ရူးသလို ပေါသလိုနဲ့  ဦးယက်တောရေ ။
ရှင်ကြီးရူးတာ အကြောင်းမဟုတ် .၊
ကျုပ်တို့  အပေါင်း အဆွေ ။
မဟုတ်တရုတ်တွေက အစ
အကောင်းကို မနေရ ၊
အဟောင်းတွေဆွကာပြ ၊
မနှစ်ကလဲ တခေါက် ရောက်သေးဆိုဘဲ ၊
ကို အမူပို မှာ ဆီးချို ရှိတယ်ပြော..
အမောလဲ မခံနိုင်ပါ ဘဲ နဲ့ ။
ရေကန်ထဲ လက်ပစ်ကုးလို့ ။
ဘယ်လို အိမ်ထဲ ရောက်သွားခဲ့ တာလဲလို့  တွေးမရ ။
ဘေးကလူတွေ ယုံချင်ဘူး ဟ ၊
ကြည့်လုပ်ကြအုံး ။ ။
ယုံချင်ယုံ မယုံချင်နေ ။မပြောမရှိ ပါစေချင်။
http://www.youtube.com/watch?v=z9FucgjDdVY&feature=player_embedded
►Posted by
:kiki
:
at
6/05/2009 02:58:00 AM
Subscribe to:
Post Comments (Atom)
6 comments:
စစ်သား ၂သန်းဝိုင်းနေတဲ့ အိမ်ကို ရေကူးဝင်လို့ ရရင်
ရေကူးစရာ မလိုတဲ့ နေပြည်တော်က အိမ်ဆို ပိုပြီးဝင်လို့ လွယ်မယ်။
အစိုးရက ပြည်သူတွေကို စေတနာနဲ့ hints ပေးနေတာ။ သဘောပေါက်။
မအယ်
ဖားကိ...
ယက်ကန်ယက်ကန်နဲ့ ယက်တောကြီး အကြောင်းကိုတွေးပြီး
တုံတုံချိချိနဲ့ ဖွားကိကို မျက်စိထဲမြင်ကြည့်မိပါတယ်...
အတွဲညီတယ်နော်
မခင်ရဲတဲ့...
ရဲဘော် လူထွေး
(မြန်မာပြည်ကို ကယ်တင်သူတစ်ဦး)
မကီ... လုပ်အားပေးတယ်...
အဟဲ လက်မှီရင် လက်သီးနဲ့ထိုး
ခြေထောက် မှီရင်ခြေထောက်နဲ့ကန်
ပါးစပ် မှီရင် ပါးစပ်နဲ့ကိုက်
နောက်ဆုံး ပါးစပ်ဖွင့်လို့ရရင် ပါးစပ်နဲ့အော်ပြော
ထည့်ပလိုက်... အဟဲ.. ဘယ်သူပြောခဲ့လဲမသိဖူး.. မေ့တွားဖီ...။
ခီခန့်(လူပျင်းလေး)
သူတို့ဥာဏ်နဲ့ကိုလိုက်မမှီတော့ပါဘူး
ညီမကတော့ ရီချင်တာပဲသိတယ် ..
ဟာသတွေပဲ
လူပျက်တွေပျက်တာတောင် သူတို့လောက်မရီရဘူး ..
မကိရေ အမူပိုတဲ့ ကိုယက်တောကို ဘယ်လိုစီရင်မယ်ဆိုတာ ကြည့်ရမယ်..ဂျူနိုပြောတာ ထောက်ခံတယ် နေပြည်တော်ကို ၀င်နိုင်တဲ့ လမ်းကြောင်းကို ပြပေးနေတာ
Post a Comment