ဒီနေ့  နေ့ လည် အရေးပေါ်ရောက်လာတဲ့ လူနာတယောက် ၊ အသက် ၁၂ နှစ် အရွယ် မိန်းကလေး ။ ဘာဖြစ်လာတာလဲ လို့ မေးကြည့်တော့ မထုံတက်တေး အမူအယာနဲ့ မေးသမျှ တခွန်းမှ ပြန်မဖြေ ။တကယ်ဆို မဖြေလည်း သိလိုက်ပါတယ် ။ ဘာဖြစ်လာတာလဲ ဆိုတာ သေချာ မသိပေမဲ့  ဘာအတွက်ကြောင့် လာရတယ်ဆိုတာက သူ့  ဒါဏ်ရာ အနေအထားကြည့် တာနဲ့  သိသာတာပေါ့ ။ Suicide( မိမိကိုယ် မိမိ သတ်သေခြင်း ) မှာ တွေ့ နေကျ ၊ များသော အားဖြင့် လက်ကောက်ဝတ် ဒါမှ မဟုတ် လက်ဖျံ အောက်ပြင်ပိုင်းမှာ တိကနဲ ပြတ်ရှ ဒါဏ်ရာ တခု နှင့် အထက် ။ ဒါဏ်ရာ အတိမ် အနက် ကတော့ လှီးဖြတ်နေချိန်မှာ သူ အသုံးပြုတဲ့  အားပမာဏ အပေါ်တည် တယ်ပေါ့ ။
ဒေါသတကြီး စိတ်ရူးပေါက်ပေါက်နဲ့ ဆိုရင် အတွင်းက အရွတ် အကြော အသားတွေ ပြတ်တဲ့ အထိ နက်နိုင်တယ်ပေါ့ ။ ဒါမှမဟုတ် အပျော်သဘော လက်တဲ့ စမ်းတာမျိုး ၊ ဆို ဒါးနဲ့ ပါးပါးမွှန်းထားတဲ့ ဒါဏ်ရာ တိမ်တိမ်လေးတွေ ဗလပွ နဲ့ လေ ။ ခုဒါဏ်ရာ ကတော့ ဗလပွ ဒါဏ်ရာ တိမ်လေးတွေ ၁၀ ခုကျော် နဲ့  ချုပ်ဖို့ လိုအပ်တဲ့  ဒါဏ်ရာ နက် တခု ပေါ့ ။ ဒီတော့လည်း ဘာမှ ထွေထွေထူးထူး ဆက်မမေးတော့ဘဲ ထုံဆေးထိုး၊ ဒါဏ်ရာ သန့် စင်အောင် ဆေးကြော ပိုးသတ်ပြီး နေရာတကျ ဖြစ်အောင် ပြန်ချုပ်ပေးလိုက်ပါတယ် ။
မေးတုံး က တခွန်းမှ ပြန်မဖြေတဲ့ ဒီမိန်းကလေး ဒါဏ်ရာ အနီးတဝိုက် ထုံဆေးထိုးတဲ့ အချိန်မှ အသားကုန် အော် ငို တော့တာဘဲလေ ။ဪ ။ သူလည်း ကလေးသာသာ ဘဲ ရှိသေးတာကိုး ။နာတော့လည်း ငိုရှာပေမပေါ့ ။အဲဒီအချိန်ကျတော့မှ သူ့ ကို တခွန်းထပ်မေးဖြစ်တယ် ။ မင်း ဒီလို ဒါဏ်ရာတွေ ရအောင် အကြိမ်ပေါင်းများစွာ ကိုယ့်အသားကိုယ်ပြန်လှီးနေတဲ့ အချိန်မှာ နာရမှန်း မသိဘူးလား ၊ မကြောက်ဘူးလား လို့  ။
ဒီတော့လည်း တုံဏိဘာဝေ ဘဲပေါ့ ။သူ့ မေးတာ မဟုတ်တဲ့ အတိုင်းဘဲလေ ။ကိုယ်မေးတာ မဖြေတော့လည်း ဘာမှ ထပ်မမေးတော့ဘူး ။ သူ နားလည်ပါစေတော့ရယ်လို့ ၊ ပြီးတော့ ဒါဏ်ရာချုပ်ပေးနေတုံး သူစိတ်ပြောင်းအောင် ငြိမ်အောင် ၊ တတ်သမျှ မှတ်သမျှလေးပြောပြမိတယ် ။ နောင် ဒီလို မလုပ်ဖို့  ၊ ကျောင်းစာ သင်ရမဲ့ အရွယ် စာဘဲ ကောင်းကောင်းသင်ဖို့ ။ဒီလောက်ပါဘဲ ။ သူ့ ရဲ့ မိသားစု နဲ့ အပေါင်းအသင်း ပတ်ဝန်းကျင် အခြေအနေတွေ ကိုတော့ သေချာ မသိတဲ့ အတွက် ဘာလို့ ဒီလိုလုပ်ရတာလဲ ဆိုတာ ကိုယ်လည်း သေချာ မသိနိုင်ပါဘူး။
ဒီတော့လည်း တုံဏိဘာဝေ ဘဲပေါ့ ။သူ့ မေးတာ မဟုတ်တဲ့ အတိုင်းဘဲလေ ။ကိုယ်မေးတာ မဖြေတော့လည်း ဘာမှ ထပ်မမေးတော့ဘူး ။ သူ နားလည်ပါစေတော့ရယ်လို့ ၊ ပြီးတော့ ဒါဏ်ရာချုပ်ပေးနေတုံး သူစိတ်ပြောင်းအောင် ငြိမ်အောင် ၊ တတ်သမျှ မှတ်သမျှလေးပြောပြမိတယ် ။ နောင် ဒီလို မလုပ်ဖို့  ၊ ကျောင်းစာ သင်ရမဲ့ အရွယ် စာဘဲ ကောင်းကောင်းသင်ဖို့ ။ဒီလောက်ပါဘဲ ။ သူ့ ရဲ့ မိသားစု နဲ့ အပေါင်းအသင်း ပတ်ဝန်းကျင် အခြေအနေတွေ ကိုတော့ သေချာ မသိတဲ့ အတွက် ဘာလို့ ဒီလိုလုပ်ရတာလဲ ဆိုတာ ကိုယ်လည်း သေချာ မသိနိုင်ပါဘူး။
လိုတာတွေ လုပ်ပေးအပြီး သူ့ ကို ခေါ်လာတဲ့ အဖေ ကို ဒါဏ်ရာနဲ့ပတ်သက်တာ ၊ လိုတာတွေ ပြောပြအပြီး ဒီကလေးကို ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ ဖြစ်နိုင်ရင် ကလေးသူငယ်စိတ်ရောဂါဆိုင်ရာ အထူးကုတွေနဲ့ တိုင်ပင်သင့်ကြောင်း ပြောပြမိပါတယ် ။ ဒီကလေး ဘာလို့ ဒီလိုလုပ်ရတယ် ဆိုတာ သိလား လို့ မေးကြည့်တော့ မှ သူ့ ကိုသူ သတ်သေချင်တဲ့အကြောင်း ကို သိလိုက်ရတယ်လေ ။
ကျောင်း မှ ဆရာမ က လစဉ်မှတ်တမ်းပို့ တော့ ကလေးမလေးက ကျောင်းစာတွေ အမှတ် မကောင်း ။ စာထဲလဲ စိတ်ဝင်စားမှုနဲ ပြီး တခြားကလေးများနှင့်  ခိုက်ရန် ဖြစ်ပွားမှု မကြာခဏ ဖြစ်တတ်ခြင်းတို့ ကို မှတ်တမ်းထဲ မှာရေးသားထားတယ်ပေါ့ ။ ပြီးတော့ ဒီကလေးဟာ အိမ်မှာရှိနေတဲ့ အချိန် ဆို အချိန်ပြည့် အင်တာနက်မှာ သူငယ်ချင်းတွေနဲ့ ချက်တင်ထိုင် လွန်းလို့  အဖေဖြစ်သူက ဆူတယ်ပေါ့ ။ ပြီးတော့ အင်တာနက်လိုင်းကို ဖြုတ်ပစ်လိုက်တာ တ ရက် မရှိသေးဘူး တဲ့ ။ ဪ .. ဖြစ်ရတယ် နော် ။ဒီလို ဘာမှ မဟုတ်တဲ့  ကိစ္စလေး ကို အကြောင်းပြုပြီး ကိုယ့်အသက် ကိုယ် မနှမြော တတ်တဲ့  ခေတ်ကာလ သားသမီးမျိုး ၊ ဒီမှာ အတော်လေး များနေပါပြီ ။
ဟိုး လွန်ခဲ့ တဲ့  တနှစ်လောက်တုံးကလည်း အလားတူ ပါဘဲ အဲဒါက အလည်တန်းကျောင်းသားလေးတယောက် ။ တချိန်လုံး အွန်လိုင်းတက် ၊ ဂိမ်းတွေဆော့။ စာကောင်းကောင်းမလုပ်လို့ မိဘက အင်တာနက် လိုင်းဖြုတ်ပစ်တာကို စိတ်ဆိုးပြီး ၇ ထပ်တိုက်ပေါ်က ခုန်ချ တော့ တကယ်ဘဲ သေဆုံးသွားခဲ့ ရတယ် ။
ဒီမိန်းကလေး ခုမှ ၁၂ နှစ် အရွယ် ၊ ကိုယ်တို့ ဒီအချိန်တုံး က လောကကြီးမှာ ဘာအပူအပင်မှ မရှိ ။ကျောင်းတက်မယ် ။ဆော့ ကစားမယ် ။လည်မယ် ။ စားမယ် ၊ အိပ်မယ် ။ ဒါတွေ ကလွဲရင် ကျန်တာ ကိုယ်တို့ နဲ့ ဘာမှ မဆိုင် ။ ကလေးဘဝ ကို ကလေးဆန်ဆန်ဘဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ ကြရတယ် ။ များသော အားဖြင့် အိမ်ထောင်စု တခုမှာ အိမ်ထောင်ဦးစီး အဖေ လုပ်သူက အလုပ်တခု လုပ်ပြီး မိသားတစုလုံးကို ဖူလုံအောင် ကျွေးမွေးနိုင်ခဲ့တယ် ။
လူရယ်လို့  မွေးဖွားလာပြီးရင် ဆက်လက်ရှင်သန်ဖို့ ရာ မိဘဆွေမျိုး ပတ်ဝန်းကျင် အပေါင်းအသင်းလူ့ အသိုင်း အဝိုင်းက အလွန် အရေးကြီးပါတယ် ။ အမိဝမ်းမှ ကျွတ်ပြီး လူ့ လောကကြီးထဲ ရောက်လာတဲ့ လူမမည် ကလေးငယ်တယောက် ကျွေးမွေးသုတ်သင်ပေးမဲ့ သူ မရှိဘဲ ဒီအတိုင်း စွန့် ပစ်ထား ခြင်းခံလိုက်ရရင် ဒီအသက်တချောင်းဟာ ဘယ်လောက်ကြာရှည်ရပ်တည်နိုင်မလဲ ။မိဘကျေးဇူး ဘယ်လောက်ကြီးမားတယ် ဆိုတာ ကျေးဇူးသိတတ်နားလည်တတ်သူ စဉ်းစားတတ်သူ လူတိုင်း သိနားလည်ပြီး ဖြစ်ကြတာမို့  ဤ နေရာမှာ အရှည် ထပ်မညွှန်းလိုတော့ပါ ။
အဲဒီလို ကြီးမားတဲ့ ကျေးဇူး တွေကို အတတ်နိုင်ဆုံး ပြန်လည်ဆပ်ကြဖို့ ဆိုတာကိုလည်း အားလုံး လိုလို ဘာပေါက်ကြပြီးသားပါဘဲလေ ။ ငွေကြေးဥစ္စာ ပြန်လည်ထောက်ပံ့ မှသာကျေးဇူးဆပ်ရာ မည်တယ်လို့  မဆိုလိုပါဘူး ။မိဘပြောစကားကို နားထောင်တယ် နေထိုင်တယ် ။ မိဘ ကို စိတ်ချမ်းသာအောင် ထားပေး၊ ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ် ၊ ပြန်လည်ပြုစုပေး တာတွေဟာလည်း ကျေးဇူး ဆပ်ခြင်းတမျိုး မည်ပါတယ် ။
ဒီနေ့ ခေတ်အခါကြီးမှာ ရုပ်ပစ္စည်းတွေ တိုးတက်ထွန်းကားနေတဲ့  သိပ္ပွံနည်းပညာခေတ်ကြီးမှာ ဒီရုပ်ဝထ္ထုတွေနောက် လိုက်ရင်းနဲ့ ဘဲ ။စားဝတ်နေရေး အတွက် ။ဒါမှ မဟုတ် ဘဝရှေ့ ရေးအတွက် ရုန်းကန်ရင်းနဲ့ဘဲ ကောင်းသော အရာတွေ ရရှိခဲ့  သလို ၊ တချိန် တည်းမှာ ပေးဆပ်ဆုံးရှုံး လိုက်ရတာတွေလည်း မရေမတွက်နိုင်ပါဘူး ။
ဥပမာ ၊ မိသားစု တခုထဲမှ မိဘနှင့် သားသမီး တွေရဲ့ ဆက်ဆံရေး ၊ မိဘတွေက စီးပွားရေး အတွက် တချိန်လုံး အပြင်မှာ အချိန်ကုန်နေရတော့ အိမ်မှာရှိတဲ့  သားသမီးနဲ့ နွေးထွေးပျော်ရွှင်စွာ ဆက်ဆံရမဲ့ အချိန်လေးတွေ ဆုံးရှုံးလိုက်ရတယ် ။ သားသမီးတွေကလည်း မိဘရဲ့ နွေးထွေးပြုစု မှုနဲ့ တဖြေးဖြေး ဝေးကွာ လာရတော့ ဒီကြားထဲ က သံယောဇဉ် ဆိုတဲ့ 
ုမြတ်နိုး တွယ်တာစိတ် တွေလည်း လျော့နည်းလာကြရတယ် ။ဒီလို မိသားစုပုံစံနဲ့ နေရတဲ့  သားသမီးတွေဟာ ကျောင်းမှ ၊ ဒါမှမဟုတ် ပတ်ဝန်းကျင်မှ စိတ်တူသူသူငယ်ချင်း များနဲ့  အဖေါ်ပြုလာကြတယ် ။ အပေါင်းအသင်း တွေရဲ့  အပြုအမူ အတွေးအခေါ်တွေ ကို မှားတယ် မှန်တယ် မဆုံးဖြတ်တော့ဘဲ အတုယူ လုပ်ဆောင်ကြတယ်ပေါ့ ။ အတုမြင် အတတ်သင် ။ အစ ကတော့ အပျော်သဘော ဆေးလိပ်ခိုးသောက် နောက်တော့စွဲသွားရော ၊ တချို့ ဆို တဆင့်တက်လက်တဲ့ စမ်းရင်း ဘိန်းရှု ဆေးစွဲ ကြတာတွေလည်း မနည်းလှပါဘူး ။
အရင်း စစ်လိုက်တော့ .....
အိမ်ထောင်စုတခုရဲ့  စီးပွားရေး ၊မိဘ အုပ်ထိမ်းသူ တို့ ရဲ့  ပြုပြင် ထိမ်းသိမ်းမှု ။ ပညာပို့ ချမှု ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေ အားလုံး အရေးကြီးကြတာချည်းပါဘဲ ။
မိဘ ကလည်း သူ့ ဖက်က အချိန်တန် ပိုက်ဆံပေး ။ ကျောင်းထားပေးရုံနဲ့  တာဝန်ကျေ ပြီလို့  မဆိုနိုင်ပါဘူး ။
ထို့ အတူ သားသမီးကလည်း အချိန်တန် ကျောင်းတက်၊ စာကျက် ၊ အတန်းတွေ မှန်မှန်အောင်ရုံနဲ့တင် သူ့ တာဝန်ကျေပြီလို့  မမှတ်ယူ သင့်ပါဘူး ။ ရခဲ လှတဲ့  အသက်တချောင်းကို အဓိပ္ပါယ်မဲ့ စွာ ။ လွယ်ကူစွာနဲ့  စွန့် ပစ်တဲ့ မိုက်ရူးရဲ အပြု အမူတွေ မလုပ်သင့်ပါဘူး ။
ဒီအဖြစ်နဲ့  ဆန့် ကျင်တဲ့  အကြောင်းအရာ တခု ကိုလည်း တမြန်နေ့ က သတင်းစာ တခုထဲ မှာ ဖတ်လိုက်ရတယ် ။ အမည် နဲ့ အရပ်ဒေသ ကိုတော့ သေချာ မမှတ်မိတော့ပါဘူး ။ အမေရိကန် နိုင်ငံမှ ၁၀ နှစ် သမီးလေး ဟာ အရွယ်ငယ်ငယ်လေးနဲ့  ရင်သားကင်ဆာ ဝေဒနာ ကို ခံစားနေရတာ ။ သူကတော့ ဘဝ ကို လွယ်လွယ်နဲ့ အရှုံးမပေးဘဲ လိုအပ်တဲ့ ခွဲစိတ်မှု နဲ့ ကင်ဆာနဲ့ ပတ်သက်တဲ့ ဆေးကုသ မှုကို ရဲဝံ့စွာ ခံယူ ခဲ့ လို့  အသက်ဘေးမှ ချမ်းသာ ရာ ရ သွားတဲ့ အကြောင်းလေးပါ ။
လူအမျိုးမျိုး စိတ်အထွေထွေ ။ဘယ်သူမပြု မိမိမှု ။ ကိုယ်လိုချင်တာ ကိုယ်လုပ်ယူမှ ရမှာလေ ။
ဒါပေမဲ့  ကိုယ်မနေချင်လို့ သေချင်ပါတယ်ဆိုတိုင်းလည်း သေလို့ ရတာမဟုတ် ။သေနေ့ စေ့မှ သေရတာပေါ့ ။
သေကံ မရောက် သက်မပျောက် ..တာတွေလည်းရှိတတ်ပါတယ် ။ ပင်လယ်ထဲ သဘောင်္ပျက်ပြီး မြောနေတာ ရက်ပေါင်း ၃၀ နီးပါ။ နောက်ဆုံး အစာရေစာပြတ်ပြီး သတိလစ်နေတာ ။သေကံမရောက်သေးတော့လဲ အချိန်မှီလေးတင် ကယ်တင်ရှင်နဲ့ တွေ့ လို့  အသက်ချမ်းသာရာရလိုက်တာမျိုးပေါ့ ။
ဘယ်လိုဘဲ ဖြစ်နေ ဖြစ်နေပါစေ ။ ခဲရာခဲဆစ်ရရှိလာကြရတဲ့  အသက်တချောင်း ကို လွယ်ကူစွာ မစွန့် လွှတ်သင့်ပါဘူး ။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကတော့ အဖန် ငါးရာ့ငါးကမ္ဘာ ဆိုတဲ့  အထိန်းအချုပ် လေးတွေရှိကြတော့ သတိလက်လွတ် မှုမျိုး သိပ်ရှိလှမယ် မဟုတ်ပါဘူး ။ ဘာသာတရား မရှိတဲ့ သူမျိုးတွေအတွက်ကတော့ သူ့ ထိုက် သူ့ ကံ ၊ သူ့  ဘဝ သူ့ အကျိုးပေးတွေ ပါဘဲ လို့ ပြောရတော့မယ်ထင်ပါတယ်။
ဒီတော့ လူတိုင်း လူတိုင်း ရခဲလှတဲ့ လူ့ ဘဝကြီးထဲ အရှုံးမပေးဘဲ ရှင်သန် နေနိုင်ကြပါစေလို့ ။
►Posted by
:kiki
:
at
6/12/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
11 comments:
ကိရေ.... အိုင်အမ်ဖတ်စ်... ဟဲဟဲ
ကိုယ်တွေ့လေးက ဗဟုသုတရတယ်....
နာ့တမီးလေး အလှည့်ကျရင် အဲလို မဖစ်အောင် ဂရုစိုက်ရမယ်...
ကျေးဇူး....
ဘယ်လိုပြောရမလဲကိကိရယ်
မိဘနဲ့ လည်း အများကြီးဆိုင်တယ်လေ။
ကလေးက အင်တာနက် တချိန်လုံးသုံးနေတာ မိဘက စည်းကမ်း မလုပ်ထားလို့ လေ။
ကလေးဆိုတာ ဘာမှ သိတာမှ မဟုတ်တာ။ မိဘ က စနစ်ကျအောင် မလုပ်တတ်ရင် သွားေ၇ာပဲလေ။
ဒီမှာလည်း ပြသနာရှိတယ်။ စည်းကမ်းမရှိတဲ့ မိဘနဲ့ ဆိုဖြစ်တာပဲ။ မိဘ စာတတ်တာတို့ မတတ်တာတို့ နဲ့ တောင် သိတ်မဆိုင်ဘူး။
ဒီနိုင်ငံကိုရောက်လာတဲ့ နိုင်ငံခြားသားကလေးက ပိုဆိုးတယ်။
ရုပ်ဝတ္တုတွေကို ကြိုက် မိဘကလည်း စကားမတတ် သားသမီးကလည်း မိဘပြောတဲ့ စကားမပြော ပြီးရောပဲ။
ကလေးပြုစုနည်း စာအုပ် ဖတ်နေတယ်။ ကြောက်လို့ ။
မအယ်
မကြီး..သိပ်ကောင်းတဲ့ပိုစ့်လေးပါ။ ငုံလေးကိုလဲ လာဆူလှဲ့။:))
အဲလိုအခြေအနေမျိုးဖြစ်ရင် မြေးလေး လူထွေးနဲ့ အရင်တိုင်ပင်ပါ ဖွားကိရယ်...
နာရေးကူညီမှု အသင်းနဲ့ ဆက်သွယ်ပေးမယ်လေ...
ဆာရည်ဖျော်ပြီး drip ချိတ်လိုက်ရင်လဲ လိုရာခရီးကို အရောက်ပို့နိုင်ပါတယ်...
သွေးရဲရဲ သံရဲရဲ ကြည့်ရဲဘူးရယ်လေ...
ခင်တဲ့
းဝ)
တော်ပြီတော်ပြီ MZT ကို online game ကစားတာ မတားတော့ဘူး တော်ကြာတစ်ခုခု လုပ်သွားမှဖြင့် ဒုက္ခ ဟိုတစ်ခါသူက အွန်လိုင်းမတက်ရပြောတုန်းကတော့ အနော့်မှာ ငိုလိုက်ရတာ မျက်ရည်နဲ့ မျက်ခွက် ဟင့်
ဟိဟိ နှစ်ယောက်လုံးက အွန်လိုင်းဆို ဒီကြိုက်တာ ဟိဟိ နှစ်ယောက်လုံးက ၁၀ကျော်သက်တွေတော့ ဟုတ်ဘူး နှစ်ဆယ်ကျော်သက် သုံးဆယ်နားကပ် အဟီးး
ခေတ်ကလေးတွေကိုက ဆိုးကိုဆိုးပါတယ်
ဖိုးစိန်လေးလို မလိမ် မာ ကြာဘူး
အတုမယူကြဖူး..
အတုယူသင့်တယ်..
ဖိုးစိန်လေးကို အတု ယူသင့်တယ်...
ပြောပြလိုက်မကြီးကီး
ကြေငြာလိုက်ပါ...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ခေတ်က ပြောင်းလဲနေပြီကော အမှန်က သားသမီးတွေရဲ့ အပြစ်ထက် မိဘတွေက သားသမီးတွေကို နားဝင်အောင် ပြောပြတတ်ဖို့က ပိုအရေးကြီးမယ်လို့ မြင်မိပါတယ်။
လေးစားလျက်
တောင်ပေါ်သား
အားလုံကတော့ အုပ်ထိန်းသူမိဘရော သားသမီးရော နှစ်ဦးနှစ်ဖက် သက်ဆိုင်တာပဲနော်။ သားသမီးကလည်း သိတတ်နားလည်ရသလို မိဘတွေကလည်း ဆုံးမသွန်သင်ရာမှာ မှန်ကန်ဖို့လိုအပ်ပါတယ်။
ကျွန်တော့်ကို အင်တာနက်လိုင်းဖြုတ်ရင် ဆိုင်မှာ သွားတက်မှာပဲ...။
ဒီနိင်ငံက ကလေးတွေ စဉ်းစားပုံတွေ အစွန်းရောက်နေပြီ
စိုးရိမ်စရာပါပဲ....
မဆုမွန် ဆို အင်တာနက် တစ်မနက် မသုံးရတာနဲ့ ချက်ခြင်း တစ်ခါတည်း ဘာလုပ်တယ်ထင်လဲ...
တစ်ခါတည်း.....
ဆိုင်သွားလိုက်တာပေါ့လို့..ဟီး
ကလေးကလဲ ၁၂နှစ်နဲ့ ကြည့်ဦး စိတ်ကြီးလိုက်တာ
ခုန်ချတဲ့ကလေးကတော့ တကယ့်ကို သနားစရာ
Post a Comment