ဖါး ဆိုတဲ့ ဒီသတ္တဝါလေးတွေဟာ လူတွေ အတွက် ဘယ်လို အကျိုးပြု သလဲတော့ ကိုယ်မသိပါဘူး ။
မသိတဲ့ အကြောင်းကို မသိဘူး လို့  ရိုးသားစွာ ပြောပြခြင်းပါ။ သိတာကတော့ ခုလို မိုးတွင်းအခါ မှာ မိုးရွာနေစဉ် ဖါးအော်သံ အုံအွမ် အုံအွမ် လေးများ နားထောင်ပြီး အိပ်လို့ ကောင်းတဲ့  အချိန်ခါလေးများကို သတိတရ လွမ်းနေ မိခြင်းပါ ။
ဒါကြောင့် မို့  ဖါး နဲ့ ပတ်သက်တဲ့  စကားလုံး တွေ စဉ်းစားမိတာ ။ ဘာလို့ များကို လူတွေ ဟာ စကားထဲမှာ ဖါးနဲ့ နှိုင်းယှဉ်ပြီးတွင်တွင်ကြီး အသုံး ပြုနေ ပြောနေ ကြတာပါလိမ့်လို့ ။
ကြားဖူးနားဝ လေးတွေ ပြောပြမယ် ။
စားဖါး = သူတပါး၏ ပစ္စည်း ဥစ္စာများ ကို မတရား လောဘနဲ့ စားသောသူများ ။
ဖေါ်လံဖါး = မိမိ ကိုယ်ကျိုးအတွက် အထက်လူ ကို မျက်နှာလုပ်ကာ အရှက်မဲ့ စွာ ပြောဆို ချည်းကပ်သူ ။
ဖါးတပိုင်း ၊ ငါးတပိုင်း = ဟို မရောက် ဒီမရောက် ၊ဟို လိုလို ဒီလိုလို သူတယောက် ။
ပလိုင်းပေါက်နဲ့  ဖါးကောက် = လုပ်သလောက် အရာမရောက်၊ အကျိုးမရှိခြင်း ။
လင်ဆိုးမယား တဖါးဖါး =ဆိုးသွမ်းသော၊ အသုံးမကျသော ယောင်္ကျားကိုယူမိသော မိန်းမ၏ ဒုက္ခ များကို တင်စား ဖေါ်ပြခြင်း ။
လိပ်ခါး ၊ ဖါးဖင် = ခါးတုတ် ဗိုက်ပူ ဖင်ကောက်သော အမျိုးသမီးတို့ ၏ အလှ ကို တင်စား ၍ နောက်ပြောင် ပြောဆိုသော အသုံး အနှုန်း စကားစု တခု ။
ဒါတွေက ဖါး နှင့် ပတ်သက်ပြီး သိသလောက် မှတ်မိသလောက် အသုံးအနှုံး ၊ တင်စားပြောဆို မှုများကို နားလည်သလို ပြန်ရေးထားတာပါ ။
ငယ်စဉ် က မြန်မာစာ သင်ကြားပေးခဲ့ သော ဆရာမကြီး ( အမေကြီး) ဒေါ် မြင့်မြင့်အေး ဤ စာ ကိုဖတ်မိ ၊ တွေ့ မိပါက ကြိမ်လုံး ဖြင့် ထပ်မံ အရိုက်ခံ ရမည် မှာ ရာနှုန်းပြည့်  သေချာပါ၏ ။ ( မည်သူမဆို လွတ်လပ်စွာ ကွဲ ပြား နိုင်ပါ သည် )
အဲလို ဖါးဇာတ်လမ်းလေးများ သိသူရှိ ပါက အကြောင်း ကြားနိုင်ပါ သည် ။
အပျင်းပြေ ဥာဏ်စမ်းလေး နဲ့  ဖါးကျင့်  ဖါးကြံ ကြံ လို သူ များ ဒီနေရာလေး သို့  သွားရောက် ကြံစည် အားထုတ် နိုင်ပါသည် ။
►Posted by
:kiki
:
at
6/04/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
8 comments:
လိပ်ခါး ဖားဖင် ပုံစံရှိသော မိန်းမသည် လင်ဆိုးမယား တဖားဖားဆိုသည့်အတိုင်း လင်ဖြစ်သူရဲ့ အရက်ဖိုးအတွက် စားဖားများကို ပလိုင်းပေါက်နဲ့
ကောက်ပြီး ဖေါ်လံဖား ပုံစံပေါက်နေသော ဈေးသည်ထံတွင် သွားရောက် ရောင်းချပြီး လင်ဖြစ်သူ အရက်နဲ့ မြည်းဖို့ ကြော်ပေးရန်
ဖားတပိုင်းငါးတပိုင်းများကို ၀ယ်ယူနေခဲ့ပါသည်... မောတာ ဟိဟိ ဘာတွေရေးမိသွားမှန်းတောင် မသိတော့ပါဘူး
ဖားကူး-- ရေကူးတာ
ဖားခုန်ပြေး...သွားမစမ်းနဲ့ အူကျမယ်...
ဖားစီးငါးစီး...လောဘကြီးတာ..
ဖားထိုင်... ဝမ်းချုပ်ရင်အဲလိုထိုင်...
ဖားဖို.....ဖားမမဟုတ်(ဟိဟိ)..
ဖားဖား....(ဂျူတီကုတ် တဖားဖား..)
ဖားလျား.... ဖိုးရို့ဖားလျား...
ဖားဥ.... စွဲတတ်တဲ့ အရာ..
အပင်ပန်းခံ လျှောက်စင်းစားတာ မဟုတ်... သာလွန် အဘိဓါန်က မော်ဒန်နိုက်စ် လုပ်ပလိုက်တာ....
ဖားဋီကာ လာဖတ်ပါတယ်နော်....
ပျော်ရွှင်ပါစေ။
စားဖားကို ဖားစားသောသူတို့ ကြိုက်၏။
စားဖားကြီးတွေ ....
စားဖား စားလို့ ရတဲ့ဖား
ဖားစား ဖားကိုစားသော သို့ မဟုတ် ဖားပြီး......စားသော
အယ်ဇီ
ဝရမ်းပြေး ဖားကိ...
ဖွားကိက အတက်ကြီးတော့ ဂျဂါးအပီတော့ဘူးပေါ့...
ဖွားကိမဟုတ်တော့ဘဲ ဖားကိ ဖားကိ ဆိုပြီး ဖြစ်နေတာ...
ပုံ
ရဲဘော်လူထွေး
(မြန်မာပြည်ကို ကယ်တင်သူတစ်ဦး)
”ရေအိုင်ထဲက ဖားသငယ်”
ဒါလေးကိုလဲ ရှင်းပြပေးပါ မကီး
အဓိပါယ် ပြည့်ဝအောင် ရှင်းပေးပါ
သိချင်ပါတယ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဖားမျိုး ဖားနွယ်
ဖားကမ္ဘာကများမွေးလာသလားကွယ်
ကိကိလက်ယာလေးတွေ မဖတ်မိရင် out-of-date ဖြစ်သွားမှာစိုးလို့ လာဖတ်တယ်ဗျာ။ အဟဲ၊ ဒီနေ့တော့ သခင်ကိုယ်တော်မှိုင်းကြီးရဲ့ မျောက်ဋီကာနည်းတူ ကိကိရဲ့ ဖားဋီကာနဲ့တွေ့နေပါရောလား။ ကိကိရေ့ အဲဒီထဲမှာ “ဖော်လံဖား”ဆိုတာလေး သတိထားမိပါရဲ့။ ဒီစကားလုံးဟာ တရုတ်လူမျိုးတွေသုံးတဲ့ စကားလုံးလို့ ပညာရှိကြီးတစ်ဦးဆီက ကျနော်ကြားခဲ့ရဖူးတယ်။ ဒီစကားရဲ့ မူရင်းအဓိပ္ပါယ်ကတော့ ခပ်ရိုင်းရိုင်းပဲ။ ဖိုမနှစ်ဦးကာမစပ်ယှက်တဲ့အခါ မ-ဖြစ်သူက ဖို-အလိုကျ ပုံစံပြင်ပေးတာကို “ဖော်လံဖား”တယ်လို့ ခေါ်သတဲ့။ ကျနော်ကြားဖူးတာကို ဝေငှလိုက်တာနော်။ မမကိ ကျမ်းမာပါစေ။
Post a Comment