Jun7,2009
အလုပ်အားရက်တိုင်း ဘာလုပ်ရမှန်းမသိ တယောက်ထည်းသမား ဘဝ တခါတလေလဲ ခပ်ကောင်းကောင်းရယ် ။ကိုယ်ပိုင်တဲ့ ကိုယ့်ကမ္ဘာလေးထဲ စိတ်ကြိုက် လုပ်ချင်တာလုပ် ၊ ချုပ်ချယ်မဲ့သူ မရှိဘူး ။ လွတ်လပ်ပါတယ် ။ ( ဒီလို လွတ်လပ်နေတာကိုလေ မမအယ်ကြီးက အထီးကျန် ဆန်တယ် ဆိုပြီး သနားနေသေးရဲ့ ။ အဟက် ကိုယ်ကလည်း သနားအောင် သွားပြော မိတာကိုး ။ ခုတော့  ကိုယ့်ရှုး ကိုယ်ပတ် နေပါပြီ .. အဖေါ်ရှာပေးမတဲ့ ဗျို .. အောင်မလေး ..ကိုယ်ဘယ်လောက်ဆိုးတယ် ဆို တာ သူမသိသေးလို့။ )
ဒီနေ့ လည်း ထုံးစံ မပျက်ရလေအောင် ဟိုဝငိ ဒီထွက် ဟိုပတ် ဒီပတ် နဲ့ နေရာလေးတခုရောက်သွားတယ် ။
(သူများတွေ ကတော့ အလှအပ အဝတ် အထည် ပစ္စည်းရောင်းတဲ့ဆိုင်တွေ ၊ ပန်းခြံတွေ သွားကြတာ ..အတွဲလေးကိုယ်စီနဲ့ပေါ့လေ ။
ကိုယ်ကတော့ ကလေး တွေ ခွေးတွေ ရှိတဲ့ နေရာ ..ပေါက်ကရ တိုလီမုတ်စ ရောင်းတဲ့ နေရာတွေ ပတ်ရတာ သဘောကျတယ် ။လျှောက်ပတ်လို့ မောရင် ဆာရင် တွေ့ တဲ့ နေရာ မှာ တွေ့ တာ စားလိုက်တာဘဲ ။)
ဒီနေရာလေးကလည်း ခါတိုင်းသွားနေကျနေရာလေးပါ ။ှ လှောင်အိမ်ထဲ မှာ အပိတ်ခံထားရတဲ့ ခွေးလေးတွေ ကိုတွေ့ လိုက်တော့ ဒီတခါမှ ဘဲ စဉ်းစားမိဖြစ်တယ် ။ ပိတ်လှောငိခံရခြင်း နဲ့ လွတ်လပ်ခြင်း ဆိုတာ ကို နှိုင်းယှဉ်မိတယ် ။ဒီခွေးလေးတွေ ကို ကြည့်နေရင်းဘဲ ချစ်စရာ .။ ကလေး လေး ၂ယောက်တွေ့ လို့  ထဲ့ ရိုက်မိလိုက်တယ်။ (ဓါတ်ပုံရိုက်တာကိုပြောတာပါ) ။ ခွေးလေးတွေ ကို တွေ့ တော့ ကလေးလေးတွေ က ပျော်ကြတယ် .. ချစ်ကြတယ်ပေါ့။
ကလေး တွေ ဘဝ ကလည်း ဘာမှ ပူပင်စရာ မရှိပါဘူး။ လူ့ ဘဝကြီး အကြောင်းကို ဘာမှ နားမလည်ကြသေးတော့ ..ခွေးလေးတွေ ရယ် ၊ ကလေး လေးတွေရယ် ဘဝက က အတူတူပါဘဲလေ ။ စားမယ် ၊ ဆော့ကစားမယ် ၊ အိပ်မယ် ပေါ့ ။ ဘာမှလဲ လုပ်စရာ မလိုဘူး ။ လုပ်ပေးမဲ့သူ ၊ ပြုစုမဲ့ သူတွေ ရှိနေတာ ..ဘယ်လောက် ကောင်းသလဲ နော် ။( ဗမာပြည်က ကလေးအားလုံးတော့  ချွင်းချက် ထားပေးရ ပါလိမ့်မယ် ။ မရှိတဲ့ နင်းပြားလူတန်းစားတွေ က များလှပါတယ် ။ စည်းစိမ် ဥစ္စာမဲ့  မိဘမဲ့  ကျောထောက်နောက်ခံမဲ့ ကလေးတွေ ..သူတို့ လေးတွေ ဘဝ က ဆိုးလှပါတယ် )
ခွေးလေးတွေ က လှလှ ပပ ချစ်စရာလေးတွေ မျိုးကောင်းမျိုးသန့် လေးတွေ ဆိုတော့ ရောင်းစားရင် ဈေးကောင်းရတယ်ပေါ့ နော် ။အဲဒီတော့  သူတို့  ဘဝက မလွတ်လပ်ဖူး ။ ဝယ်သူလာရင် ဈေးကောင်းရအောင် အလှ အပတွေ ပြင်ပေးထား ၊ လှောင်အိမ်အလှလေးထဲ ထဲ့ ထားပေါ့ ။ အမျိုး မသန့် တဲ့ ခွေးဝဲစားလို အကောင်မျိုးကြတော့ ဘယ်သူမှ တခန်းတနား ဒီလို ထားပေးမှာ မဟုတ်ဖူးနော် ။ ဘယ်သူမှလဲ ဈေးကြီးပေးဝယ်ပြီး ဂရု တစိုက် အလှမွေး ကြမယ် မထင်ပါဘူး ။
ဒီတော့ လှလှ ပပ လေးနဲ့ ပိတ်လှောင်ခံ ရတဲ့ ဘဝ မှာ နေတာနဲ့ မလှ မပ ၊ဝဲစွဲနေပေမဲ့  လွတ်လပ်စွာ နေရတဲ့  ဘဝ ဘယ်ဟာကို ရွေးချင်ကြမလဲ လို့ ။ ကိုယ်သာဆိုရင်တော့ ဝဲ အစွဲ ခံ ပြီး အမှိုက်ပုံ မှာဘဲ စားရ စားရ လွတ်လပ်စွာနဲ့ နေရတဲ့ ဘဝ ကို ရွေးမိမှာ ပါဘဲ ။
ကဲ ...ကဲ... အလကားနေ ရင် အလကားဘဲ ..ဟိုမေး ဒီမေး မေးလိုက်ပါအုံးမယ် ။။
ဒီစာ လေး ဖတ်ပြီးတဲ့ မိတ်ဆွေများလည်း ကိုယ်ဖြစ်ချင် နေချင်တဲ့ ဘဝလေးကို ကိုယ်တိုင်ရွေးလို့ ရမယ်ဆိုရင် လှလှပပလေး ဖြစ်ပြီး အစားအသောက်ကောင်း အလျှံပယ်စားနေရ ပေမဲ့ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံ နေရမဲ့ ဘဝမျိုးနဲ့ 
မလှမပ ဝဲစွဲပြီး ၊ ခပ်ညံ့ညံ့ လေးတွေ ဝဝ လင်လင် ပေမဲ့ လွတ်လွတ်လပ်လပ် နေရတဲ့  ဘဝ ၂ မျိုးမှာ ဘယ် ဘဝမျိုးကို ရွေးမှာလဲ လို့...
(အဟက် ။။။လူစဉ်စစ်ကနေ ခွေးလုပ်ခိုင်းတာတော့ မဟုတ်ပါဘူးနော် .. ဥပမာ အရ ပြောရတာ ပါ .. ရိုင်းတယ်လို့ထင်ရင်လဲ ဒီနေရာမှနေပြီး တောင်းပန် အပ်ပါတယ်။ အရူးတယောက်က မေးတာ မဖြေချင်လဲရပါတယ် )
►Posted by
:kiki
:
at
6/07/2009 08:00:00 PM
Subscribe to:
Post Comments (Atom)
15 comments:
ခွေးဝဲစားပဲ လုပ်မယ် ဒါပေမယ့် စည်ပင်က အမဲသားပစ်ခံထိမှ အခက် ခွေးတယ်ရီယာတော့ လုပ်ချင်သား ကိုယ့်ဆို သယ်ရင်းတွေက တယ်ရီယာလေးဆိုပြီး ချစ်လွန်းလို့ (ခေါင်းစုတ်ဖွားhairstyle နဲ့မို့ ပြောပါတယ်) တယ်ရီယာဖြစ်ချင်ပေမယ့် ခပ်နန့်နန့်ကလေးတွေရှိတဲ့ အိမ်ဆိုအခက် အမြီးဆွဲ နားရွက်ဆွဲ မျက်စိဖြဲကြည့် သွားဖြဲကြည့်ဆိုအခက်... လူပဲ လုပ်တော့မယ် အဟိ
အို မေးခွန်းနဲ့ အဖြေတလွဲရေးမိကုန်ပြီ.. အပြင်မှာနေရတဲ့ ခွေးတယ်ရီယာ လန်းလန်းလေးဖြစ်ချင်ပါတယ်ရှင့် ဟင့်.. လူတွေကို စိတ်နာတော့ ခွေးရူးလေးဖြစ်ချင်ပါသေးတယ်ရှင့် အကုန်လုံးကို ကိုက်ချင်လို့ပါ...
လွတ်လွတ်လပ်လပ် လှတပတ ခွေးတယ်ရီယာ လန်းလန်းလေးဖြစ်ချင်ပါတယ်ချင် ပိုင်ရှင်ကတော့ လူအထီးလေး ချောဖို့တော့လိုပါတယ်ရှင် ဟိ
ဘယ်ခွေးမှ မဖြစ်ချင်ပါဘူး ကိကိရယ်။
ဒါပေမဲ့ ပိုင်ရှင်မဲ့ခွေးတွေ လေလွင့်ခွေးတွေကိုတောင် သူများနိုင်ငံမှာ စနစ်တကျ ထိမ်းသိမ်းပြုစုတတ်ကြပါတယ်။
ခွေးတွေတောင် အခွင့်အရေးနဲ့ ပါ။
မွေးထားရင်လည်း အာမခံတို့ အခွန်ဆောင်ရတာတို့ ကာကွယ်ဆေးထိုးတာတို့ နဲ့ ပါလေ။
မအယ် ဒီနေ့ ကစ ရှာနေပါတယ်။ အို ဘလော့မိတ်ဆွေတို့  ကိကိုလိုချင်ရင် ကျမကို ဆက်သွယ်ကြပါလော့။
အယ်ဇီ
ဖွားကိနဲ့ ခွေးဋီကာပေါ့...
ကိုလူခွေး အဲလေ.. ကိုလူထွေးကတော့ ခွေးဖြစ်ရင်တောင် အင်တာနက်ရှိတဲ့ အိမ်မှာပဲ ဖြစ်ချင်တယ်... အိမ်ရှင်လစ်တိုင်း ဘလော့လည်လို့ ရအောင်ပေါ့...
းဝ)
အိုင်ကတော့ အရူးပဲလုပ်မယ်.....
မကိကီ.. အဲဒီ ခွေးအမျိုးအစား မေးခွန်း ၂ ခုပေါင်းထားတဲ့ ၀ုတ်ဝုတ် လိုမျိုး ဖြစ်ချင်ပါတယ်။
ကိုလူထွေး request ပါ အဆစ်ထည့်ပေးပါ..။
ဟေးးခွေးလေး ချစ်စရာလေး ။ :)) မကြီး လူပဲလုပ်ချင်လို့ မရဘူးလား??? ဈေးဆစ်တာ အကျင့်ပါနေလို့
ခွေးမဖြစ်ချင်ဘူး
လူမဖြစ်ချင်လဲနေ
ငရဲပြည်လဲမသွားချင်ဘူး
နတ်ပြည်မှာလဲမနေချင်ဘူး
အသူရကာယ်ဘုံကိုလဲ မကြိုက်ဘူး
၃၁ဘုံမှာ ကျင်လည်နေသမျှ ဒီလိုအဖြစ်တွေ ကြုံနေရအုံးမယ်
တော်ပြီး
ဘဝဆိုတာကြီးကိုမုန်းတယ်
အဟီးး
မေးတာနဲ့ ဖြေတာ
ဘာမှလဲမဆိုင်ဘူး
ဖြေသွားတယ် ဖြစ်ချင်တာ
ချစ်ခင်လေးစားစွာဖြင့်
အမျိုးတူ
ချစ်မကိကီရဲ့ 
ချစ်မောင်လေး
ပူတူတူးလေး
အသည်းတုံးလေး
ဖိုးစိန်
အင်း ကျနော့်ကတော့ ခွေးဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်တဲ့ ကုသိုလ် အကုသိုလ်ပေါ်မူတည်ပြီး ဘာဖြစ်လာမယ်မှန်း မသိဘူးကော.. တကယ်၍များ ဖြစ်လာခဲ့သော်..... ဒန့်တန်တန့်... ဟီးးးးး
လွတ်လပ်ပြီး အခွင့်အရေးအပြည့်ပေးနိုင်တဲ့ နိုင်ငံတခုမှာ ဖြစ်ချင်ပါတယ်။ ဆေးလုံးတွေ၊ အဆိပ်တွေပစ်ပြီး မသတ်တဲ့ နိုင်ငံပေါ့.. ခွေးရူးမဖြစ်ရင်တော့ ပိုတောင်ကောင်းတွေ... ခွေးရူးတွေများတဲ့ နေရာမှာလဲ ခွေးမဖြစ်ချင်ပါဘူး.. ခွေးရူးတွေ ၀ိုင်းကိုက်ကုန်မှာပေါ့
လေးစားလျက်
တောင်ပေါ်သား
အမားနင့်လုပ်တာနဲ့ ခွေးဖြစ်တာတောင် လွတ်လပ်ချင်တဲ့ခွေးတွေချည်းဖြစ်ကုန်ပြီ
နာ့တော့ ခွေးမွေးတဲ့လူပဲဖြစ်ချင်တယ် ဈေးကောင်းပေးေ၇ာင်းမယ်
ဟတ် ဟတ် ကြေငြာနေသေးတယ် တစ်ကိုယ်တည်းသမားဟုတ်လား
မအယ်ကလည်းရှာပေးမယ် ဟုတ်လား ခွေးလေးတစ်ကောင်လားဟင်
မမကိကိနေကောင်းလား....
ငါးပြန်စွာဖြင့်
မမကိကိရဲ့ ချစ်ဥဥလေး...
အသည်းလေး
နှစ်လုံးလေး..
ကျောက်ကပ်လေး
ပန်ကရိယလေး
ဒိုင်ယာဖရမ်လေး
ယုထွက်စ်လေး...
သရက်ရွှက်လေး
အီးတုံးလေး....
မော....တာ....
အောက်က အီးတုံးဟာ ဖင်ကိုရှည်တယ် နော့ ဖားကိရယ်
အောက်က အဗြားကိုပြောတာ သူ့ကိုယ်သူတော့ အဲပြာပြောတာပဲ ဟိဟိ
အခုရေတွင်းတူး ခုရေကြည်သောက်ရမလား။
ဆပ်ပြာလေး ဖယောင်းတိုင်လေးနဲ့ တွဲထုတ်ရတော့မှာကိုး။
စိတ်ရှည်ရှည်ထား ။
မမကိကိအလုပ်အားရက်မှာ ဘာလုပ်ရမလဲ
မသိရင် မောင်လေးပြောပြမယ်သိလား
စာတွေရေးပေါ့ ၊ ဒါမှမဟုတ်ခွေကြည့် ၊
ဒါမှမဟုတ်ရုပ်ရှင်သွားကြည့်ပေါ့
ဒါမှမဟုတ် ရေခပ် ၊ ထမင်းချက် ၊ ဟင်းချက်လုပ်
ကူစရာရှိတာတွေ အိမ်မှာဝိုင်းကူပေါ့ မကူဘူးဆို
ရင်လဲ မကူနဲ့ပေါ့မမရယ်.... ဟဲဟဲ
ဒါမှမဟုတ် မောင်လေးဆီအလည်လာပြီ
တစ်ပတ်စာအ၀တ်တွေ လာဖွတ်ပေးပေါ့မမရဲ့
ဟီးဟီး ......... :)
Post a Comment