ဒီနေ့  နေ့ လည် အရေးပေါ်ရောက်လာတဲ့ လူနာတယောက် ၊ အသက် ၁၂ နှစ် အရွယ် မိန်းကလေး ။ ဘာဖြစ်လာတာလဲ လို့ မေးကြည့်တော့ မထုံတက်တေး အမူအယာနဲ့ မေးသမျှ တခွန်းမှ ပြန်မဖြေ ။တကယ်ဆို မဖြေလည်း သိလိုက်ပါတယ် ။ ဘာဖြစ်လာတာလဲ ဆိုတာ သေချာ မသိပေမဲ့  ဘာအတွက်ကြောင့် လာရတယ်ဆိုတာက သူ့  ဒါဏ်ရာ အနေအထားကြည့် တာနဲ့  သိသာတာပေါ့ ။ Suicide( မိမိကိုယ် မိမိ သတ်သေခြင်း ) မှာ တွေ့ နေကျ ၊ များသော အားဖြင့် လက်ကောက်ဝတ် ဒါမှ မဟုတ် လက်ဖျံ အောက်ပြင်ပိုင်းမှာ တိကနဲ ပြတ်ရှ ဒါဏ်ရာ တခု နှင့် အထက် ။ ဒါဏ်ရာ အတိမ် အနက် ကတော့ လှီးဖြတ်နေချိန်မှာ သူ အသုံးပြုတဲ့  အားပမာဏ အပေါ်တည် တယ်ပေါ့ ။
ဒီတော့လည်း တုံဏိဘာဝေ ဘဲပေါ့ ။သူ့ မေးတာ မဟုတ်တဲ့ အတိုင်းဘဲလေ ။ကိုယ်မေးတာ မဖြေတော့လည်း ဘာမှ ထပ်မမေးတော့ဘူး ။ သူ နားလည်ပါစေတော့ရယ်လို့ ၊ ပြီးတော့ ဒါဏ်ရာချုပ်ပေးနေတုံး သူစိတ်ပြောင်းအောင် ငြိမ်အောင် ၊ တတ်သမျှ မှတ်သမျှလေးပြောပြမိတယ် ။ နောင် ဒီလို မလုပ်ဖို့  ၊ ကျောင်းစာ သင်ရမဲ့ အရွယ် စာဘဲ ကောင်းကောင်းသင်ဖို့ ။ဒီလောက်ပါဘဲ ။ သူ့ ရဲ့ မိသားစု နဲ့ အပေါင်းအသင်း ပတ်ဝန်းကျင် အခြေအနေတွေ ကိုတော့ သေချာ မသိတဲ့ အတွက် ဘာလို့ ဒီလိုလုပ်ရတာလဲ ဆိုတာ ကိုယ်လည်း သေချာ မသိနိုင်ပါဘူး။
လိုတာတွေ လုပ်ပေးအပြီး သူ့ ကို ခေါ်လာတဲ့ အဖေ ကို ဒါဏ်ရာနဲ့ပတ်သက်တာ ၊ လိုတာတွေ ပြောပြအပြီး ဒီကလေးကို ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ ဖြစ်နိုင်ရင် ကလေးသူငယ်စိတ်ရောဂါဆိုင်ရာ အထူးကုတွေနဲ့ တိုင်ပင်သင့်ကြောင်း ပြောပြမိပါတယ် ။ ဒီကလေး ဘာလို့ ဒီလိုလုပ်ရတယ် ဆိုတာ သိလား လို့ မေးကြည့်တော့ မှ သူ့ ကိုသူ သတ်သေချင်တဲ့အကြောင်း ကို သိလိုက်ရတယ်လေ ။
ဟိုး လွန်ခဲ့ တဲ့  တနှစ်လောက်တုံးကလည်း အလားတူ ပါဘဲ အဲဒါက အလည်တန်းကျောင်းသားလေးတယောက် ။ တချိန်လုံး အွန်လိုင်းတက် ၊ ဂိမ်းတွေဆော့။ စာကောင်းကောင်းမလုပ်လို့ မိဘက အင်တာနက် လိုင်းဖြုတ်ပစ်တာကို စိတ်ဆိုးပြီး ၇ ထပ်တိုက်ပေါ်က ခုန်ချ တော့ တကယ်ဘဲ သေဆုံးသွားခဲ့ ရတယ် ။
ဒီမိန်းကလေး ခုမှ ၁၂ နှစ် အရွယ် ၊ ကိုယ်တို့ ဒီအချိန်တုံး က လောကကြီးမှာ ဘာအပူအပင်မှ မရှိ ။ကျောင်းတက်မယ် ။ဆော့ ကစားမယ် ။လည်မယ် ။ စားမယ် ၊ အိပ်မယ် ။ ဒါတွေ ကလွဲရင် ကျန်တာ ကိုယ်တို့ နဲ့ ဘာမှ မဆိုင် ။ ကလေးဘဝ ကို ကလေးဆန်ဆန်ဘဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ ကြရတယ် ။ များသော အားဖြင့် အိမ်ထောင်စု တခုမှာ အိမ်ထောင်ဦးစီး အဖေ လုပ်သူက အလုပ်တခု လုပ်ပြီး မိသားတစုလုံးကို ဖူလုံအောင် ကျွေးမွေးနိုင်ခဲ့တယ် ။
လူရယ်လို့  မွေးဖွားလာပြီးရင် ဆက်လက်ရှင်သန်ဖို့ ရာ မိဘဆွေမျိုး ပတ်ဝန်းကျင် အပေါင်းအသင်းလူ့ အသိုင်း အဝိုင်းက အလွန် အရေးကြီးပါတယ် ။ အမိဝမ်းမှ ကျွတ်ပြီး လူ့ လောကကြီးထဲ ရောက်လာတဲ့ လူမမည် ကလေးငယ်တယောက် ကျွေးမွေးသုတ်သင်ပေးမဲ့ သူ မရှိဘဲ ဒီအတိုင်း စွန့် ပစ်ထား ခြင်းခံလိုက်ရရင် ဒီအသက်တချောင်းဟာ ဘယ်လောက်ကြာရှည်ရပ်တည်နိုင်မလဲ ။မိဘကျေးဇူး ဘယ်လောက်ကြီးမားတယ် ဆိုတာ ကျေးဇူးသိတတ်နားလည်တတ်သူ စဉ်းစားတတ်သူ လူတိုင်း သိနားလည်ပြီး ဖြစ်ကြတာမို့  ဤ နေရာမှာ အရှည် ထပ်မညွှန်းလိုတော့ပါ ။
အဲဒီလို ကြီးမားတဲ့ ကျေးဇူး တွေကို အတတ်နိုင်ဆုံး ပြန်လည်ဆပ်ကြဖို့ ဆိုတာကိုလည်း အားလုံး လိုလို ဘာပေါက်ကြပြီးသားပါဘဲလေ ။ ငွေကြေးဥစ္စာ ပြန်လည်ထောက်ပံ့ မှသာကျေးဇူးဆပ်ရာ မည်တယ်လို့  မဆိုလိုပါဘူး ။မိဘပြောစကားကို နားထောင်တယ် နေထိုင်တယ် ။ မိဘ ကို စိတ်ချမ်းသာအောင် ထားပေး၊ ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ် ၊ ပြန်လည်ပြုစုပေး တာတွေဟာလည်း ကျေးဇူး ဆပ်ခြင်းတမျိုး မည်ပါတယ် ။
ဒီနေ့ ခေတ်အခါကြီးမှာ ရုပ်ပစ္စည်းတွေ တိုးတက်ထွန်းကားနေတဲ့  သိပ္ပွံနည်းပညာခေတ်ကြီးမှာ ဒီရုပ်ဝထ္ထုတွေနောက် လိုက်ရင်းနဲ့ ဘဲ ။စားဝတ်နေရေး အတွက် ။ဒါမှ မဟုတ် ဘဝရှေ့ ရေးအတွက် ရုန်းကန်ရင်းနဲ့ဘဲ ကောင်းသော အရာတွေ ရရှိခဲ့  သလို ၊ တချိန် တည်းမှာ ပေးဆပ်ဆုံးရှုံး လိုက်ရတာတွေလည်း မရေမတွက်နိုင်ပါဘူး ။
ဥပမာ ၊ မိသားစု တခုထဲမှ မိဘနှင့် သားသမီး တွေရဲ့ ဆက်ဆံရေး ၊ မိဘတွေက စီးပွားရေး အတွက် တချိန်လုံး အပြင်မှာ အချိန်ကုန်နေရတော့ အိမ်မှာရှိတဲ့  သားသမီးနဲ့ နွေးထွေးပျော်ရွှင်စွာ ဆက်ဆံရမဲ့ အချိန်လေးတွေ ဆုံးရှုံးလိုက်ရတယ် ။ သားသမီးတွေကလည်း မိဘရဲ့ နွေးထွေးပြုစု မှုနဲ့ တဖြေးဖြေး ဝေးကွာ လာရတော့ ဒီကြားထဲ က သံယောဇဉ် ဆိုတဲ့ 
ုမြတ်နိုး တွယ်တာစိတ် တွေလည်း လျော့နည်းလာကြရတယ် ။ဒီလို မိသားစုပုံစံနဲ့ နေရတဲ့  သားသမီးတွေဟာ ကျောင်းမှ ၊ ဒါမှမဟုတ် ပတ်ဝန်းကျင်မှ စိတ်တူသူသူငယ်ချင်း များနဲ့  အဖေါ်ပြုလာကြတယ် ။ အပေါင်းအသင်း တွေရဲ့  အပြုအမူ အတွေးအခေါ်တွေ ကို မှားတယ် မှန်တယ် မဆုံးဖြတ်တော့ဘဲ အတုယူ လုပ်ဆောင်ကြတယ်ပေါ့ ။ အတုမြင် အတတ်သင် ။ အစ ကတော့ အပျော်သဘော ဆေးလိပ်ခိုးသောက် နောက်တော့စွဲသွားရော ၊ တချို့ ဆို တဆင့်တက်လက်တဲ့ စမ်းရင်း ဘိန်းရှု ဆေးစွဲ ကြတာတွေလည်း မနည်းလှပါဘူး ။
အရင်း စစ်လိုက်တော့ .....
အိမ်ထောင်စုတခုရဲ့  စီးပွားရေး ၊မိဘ အုပ်ထိမ်းသူ တို့ ရဲ့  ပြုပြင် ထိမ်းသိမ်းမှု ။ ပညာပို့ ချမှု ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေ အားလုံး အရေးကြီးကြတာချည်းပါဘဲ ။
မိဘ ကလည်း သူ့ ဖက်က အချိန်တန် ပိုက်ဆံပေး ။ ကျောင်းထားပေးရုံနဲ့  တာဝန်ကျေ ပြီလို့  မဆိုနိုင်ပါဘူး ။
ထို့ အတူ သားသမီးကလည်း အချိန်တန် ကျောင်းတက်၊ စာကျက် ၊ အတန်းတွေ မှန်မှန်အောင်ရုံနဲ့တင် သူ့ တာဝန်ကျေပြီလို့  မမှတ်ယူ သင့်ပါဘူး ။ ရခဲ လှတဲ့  အသက်တချောင်းကို အဓိပ္ပါယ်မဲ့ စွာ ။ လွယ်ကူစွာနဲ့  စွန့် ပစ်တဲ့ မိုက်ရူးရဲ အပြု အမူတွေ မလုပ်သင့်ပါဘူး ။
ဒီအဖြစ်နဲ့  ဆန့် ကျင်တဲ့  အကြောင်းအရာ တခု ကိုလည်း တမြန်နေ့ က သတင်းစာ တခုထဲ မှာ ဖတ်လိုက်ရတယ် ။ အမည် နဲ့ အရပ်ဒေသ ကိုတော့ သေချာ မမှတ်မိတော့ပါဘူး ။ အမေရိကန် နိုင်ငံမှ ၁၀ နှစ် သမီးလေး ဟာ အရွယ်ငယ်ငယ်လေးနဲ့  ရင်သားကင်ဆာ ဝေဒနာ ကို ခံစားနေရတာ ။ သူကတော့ ဘဝ ကို လွယ်လွယ်နဲ့ အရှုံးမပေးဘဲ လိုအပ်တဲ့ ခွဲစိတ်မှု နဲ့ ကင်ဆာနဲ့ ပတ်သက်တဲ့ ဆေးကုသ မှုကို ရဲဝံ့စွာ ခံယူ ခဲ့ လို့  အသက်ဘေးမှ ချမ်းသာ ရာ ရ သွားတဲ့ အကြောင်းလေးပါ ။
လူအမျိုးမျိုး စိတ်အထွေထွေ ။ဘယ်သူမပြု မိမိမှု ။ ကိုယ်လိုချင်တာ ကိုယ်လုပ်ယူမှ ရမှာလေ ။
ဒါပေမဲ့  ကိုယ်မနေချင်လို့ သေချင်ပါတယ်ဆိုတိုင်းလည်း သေလို့ ရတာမဟုတ် ။သေနေ့ စေ့မှ သေရတာပေါ့ ။
သေကံ မရောက် သက်မပျောက် ..တာတွေလည်းရှိတတ်ပါတယ် ။ ပင်လယ်ထဲ သဘောင်္ပျက်ပြီး မြောနေတာ ရက်ပေါင်း ၃၀ နီးပါ။ နောက်ဆုံး အစာရေစာပြတ်ပြီး သတိလစ်နေတာ ။သေကံမရောက်သေးတော့လဲ အချိန်မှီလေးတင် ကယ်တင်ရှင်နဲ့ တွေ့ လို့  အသက်ချမ်းသာရာရလိုက်တာမျိုးပေါ့ ။
ဘယ်လိုဘဲ ဖြစ်နေ ဖြစ်နေပါစေ ။ ခဲရာခဲဆစ်ရရှိလာကြရတဲ့  အသက်တချောင်း ကို လွယ်ကူစွာ မစွန့် လွှတ်သင့်ပါဘူး ။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကတော့ အဖန် ငါးရာ့ငါးကမ္ဘာ ဆိုတဲ့  အထိန်းအချုပ် လေးတွေရှိကြတော့ သတိလက်လွတ် မှုမျိုး သိပ်ရှိလှမယ် မဟုတ်ပါဘူး ။ ဘာသာတရား မရှိတဲ့ သူမျိုးတွေအတွက်ကတော့ သူ့ ထိုက် သူ့ ကံ ၊ သူ့  ဘဝ သူ့ အကျိုးပေးတွေ ပါဘဲ လို့ ပြောရတော့မယ်ထင်ပါတယ်။
ဒီတော့ လူတိုင်း လူတိုင်း ရခဲလှတဲ့ လူ့ ဘဝကြီးထဲ အရှုံးမပေးဘဲ ရှင်သန် နေနိုင်ကြပါစေလို့ ။
လူ့ လောကကြီးမှာ အငိုနဲ့ စလို့ အငိုနဲ့ အဆုံးသတ်ကြရတာတွေများတယ် ။လူ့ ဘဝ စရောက်လို့  ကိုယ်တိုင်ငိုရတဲ့ အငိုဟာ ကောင်းသောငိုခြင်းပါ ။သူ့ ရဲ့ ပထမဦးဆုံး ဝါးကနဲ ငိုမှုကြောင့် အဆုပ်ထဲ အောက်စီဂျင်ရောက်ပြီးနောက် ဆက်လက်ရှင်သန်ဖို့ အားအင်တွေစပြီး တဘဝလုံးရုန်းကန်လှုပ်ရှားကြရတော့တာပါဘဲ ။လောကကြီးမှာရှိပြီးဖြစ်တဲ့နီးစပ်ရာ ဆွေမျိုးသားချင်းများကလဲ ဒီအငိုကို လိုလားစွာ လက်ခံကြတယ်ပေါ့။ကောင်းသောငိုခြင်းတခုပါ။
ဒါပေမဲ့ ဒီလောကကြီးမှ အပြီးတိုင်ထွက်ခွာရခါနီးနဲ့ ထွက်ခွာပြီးအချိန်တွေမှာ ငိုကြရတဲ့ အငိုမျိုးကိုတော့ သူ့ ကိုချစ်ခင်သူ တွေအားလုံး ၊ဘယ်သူမှ နှစ်သက်ကြမယ်မထင်ဘူး။ မကောင်းသောငိုခြင်း တခုပါ ။
ဒီနေ့ လဲ ဒီလို မကောင်းသောငိုခြင်း တခု တွေ့ ကြုံလိုက်ရတယ်။ ဒါတောင် အရမ်းကြီးမားစွဲလန်းမှုမျိုးမဟုတ်ဘဲ သာမန်ခင်မင်ခြင်းအဆင့်လောက်ဘဲရှိနေတဲ့ သူတယောက် ဒီလောကကြီးမှ ရုတ်တရက် ထွက်ခွာခဲ့တာကြောင့်ပါ။ သူ့ ကို စ သိတာ က ဒီလကုန်ရက်မှာမှ တနှစ်တိတိပြည့် မှာလေ ။မ နှစ်က ဒီလိုအချိန် ၂၀၀၈ ဇန္နဝါရီလမှာ အရမ်းချစ်တဲ့ ညီမငယ်လေးရဲ့ မွေးနေ့  ပွဲ အသွား ၊ ညီမငယ်လေး ရဲ့ သူငယ်ချင်းအနေနဲ့  မိတ်ဆက်ပေးလို့  သိခဲ့ တာပါ ။ ဒီကြားထဲလဲ ဗမာပြည် ၃ ကြိမ် ပြန်ဖြစ်တုန်း တခါတလေတွေ့ ဖြစ်ရုံလောက်ဘဲရှိတယ် ။ပြီးခဲ့ တဲ့ လ က ဗမာပြည်ပြန်ချိန်မှာတော့  ညီမငယ်တို့ တတွေနဲ့  ဟိုသွားဒီသွားလည်ဖြစ်တော့  သူလဲ အတူတူပါလာတော့  ပိုပြီး ရင်းနှီးသွားရတယ်ပေါ့  ။ မျက်နှာလေးကအမြဲပြုံးရွှင်နေတတ်တယ် ။သူကလည်းကျန်းမာရေးသိပ်မကောင်းရှာဘူး ။ မွေးရာပါ သွေးရောဂါတခုပေါ့ ။ဒီတော့  သနားပိုမိတာလဲ ပါတယ် ။ ကိုယ်ဗမာပြည်မှပြန်လာတဲ့ နေ့ ကလည်းသူတို့ တတွေ လေယာဉ် ကွင်းထိလိုက်ပိုခဲ့ ကြသေးတယ်။ ပြီးခဲ့တဲ့ ၃ရက်၊ ဇန္နဝါရီ ၂၀ ရက်နေ့ ည ကတိုက်တိုက်ဆိုင်ဆိုင် သူ့ ကို အွန်လိုင်းမှာတွေ့ လိုက်လို့  လှမ်းနှုတ်ဆက်ဖြစ်သေးတယ် ၊။ သူ့ အဲဒီ အကောင့် ကို ညီမငယ်လေးက ကိုယ်တို့ အတူတူရှိနေတုန်းကလုပ်ထားပေးတာဖြစ်ပြီး ချက်ခြင်းကိုယ့် ကို invite လုပ်လို့  ကိုယ်ကလည်း သူ့ ရှေ့ မှာတင် accept လုပ်ရလို့ ရီဖြစ်ကြသေးတယ် ။ ပြီးတော့ ကိုယ့်ရဲ့  အဲဒီ ဂျီတော့ခ် ဆိုတဲ့ အထဲမှာ သူငယ်ချင်းများများစားစားရှိတာမဟုတ် ။လိုင်းမှာ သူများတဆင့်မိတ်ဆက်ပေးလို့ သိတဲ့ သူ ၃၊၄ ယောက်ကလွဲရင် ကျန်တာတွေက အပြင်မှာတကယ်သိနေ ၊ ရင်းနှီးနေသူလောက်ဘဲရှိတာလေ ။ဒီတော့  သူ့ ကိုတွေ့ လိုက်ရတော့ ဝမ်းသာအားရ နှုတ်ဆက်ပြီး စကားပြောဖြစ်သေးတယ် ( အားလုံးသိကြတဲ့ အတိုင်း ဗမာပြည်မှာ အွန်လိုင်းနဲ့ ပြောရတာ ကွန်နဲ့ နက် မကောင်းတဲ့ အချိန်ကအမြဲလိုဘဲလေ ၊ ဒါပေမဲ့ သူနဲ့ စကားပြောတာ တညတည်း၂ကြိမ်စလုံး ချောမွေ့ နေတာ။ ပြီးခဲ့ တဲ့ ၁၆ရက်နေ့ က သူ့ မွေးနေ့ ကို ညီမငယ်လာတဲ့ အကြောင်းနဲ့ထွေရာလေးပါး ပြောခဲ့ကြတာ ၊အဲဒါ လိုင်းထဲမှာသူနဲ့ တွေ့ တာပထမ ဦးဆုံးနဲ့ နောက်ဆုံးအကြိမ်ပါဘဲ )ဘာလို့ လဲဆိုတော့ အဲဒီညသန်းခေါင်မှာ သူရောဂါဖေါက်ပြီးနောက်ဆေးရုံပေါ်ရောက် နောက် ၃ ရက်ကြာတော့  ဆုံးသွားရှာတယ် ဒီနေ့ ၂၃ ရက်နေ့ မှာပါ ။သူ့ သတင်းကြားပြီး စိတ်ထဲ အတော်မကောင်းလို့  အလုပ်ထဲတောင် စိတ်မပါဘူး ။မျက်ရည်ဝဲနေမိသေးတယ် ။ဒီည အိပ်မပျော် တာနဲ့  စာထိုင်ရေးဖြစ်တာ မိုးလင်းပေါက်ပေါ ။့
သေခြင်းတရားဆိုတာ အချိန် နေရာ အရွယ် ဆင်းရဲ ချမ်းသာမရွေး ပါဘူး၊ စတင်မွေးဖွားလာကတည်းက သေခြင်းကို ရင်ဆိုင်ကြရဖို့ ပါဘဲ ။မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလ အချိန်အပိုင်းအခြားလေးမှာ ဒီလောကဇာတ်ခုံပေါ်မှာ အမျိုးမျိုး အဖုံဖုံ တွေ့ ဆုံဖြစ်ပျက်ခဲ့ ရတာတွေကို ဘဝ လို့ သတ်မှတ်ရမယ်ထင်ပါတယ် ။ ကွေးသောလက်မဆန့် မီ ၊ စိုသောလက် မခြောက်မီ စက္ကန့် ပိုင်း အချိန်ပိုင်းတိုင်းမှာ သေခြင်းတရားဆိုတာ အချိန်မရွေး တွေ့ ရှိနိုင်ပါတယ် ။
ဒီတော့  လူတွေဟာ ကိုယ် ဘဝ့ ပတ်ဝန်းကျင် မှာ ရေစက်ကြုံလို့  သိရ ၊ခင်ရ ၊တဲ့  လူတွေကို တွေ့ ရ ဆုံရ အတူ နေရတဲ့ အချိန်တိုတိုလေး မှာ အဆင်ပြေစွာ၊ ခင်မင်စွာ ၊ ပျော်ရွှင်စွာ ဆက်ဆံ နေနိုင်ကြဖို့ အရေးကြီးလှပါတယ် ။ အဆုံးသတ် ချိန် ဘဝလေးတွေ အကူးကောင်းအောင် ရှိနေတဲ့ အချိန်လေးမှာအားထုတ်ပြင်ဆင်နေကြရမှာပါ ။အစ မှ အဆုံး ဘဝတွေအားလုံး ကောင်းမွန် အောင်နေနိုင် ကြပါစေ ။
(ညီမလေးမွန်မွန်ကျော်တယောက် ကောင်းရာသုဂတိရောက်ပါစေ )
မိမိကိုယ် မိမိ သတ်သေခြင်း(အဆုံးစီရင်ခြင်း)
ဒီနေ့  မနက်စောစော နာရီအချက်ပေးခေါင်းလောင်းသံကြားပေမဲ့  မနေ့ ညက အတွေးပေါင်းများစွာကြောင့် မိုးလင်းခါနီးမှ အိပ်ဖြစ်တဲ့  ကိုယ် ၊ အိပ်ရေးမဝလို့  နာရီခေါင်းလောင်းလေး ပြန်ပိတ်ပြီး ခဏဆက်နှပ်နေတာ...အဲဒီအချိန် တယ်လီဖုံးသံက ငှက်ဆိုးထိုးသံလို စူးရှစွာ အော်လာတဲ့  အတွက် အိပ်မှုံစုံမွှားနဲ့  ထရတော့တာပေါ့။ အရေးပေါ်လူနာလာလို့ လေ ၊ စိတ်ထဲတော့ တော်တော်ရှုပ်သွားတယ် ။ဘယ်သူ ဘာများဖြစ်ပြန်ပြီလဲပေါ့။ ကမန်းကတန်းထ ၊သန့် ရှင်းရေးလုပ် ၊အဝတ်လဲ ပြီး အပြေးအလွှား အရေးပေါ်ခန်းထဲရောက် ၊ အသက် အစိတ်လောက် ရှိတဲ့  လူနာအမျိုးသမီး တယောက် ကုတင်ပေါ်မှာ ပက်လက်ကလေး ၊မျက်လုံးတွေကလဲ ရီဝေစွာပေါ့ ။ ဒီတော့ ဘာဖြစ်သလဲ ..ဘာညာကွိကွ သူ့ ရဲ့  ရာဇဝင် အတိုလေး ကို မှတ်တမ်းရေးရအောင် နဲနဲပါးပါးမေးရတာပေါ့ ။ (suicide case) ကိုယ့်ကိုကိုယ် သေကြောင်းကြံတာပေါ့လေ ။ ဘရိတ်ဒါး ပါးပါးလေးနဲ့  ကိုယ့် လက်ကောက်ဝတ် ကိုယ်ပြန်လှီးတာပေါ့ ။ ဒီတော့ ပြတ်သွားတဲ့  အသား၊အရွတ် ၊ အရေပြား တလွှာချင်းပြန်ချုပ်ပေးရင်း လူနာမိန်းကလေး အာရုံပြောင်းအောင် .ကိုယ်လဲ အိပ်ချင်ပြေအောင် စကားစမြည် ပြောဖြစ် မေးဖြစ်သွားတယ် ။ သူကလဲ အရက်ရှိန် မပြေသေးတော့ ပြောတာတွေ အမြီး အမောက် မတဲ့  ဟိုရောက် ဒီရောက်ပေါ့  ။ရည်းစားနဲ့  အဆင်မပြေလို့  ၊သူ့ ရည်းစား က နောက်ထပ်ကောင်မလေး တယောက်နဲ့  လှေနံ နှစ်ဖက်နင်း လို့  စကားများကြတဲ့  အကြောင်းသိလိုက်ရတယ်။
ဪ ...ဒါနဲ့ များ ကိုယ့် ကိုကိုယ် သေကြောင်းကြံရတယ်လို့ နော် ။ သူက ၂ဖက်နင်းရင် ၊ ကိုယ်က ၃ဖက်လောက်ပြန်နင်းလိုက်ပါလား ၊ အတော်ညံ့ တာဘဲ လို့  ၊ ကိုယ့် စိတ်ထဲ ဖြစ်မိတဲ့ အတွေး လေးတခုပါ။ ကိုယ့် အသက် ကိုယ်မနှမြောဘဲ အသားအနာခံပြီး ကိုယ့်ဟာကိုယ်လုပ်ရသလားလို့ လဲ သနားစိတ် လား ၊အပြစ်တင်စိတ်လား ကိုယ်မပြောပြတတ်တဲ့  စိတ်တခု လဲ ဖြစ်သွားသေးတယ် ။ ဒီတော့ လူနာ မလေးကို စ သလို ၊ နောက်သလို နဲ့  စကားတခွန်း လွှတ်ခနဲပြောလိုက်မိတယ် ။ နောက်တခါဆို ဒီလို မမိုက်နဲ့  ၊ ကိုယ့်ဟာကိုယ် မလုပ်နဲ့ .။သူ့ ကိုလုပ် လို့ လေ ။ ဒီအချိန်မှာ ကိုယ့်ဘေးမှာရှိနေတဲ့  ဆရာမလေးက လက်ကုပ်ပြီး သတိပေးမှ ကိုယ့်စကားကိုယ်ပြန်လျှောချရတယ် ။ တော်တော်ကြာ ကိုယ့်စကား အတွက် နှုတ်ကြောင့်သေ ဖြစ်ပြီး ကိုယ်ပါ တရားခံ ဖြစ်နေမှာ စိုးလို့ လေ။
လူနာကို လိုအပ်တာတွေ လုပ်ပေးအပြီး အားနေတဲ့  အချိန် ၊ကိုယ်လဲအိပ်ချင်စိတ်လုံး ဝပျောက်သွား တော့ ကိုယ့် ရဲ့  အကျင့်ဆိုးအတိုင်း အတွေးနယ်ချဲ့ ဖြစ်သွားတယ် ။တခြားတော့မဟုတ်ပါဘူး ။ မိမိကိုယ် မိမိသတ်သေခြင်း ဆိုတဲ့  အကြောင်းလေးပါ ။
အကျိုးဆက် တွေကရော ။။ ဘယ်လိုရှိ မလဲ ။ ဗုဒ္ဓဘာသာ တရားသဘောနဲ့ ပြောရရင် အဖန် ၅၀၅ ကမ္ဘာတဲ့လေ ။ တကမ္ဘာ ဟာ ဘယ်လောက်ကြာသလဲ ဆိုတာတော့  ကိုယ်လဲ သေချာ မသိပါဘူး ။ အကြမ်းဖျင်းကတော့  ဘဝပေါင်းမြောက်မြားစွာ ဒီလို သတ်သေခြင်းတွေ ဆက်ခါ ဖြစ်နေအုံးမှာလို့ ပြောကြတာဘဲ ။ ဒီတော့ ကိုယ်လဲ မတွေးကောင်း တွေးကောင်း ပေါက်ကရ တွေးဖြစ်သေးတယ် ၊ ဒီတခေါက်က သူ့ အတွက် ၅၀၄ ကမ္ဘာ ဖြစ်ချင်ဖြစ်နေမှာ ပေါ့  လို့  ။ဒါပေမဲ့ ဖြစ်နိုင်ခြေ ရာနှုန်းက အတော်လေး နဲပါတယ် နော် ။ဒါမှမဟုတ် ပထမဦးဆုံး တကမ္ဘာ ဖြစ်နေရင်တော့ မလွယ်ဘူး၊နောက်ထပ် ၅၀၄ ခါ ဆက်သတ်သေ ပေအုံးပေါ့  ။ သက်သေပြစရာ အထောက်အထားမရှိတော့လဲ အငြင်းပွားမနေချင်တော့ပါဘူး ။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ လေ ။အဓိက ပြောလို တာ က တော့  ကိုယ့်ကို ကိုယ်သတ်သေခြင်း ဟာ မကောင်းဘုး၊ မလုပ်သင့်၊ မလုပ်ထိုက်ဘုး ဆိုတာပါ ။ သေဆုံးခြင်း ၄ မျိုး( သက်တမ်းကုန်ခြင်း ၊ ကံအစွမ်းကုန်ခြင်း၊ သက်တမ်းနှင့် ကံအစွမ်း ၂မျိုးစလုံး ကုန်ခြင်း ၊ ဥပစ္ဆေ ဒက- ကံက သတ်ခြင်း ) ထဲ မှာ မိမိကိုယ်မိမိသတ်သေခြင်းဟာ ဥပစ္ဆေဒက ကံထဲ ပါဝင်နေပါတယ် ။ အကာလ မရဏ တခုဖြစ်ပါတယ် ။
ကိုယ် တိုင်လဲ မကြာသေးခင် တချိန်က အရာအားလုံး အဆင်မပြေတာတွေ ဆက်တိုက်ကြုံ နေရတော့  စိတ်တွေ အတော်လေးညစ်ပြီး သေခြင်စိတ် ပေါက်ခဲ့ ဘူးတယ် ။ စိတ်ကျရောဂါ တမျိုးပေါ့လေ။ လက်ထဲမှာလဲ စိတ် ငြိမ်ဆေး တွေ ၊ အိပ်ဆေးတွေ အလွယ်တကူ အဆင်သင့် ရှိနေတော့  တရက်မှာ ဒီလမ်း ပေါ်လျှောက်မိတော့ မလို့  နဲနဲဘဲလိုတယ် ။ ဒါပေမဲ့ တစုံ တယောက်သူ ရဲ့ စကားတခွန်းကြောင့် အချိန်မှီ အသိတခုပေါ်လာလို့ ခုချိန်ထိ အသက်နဲ့  ကိုယ်မြဲနေသေးတာပါ ။ ဒါကို ဘယ်သူမှ သိမှာမဟုတ်ပါဘူး ။
အဲ့ဒီ စကားလေးတခွန်းကို ပြောခဲ့ တဲ့  သူကိုယ်တိုင်တောင် သိချင်မှ သိမှာပါ ။ဘာဘဲဖြစ်ဖြစ်ပေါ့လေ ။သူ့ ကိုကျေးဇူးတင်နေဆဲပါ ။
ကံ ၊ ကံ၏အကျိုး ။ အလုပ်ကောင်းမှ ကံကောင်းမယ် တဲ့ ။ ဒီတော့ ရှေးဘဝတွေက ကံမကောင်း အကြောင်းမလှခဲ့  တာတွေ ဒီဘဝမှာ အပြီးသတ်ပေးဆပ်နိုင်အောင် ၊ နောင်ဘဝတွေထိ ကြွေးမကျန်အောင်
ခု အသက်ရှင်နေတုံး လုပ်ကြရမှာ မဟုတ်လား ။ ရခဲလှတဲ့  ဒီလူ့ ဘဝကြီး ထဲ က အသေးအဖွဲ ပြသနာတွေ ၊ ဒုက္ခတွေကို ဘာဖြစ်လို့  လွယ်လွယ်နဲ့  အရှုံးပေးကြရမှာလဲ ။ လောကကြီးမှာ နေတတ် တွေးတတ်ရင် ပျော်စရာတွေ အများကြီးပါ ။ ကိုယ့်ပါတ်ဝန်းကျင် နဲ့  လိုက်လျောညီထွေ နေတတ်ဖို့  အရေးကြီးပါတယ်။
စိတ်မညစ်ပါနဲ့  လေ ။ လိပ်ဖြစ်တာ အခွံထူလို့ ပေါ့ ။ ပျော်ပျော်နေ သေခဲ ။ ဒီတော့ ပျော်ပျော်သာနေ ကိုယ့်လူရေ ... Don't Worry , Be Happy !

(ဒါပေမဲ့လေ ၊ ဒါပေမဲ့ပေါ့  အပျော်တော့ သိပ်မလွန်စေနဲ့ ပေါ့ ။ ကိုယ့်အပျော်ကြောင့် သူများထိခိုက်တာမျိုးလဲ မဖြစ်ပါစေနဲ့ ။ ကိုယ်ပျော်ဖို့  သူများ မျက်ရည်ကျရတာလဲ မကောင်းဘူးနော် ။)
ပျော်တတ်သူတယောက် အမြဲတမ်းပျော်ရွှင်နေနိုင်ပါစေ လို့  .......
လားရာဂတိ အတွက်
လားရာဂတိအတွက် ကောင်းသောနိမိတ်နှင့်မကောင်းသောနိမိတ်ထင်လာခြင်းသည်
မိမိပြုလုပ်ခဲ့သော ကံများနှင့် ထိုကံများ၏ အကျိုးပေးအလှည့် အစဉ်ပေါ်တွင် တည်ပါသည်။
ကံ( ကမ္မ ) သည် ကိုယ် ၊ နှုတ် ၊စိတ် သုံးမျိုးဖြင့် ပြုလုပ်ခဲ့သော( ယခုဘဝ နှင့် ရှေးရှေး ဘဝ
အဆက်ဆက်တို့ မှ) ကောင်းမှု မကောင်းမှု များဖြစ်ကြသည်။
ယေဘူယျအားဖြင့် ကောင်းသောကုသိုလ်ကံများရှိသူသည်
ကောင်းသော သုဂတိဘဝ ရောက်နိုင်သည်။
မကောင်းသော ကုသိုလ်ကံများရှိသူသည် မကောင်းသော ဒုဂ္ဂတိဘဝကိုရောက်ရန်ရှိသော်လည်း
(ပါကဒါန ) အကျိုးပေးအလှည့် အစဉ်အားဖြင့် ခွဲခြားရသော ကံ လေးပါးကြောင့်
အချို့လားရာဂတိများပြောင်းလဲကြရပေသည် ။
(၁) ကြီးလေးသော ဂရုကံ
(၃) အမြဲတစေပြုလုပ်သော အာစိဏ္ဏကံ
(၄) ပြုမိရုံမျှဖြစ်သောကံနှင့်ရှေးဘဝများမှကံ ၊ ကဋတ္တာကံ
အကျိုးပေးလှည့် အစဉ်
ကံ ၄မျိုးအနက် ကြီးလေးသော ဂရုကံ ပြုမိသောသူများသည်
နောင်ဘဝပဋိသန္ဓေ အကျိုးကို မုချပေးသည် ။
ဂရုကံ မရှိလျှင် သေခါနီးတွင်ပြုသော အာသန္နကံ က အကျိုးပေးသည် ။
အာသန္နကံ မရှိလျှင် အမြဲတစေပြုလုပ်သော အာစိဏ္ဏကံ က ပဋိသန္ဓေ အကျိုးကိုပေးသည် ။
ရှေးကံ ၃ ပါး မရှိမှသာ ကဋတ္တာကံက အကျိုးပေးသည် ။
နှစ်ရှည်လများပြုလုပ်အမြဲပြုလုပ်နေသော အာစိတ္တကံသည်
သဘာဝအားဖြင့် အားကောင်းသောကံဖြစ်သည် ။
အာသန္နကံသည် သဘာဝအားဖြင့် အာစိဏ္ဏကံလောက် အားမကောင်းပါ ၊ သို့ သော်
သေပြီးနောက်တဘဝအတွက် ပဋိသန္ဓေ အကျိုးပေးရာတွင် ၊
သေခါနီးပြုလုပ်သော အာသန္နကံသည်
ပဋိသန္ဓေနှင့် နီးကပ်သောကြောင့် ပဋိသန္ဓေအကျိုးပေးနိုင်ဖို့ ရန် ပို၍ အခွင့်သာသွားပါသည် ။
မျက်မှောက်ကာလတွင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ ဟောပြောချက်အရ အမရပူရမြို
့(တောင်မြို့ ) မှ ဒါယိကာမကြီးတဦးသည် တောင်သမန်ဘက်တွင် ကျောင်းတိုက်ကြီးဆောက်၍
လှုဒါန်း၏ ။ ထို့ အပြင်
အညာဒေသ ပူပြင်းသောကြောင့် ရေချမ်းစဉ်များစွာကိုလည်း လှုဒါန်းမှုပြု၍ ကျောင်းအမကြီး
ရေချမ်းအမကြီးဟူသော နာမည်နှင့် လူသိများ၏ ။ သူကွယ်လွန်ခါနှီးသောအခါ
သားသမီးများငိုကြလွန်းသောကြောင့် ထိုသူတို့ ကို စွဲလန်း၍(လောဘ ဖြင့်) သေဆုံးသွားသဖြင့်
တစ္ဆေ ဖြစ်ရ၏။
အဖေါ်တစ္ဆေများနှင့် အပျော်သွားနေကြ၍ သင်္ချိုင်းတွင် လှုဒါန်းမှုများကို မသိလိုက်ပါ
။ရက်လည်ဆွမ်းကျွေးသည့် အခါတွင်မှ တရားနာရ ၊ အမျှဝေသည်ကိုလည်းရသည် ဟု ၊
တရားဟောပြီးပြန်ကြွသော ဆရာတော်ဘုရားကို လိုက်၍ လျှောက်ထားပြီး
ကျွတ်လွတ်သွားပါသည် ။
ကွယ်လွန်ခါနီး တွင် ဆွေမျိုး သားသမီးများအနေဖြင့် မငိုမိရန် အထူးသတိထားသင့်သည် ။
သားသမီးကို စွဲလန်းသော လောဘတဏှာ အကုသိုလ် အာသန္နကံက တစ္ဆေ (ပြိတ္တာ)
ဘဝရောက်ရန် အကျိုးပေးသွားခြင်းဖြစ်သည်။
ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ) ၏ သေခြင်းကောင်းသောဘဝ ၊ လားရာကောင်းသော ဂတိ မှ
ကူးယူဖေါ်ပြခြင်းဖြစ်ပါသည် ။
ူလူတိုင်း အနေကောင်း အသေကောင်း၍ ဘဝကူးကောင်းကြပါစေရန် ။။
ကြာလှပြီဘဲလို့ ဆိုချင်လဲ ဆိုနိုင်ပါတယ် ။ အမေးရှိရင် အဖြေရှိရတယ်လေ ။
ဒီလိုပါ ၊။ ကိုယ့်အကြောင်းက စပြောမှ ဇာတ်ရည်လည်မှာမို့ ၊ ကိုယ့်ဘဝအကျဉ်းချုပ်လဲ
သူက အတော်လေး ပျော်တတ်ရွှင်တတ်တာ .. သင်္ကြန်အချိန်တိုင်း ရေ မကစားရ
သမားတော်ကြီး ကပြောတာ သူ့ ရဲ့  နောက်ဆုံး အချိန် တစ်လ ...အလွန်ဆုံး ၃ လ ပေါ့  တဲ့ ။
တချို့ ပြောတာ ကတော့  .. အသိပေးလို့ ရော ဘာထူးမှာမို့ လို့ လဲ..
ကိုယ်က ကျန်းမာရေးနဲ့ ပတ်သက် တဲ့ ။ ရောဂါ ဝေဒနာတွေနဲ့  ပတ်သက်တဲ့
ငါဘာရောဂါ ဖြစ်နေတာလဲ တဲ့  ..(သူနဲ့ ကိုယ်နဲ့ က အထက်အောက်တွေဆိုတော့ 
ငယ်ငယ်လေးကတည်းက နင် နဲ့  ငါနဲ့ ပြောတာ နှုတ်ကျိုးနေ တာ ပါ ..ကိုယ့်အမတယောက်ကို
ဒီတော့ ကိုယ် သူ့ ကို ဘယ်လို ပြန် အဖြေပေးရမလဲ လေ ..
.. အမရေ .. နင် အသည်းကင်ဆာ ဖြစ်နေတာ ..နောက် ထပ် ၁လ ၊အလွန်ဆုံး ၃ လဘဲ
ကိုယ့် ဦးဏှေက်ထဲ ဝေခွဲလို့ မရဘဲ မိနစ်များစွာ မလှုပ်မယှက် ကျောက်ရုပ် တခုလို ငြိမ်သက်သွားခဲ့ရတယ် .. ဒါကို သူလဲ ရိပ်မိသွားတယ် ထင်ပါရဲ့ ။့  ဘာဖြစ်လို့ ပြန်မဖြေတာလဲ တဲ့  ...
. အမရေ .. အဲဒီ အချိန်မှာ ငါအရမ်းငိုချလိုက်ချင်တာ ။ ဒါပေမဲ့  နင့် အရှေ့ မှာ ငါငိုလို့ 
မတင်မကျနဲ့  ၊ ရောချလိုက်ရပါတယ် .. အမ ရောဂါ က ဘာမှ မဟုတ်ပါဘူးဟယ် ။
ို့ကိုယ့်အသံမတုန်အောင် မနဲ ကြိုးစား ပြောရပါတယ် ..မုသားတဝက် နဲ့ ငရဲကြီး မယ်ဆိုရင်လဲ မတတ်နိုင်တော့ပါဘူး ။ အဲဒီတော့  ကိုယ့် အမလေ ၊ မယုံတဝက် ယုံ တဝက်နဲ့  ..
့သူ့ မှာ Hepatitis B(ဘီပိုး ပေါ့) ရှိတာ ကြာပါပြီ ..ဖြစ်ခါစတော့ သူ့ ဟာသူ အတော်ဂရုစိုက်
ကိုယ်လဲ အဲဒီ အချိန် တွေတုန်းက တနှစ်တခါ အိမ်ပြန်ရောက်တိုင်း သူ့ ကို အမြဲမေး ..
နောက်တခု က ။ အမ မေးခဲ့ တုန်းက အမရောဂါ နာမယ် အမှန်တိုင်းမပြောဘဲ ဝေ့လည်ကြောင်ပတ်နဲ့ ဖြေခဲ့  ရတာ ဟာလဲ .အမကို စိတ်မညစ်စေချင်တော့ လို့ ပါ ။ ဒီအတွက်ကြောင့်  အမ နောက်ဆုံးလုပ်စရာရှိတာလေးတွေ ၊ ပြင်ဆင်စရာလေးတွေ ၊ အမ ရဲ့  အဝေးရောက်နေတဲ့  သားအတွက် မှာစရာ ပြောစရာတွေ မပြောဖြစ် ၊မလုပ်ဖြစ် ၊ မမှာဖြစ် ခဲ့ လိုက်ရလို့ နောင်ဘဝထိ မဖြောင့်တန်းနေရရင် တော့ ငါ့ ကို တမလွန်ဘဝ ကနေပြီး နားလည်ပေးပါ အမရယ် ...
အမရဲ့  နောက်ဆုံးထွက်သက်လေးကို မမှီလိုက်ရတာ လဲစိတ်ထဲ မကောင်းဖြစ်နေရဆဲပါဘဲ အမရေ ။ အလုပ်တဖက်နဲ့  ခွင့်ရက်ရှည် တွေ ယူလို့ မရတာနဲ့  ရသလောက် အချိန်တို ခွင့်လေးတွေ အခါခါ ယူပြီး အဝေးမှ အခေါက်ခေါက်ပြန်ပြီး အမအနားမှာ အဖေါ်လုပ်ပေးခဲ့ ရတာ ..၂ လ အတွင်း ၃ကြိမ် မြောက့်  ငါ့ အပြန်ခရီးကို အမ ဘာလို့  မစောင့်ဘဲအလျှင်စလို ထွက်သွားခဲ့ ရတာလဲ အမရယ်။။ အဝေးပြန်ပြီး အလုပ်လုပ်နေရတဲ့ အချိန်တွေ မှာ တနေ့  ၂ကြိမ် အမဆီ ဖုံးဆက်ပြီး ရယ်စရာတွေ နဲ့  အမကို နှစ်သိမ့် နေခဲ့  တော့  အမကပြောတယ်လေ ..
သူ့ အခြေအနေ သူ အမှန်တကယ် မသိတာလား ။ သိရဲ့  သား နဲ့  ကိုယ်သူ့ ကို ညာလို့ တမင် ဒီလို ပြောခဲ့ တာလား အမ ရေ ... ဘာလို့  ကိုယ့်မှာ ဒီသံသယလေး တခု ခုထိ ရှိနေရသလဲ ဆိုတော့ .. ဒီလိုပါ ....
သူနေမကောင်းဖြစ်လို့ တက်နေတဲ့  ရန်ကုန်မြို့ တော်ကြီး က S ၂လုံး နဲ့  စီ နေတဲ့  ဆေးရုံတရုံမှာ အခြေအနေ မဟန်လို့  .ရလိုရငြား အိမ်နီးနားချင်း တနိုင်ငံမှာ သွားပြခဲ့တဲ့ ဆေးမှတ်တမ်းတွေ အားလုံး ၊သူမမြင်အောင် ဂျောင် တနေရာမှာ ဖွက်ပြီး ဒုတိယ အကြိမ် ကိုယ်အဝေး ပြန်ခဲ့ တာ ..သူဆုံးပြီးနောက်ပိုင်း တရက် မှာသူ့ ရဲ့  အိပ်ယာလေး သိမ်းပေးရင်းနဲ့ မမျှော်လင့်ဘဲ အဲဒီ ဆေးမှတ်တမ်းတွေ .ဓါတ်မှန်တွေ ကို သူ့ ရဲ့  မွေ့ ယာ နဲ့  ခေါင်းအုံး အောက်မှာ ရောက်နေတာ တွေ့ လိုက်ရတယ် .သူလဲ ခေတ်ပညာတတ် တယောက်ဘဲလေ ။ဒီ အင်္ဂလိပ်စာလုံးတွေ လောက်တော့  နားလည်မှာပါ ..Medical terms တွေ အကုန်ကိုတော့ ဘယ်နားလည်ပါ့ မလဲ ... HCC လို့ ရေးထားတာ မသိချင် မသိနိုင်ပေမဲ့ cancer ward ဆိုတာလောက်ကိုတော့ သူသိမယ်ထင်ပါတယ် ။
အမရေ . နင့် ကို အမှန် အတိုင်းရောဂါနံမယ် မပြောလိုက်တဲ့  အချိန်ကစပြီး ၊ငါ့ကို ရောဂါ နဲ့ ပတ်သက်ပြီးဘာတခွန်းမှ ထပ်မမေး ခဲ့ တာ .သေတဲ့  ထိပါ ..နင့်ကို ညာလိုက်လို့  သေတဲ့ အချိန်ထိ ငါ့ကို မယုံကြည် တော့ဘဲ .ငါ နင့်ဆီရောက်လာမဲ့  နာရီပိုင်းအချိန်လေးတောင် မစောင့်တော့ ဘဲ ထွက်သွားခဲ့ ရတာလား အမရယ် ..
ငါ နင့်အပေါ် ဒီတခါဘဲ ညာ မိတာပါ ..ဘာဘဲဖြစ်ဖြစ်ပေါ့လေ .တမလွန်ဘဝကနေပြီး ငါ့ ကိုနားလည်ပေးပါနော် ။။။
ဒီတော့  ကိုယ့်ရဲ့  တကယ့် အဖြစ်အပျက် နဲ့ ပတ်သက်ပြီး ယနေ့ ထိ ခံစားနေရတဲ့ 
ဒွိဟ လေးကို ပြောပြနိုင်ရင် ပြောပြပေးပါ လေ
လူတွေ ဟာ ကိုယ်မသေခင် မှာ ၊ ကိုယ်သေရတော့ မဲ့  အချိန် နဲ့  သေရခြင်း အကြောင်းရင်း ကို မိမိ ကိုယ်တိုင် သိပိုင်ခွင့်  ရှိရမှာ ပါသလား ။
သေခါနီးလူတယောက်ကို အမှန်အတိုင်း ပြောပြသင့်  ပါသလား ???
( ၂.၈.၂၀၀၇ ) မှာ ဘဝတပါးသို့  ထွက်ခွာ သွားခဲ့တဲ့  ချစ်အမ မကုကူ သို့  သတိရခြင်းများစွာဖြင့်