၊ လူနာ မှတ်တမ်းတွေ
ဖတ်ရတာလည်း နားမလည် ။ဆေးနာမယ်တွေ ရေးတာလည်း တမျိုးကြီးတွေ ။( အဲဒီအချိန်က ခုနေလို နေရာတကာမှာ
ကွန်ပူတာ တွေ မသုံးကြသေးပါဘူး ။ )
ဒါနဲ့ သူ့ အထာ ကို သိအောင် ဆေးရုံမှာ သုံးသမျှ ဆေးတွေ အားလုံး လိုက်ကြည့်  ၊ ရေး ၊ မှတ် ရတာပေါ့နော် ။
ဒီလောက် က အကြောင်းမဟုတ်ပါ ။တပါတ်လောက် နဲ့ အိုကေသွားတာ။ဂျာမန် စာကြီးတတ်သွားတာ မဟုတ်ပါဘူး ။
ဘယ်လိုရေးထားရင် ဘာဆေးလည်း ဆို တာလောက် လေး သိသွားရုံပါ ။
နောက် တပါတ်ကျော်တော့ ခွဲခန်း စဝင် ခိုင်းတယ်လေ ။ ခွဲစိပ် အကူပေါ့ ။ ခွဲခန်း သီရေတာ ထဲရောက်တော့
အသားညိုညို ၊ နှာခေါင်းမွေး ထူလပြစ် နဲ့ ဆရာဝန် တယောက် တွေ့ တယ်၊
( အပြင်မှာတွေ့ ရင် ဘယ်သူမှ ဆရာဝန် ထင်မယ် မဟုတ်။ လူကြမ်းမင်းသား ပုံစံမျိုးကြီးလေ ) ။
သူ့ ကို ကူညီရမယ်ပေါ့ ။ ဒီတော့လည်း ထုံးစံအတိုင်း လက်ကို စင်အောင် ဆေးရည်အထပ်ထပ်နဲ့ 
ပွတ်တိုက်ဆေးကြော သန့် စင်ရတာပေါ့နော် ။ ပြီးတော့ ပိုးသတ်ထားတဲ့ ဝတ်ရုံကြီးစွပ် ။ ခေါင်း ၊ မျက်နှာ။လက်
စွပ်စရာ ရှိတာ စွပ်ပေါ့ ။အဲဒီ ဆရာဝန် ဆိုတဲ့ လူကြီးကတော့ လက်လည်းသေချာဆေးတာ မတွေ့ ပါဘူး ။
ကဲ လေ ထားပါတော့ ။ သူ့ လက်က သန့်  ပြီး သားလို့ ထင်နေပုံ ရပါတယ် ။သူလည်း ဝတ်ပြီး စွပ် ပြီးတော့
ခွဲစိတ်ခုံမှာ လဲလှောင်း မှိန်းနေတဲ့ လူနာရဲ့  ညာဘက်မှာနေရာယူတော့ ။ အကူရဲ့ ထုံးစံ အတိုင်း ကိုယ်က သူ့ ရဲ
့မျက်နှာချင်းဆိုင် မှာရပ်ပေါ့ ။ စပြီးခွဲ ပါပြီ ။ လူနာက မှတ်မှတ်ရရ အမျိုးသမီး လူလတ်ပိုင်း ။ အူအတက်ယောင်တယ်
ဆိုပြီး ခွဲ ခံရတယ်ပေါ့ ။ ခွဲ တာ အဆင့်ဆင့်တော့ မပြောတော့ပါဘူး ။ အတိုချုပ်လိုက်ရင် ခပ်ကြမ်းကြမ်း
အကိုင်အတွယ်တွေနဲ့ ခွဲစိတ်မှု ပြီးဆုံး သွားပါတယ် ။ ထူးခြားချက် က ခွဲခန်းထဲ မှာ မေ့ဆေးဆရာ မတွေ့ ပါဘူး ။
လူနာကလည်း မှိန်းသာနေတာ ၊ တချက် တချက် နာရင် ညီးသံထွက်လာတယ် ၊ ဗိုက်ထဲက အူခွေလေး တချို့ 
ဖေါင်းကား ပြီး ရှိတဲ့ အပေါက်လေးကနေ ပြူတစ်ပြူတစ်လုပ်ပြတာကလည်း မကြာခဏ ။
အဲဒါကို လိုက်ဖိ နေရတာ က အလုပ်တခု ။အူအတက်ကို ဖွင့်တဲ့ ခွဲရာက ၄ လက်မ စာလောက်ကြီးရှိတာကိုး ။
ဒီလိုနဲ့ ဘဲ ရုန်း၍ ကန်၍ ရင်ဆိုင်၍ တပွဲ ပြီးခဲ့ ရတယ် ။ နောက်မှ သိရတာ သူက လူနာကို မေ့ဆေး ကိုယ်တိုင်ထိုးပြီး
ခွဲတာ တဲ့ လေ ။ ဒီလို ကေ့စ်မျိုးကို G.A( တကိုယ်လုံး မေ့ဆေး ) ၊ ဒါမှ မဟုတ် S.A( ခါးရိုး ကနေ ထုံဆေး သွင်းခြင်း)
နဲ့လုပ်သင့်တာပေါ့ ။ ကဲ လေ ထားလိုက်ပါတော့ ။ သူ့ အရပ် နဲ့ သူ့ ထုံးစံ ၊ ကိုယ်နဲ့ ဘာဆိုင်တာ မှတ်လို့  ။
ဒါပေမဲ့  လူနာ က ညီးလိုက် ၊ အူက ပြူတစ် လိုက်နဲ့ စိတ်မချမ်းသာ ပါဘူး ။ဒီလူနာ ၂ရက်ကျော်ပြီး လေမလည်သေးလို့
ဆေးတောင့် အကူအညီနဲ့ မှ လည်ရတာလေ ။ကံမကောင်းတာ ကတော့ နောက် ၃ရက်မြောက်မှာ အနာရင်း ပါလေရော ။
ဖျားတယ် ။ဒီတော့မှ ဒီဆရာ နဲ့  သူဌေး ခေါင်းချင်းရိုက် ကိုယ် နားမလည်တဲ့ စကားတွေနဲ့  အချေအတင်
ပြောကြ ပြီး ပဋိဇီဝ ပိုးသတ်ဆေးတွေ ဘုံးဘော လအော သုံး ရတော့တာဘဲ ။ တော်သေးတာပေါ့
လူနာ အသက် မထွက်သွားတာ ။
ပြီးတော့ ဒီလူကြီးက အိုပီဒီ လည်း ထိုင်တယ်ပေါ့ ။ ဝတ်ထားတာကလည်း စမတ် ကျကျ ။ စကားကလည်း
အပြောကောင်းနဲ့ သူ့ လူနာတွေ မနည်းလှ ပါဘူး ။
ဒီလိုနဲ့ ၂ ပါတ် အတွင်း ခွဲခန်းထဲမှာ ၃ကြိမ် ဆုံဖြစ်တယ် နောက် ၂ခု ကတော့ အရိုးကျိုးလို့  စတီးချောင်းထည့်
တာတွေပါ ။အရိုး ဆိုတော့ ကြမ်းချက်က ပို တာပေါ့လေ ။
နောက်တော့ သံသယ နဲနဲ ဖြစ်လာတာ သူက ဘယ်တော့ မှ လူနာ မှတ်တမ်းထဲ မှာ မရေးဘူး ။ ပါးစပ်နဲ့ ဘဲ ပြောတယ် ။
သူ့ အကြောင်းသိတဲ့ ဆရာမလေးတွေ ကတော့ သူ့ ကို ပြန် ခံပြောကြတာလည်း သတိထားမိတယ် ။
နောက်ဆုံး မနေနိုင်တော့ မှ နဲနဲလေး ရင်းနှီးစ ပြုလာတဲ့ ဆရာမလေးကို တိုးတိုးတိတိတ် မေးမိပါတယ် ။
နောက် ၂ ရက် နေတော့ ကိုယ်လည်း အဲဒီ ဆေးရုံကနေ အလုပ်ထွက်စာ တင်ပြီး ထွက်လာ ဖြစ်ခဲ့ ပါတယ် ။
အကျိုးအကြောင်း သိချင်ရင် ပြောပြပါမယ် ။ ဆက်ဖတ် ပါ ။ မသိချင်ဘူး ဆိုရင်တော့ ဤ နေရာတွင် ဇာတ်လမ်း တပုဒ်
ပြီးပါပြီပေါ့နော် ။
ဖတ်မဲ့ သူတွေ က စိတ်ထဲ ကျိန်ဆဲ ချင်ကျိန်ဆဲနေကြမယ် ။ပြောမဲ့ဟာ မပြောဘုး ၊ လေရှည်နေသေးတယ် လို့ လေ ။
ဒီလို ကွဲ့  ဒီလို ။
အဲဒီ ဆရာဝန် ဆိုတဲ့ လူကြီးက ဘယ် ဆေးတက္ကသိုလ် မှာမှ ဆေးပညာ ကို အမှန်တကယ် သင်ယူခဲ့ဖူးတဲ့ သူ
မဟုတ်ပါဘူးတဲ့  ။ ဆေးရုံတွေ အတော်များများမှာ လူနာ ဆေးထဲ့  ၊ ခွဲခန်းထဲ လိုတာ ဝင်ကူပြီး
မြင်ထားတာမှတ်သမျှ ကို တတ်ယောင်ကားနဲ့ လုပ်ရင်း ကြာတော့ တကယ့် ဆရာဝန်ကြီးသဖွယ် လုပ်စား နေတာတဲ့ လေ ။
ဒါကြောင့် အင်းဂလိပ်လိုဆေးစာတွေ ဆေးမှတ် တမ်းတွေ သူ မရေးတတ်တော့ ပါးစပ် အော်ဒါ ပဲ ပေးပါသတဲ့ ။
အင်း သူ လို ရမ်းကုကြီး ခိုင်းတာ လုပ်ခဲ့ ရတဲ့ ကိုယ့်ဟာကိုယ်တောင် စိတ်ထဲ အတော် ကသိကအောင့်
ဖြစ်မိလိုက်သေး ။ သူ ကံကောင်းနေသေးလို့  ဘာမှ မဖြစ်သေးတာ ၊ ကိုယ် ကံမကောင်းတဲ့ အချိန်
ကိုယ့်အပေါ်မှာ အမှုပတ်မှာ တွေးမိလို့ ၊ ကံသိပ် မဆိုးသေးမီ အမြန်ပြေးခဲ့ ရကြောင်းပါ ။
ဒီက ဥပဒေ အရ လိုင်စင်မရှိဘဲ ဆေးကုရင် ထောင် ၇ နှစ်ထိ ချနိုင်ပါကြောင်း ။အဲလို ရမ်းကုလိုက်လို့  လူနာ
သေသွားရင်တော့ လူသေမှုနဲ့ အပြစ်ပိုကြီးမယ်ပေါ့။
ခုဆိုရင်လူနာ စောင့်လုပ်မဲ့ သူတောင် သင်တန်းတက်ပြီး လက်မှတ်ရှိမှ လူနာစောင့် အလုပ်ကို တရားဝင်
လုပ်ကိုင်ခွင့် ရှိပါသတဲ လေ ။
ဪ ... ရမ်းကု ရမ်းကု
အရာရာ အတုတွေ များနေတဲ့ ခေတ်ကြီးထဲ ဆေးတု ရယ် ။ ဆရာဝန်တုရယ် တွေ့ ရင် ထွက်မဲ့  အသက် ကတော့
အတုမဟုတ်နိုင်ပါဘူး ။ အသက် စစ်စစ်ကြီး က အမှန်တကယ် ထွက်ရ ရှာမှာ ပါ။
နောက်ထပ်ရမ်းကု ဇာတ် လမ်း တပုဒ် ရှိပါသေး တယ် ။ဒါကတော့ သတင်းတွေထဲမှာ တွေ့ မိ ဖတ်မိတာပါ။
သူ့ ကြောင့် ခု နောက်ပိုင်းမှာ သြစတြေးလျ နိုင်ငံမှာ သွားရောက် အလုပ် လုပ်လိုသူ ဆရာဝန် တွေကို အစိုးရ က
တင်းတင်းကြပ်ကြပ် စစ်ဆေး ၊ စာမေးပွဲ အဆင့်ဆင့်ဖြေဆို အောင်မြင် ပြီးမှ သာ တရားဝင် လုပ်ကိုင်ခွင့် ပေးပါ
တော့တယ် ။
သြတြေးလျ နိုင်ငံ ကွင်းစ်လန်း ပြည်နယ် ရှိ Bundaberg ခေါ်တဲ့  ဆေးရုံ မှာ ၂၀၀၃ မှ ၂၀၀၅ ခုနှစ်အတွင်း
တာဝန်ထမ်းဆောင် ခဲ့တဲ့  ဆရာဝန် Dr Jayant Patel ဆိုသူ ဟာ တော့ သေမင်းဆရာဝန် ( Doctor Death )
လို့  နာမယ်ကြီးခဲ့သူ တယောက်ပါ ။ သူ အဲဒီ မှာ ရှိနေစဉ် ခွဲစိတ် လူနာ ၁၂၀၂ ဦးမှာ ၈၇ ဦး သေဆုံးခဲ့ ပါတယ် ။
နောက်မှ တာဝန်ကျ ဆရာမ တဦး က သင်ကာမကင်း ဖြစ် ၊ စုံစမ်းမှ သူ့ နောက်ကြောင်း ရာဇဝင် သေချာ
သိခဲ့ ကြပါတယ်တဲ့  သူဟာ အိန္ဒိယ နိုင်ငံမှာ ဆေးပညာ သင်ကြားခဲ့ ပြီး ၁၉၈၄ မှာ အမေရိကန် နိုင်ငံ
နယူးယောက်မြို့ သို့  ပြောင်းရွှေ့  အခြေချခဲ့ ပါတယ်။
၁၉၈၉ ခုနှစ်မှာ အော်ရီဂွန်( Oregon) မြို့  မှာ အလုပ် လုပ်နေစဉ် ခွဲစိတ် လူနာ ၄ ယောက်မှာ ၃ ယောက် သေဆုံး
ခဲ့ ရတယ် ။ နောက်ပိုင်းတော့ အဲဒီ နှစ်နယ် စလုံး မှာ သူ့ ရဲ့ အလုပ်လုပ်ခွင့် ဆရာဝန် လိုင်စင်ကို အစိုးရက
ပိတ်ပင် ခဲ့ ရပါတယ် ။
နောက်တော့ သူ့ကို ပြစ်မှုကျူးလွန်တာထင်ရှားတဲ့အတွက် တရားရုံး ကထောင်ဒါဏ် ချမှတ်ခဲ့ပါတယ် ။
အသေးစိတ် သိချင်ရင်တော့ ဒီ နေရာ တွေ ၁ ၂ွ မှာ ဆက်လက် ကြည့် ရှု နိုင်ပါတယ်။
►Posted by
:kiki
:
at
6/29/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
23 comments:
မမကိ တို့လုပ်ချလိုက်ပြီ။ဖတ်ကောင်းနေတာကို။အသေးစိတ်ရေးတော့ဘာဖစ်မှာမို့လဲ။သွားမဖတ်တတ်ဘူး။ပြောပြ။ဒါဘဲ။ဟွန်းးး
မမရေ
ဗဟုသုတလေးတွေဝေမျှပေးလို့ကျေးဇူးနော်။
အာပွားးးးး
ဖတ်ရတာ အသည်းယားတယ်...အသေးစိတ်ပြီးမဖတ်တော့ဘူး..အကြီးကြီးပဲဝါးစားလိုက်တယ်
ခင်တဲ့
ဂွိ
စိတ်ဝင်စားစွာဖတ်သွားပါသည်။
မကီးရေ ကံကောင်းလို့ အမှုမပတ်တ်ာနော် ဒေါ်တာ ရမ်းကု အကြောင်း လာဖတ်သွားပါတယ် မြန်မာပြည်မှာကော ဘာထူးလဲ ရှိနေပါတယ်နော်
မဖျား မနာ အောင် ကျမ်းမာရေး ဂရုစိုက် ကြစို့ 
မီးမီး ကြောက်ကြောက်
အားးးး ကြောက်စရာကြီး အဲလိုသာ ခွဲခန်းရရင်တော့ အသက်ပါ ပါ သွားနိုင်တယ်...။ သူလည်း အနော့်အတိုင်းပဲ အင်ဒိုစာအုပ်ကြီးကိုင်ပြီး ငါလည်း မဖတ်တတ်ပါလားဆို ခိခိ...။ ပေါသွပ်စာအုပ်ကို pdf file လုပ်ပေးပါလား ဖတ်ချင်နွန်းနို့...။
ကြောက်စရာကြီးနော် ရမ်းကု ရမ်းကု.... :(
ဖျားနေတဲ့..လူနာကို..အချိန်ဆွဲကုတဲ့
ဒေါက်တာ၇မ်းကုနဲ့ ကြုံဖူးတယ်
အဲဒါကြောင့်
အစစ်တစ်ခု
အတုတစ်ထောင်
အယောင်ဆောင်တစ်သိန်းလို့..ပြောကြတာနေမှာ..
ဖွားကိ လာတယ်နော် အယ် ထူးထူးခြားခြား ဦးလူထွင်းလဲ မတွေ့ပါလား ဧကန္တ သူ ၁ မရလို့ ဖတ်ပဲ ဖတ်သွားတယ် ထင်ပါ့ အဟားး အတင်းတုပ်လိုက်ဦးမယ် ဖွားကိရေ
ဖတ်သွားတယ်နော် သိလား ခိခိ တော်သေးတာပေါ့ များက ဆရာဝန်မလုပ်လို့ တော်နေ ခစ်ခစ်
ဘိုင်
ဖွားကိ က ၇မ်းကု ကို သက်ဆိုင်၇ာကိုတော့ အကြောင်းကြားသင့် တာပေါ့... တော်တော် ကြောက်စ၇ာ ကောင်းပါလား...
အဟီးးး
ဖွားကိမှာ မောင် ရှိတယ်လားးး
အဟိ
သိတောင်သိလိုက်ဖူးရော
နာ့အမကို နာ့အမလို့ပဲထင်နေတာ...
နာ့အမ ရမ်းကုတ် မှာ မောင်တွေဘာတွေရှိတယ်ဆိုတာသိဖူး
အဟိ
သမိန်ပေါသွပ်ကြိုက်တယ်
ဘာလို့အစအဆုံးမတင်တာတုန်း
မကြီးကီးရဲ့မောင်
အဲလေးးး မှားလို့စိတ်ဆိုးကုန်အုံးမယ်
မကြီးကီးရဲ့ မောင်လေး ချောချောခေါခေါ
ဖိုးစိန်
ပေါသွပ်လည်းကြိုက် ခွဲခန်း အတွေ့အကြုံလေး သိရတာလည်း သဘောကျ ....
ရမ်းကုကြီး ခွဲတာကိုတော့ တွေးမိပြီး ကျောချမ်း ဟူးးးးးးးးးး
မလွယ်ပါလားနော် ....
နေဒေးသစ်။
ဒေါက်တာရမ်းကု ဆိုတော့ မပုယောက်ကျားပေါ့.... ခိခိ
တို့လဲ လာဖတ်တယ် ဟီးးး
ကိရေ..မန့် ဘို့ စိတ်ကူးထားတာလေးတွေ.....သူများတွေမန့် ကုန်ပြီ.......ငယ်ငယ်တူံးကကြားဘူးတဲ့ ..လမ်းဘေးသီချင်းလေးမန့် ပေးမလို့ ပါ....ဒီလိုလေးပါ....ဒေါက်တာရမ်းကု...မပုယော`်ကျား...ခေါ်တော့ သုံးဘီး.စီးတော့ ဆိုက်ကား....ပြောတော့ ကြက်သား...စားတော့ ငပိ...တဲ့ ...တလွဲလုပ်တတ်တာတွေ...တင်စား....ဆိုထားသလိုပါ....သတိပေးတာကျေးဇူး......ဒါပေမဲ့ ....လူနာကဘယ်သိမှာလဲ....ကိုယ့် ကိုဆေးကုမဲ့ သူကရမ်းကုကြီးဆိုတာလေ....ခင်တဲ့ ....သုဒြေ္န
စိန်ပလိမ်တိန်ဂွိမ် သမိန်ဖွားကိ...
၇ နှစ်များတာပေါ့...
အီလက်ထရောနစ် အက်အရဆို ၇ နှစ်က နေ ၁၅ နှစ်တဲ့...
ဖွားကိတယောက် လူနာတွေ အများကြီးရပါစေလို့ ဆုတောင်းပေးရင်လဲ ကိုလူထွေးမှာ လူစိတ်မရှိရာကျမယ်...
သတ္တဝါအများ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ လို့ ဆုတောင်းပေးရင်လဲ ကိုလူထွေးမှာ ဘော်ဒါစိတ်မရှိရာကျဦးမယ်...
ဝ ဘီလိုချုတောင်းရမီလဲ...
းဝ)
ရွာဘက်တွေမှာတော့ရှိသေးတယ် ရမ်းကုတွေလေ , သူတို့လဲ သူတို့ပညာနဲ့တော့ ဟုတ်နေတာပဲ, ခွဲစိတ်ရမဲ့ အခြေအနေထိ ရမ်းကုတာတော့ တကယ်လန့်ဖို့ကောင်း တယ်ဗျ.......
:( ရမ်းကုများတယ်ကြောက်ဖို့ ကောင်းလိုက်တာ။ ခွဲစိတ်ခန်းထိတောင်များနော်။ လူနာတွေ သနားပါတယ်။
အဲ..ဘာလို့ အသေးစိတ်ကို ဖတ်ခိုင်းတာလဲ ။ရဘူး။ ဘွားကိရေးပေးပါ။
မမကိ....
ဒေါက်တာရမ်းကု......ရမ်းကုများတယ်...
မီးမီးကြောက်ကြော်နော်..............။
ဆေးထိုးအပ်ကြီး ကိုပိုကြောက်....
သမိန်ပေါပေါ ကို လွမ်းတောင်လာတယ်.....ကွာ ။
မမကိကိုချစ်တဲ့ ..
ဂျစ်လေး
အူတွေပြူတစ်ပြူတစ်ဖြစ်နေတာကြီးကကြောက်စရာဗျာ
ကိုယ့်အစ်မတော်တော်သတ္တိကောင်း အင်းပေါ့လေ ဆေးပညာအလုပ်က ဒါတွေနဲ့လည်းထိတွေ့နေရတော့ မဆန်းတော့ပါဘူး
ရမ်းကုတွေရဲ့အန္တရာယ်ကဆိုးပါ့
ထွက်မှာက အသက်စစ်စစ်ကြီးဆိုတော့လေ။
ရမ်းကုဆိုတော့ သူကဘာရမ်းတာလဲ...ရှင်းအောင်တော့
ပြောသင့်ပါတယ်...။မကီရော သူ့ဆီက ဘာရမ်းနည်းတွေ
ရလိုက်သေးလဲဗျ..။
ကြောက်စရာကြီးပါလား မကိရဲ့...
ကြောက်စရာကြီးပါလား ...........
Post a Comment