အသက်လေးတွေ တဖြေးဖြေးကြီးလာကြပြီ ။
နေ့ စဉ် ကြုံတွေ့ နေကြရတဲ့  အတွေ့ အကြုံလေးများမှ သင်ခန်းစာတွေ ယူတတ်ကြပြီး ကိုယ့်အတွက် ၊ မိသားစုအတွက် ၊ဆွေမျိုးမိတ်ဆွေများအတွက် ၊ တိုင်းပြည်အတွက် ။ နောက်ဆုံးတော့ ကမ္ဘာမြေကြီးပေါ်က လူသားများအတွက် အကျိုးရှိတာလေးတွေ ကို စိတ် စေတနာ သန့် သန့် လေးများနဲ့ လုပ်ဆောင်ပေးနိုင်ကြပါစေ ။
အတ္တကြီးသူများ နဲပါးကြပါစေ ။ သတ္တဝါ အများ ကျန်းမာချမ်းသာကြပါစေ။
ကျန်းမာရေးအတွက် အဆီလျှော့ဖို့  အရေးကြီးနေပြီ ။
နို့ သောက်သော လူတန်းစားများ အဆီ မရစ်စေဖို့  နည်းလမ်းလေး ပေးလိုက်ပါတယ် ။
ည ည အိပ်မပျော်ဘူး ဆိုလို့  မမအယ်ဇီက နွားနို့ ပူလေးသောက်ဖို့  အကြံပေးပါတယ် ။
နွားနို့  မကြိုက်တဲ့ ကိုယ်တယောက် ကျိုးစားပြီးသောက်ကြည့်ပါတယ် ။ အဟက် ၊ အဆီရစ်ပြီး အိပ်ပျော်သွားလို့ ၊စဉ်းစားမိတယ် ။
ဪ ... လောကကြီးထဲမှာ ဒီလို အဆီရစ်ပြီး နှပ်နေကြသူများ ဘယ်လောက်တောင်ရှိနေကြပြီလဲလို့ ။
အဆီခြောက်ပြီး ဗိုက်ဟောင်းလောင်းနဲ့  အိပ်မပျော်ကြတဲ့ လူတွေရော ..ဘယ်လောက်တောင် ရှိနေကြပြီလဲ လို့ ။
ဘယ်သူမှ မသိတဲ့ ဒီအဖြေ ကို ဘယ်လို တွက်ချက်ကြည့် ရ မလဲ နော်။
အဆီချနည်းလေးတခု ..တင်ပြပေးလိုက်ပါတယ် ။ လိုက်လုပ်ကြည့်ကြပေါ့နော်(နွားတွေတောင် လုပ်နိုင်သေးတာဘဲ ..ဟဲဟဲ )
►Posted by
:kiki
:
at
6/06/2009 11:45:00 AM
Subscribe to:
Post Comments (Atom)
10 comments:
တို့ အမကြီးကိကီ က ကြံကြံဖန်ဖန် ရှာတတ်တွေ့တတ်ပ
ကျနော့်ခန္ဒာကိုယ်နဲ့အဆီချရင်တော့ အရိုးပေါ် အရေတင် ဝါးချမ်းပြား အဝတ်ပတ်ဖြစ်တော့မယ်..
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဗွီဒီယိုထဲက ဖွားကိက အပြင်ကဖွားကိလောက်လဲ မချော မလှပါလား...
ဘီလိုဖြစ်တာလဲ...
းဝ)
တော်တော် ဆိုးတဲ့ မမကီကီ..အကောင်းမှတ်လို့ ပြေးလာတာ ကံကောင်းလို့ မှောက် ရက်မလဲတာ...
လူဆိုး....
မမကီ နေကောင်းသွားပြီလား..
နေမြန်မြန်ကောင်းပါစေနော်
မမကီကိုချစ်တဲ့
မေလေး
ရီရတယ် ကိကိရယ်။
နာ့စောင်းပြောတာလား။
နာက နင်အိပ်မပျော်ဘူးချိုလို့ အကျန်ပေးတာပါ။
နာလည်း နို့ သောက်ချင်ဘူးဟ။
ဒါပေမဲ့ နေမရလို့ နို့ နည်းနည်း သောက်တယ်။
အတက်ကြီးရင် နာ့အရိုးတွေ မခိုင်ရင် နာ hip hop လေး ဇမ်ဘာလေး မကနိုင်မှာ ချိုးလို့ ပါ။
ဖွားအယ်
အညား ကောင်းကျိုးအတွက် နာ rope စား ပြီး မူ့ ဖ် ပါမယ်။
ကျတော်က အနေတော်ပဲ မဝဖူးဆိုတော့ လေ့ကျင့်ခန်းမကြည့်တော်ဖူးနော်..(ဟိဟိ ကြည့်သွားပီ) အိမ်ကကောင်တွေကို ပဲ ဗိုက်ပူနေတာ ကျအောင် အဆီချဖို့ လက်တို့လိုက်မယ်
မကြီးကီတို့က အဆီချနည်းသင်ပေးပြီး..လှလို့ဝလို့ပါလားနော်:))
အဆီခြောက်ပြီး ဗိုက်ဟောင်းလောင်းနဲ့  အိပ်မပျော်ကြတဲ့ လူတွေရော ..ဘယ်လောက်တောင် ရှိနေကြပြီလဲ လို့ ။
ကိကိရေ
ဒီအပုဒ်လေးကို ခံစားလိုက်ရပါတယ်
ချစ်ခင်လျက်
ဟိဟိ သူလဲ လှချင်တာပေါ့နော်... ကိုယ်ချင်းစာပါတယ်.... ဟိန်.....
ကိကိ ကို လိုချင်ရင် အယ်ဇီ
အိမ်ထောင်ရေး အကျိုးဆောင်လုပ်ငန်းသို့  ဆက်သွယ် နိုင်ပါကြောင်း။
Post a Comment