အေးချမ်းတဲ့ အမေ့အိမ် ။ ဝေးတနေရာက အမေ့အိမ် ။ အရာအားလုံး အဆင်ပြေ ၊ ပူပင်ကြောင့်ကျ ကင်းရှင်းစွာ နဲ့  ငြိမ်းချမ်းစွာ နေခဲ့  ရတဲ့ အမေ့အိမ် ။ ဝေးဝေးနေမှ တမ်းတ နေမိတဲ့ အမေ့အိမ် ။ အားငယ်စိတ်တွေ ၊ အဆင်မပြေ မှုတွေ တွေ့ ကြုံ ရ တော့မှ အားကိုးတကြီး မျှော်လင့် ခြင်းများစွာ နဲ့  အပြေး ပြန်လာချင်တဲ့ အမေ့အိမ် ။ တနေ့ နေ့ တော့ ပြန်ရမယ် လို့  အားတင်းပြီး ကျရောက်လာသမျှ ဒုက္ခတွေကို ခါးစည်းခံကာ ရှေ့ ဆက်လျှောက်ဖို့  အားအင်သစ်တွေ ပေးခဲ့တဲ့ အမေ့အိမ် ။ အမေ့အိမ်သို့  ပြန်ရတော့မည် ။ ဒီတော့ ဒီနေရာ မှာ ကိုယ့်ချစ်သူကို ထားခဲ့ရပါတော့မည် ။
( ဤစာပိုဒ်လေးအား ဖတ်နေစဉ် သီချင်းဖွင့်နားထောင်နိုင်ပါသည် ။ ချစ်သူအတွက် ကိုယ့်အကြိုက် သီချင်းလေးတပုဒ် ထားခဲ့ပေးပါသည် ။ ဖိုင်းယားဖေါက်စ် နဲ့ ဒီပို့ စ် ဖွင့်မှ အဆင်ပြေမည် ထင်ပါသည် )
အချိန်တန်တော့ အိမ်ပြန်ရမှာပေါ့ ဆိုတဲ့ စကား လက်ကိုင်ထားပြီး ၊ တရွေ့ ရွေ့ ကုန်ဆုံးနေတဲ့ ပစ္စုပ္ပန် အချိန်များမှာ ရုန်းရင်းကန်ရင်းနဲ့ ပဲ အတိတ်ကို အရိပ်တွေလို ချန်ထားခဲ့ရပေပြီ ။ ၊ ဘဝ ဒုက္ခဝဲဂယက်ထဲ အချိန်အတော်ကြာအောင် တဝဲလည်လည် နဲ့  ပေါ်ချည် မြှုတ်ချည် လူးလာဆန်ခတ်ကူးခတ်နေရခြင်းမှာ ခြေကုန်လက်ပန်းလည်းကျ ၊ စိတ် ရော ကိုယ်မှာပါ ဒါဏ်ရာဗလပွ နဲ့  ၊အောင့် သက် ကို မြှင်းမြှင်းရှူပါလို့  အိမ်အပြန်လမ်းကို လျှောက်လှမ်းရပါတော့မည် ။
လူ့ စိတ် ဆိုသည်မှာလည်း ခက်လှပါဘိ ။ ရတာ မလို ၊ လိုတာ မရ ။ခုလိုအိမ် ပြန်ရတော့မည် ဆိုတော့လည်း နောက်ဆံတငင်ငင် ဖြစ်မိရပါသေးသည်မို့  ကိုယ့်ကိုယ်ကိုယ်ပင် အားမလို အားမရ နှင့် စမ်းစစ်မိလိုက်ပါသည်။သည်တော့လည်း ကိုယ့်ချစ်သူ သူ့ အကြောင်းကို ချန်လှပ်ထား၍ မဖြစ်တော့ပြီ ။
တကိုယ်တည်းအနေကြာလာခဲ့ပြီဖြစ်တဲ့ ဤတိုင်းပြည်ဝယ် ရောက်ကာစအချိန်မှာ လို အားငယ် စိတ်ပျက်ခြင်းများ အလွန်အကျွံမရှိခဲ့တော့သည်မှာ အမှန်ပင် ။နေ့ စဉ် လုပ်နေကြ လုပ်ငန်း တာဝန်များကို စက်ရုပ်တရုပ်သဖွယ် လုပ်ကိုင်နေကြရသော ဤပတ်ဝန်းကျင်မှ လူအများ နည်းတူ ၊ ပုံမှန် အလုပ်တက်ဆင်း ရင်းဖြင့် ကိုယ့် အချိန်များကို ကုန်လွန်စေခဲ့ရသည် ။ စနေ တနင်္ဂနွေ လို အားလပ်ရက်များတွေမှာ မိတ်ဆွေ အပေါင်းအသင်းအနည်းငယ်နှင့် ဟိုဟို သည်သည် သွားလာ လည်ပတ်ရင်း ၊ စားသောက်ကြရင်း ၊ ဖြင့်လည်း ပျော်ရွှင်ဘွယ်ရာ အချိန်များ ဖန်တီးဖြစ်ခဲ့ကြသည် ။ သူ တို့  လူမျိုး များ၏ စကားပုံ အဆိုအရ “ ပျော်လျှက်နဲ့ လည်း ဒီတရက်ကို ဖြတ်သန်းရတယ် ။ ဝမ်းနည်းလျှက် နဲ့လည်း ဒီတရက်ကို ဖြတ်သန်းရတာမို့  ဒီအချိန်တွေကို ပျော်ရွှင်စွာ နဲ့ ပဲ ဖြတ်သန်းကြပါစို့ ” ဆိုကြသည်။
လူဆိုသည်မှာ ငြီးငွေ့ လွယ်သော သတ္တဝါ တမျိုး ဟု ကိုယ်ယူဆထားခဲ့သည် ။ အကြောင်းမှာတော့ တိုးတက်ပြီးသော နိုင်ငံ အတော်များများမှာ ရုပ်ဝတ္တု ပစ္စည်းများ အဟောသိကံ ဖြစ်လေ့ရှိကြသည် ။ ယနေ့ မှာ အသစ်ဖြစ် ၊ အသစ်ထွက်ရှိသော ပစ္စည်း တခု မှာ မနက်ဖြန် အတွက် အဟောင်းတခု အနေနဲ့  ရှိကြရတော့မည်မှာ မလွဲဧကန်ဖြစ်ပေသည် ။ သို့  အတွက် အသစ် အသစ်တို့ နောက် လိုက်နေရင်းဖြင့် လိုက်၍ မမှီဖြစ်နေကြရသည်မှာ လည်း မထူးဆန်းသည့် သဘောတရားပင် ဖြစ်ပေသည် ။ ကြာလာတော့ ခြေကုန်လက်ပန်းကျရင်းဖြင့် စိတ်ပျက်မိတတ် ပေတော့သည် ။ ဤအရာများသည် ကိုယ့်အတွက် မရှိမဖြစ်လိုအပ်ချက်များမဟုတ် ဆိုသည်ကို နားလည်လာမိသည်။
ဒီလို အချိန်မှာ အပေါင်းအသင်းတချို့ ၏ မိတ်ဆက် ပေးမှုဖြင့် သူ နှင့် စတင် သိကျွမ်းခဲ့ရပေသည် ။၂၀၀၇ ခုနှစ်ရဲ့  ဧပြီလ အတွင်းတွင် ဖြစ်ပါသည် ။ စစချင်းတော့ သူ့ ကို ဘယ်လို မှ ခင်မင် ပေါင်းသင်း မိလို့  မရ ။ ရင်းနှီးမှု မရှိသေးသဖြင့် ခပ်တန်းတန်း မေးထူးခေါ်ပြော အဆင့်မှာ ပင် အတန်ကြာနေမိခဲ့သည်လေ ။ သူကလည်း မာနကြီး တခွဲသားနှင့် မို့  တခါတရံတွင် တယောက်နှင့်တယောက် ပြောဆိုနေရင်းဖြင့် အခန့် မသင့် ၊စိတ်ဆိုး စိတ်တို မိသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပါ ၊ သူကလည်း သူပေပဲ ။ မကြာခဏ ဆိုသလို မျက်နှာ အပြောင်းအလဲ မြန်လွန်းလှသည် ။ အရောင်အမျိုးမျိုးဆိုးတတ်သည် ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ကိုယ့်ထက်သာလွန်သဖြင့် ချစ်သူ ခင်သူပေါလှသည် ။ ရောက်ရာ အရပ်မှာ သူငယ်ချင်း အပေါင်းအသင်း ဖွဲ့ တတ်သည်။ မာကြောင်း သာကြောင်း များ အပြင် အလ္လာပ သလ္လာပ များ လည်း ပြောမဆုံးပေါင် တော့ သုံးထောင် မို့  ၊ သူ့ မျက်နှာမှာ အမြဲ တက်ကြွ လန်းဆန်း နေခဲ့ သည် ။
ဒီလို နဲ့ မေ့မေ့ပျောက်ပျောက် အချိန်နဲ့တင် တနှစ်ကျော်မျှကြာသွားခဲ့သည် ။တကယ့်ကို တစိမ်းပြင်ပြင် နေခဲ့ကြသည် ။တရက်မှာတော့ အလုပ် ထဲမှ အဆင် မပြေမှု တွေကြောင့် ကိုယ့်စိတ်တွေ အတော်လေး ထွေနေခဲ့ရာမှ မိတ်ဆွေတယောက်အိမ် အသွားမှာ သူ့ ကို အမှတ်မထင် ပြန်ဆုံတွေ့ ခဲ့မိသည် ။မှတ်မှတ်ရရ (၂၀၀၈ အောက်တိုဘာလ ၃၀ ရက် ) နေ့ မှာ ဖြစ်ပါသည် ။ သူ့ မျက်နှာ ကို ကိုယ်စာဖတ်ကြည့်တော့ သူ့  စိတ်သဘောထား မဆိုးလှကြောင်း ထင်မိလေသည် ။ ဒီလို နဲ့ သူတလှည့်  ကိုယ်တလှည့် အပြန်အလှန် စကားဖလှယ် မိကြသည် ၊ ရယ်စရာ များ အကြောင်း ပြောမိလျှင်လည်း သူကလေးတယောက်လို့  အားရပါးရ တဟားဟား ရယ်တတ်လေသည်၊ သူ့ အပျော်အား ကိုယ့်အပေါ်ကူးစက်စေသည် ။ ထိုအချိန်မှာ ကိုယ်တယောက်သူရဲ့  အေး မြ နေတဲ့ မျက်နှာကြည်ပပ လေးကို ငေးကြည့်နေမိတတ်သည်။ အလွမ်း အဆွေးကြိုက်သောကိုယ်တယောက် စာတိုပေစ အလွမ်းစာ ကဗျာတွေ၊ အနှောက်အသွားမလွတ်သော စာတွေ မတတ်တခေါက် ရေးစပ်နေရင်လည်း သူ မျက်လုံး ရီဝေဝေ နဲ့ ကိုယ့်မျက်နှာကို ငေးကြည့်ရင်း သက်ပြင်း မျှင်းမျှင်း ချတတ်လေသည်။
အလုပ်အားရက် များတွင် ခါတိုင်းလို အပြင်ထွက် ၊ ဈေးပတ် ၊ ပေါက်ကရ လျှောက်ဝယ်ခြင်းများ ပြုလုပ်လိုစိတ်အလျဉ်း မရှိတော့။ အာရုဏ်တက် မနက် မနက်ပေါင်းများစွာမှာ ကိုယ်နိုးထ ချိန်တိုင်း သူ့ ကို ဦးဆုံးသတိရမိသည်။ ပျော်ရွှင်စွာ ဖြင့် နှုတ်ဆက်လေ့ရှိသည်။ အချိန်ရလျှင် စကားဖေါင်ဖွဲ့ လေ့ရှိသည် ၊ ကိုယ့်အရေး သူ့  အရေး ၊အလ္လာပ သလ္လာပ မှ အစ လုမှုရေး ၊ တိုင်းရေးပြည်ရေး အဆုံး ရောက်တတ်ရာရာ ပြောဆိုရသည်မှာလည်း မမောနိုင် မပန်းနိုင် ၊ အတောမသတ်နိုင်သည် မို့  အလုပ်ချိန်နောက်ကျတတ်သည် များလည်း ရှိတတ်သေးသည် ။ ဒါကို ရိပ်မိလေသည်လားမသိ ၊ဤလို အချိန်မျိုးတွင် ချစ်သူက ကိုယ့်အတွက် ငဲ့ညှာပြီး မပြောမဆိုနှင့် စကားစ ဖြတ်သွားတတ်သည် ။ ကိုယ့်မှာတော့ သူ့ ကို တန်းတန်းစွဲ မခွဲနိုင် မခွာရက်မို့  ၊ဤသို့  တုံးတိတိ အဆက်ဖြတ်လိုက်သည့် နေ့ များတွင် လုပ်ငန်းခွင်ထဲ ထိ စိတ်အလိုမကျ ဖြစ်တတ်မိသေးသည် ။ ဪ .. သံယောဇဉ်တွယ်မိတော့ လည်း အတက်အကျ ၊ နိမ့်လိုက် မြင့်လိုက် ၊ ရင်ထဲ ဖိုလှိုက် ၊ အေးကနဲ ၊ နွေးကနဲ ဖြင့် ချားရဟတ်ကြီးစီးရသည့်  နှယ် ခံစားချက် မျိုးစုံကို တပြိုင်နက် ပေးနိုင်စွမ်းသော ကိုယ့်ချစ်သူ ပါတကား ။
ကိုယ်နဲ့ သူ ၊ တရားဝင်ချစ်သူတွေဖြစ်လာကြပြီးနောက် မိတ်ဆွေများသော ချစ်သူရဲ့ ကောင်းမှုဖြင့် ကိုယ့်အတွက် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားလာခဲ့သည် ဆိုတာကိုတော့ ငြင်းဆိုမရ ။ ပျင်းရိဘွယ်ရာ ခြောက်သွေ့ လှသော ကိုယ့်ဘဝမှ သူ့ ကြောင့် စိုပြေသာယာ လာခဲ့ ရသည် ။ ထမင်းစားချိန် ရသမျှ အချိန်တိုလေး အတွင်းမှာ ပင် ၊ ချစ်သူ နှင့် မခွဲနိုင် မခွာရက် ၊ သူ့ မျက်နှာလေး ကို ကိုယ် အရိပ်တကြည့်ကြည့်နေလာခဲ့သည် ။ သူ့  အဝတ်အစား အပြင်အဆင် မှ အစ ၊ သူ နှင့် လိုက်ဖက်မည့် ဒီဇိုင်း ပုံစံသစ် အဆောင်အယောင် များကို ကိုယ်ဂရုတစိုက် ရွေးချယ်ဆင်မြန်း ပေးတတ်သည် ။ သူ့ အပေါင်းအသင်းများ အလည်တွင် သူ့ ကို မျက်နှာမငယ်စေချင်လှပါ ။ သူ့ မျက်နှာတော် ညှိုးနေလျှင် ကိုယ်မနေတတ် မထိုင်တတ် ဖြစ်ရသည် ။ ကိုယ့်ဘဝမှာ သူသာလျှင် အရေးကြီးဆုံး ဖြစ်မှန်းမသိ ဖြစ်လာပေတော့သည် ။ ဂဂျီဂဂျောင်ကျတတ်သော သူ့ အတွက် တခါတရံတွင် ကိုယ်စိတ်ပျက်မိသော်လည်း ချစ်လွန်း၍ အပြစ်မတင်မိပါလေ ။ ငယ်စဉ်ကတည်းက အိမ်သားများနှင့် အပေါင်းအသင်းများအပေါ်တွင် စိတ်မရှည်တတ်သော ကိုယ်တယောက် သူ နှင့်ကျမှ စိတ်ရှည်သည်မှာ နှစ်ပြန်မက ။ စကားအပြောအဆိုမှာလည်း အေးဆေးနူးညံ့လာခဲ့သည် ။ အချစ်သည် အရာရာကို ပြောင်းလဲနိုင်စွမ်းရှိပေတော့သည်။
ပျော်စရာ အချိန်လေးများသည် ရယ်ကာ မောကာ ပြုံးရွှင်စွာ ဖြင့် အကုန်လွယ်လွန်းလှပေသည်။ တွေ့ ကြုံ ဆုံကွဲ ဖြစ်မြဲ ဓမ္မတာ ဆိုသည့် သင်္ခါရတရားသဘောကို နားလည် ပေမင့် တမင်ဥပက္ခာပြုထား မိသည့် ကိုယ့်အား အချိန်တန်တော့ အိမ်ပြန်ဖို့  အချက်ပေးခေါင်းလောင်းသံ မြည်လာတော့သည် ။ မသိကျိုးကျွန်ပြုပြီး အိပ်ချင်ယောင်ဆောင်နေမိသေးသည် ။ ဒါပေမဲ့ ကျေးဇူးတရားကို သိတတ်နားလည်ဖို့ ရင်ထဲက အသိတရားတွေကတော့ နိုးကြားနေတော့ အိပ်ချင်ယောင်ဆောင်နေတဲ့ ကိုယ့်ကို နှိုးရ မခက် လှကြောင်း ကိုယ်တိုင် သိလိုက်မိသည် ။
မတတ်သာလို့  ခပ်ခွာခွာ နေရတော့ပေမဲ့ မုန်းလို့ တော့ မဟုတ်ဖူး ဆို တာ ကို ကိုယ့်ချစ်သူတယောက် နားလည်ပေးစေချင်ပါသည် ။ တခဏ ခွဲခွာရခြင်းလား သို့ မဟုတ် ထာဝရ ခွဲခွာရခြင်းလား ဆိုတာ ကိုယ်သေချာ မသိသေးပေမဲ့ ကိုယ် သူ့ ကို အသည်းထဲ ထိ စွဲမြဲစွာ ချစ်နေမည်ဆိုတာကိုတော့ သူတယောက် သိစေချင်ပါသည် ။ကိုယ့်ရဲ့ ပျင်းရိငြီးငွေ့ ဘွယ်ရာ အချိန်လေးများကို ပျော်ရွှင်ဘွယ်များအဖြစ် ပြုစား ပေးနိုင်ခဲ့သော ချစ်သူနှင့် သူ့  အပေါင်းအသင်းများ အားလုံး ကို ကိုယ့် တစ်သက်တာ ဘဝမှာ မေ့နိုင်လိမ့်မည် မဟုတ်ပါလေ ။ ကိုယ်နဲ့ အနေဝေးပြီး အထီးကျန်နေခဲ့မည့် ကိုယ့်ချစ်သူအား ကိုယ်တို့ ၏ အပေါင်းအသင်းများက ဆက်လက် အားပေး ဖေးကူပေးကြလိမ့်မည် ဟု မျှော်လင့် နေမိပါသည် ။
ကံမကုန်ကြသေးရင်တော့ တချိန်ချိန်မှာ ကိုယ်တို့  ပျော်ရွှင်စွာ ပြန်လည်တွေ့ ဆုံရဖို့  မျှော်လင့်ရင်းနဲ့ နှုတ်ဆက်ခဲ့ပါတယ် ချစ်သူရယ် ။
ကိုယ့်ချစ်သူ ... သူ့ အကြောင်း ကို သိလိုပါက အောက်ပါလိပ်စာ တွင် စုံစမ်းနိုင်ပါသည် ။ ချစ်မိတ်ဆွေ အပေါင်းအသင်းများကိုလည်း ထာဝရ ကျေးဇူးတင်နေပါသည် ။
စားဝတ်နေရေးအတွက် ၊ အသက်ရှင်နေထိုင်ဖို့  အတွက် ၊ အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြရတယ် ။( နိုင်ငံတချို့မှာ အရွယ်မရောက် ၊လူလားမမြောက်သေးတဲ့ အရွယ်တွေမှာ အခြေအနေအရ ရရာ အလုပ်လုပ်ပြီး အသက်ဆက်နေရသူများ၊ မတရား စေခိုင်းတာ ခံနေရသူများလည်း အများကြီး ရှိနေပါတယ် ) ။ အလုပ်မလုပ်ပဲ သူများမျက်ခုန်းပေါ်စင်္ကြန်လျှောက်နေကြသူ လူ့ ဗာလံ များလည်း တပုံကြီးပေါ့ ။သူတပါး မျက်ရည်ကျစေပြီး ကိုယ့်အကျိုးကိုသာကြည့်သူများ ကို တော့ စာရင်းထဲ ထည့် မပြောလိုတော့ပါ ။ ဒီအရပ်ဒေသမှာ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်ဘဝ ကိုယ်ဖန်တီးနေကြသူ သာမန် လူတွေ နဲ့  သာမန်မိသားစုတွေရဲ့  အားလပ်ရက် နဲ့ အားလပ်ချိန်တွေ ၊ ဘယ်လို အသုံးချကြသလည်း ဆိုတာ မြင်မိ တွေ့ မိ သလောက် အမှတ်တရ အနေနဲ့ မှတ်တမ်းတင် ထားခြင်လို့  ဒီစာစု ကို ရေးပါတယ်။
ဒီဘက်နှစ် အနည်းငယ်မှာ ဒီနိုင်ငံမှာလည်း စီးပွားရေးကျဆင်းတာကြောင့် အရင်လို ဝယ်နိုင် သုံးနိုင် ခရီးထွက် လည်ပတ်နိုင်မှု တွေ အနည်းငယ်တော့ ကျဆင်းသွားပါတယ် ။ ဒါပေမဲ့ ဆင် ပိန် ကျွဲ ဆိုသလို ဒီမှာ ကျွဲတွေ တော်တော် များများ ရှိနေကြပါသေးတယ် ။ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပညာရေး ပံ့ပိုးပေးမှု တွေကတော့ လျှော့ဈေးမရှိ အရင်လိုပဲ ဆက်လက်တည်ရှိနေပါတယ် ။ ကျန်းမာရေး အာမခံကြေးတွေ တိုးပြီးကောက်ခံပြီး ဝန်ဆောင်မှု ကျဆင်းသွားတာမျိုးတော့ မရှိတဲ့ အတွက် နေသာပါသေးတယ် ။
ပြီးခဲ့တဲ့ တပါတ် နဲ့  ဒီနေ့  တနင်္ဂနွေ အားလပ်ရက်တွေ မှာ ရောက်ခဲ့ တဲ့ နေရာ နဲ့  အကြောင်းအရာ လေးတွေ ...စိတ်ဝင်စား တယ်ဆိုရင်တော့ ဆက်လက်ကြည့်တော်မူကြပါ ။ရေပူထွက်တဲ့ နေရာ ။ Yang Maing တောင် ပေါ် သွားတဲ့ လမ်းခရီးမှာ ရှိတယ် ။ အဲ့ ဒီ နေ့ က မိုးအုံ့  နေတော့ ခရီးသွားရတာ ကောင်းပါတယ် ။ အန္တရာယ်ရှိမှာစိုး လို့  အနီးထိတော့ ဆင်းလို့ မရပါ ။ ဒီနိုင်ငံ က တောင်တွေ ထူထပ်ပြီး မီးတောင် နဲ့ ငလျင်ကြောတွေ ရှိတဲ့ အတွက် သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏ ရှိတတ်ပါတယ် ။ ဒါပေမဲ့ မင်းဆိုး မင်းညစ် အန္တရာယ်မရှိတဲ့ အတွက်တော့ ခံသာပါသေးတယ် ။
ကြားဖြတ်သတင်းလေးတပုဒ် တင်ပြချင်ပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ ( ၂၇.၄.၂၀၁၀) နေ့ လည် ၂ နာရီ အချိန် ဒီနိုင်ငံရဲ့  မြောက်ဖက်ပိုင်း ဟိုင်းဝေး လမ်းမကြီး တခု ၊ တောင်ကို ဖြတ်ဖေါက်ထားတဲ့ လှိုင်ခေါင်း ထဲမှာ တောင်ပြိုကျသွားတဲ့ အတွက် ကား၃ စီးပိတ်မိပြီး ၊ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ ရုတ်တရက်မို့  စစချင်းတော့ ကားနဲ့ လူဘယ်လောက် မြေပြို ပိနေမှန်း မသိရပေမဲ့ လမ်းမကြီးပေါ်မှာတပ်ထားတဲ့ ဗီဒီယိုကင်မရာတွေ အရ အထဲမှာ ပိတ်မိနေတဲ့ ကားအစီးအရေအတွက်ကို နာရီပိုင်းအတွင်းတွက်ချက်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ တွေ နဲ့ နေ့ ရောညပါ အပူတပြင်း တူးဖေါ်ရှာဖွေခဲ့ကြပါတယ် ။ သမ္မတ မာယင်းကျို (Mah Ying Jio) နဲ့ ကုန်းလမ်းပို့ ဆောင်ဆက်သွယ်ရေး ဝန်ကြီးတို့  လည်း အချင်းဖြစ်တဲ့ နေရာကို ရောက်လာပြီး အခြေအနေ ကို ကြည့်တယ် ။ သူ့  အပိုင်း နဲ့ သူ သက်ဆိုင်ရာ အဖွဲ့ တွေ ချက်ချင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ကြတယ် ။ ပိတ်နေတဲ့ ကျောက်တောင်ကို ဖေါက်ပြီး ခေတ်မီကရိယာတွေ အကူ အညီနဲ့ ပိတ်မိနေတဲ့ ကား နဲ့ လူတွေကို ရှာဖွေကြတယ် ။ နောက်တရက်မှာ ရစ်ခ်ျတာစကေး ၆.၂ ရှိတဲ့ ငလျင်လှုပ်ပေမဲ့ ကယ်ဆယ်ရေး သမားတွေ မနားပဲ မိုးရေထဲမှာဆက်လက်ရှာကြတယ်။ စစ်သားတွေရော ဆောက်လုပ်ရေး လုပ်သားတွေရော မနားတမ်း တူးဖေါ်ရှာဖွေခဲ့ တာတောင် ၄ ရက် မြောက်မှ ကား ၃ စီး နဲ့ လူ ၄ ယောက် ကို ဖေါ်နိုင်ခဲ့ပါတယ် ။ အဲ့ဒီ အတွက် နိုင်ငံတော်က သေဆုံး သူ များကို လျော်ကြေး သန်းပေါင်းများစွာ ပေးရမယ် ဖြစ်ပါတယ် ။လောလောဆယ်တော့ နာရေးအတွက် သေသူတဦးဆီကို ထိုင်ဝမ်ဒေါ်လာ ၁ သန်း( အစိမ်း ၃သောင်းကျော်) စီပေးပါတယ် ။ ( အကျွန်ုပ်တို့ နိုင်ငံကြီးမှာ ဒီလို လမ်းမကြီးတွေ မရှိတာပဲ တော်ပါသေးတယ် ၊ လို့ ဖြေတွေးလေး တွေးမိပါတယ် )
ပင်လယ်ထဲက ကျွန်းတကျွန်း ဖြစ်တဲ့ အတွက် ကျွန်းတပတ် ပတ်လိုက်ရင် ဘယ်ဘက်ကနေ သွားသွား ပင်လယ်ကို ရောက်ပါတယ် ။ ငါးမျှားသူတွေ လည်း နေရာ အနှံ့ပါပဲ ။ မုန်တိုင်းကျတဲ့ အချိန်မျိုးမှာတောင် ငါးထွက်များသူများ ၊ရေလွှာလျှောစီး ကြသူများ ရှိကြလို့  လှိုင်းပုတ်ပြီး ပင်လယ်ထဲ မျောပါသွားသူများ အသက်ဆုံးရသူများလည်း မနည်းပါဘူး ။
ဒီအတွက် အန္တရာယ် ရှိတတ်တဲ့ အချိန် နဲ့ နေရာတွေ မှာ ငါးမမျှားရ ။ရေ မကူးရ သတ်မှတ်ချက်တွေ ထားပြီး စည်းကမ်း ဖေါက်သူတွေကို အရေးယူပါတယ် ဒါဏ်ငွေရိုက်ပါတယ် ။ ဘာလို့ဆိုတော့ ဒီစည်းကမ်းဖေါက်ပြီး အသက်အန္တရာယ်ကျရောက်လာရင် ပင်လယ်ထဲ ကျသွား မျောသွားရင် လိုက်လံ ကယ်ဆယ်ပေးရတဲ့ စရိတ်က အင်မတန်များတဲ့ အတွက် လူတွေ စည်းကမ်းလိုက်နာအောင် တင်းကြပ်ထားရပါတယ် ။
အားနေတဲ့ အချိန်မှာ ကစားတာကို အားကစားလို့  ခေါ်ရမလားပဲ ။ ဒီကလေး လေးတွေ ဒီလိုအရွယ်လေးကတည်းက တခုခုကို အားကစားလုပ်ဖို့  ပျိုးထောင်ပေးကြတာ အတုယူစရာကောင်းပါတယ် ။ ရှပ်နီ နဲ့ အတန်းကြီးတဲ့ အကိုကြီး တွေက ရှပ်ဝါ အတန်းငယ်လေးတွေ ကို ပြန်ပြီး သင်ကြားလေ့ကျင့်ပေးကြတယ် ။ သူ့ အဖွဲ့ လေးတွေ နဲ့ သူ ၊ လေ့ကျင့်ရင်း ကစားနေကြတာ ပျော်စရာ ပါပဲ ။ မိဘတွေက လိုက်ပို့ပေးပြီး ထိုင်စောင့်ပေါ့ ။
ဘာအခါကြီးရက်ကြီးမှ မဟုတ်ပါဘူး ။ညတိုင်း ဒီလိုပဲ မီးတွေထိန်လင်းနေတယ် ။ဒီဇင်ဘာ ၃၁ ရက်နေ့ ည၊ နှစ်ကူး လို အခါမျိုးဆို ပိုစည်တယ် ။ ဒီညတော့ ၊ည ၁၂ နာရီထိုးခါနီး လူတွေတော့ နဲနဲရှင်းနေပြီ ။ အဲ့လိုအချိန်မှ အေးအေးဆေးဆေး လမ်းလျှောက် ။ ဘာမှ စိုးရိမ်စရာ မရှိပါ ။(လွန်ခဲ့တဲ့နှစ်ထိ ကမ္ဘာ့  အမြင့်ဆုံးလို့  စံချိန်တင်ထားနိုင်ခဲ့ တဲ့ ၁၀၁ ထပ်တိုက် အဆောက်အဦး နားမှာ ပါ )
ကိုယ့်ပြည် ကိုယ့်ရွာမှာ လည်း အိမ်တိုင်း၊ အရပ်တိုင်း၊ မြို့ တိုင်း၊ ရွာတိုင်းမှာ မီးမှန် ရေမှန်စေချင်ပါတယ်။ ခုဆို နွေရာသီ ခေါင်ခေါင် ပူလောင်အိုက်စပ်နေတာ မို့  ရွှေပြည်ကြီးမှာ အညာ( မုံရွာ) အဲကွန်း လေးများ နဲ့ ကြံဖန်ပြီး အပူသက်သာအောင် နေရတယ် ဆိုတဲ့ အကြောင်း သိလိုက်ရလို့  ဝမ်းနည်းမိတယ် ။ အပူရှပ်လို့ အသက်ဘေး ဖြစ်ကြသူများ လည်း ရှိနေတယ်ဆိုလို့  စိတ်မကောင်းဖြစ်မိတယ် ။
ဒွေးဒေါ်လွမ်းတာ မဟုတ်ပေမဲ့ ၊ ဘာအကြောင်းတွေပဲ ရေးရေး၊ ရေးမိရေးရာ နဲ့  နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်တာပဲ ။
ဦးနှောက် အနည်းငယ်ခြောက်နေတယ် ။အိမ်သားတွေ အကျယ်ချုပ်ကျ နေတာ ၃ ရက်လေးပဲ ရှိသေးတယ် ၊ ၁၃ နှစ်တောင် မဟုတ်သေးပါ ။ ၁၃ နှစ် အချုပ်ခံနေရတာ တော်ရုံလူ ဆို ရူးသွားမယ်ဆိုတာ တွေးကြည့်လို့ ရတယ်။
ကိုယ့် သတင်း ကိုယ့်ဟာကိုယ် ရေးတင်ရတာ တော့ သိပ်မကောင်းသလို ပါပဲ ။ ဆန့် တငင် ငင် နဲ့ မတင်မကျ
ခုနှစ်- - ဖြစ်ပွား / သေဆုံး