(ကိုယ်ပိုင် အဓိပ္ပါယ် ဖွင့်ဆိုချက် ။ မည်သူမဆို လွတ်လပ်စွာ ကွဲပြားနိုင်ခွင့် ရှိပါသည် )
ခွေး = သခင်အပေါ် သစ္စာစောင့်သိ ရိုသေတတ်သော ၊ခြေလေးချောင်းရှိ၍ လေးဘက်သွားတတ်သော တိရစ္ဆာန်တမျိုး ၊
ခွေးရူး =ခွေးရူးရောဂါပိုးတမျိုး ကူးစက်ခံရပြီးနောက် ရောဂါ ခံစားနေရပြီး ဦးနှောက် အာရုံကြော ချို့တဲ့ ရောဂါဖေါက်ကာ မြင်သမျှ အရာများကို လိုက်လံ ကိုက်ခဲတတ်သော ခွေး ။
( လူရူး ဆိုတာ ကတော့ အဓိပ္ပါယ် ပိုများစွာ ဆောင်နေပါတယ် ။ စိတ်ဖေါက်ပြန် ၍ ရူးသွပ်သူများကို ဆိုလိုပါတယ် ။ဥစ္စာရူး ၊ မျက် နှာရူး၊အချစ်ရူး ၊ ဘုရင်ရူး ၊ အာဏာရူး ၊ဝမ်းတွင်းရူး စသဖြင့် အမျိုးပေါင်းများစွာ ရှိပါတယ် ။ ခွေးရူး အကိုက်ခံရလို့ ရူးသွပ်ခြင်း မမည်ပါ ။)
ခွေးရူး ပြန်ခြင်း = ခွေးရူးရောဂါပိုး ဝင်နေတဲ့  တိရစ္ဆာန် တကောင်ကောင်..ဥပမာ ခွေး၊ကြောင်၊ ကြွက် ၊ မျောက် ။ တို့ ရဲ့ ကိုက်ဖဲ့ ကုတ်ခြစ်ခြင်းမှ တဆင့် ပိုး ပြန်နှံ့ ဝင်ရောက်ကာ ဦးနှောက်အာရုံကြော ထိခိုက် သေဆုံးစေနိုင်သော ရောဂါ တမျိုး
လက်ပံပွင့်ချိန်ခွေးရူးချိန် တဲ့  ရှေးလူကြီးများ ဆိုစကား ရှိခဲ့ပါတယ်။
ခုခေတ် ခုအခါမှာတော့ ရှေးလူကြီးများ ရဲ့ စကား ကို မဆိုထားနဲ့  မြတ်စွာဘုရားဟောကြားခဲ့ ဖူးတဲ့ တရားတော်များ၊ဘုရားသားတော် သံဃာတော်များရဲ့ တရားတော်များတောင်မှ မသိနားမလည်တဲ့ သူတွေ များလာတဲ့အတွက်ရှေးစကားလည်း ကွယ်ပျောက် ။ ခွေးရူးတွေလည်း ထချင်တဲ့ အချိန် ထကြ ကိုက်ကြနဲ့  လူအကောင်းတွေ အချိန်မရွေး နဲ့  အတော်လေး သတိထား နေထိုင်ကြရတဲ့  အချိန် သမယပေါ့လေ။
ဒီတော့ ဒီခွေးရူးတွေရဲ့  ရောဂါဖြစ်ပေါ်စေတဲ့  အကြောင်းရင်း ။ကူးစက်ပြန့် ပွားပုံများ ။ရောဂါ လက္ခဏာများ။ ကာကွယ်ကုသပုံများ စသဖြင့် တို့ ကို ဗဟုသုတ အဖြစ် ဖေါ်ပြပေးချင်ပါတယ်။စာတလုံး ၊ စာတကြောင်း မှသည် စာတပိုဒ် ဖြစ်ဖို့ ရာအောင် ရေးတော့မယ်ဆိုရင် သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သေချာ နားလည်ပြီးမှ ရေးသားဖို့  သင့်တာပေါ့နော် ။ နိုင်ငံသားတိုင်း ကိုယ့်နိုင်ငံရဲ့ ကြီးပွားတိုးတက်ဖို့  အရေးအတွက် လုပ်ဆောင်ကြရမှာဖြစ်ပါတယ် ။ မှန်ကန်စွာ တွေးခေါ် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ် ။ အမှားတွေကို သိပြီး အမှန် ကို လုပ်မှ တိုးတက်မှာပါ ။ ဒီတော့ နိုင်ငံရေးဆို တာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ပါတယ်နော် ။
ကိုယ်တိုင် ဘာမှ မသိ နားမလည်ဘဲ သူများကို ဆရာကြီးလုပ်ချင်သူများအတွက်တော့ သူတို့ ကိုယ်တိုင်လည်းခု ဖေါ်ပြမဲ့  အကြောင်းအရာလေးတွေထဲက ကြောက်စရာ ခွေးရူးပြန် ဗိုင်းရပ်စ် ပိုး တကောင်နဲ့  ဘာမှ ခြားနားမယ် မထင်မိပါဘူး။
ဒီတော့ ဒီပိုးကောင်လေးတွေ အကြောင်း က စပြီး အကြောင်းအရာတွေများလှစွာကို ပြန်လည်ရှာဖွေ စုစည်းပြီးတင်ပြထားပါတယ် ။
ဗိုလ်လိုမှ ဖတ်ချင်သူများအတွက်လည်း အောက်ပါ နေရာလေးများမှာ ဆက်လက် ဖတ်ရှုဖို့  ဖေါ်ပြပေးထားပါတယ်။
အဓိက ဇာတ်လိုက်ကြီးကတော့ အလွန်တရာ သေးငယ်လှတဲ့  Lyssavirus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတမျိုးပါ ။သူ ဟာ Rhabdoviridae မျိုးစုထဲက ပေါက်ဖွားလာခဲ့ တာပေါ့။ အများ သုံး အလွယ်တကူ ခေါ်ရရင်တော့ ခွေးရူးပြန် Rabies Virus ပေါ့ ။သူ့ ကို အများသူငါ အခေါ်ရလွယ်အောင် ခွေးရူးပြန် ရောဂါ လို့ သာ ခေါ်လိုက်ကြတာ ။ တကယ်တော့ ခွေးကိုက်မှ တင် ဖြစ်တတ်တဲ့ ရောဂါ မဟုတ်ပါဘူး။ တခြား ရောဂါပိုး သယ်ဆောင်ထားတဲ့  တိရစ္ဆာန် (ဥပမာ ခွေး၊ ကြောင်၊ကျွဲ၊ နွား၊မြင်း ၊တောကြောင် ၊ ကြွက် ။မျောက် ။ လင်းနို့  လင်းဆွဲ အစရှိတဲ့ နို့ တိုက် သတ္တဝါ သဖြင့်)တို့ မှလည်း ရရှိနိုင်ပါတယ်။
သူ့ ရဲ့ အသေးငယ်ဆုံး ဆဲလ်လေးများကို single stranded RNA ပုံသဏ္ဍန် အနေနဲ့ ဖွဲ့ စည်းထားပါတယ် ။ ခပ်လွယ်လွယ်ပြောရရင် ပရိုတင်းဓါတ် တမျိုးပေါ့နော်၊
ဒီ ခွေးရူး ဗိုင်းရပ်စ် ပိုးတွေဟာ ရောဂါပိုး သယ်ဆောင်ထားတဲ့  တိရစ္ဆာန် တွေ ရဲ့  တံတွေး ထိမိတဲ့နေရာ၊ ကုတ်ခြစ်ဒါဏ်ရာ ၊ သို့မဟုတ် ပေါက်ပြဲ ရာ၊ ကိုက်ဖဲ့ရာ၊ မျက်စိ၊ နှာခေါင်း၊ပါးစပ်အမြှေးပါး၊ တွေမှတဆင့် ၊ ဒါမှ မဟုတ် ရောဂါပိုးပါဝင်တဲ့ လေ ကို ရှုသွင်းမိခြင်း ။ ပိုး ရှိနေတဲ့  သတ္တဝါ ရဲ့  ဆီး ၊ ဝမ်း စသဖြင့်မှ လူ့  ခန္ဓာကိုယ်ထဲ သို့  ဝင်ရောက်ပြီး လူ့ ရဲ့  ဦးနှောက် အာရုံကြော central nervous system (CNS) မှာတွယ်ကပ် ကာ ပဋိဇီဝ ဖြစ်စဉ်များကို ဖြစ်ပွားပြီးတဲ့နောက် ဒီလူရဲ့  တခြား အစိတ်အပိုင်းများ( ကြွက်သား ၊ နှလုံး ၊အဆုပ် များ သို့  ပြန်နှံ့ ကာ အသက်အန္တရာယ်ပြုတတ်ပါတယ်။
ဒီပိုးဝင်ပြီးတဲ့ လူတယောက်မှာ ရောဂါလက္ခဏာ ပြဖို့ အချိန်ပိုင်းဟာ များသော အားဖြင့် ရက် ၃၀မှ ရက်၅၀ အတွင်း ကြာပါတယ် ၊ ။ အမြန်ဆုံးမှာ ၁၀ ရက်မှ ကြာတဲ့ အချိန် ဟာ ၅ နှစ်လောက် အထိ ကြာရှည်တတ် တာမို့  တခါတလေ အမှုမဲ့ အမှတ် နဲ့ ဘဲ နှစ်များစွာ ကြာပြီးမှ ရုတ်တရက် ရောဂါထ ပြီးသေဆုံးတတ်ကြတာမို့  အထူးသတိပြု ဖို့ လိုတယ်နော် ။
ရောဂါ လက္ခဏာများ-
စစချင်း မှာ တော့  တုပ်ကွေး ရောဂါလက္ခဏာ နှင့် အတော်လေး ဆင်ပါတယ် ။nonspecific flu-like signs
ကိုယ်လက် မအီမသာဖြစ်မယ် ။ ခေါင်းကိုက် ၊ တကိုယ်လုံးကြွက်သားများ နာကျင် ကိုက်ခဲမယ် ။ ဖျားမယ် ။ အကိုက်ခံရတဲ့ ဒါဏ်ရာ နေရာမှာ ထုံကျင်မယ် နာမယ် ။ နောက်ဆုံး ပိုးက ဦးနှောက် အာရုံကြော ထဲ ရောက်ရှိသွားတဲ့ အချိန် ကျတော့  symptoms of cerebral dysfunction, anxiety, confusion, agitation, progressing to delirium, abnormal behavior, hallucinations, and insomnia , hydrophobia ,ဆိုတာတွေ ပြမယ်ပေါ့ ။ ဂဏှာ မငြိမ်ဖြစ်မယ် ။အသိအတွေး စိတ်တွေ ရောထွေးမယ် ။ဆတ်ဆတ်ထိမခံ လှုပ်ရှားမှုများရှိမယ် ။အကြောဆွဲမယ် ။ပုံ မမှန်တဲ့ အပြု အမူ တွေ ပြုမယ် ။ အိပ်မပျော်ဘူး ဖြစ်မယ် ။
ရေကြောက်တယ် ။
ဒီလိုရောဂါလက္ခဏာတွေ ပြနေတဲ့ သူတယောက်ရဲ့  ဦးနှောက် ဆဲလ်တွေ ကို ကြည့်ရင် နဲဂရီစ်ဘော်ဒီ (Negri bodies) ခေါ်တဲ့ အမဲရောင် စက်လေးတွေ ဟာ ဦးနှောက်ကြီး အောက်ခြေ (pyramidal cells of the hippocampus )နဲ့ ဦးနှောက်ငယ် (Purkinje cells of the cerebellum) တွေမှာ ရှိနေတတ်ပါတယ်။အဲဒါကတော့ ဒီဦးနှောက်မှာ အမှန်တကယ်ဘဲ ခွေးရူးပိုး ပေါက်ပွား နေပြီဆိုတဲ့  အထောက် အထား တခု ပါဘဲ ။
ရောဂါဟာ အလွန်ပြင်းထန်တဲ့ အမျိုးအစား ဖြစ်တာမို့  လက္ခဏာ ပြပြီး ၂ ရက်မှ ၁၀ ရက်အတွင်း သေဆုံးတတ်ပါတယ်။သေဆုံးရတဲ့ အကြောင်းရင်း ကတော့ နှလုံးခုန်ရပ် ၊ အသက်ရှုရပ် မှုတို့ ကြောင့်ပါ ။
ဒီအခြေ အနေကို ကျော်လွှားသွားနိုင်ပြီ ဆိုရင်တော့ အသက်ရှင်သန်ဖို့  လမ်းရှိပြီပေါ့
ဒါပေမဲ့  ခုထိတော့ ဒီ အခြေအနေကို ကျော်လွှား နိုင်တဲ့ သူဟာ ၈ ယောက်ထိသာ ရှိပါသေးတယ်တဲ့ ။
တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရရင် တနှစ်မှာ ခွေးရူးရောဂါ ဖြစ်ပြီးသေဆုံးသူပေါင်း ၅၅၀၀၀ ခန့် ရှိတယ် လို့ ဆိုပါတယ်
ဒါကြောင့်  ရောဂါ ကြိုတင်ကာကွယ်ရေးဟာ အလွန်အရေးကြီးလှပါတယ် ။
ခွေးကိုက်ခံရခဲ့ ရင်
၁ ။ ။ ဒါဏ်ရာကို ရေ ၊ ဆပ်ပြာတို့ ဖြင့် စင်ကြယ်အောင် ချက်ချင်း ဆေးပါ။
၂။ ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့  ဆက်သွယ်ပါ ။
မိမိ အားလာရောက်ကိုက်သော သတ္တဝါ အား အနည်းဆုံး ၂ ပါတ်မျှ စောင့်စားကြည့်ရှုရမည် ။
အကောင်းဆုံး နည်း လမ်းမှာ ထို သတ္တဝါကို သတ်ပြီး ၄င်း၏ ဦးနှောက် မှာ ခွေးရူး ပိုး ရှိ / မရှိ ဓါတ်ခွဲစမ်းသပ်ခြင်း ဖြစ်ပါတယ် ။
-ရောဂါမဖြစ်မီ အကိုက်မခံ ရမှီနှင့် အကိုက်ခံရပြီးနောက် ကာကွယ်ဆေး (postexposure prophylaxis or PEP)ထိုးဖို့  လိုအပ်ပါတယ်
RabAvert vaccine ။ IMOVAX rabies vaccine
အထက်ပါ ဆေးများဟာ Human Rabies Immune Globulin (RIG) ဆေးမျိုး ဖြစ်ပြီး
ပထမ တကြိမ် ဆေးထိုးပြီးချိန်ကို ( day zero ) ၀ ရက်လို့  သတ်မှတ်ပါတယ် ။ နောက်ထပ် ၃ ၊ ၇ ၊ ၁၄ ၊ ၂၈ ရက်များမှာ ဆက်လက်ထိုးပေးရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ရက်သတ္တ ၄ ပါတ် အတွင်းအားလုံး စုစုပေါင်း ၅ လုံးထိုးရမှာပါ ။ လက်မောင်း သို့မဟုတ် ပေါင်ရင် မှာဘဲ ထိုးလို့ ရပါတယ်
အရင်ခေတ်တွေ တုံးကလို ချက် ပတ်ပတ်လည်မှာ ဆေး အလုံး ၃၀ ထိုးဖို့  မလိုအပ်တော့ ပါဘူး ။
အသေးစိပ်ကို သိချင်ရင် ဒီနေရာတွေမှာ ... ဆက်ကြည့်ပါ နော်
နောက်ဆုံးအနေနဲ့ တချက် သတိပေးလိုတာကတော့ ဒီလို ခွေးရူးပိုးရှိနေတဲ့ သတ္တဝါတွေရဲ့  အကိုက် အကုတ် ခံရခြင်းကြောင့်  သေစေနိုင်တဲ့ ရောဂါ ရတတ်ပေမဲ့  အချိန်မှီ ကုသနိုင်ရင်တော့ .၊ အသက်ချမ်းသာရ ရှိနိုင်ပါသေးတယ် ။
ခုအင်တာနက် ခေတ်ကြီးထဲမှာ ဗိုင်းရပ်စ် ပိုးအမျိုးမျိုး ပေါ်ထွက်နေပြီး အသင့်ကွန်ပြူတာ ကို လာရောက် ထိခိုက် ပျက်စီးစေတတ်ပါတယ် ။
ဒီလို အလားတူ အာဏာရူးခွေးတွေရဲ့  အကိုက်ခံထားရတဲ့  သူတချို့ ဟာ ဒီအရူးဗိုင်းရပ်စ်ပိုးကြောင့် ဦးဏှောက်ပျက်စီး နေကြ ပြီး သူတို့ ကိုယ်သူတို့  အသိအမြင်ချို့ယွင်းနေကြတာကို မသိနိုင်တော့ဘဲ အွန်လိုင်းထဲ ၊ ဘလောဂ်တွေထဲ မိုးတလုံး လေတလုံးလွှင့်ပြီး ဟိုကိုက် ဒီကိုက် ရမ်းသမ်းကိုက်နေကြတဲ့ အတွက် ဒီ ခွေးရူး ပိုးတွေ ကူးစက်မခံကြရအောင် သတိလေးထားပြီး နေထိုင်နိုင်ကြစေဖို့  ဆုတောင်းပေးအပ်ပါတယ် ။
ဒီကမ္ဘာလောက ကြီးထဲမှာ ခွေးရူးရောဂါများ ကူးစက် ပြန့် ပွား ဒုက္ခရောက်မှုများ အမြန်ဆုံး ပပျောက်အောင် ဝိုင်းဝန်း အားထုတ် နိုင်ကြပါစေ။
►Posted by
:kiki
:
at
6/01/2009 08:30:00 PM
Subscribe to:
Post Comments (Atom)
9 comments:
ဗဟုသုတတွေ လေ့လာမှတ်သားသွားတယ် အနော်က ခွေးရူးဆို အသေကြောက်...
သြော်.. ဟိုလိုလိုဒီလိုလို ထင်နေတာ..။
အခုတော့ သဘောပေါက်သွားပြီ ဟိုလိုလို ကိုပြောတာကိုး။ :P
အဖွင့်နဲ့ အပိတ်လေးတွေ မိုက်တယ် ဖွားကိ...
ဒါနဲ့ ဟိုတခါပြောဖူးတဲ့ 'ဖွားကိ ရေကြောက်တတ်သည်' ဆိုတာ အခုကစ္စနဲ့တော့ မဆိုင်လောက်ပါဘူးနော်...
အွန်လိုင်းပေါ်က ခွေးရူးတွေကိုတော့ တိုက်ထုတ်ပစ်ဖို့ ဘလော့ဂါတိုင်းမှာ တာဝန်ရှိတယ် ဗျို့ ............
မဟုတ်ရင် ငါတို့ တွေ အားလုံး သိက္ခာကျရလိမ့်မယ်...
ခွေးရူးရောဂါအကြောင်း ဗိုင်းရပ်စတွေ အကြောင်းညဏ်မှီသလောက် မှတ်သွားတယ်။
ခွေးကိုက်ခံရဖူးလို့ ခွေးဆိုကြောက်တယ်။
ဆေးလည်းထိုးလိုက်ရတာ ။
ဆေးဖိုးသာ အမေသာမပေးနိုင်ရင် ကိုယ်ရူးနေပြီလားပဲ။
ခုလည်း ရူးတော့ ရူးနေတာပါပဲ
ခွေးရူးနဲ့ပါတ်သတ်ရင်တော့ သတ္တိမကောင်းဘူးဗျ..။
ခွေးရူးလို့ အသံကြားတာနဲ့ လွတ်ရာရှောင်ရတာပဲ...။
ခွေးရူးနဲ့ပါတ်သတ်တာ ဗဟုသုတ ရပါတယ်
အို အသင်လောကကြီး
အသင်လောကကြီးမှာ
ခွေးရူးတွေကင်းပါစေ
ခွေးရူးရောဂါဘေးမှ လွတ်ကင်းကြပါစေ
ခွေးရူးပြန်သူများ မရှိကြပါစေနဲ့
ခွေးရူးပြန်ကူးစက်ရောဂါများလဲ ကျဆင်းပါစေ
ခင်မင်လေးစားစွာဖြင့်
မကီးရဲ့ ဘဝအဆက်ဆက်က မောင်
ဖိုးစိန်
:( နေမကောင်းပါဘူးဆိုနေမှ..
:)) မငုံကတော့ ရိုးရိုးနေမကောင်းတာပါနော်။
လေ့လာမှတ်သားစရာမို့ အသေအချာ မှတ်သားသွားပါကြောင်း
အဟီး... မလုပ်နဲ့နော်...
ပြောတာ သိတယ်... သတ်ပြီးဦးနှောက် ကိုဖွင့်တဲ့.. အဟီး.. အနော်ကတော့ အဲဒါကို သိနေတယ်... အဟီး..
ဘယ်သူ့ကိုပြောချင်လဲဆိုတာ သိနေတယ်..
အဟီး.. ခွေးအကြောင်းဖတ်သွားပါတယ်..။
သတ်ချင်စိတ်ကိုမနဲ့ထိန်းသွားတယ်..။
ခီခန့် (လူပျင်းလေး)
ကောင်းပါတယ်
Post a Comment