Jun23,2009
ပြည်သူ့ သဘောထား
ရန်ကုန် က ဆောက် လက်စ အဆောက် အဦ တစ်ခု ပေါ်မှ အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့် ကျသည်၊
ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်၊
လူအုပ်ကြီး ၀ိုင်းလာ ကာ တစ်ယောက် တစ်ပေါက် မကျေမနပ်ပြောကြသည်၊
“လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ”
“တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။”
“ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊”
ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က “သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လူတစ်ယောက်ဘဲ။”
လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်၊
“အဲဒီကြံ့ ဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတိုချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”
ဦးနှောက်ဟင်း


+
သတင်း ထောက် တယောက် ဆောင်းပါး ရေးရန် လမ်းပြ နှင့် အတူ လူ သားစား လူရိုင်း များ နေထိုင် ရာ ဒေသ ကို ရောက်လာ သည်၊၊
လမ်းပြ က ပြောလိုက် သည်။ “ရှေ့မှာ ထမင်း ဆိုင် ရှိတယ်။ ထူးထူး ဆန်းဆန်း ဟင်း တွေ ရ တတ်တယ်၊”
သတင်းထောက်ဆိုင်ထဲဝင်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ညာသင်ပုန်းတချပ် ထောင်ထားသည်။
ယနေ့အထူးဟင်းလျာ
ဦးနှောက်ဟင်းများ
> ဆရာဝန်ဦးနှောက် ၅၀ သား -------------------၅၀၀၀ ကျပ်
> ရှေ့နေဦးနှောက် ၅၀ သား ---------------------၆၀၀၀ ကျပ်
> ကျောင်းဆရာဦးနှောက် ၅၀ သား --------------၇၀၀၀ ကျပ်
> ကြံ့+ ဖွတ် ဦးနှောက် ၅၀ သား-----------------------၄၀၀၀၀ ကျပ်
သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့+ဖွတ်ဦးနှောက်က တော်တော်စားကောင်းသလား။”
မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။
“မဟုတ်ပါဘူး၊ ၅၀ သားပြည့်ဖို့ ကြံ့ဖွတ် တွေ အများကြီး သတ်ရလို့ပါ၊”
စာရေးရမှာ အနည်းငယ် ပျင်းရိ နေပါ၍ forward mail လေး တခု ထဲမှ ရယ်စရာ ဟာသလေး ကို
ဆား+ ငပိ + ငံပြာရည် ရော ပြီး မကျက် တကျက် ချက် ထားပါသည် ။
သွေးတိုး ရှိသူများ နှင့် အလာဂျီ ရှိသူ များ ရှောင် ကွင်း ၍ သွားကြစေလို ပါသည်။
►Posted by
:kiki
:
at
6/23/2009 11:39:00 PM
Subscribe to:
Post Comments (Atom)
14 comments:
ဟိဟိ သွေးတိုးနေပါတယ်ဆိုအေ ညဲနှယ့် ငန်တယ်အေ့ ဆားလျှော့ချက်... စကားမစပ် ရယ်လိုက်ရတာ မောလို့ ဒီပို့စ်ကောင်းတယ်
တားက လမ်းပေါ်မှာ ဂွင်ဖန်နေတာပါရှို... အဲလေ... အထက်က ခိုင်းထားလို့ပါဆယ်လေး တခွက်သွားပြေးဝယ်တုန်း.. ဂလိုဖစ်တွားတာပါ ခညာ...
အပုံ
ကြံ့+ဖွတ်
ဖတ်ဖူးတဲ့ဟာသတွေကို အရသာရှိအောင် ဆား ၊ ငံပြာရည် ထည့်တော့ သဘောကျသွားတယ်။
ဈေးဘယ်လောက် ကြီးပါစေလေ..ကြံဖွတ်ဦးနှောက်တော့ မစားသေးဘူး။ ရွံလို့..
ဟာခက်တော့ တာဘဲ.....ခုခေတ်ကလေးတွေများ........တကယ်လဲလက်မြန်ခြေမြန်ရှိကြတာကိုး...................ပို့ စ်..သစ်လေးခုဘဲတင်တယ်.....သူတို့ က..အပေါ်မှာနေရာယူထားနှင့် ပြီ... ၇ပါတယ်ကလေးကိုးဗျာနော..စမယ်ကြံ့ ၇ယ် ဖွတ်၇ယ်ပေါင်းလိုက်တော့ ...ဘာကောင်ဖြစ်သွားပါလိမ့် ... အား..ဟား..ဟား..ဟား...သိပြီအဲဒါ..အဖြူလေးဆိုတဲ့ ...ဘလော့ ဂါပေါ့ ....ဟုတ်တယ်..တကယ်ပြောတာပါ...မယုံရင်..သူနဲ့ တွေ့တဲ့ အခါကျရင်မေးကြည့် ....သူပြောပြမယ်..အရင်းတိုင်း ...ဖွပေးလိုက်တာပါ.....ခင်မင်မှုများစွာဖြင့် ..ခုလိုမန့် ရအောင်ပြန်ဖွင့် ပေးတဲ့အတွက်...ကျေးဇူးပါ
သွေးတိုးနေလို့ စားတော့ဘူးနော်။ ဘွားကိကလေ အသက်ကြီးလာတယ်လို့ မပြောရဘူး။ ထဲ့လိုက်တိုင်း ဆားငန်နေတယ်။ လျော့ထဲ့ပါဦး။ ဒီပုံအတိုင်းဆို မြေးလေးငုံတော့ ငယ်ငယ်ရွယ်၇ွယ်နဲ့ သွေးတိုးဖြစ်ပြီး..ဟိဟိ.ဘာမှမဖြစ်ပါဘူးနော့:))
စိတ်ပျက်လိုက်တာ ကိကိရယ်။
ဒီဦးနှောက်တော့ လဒတောင်စားမယ်မထင်ပါဘူး
သီချင်းတပုဒ် သွားသတိရတယ်...
"ကြံ့ရယ်... ဖွတ်ရယ်... ကိချစ်သူရယ် မတူနိုင်ပါဘူးကွယ်...."
ဆိုတာလေ...
ဆက်လုပ် ရဲဘော်...
းဝ)
လုံးဝမစားဖူးးးးးးး
သေချင်သေသွားပါစေ
လုံးဝမစားဖူးးးးးးးးးးးးးးးး
လုံးဝလာမကျွေးနဲ့
လုံးဝမစားဖူးးးးးးးးးးးးးးးးးးးးးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ငရွှေ့ ကိုကျွေးနော်းးးမမ
သမီးတော့စားဖူးရယ်လေ
ခင်တဲ့
မြူးလေး
အမကီးရေး.... သွေးတိုးပဲ ရှိရှိ အလာဂျီ ပဲ ရှိရှိ အမကီး ချက် ထားတာ အရသာအတော် ရှိပဲ ပိုစ့်ကိုပြောတာနော် တော်တော်ကောင်းတယ် ပိုစ့်ကလဲ အမှန်တွေ ပြော သူတို့ကလည်း တကယ် ဦးနှောက်မရှိ ကွက်တိ
မကြီးကိ သွေးတိုးရှိပါတယ်ဆိုနေ...
သာဓုပါတော်......
တော်တော်ကောင်းတဲ့ဟာသပဲဗျ
ရယ်ရတယ် :)
မမကိကိရေ ငံဒယ် :P
သူတို့က ပိုဈေးကောင်းရတယ်နော် :D
ကျနော်တော့ ခွေးကျွေးဖို့သွားဝယ်မယ်
များများဝယ် ရင်များများသတ်ပေါ့
Post a Comment