ဒီမနက် လဲ မိုးရွာ နေတာ မပြီးနိုင် ။ မိုးတိတ်အောင်စောင့် နေရင်းနဲ့ ညနေစောင်းရော ။ တောင်မတက်ရတာကြာလို့ အိမ်နားမှာရှိတဲ့  တောင်ကို သွားဖြစ်တယ် ။ခါတိုင်းဆို မနက်စောစော ထ၊ တောင်ပေါ်တက် ။ ပြီးရင် ဗမာတန်းဝင်ပြီး မနက်စာ စားပေါ့။
ဒီနေ့ တော့ ညနေစောင်းမှ တက်ရတာ ။ တခုတော့ကောင်းတယ် ။ မိုးအုံ့ နေတော့ နေပူ မထိုးတော့ အရေပြားကင်ဆာ ဖြစ်ဖို့  နဲနဲ သက်သာ သွားတာပေါ့လေ။ ဒီနေရာလေးမှာ စီးတော် ယာဉ်လေးရပ် ။တောင်ခြေပေါ့နော် ။
ကြောင်ဆိုရင် မကြိုက်ပါဘူးဆို မှ ဒီကြောင်တကောင်ကလာနှောက်ယှက်နေသေးတယ်
မိုးရွာထားလို့  လှေခါးထစ်တွေ ချော စိစိ နဲ့ .. သိပ်မဟန်ပါဘူး
ဒါကြောင့် ကားလမ်းမ ဘေးကနေဘဲ တက်ဖြစ်တယ်။
ဒီလိုတက်ရတာ ပိုကောင်းပါတယ် ။ လမ်းရှည် ပေမဲ့
ပိုပြေတယ်
လမ်းမှာတွေ့ တဲ့ အကောင်လေးတွေ ဘဲငန်းလေးတွေ
အော်အောင်စ လို့ ရတယ် ။
ဒီနေ့ တော့ စိတ်ထဲ အတော်လေး ထွေနေတာနဲ့ သူတို့ ကို ပါ စိတ်တိုအောင်လုပ်လိုက်မိတယ်။
သခင်က တိုင်မှာချည်ခဲ့ ပြီး
ဘယ်လျှောက်သွားနေမှန်းမသိ။
သခင်ပြန်လာမှ သူလည်း ချည်တိုင်က လွတ်ရမှာ ။
ခွေးဆို တာ သစ္စာ ရှိကြတယ် ။
ပေးထားတဲ့  တာဝန်အရ သူလည်း နေရ ရှာတာဘဲ။
ဒါကတော့ တောင်အလယ်တဝက်လောက်မှာရှိတဲ့  ဘုရားကျောင်းတခု။
ကျယ်ပါတယ်
ဘုရား ဆိုပေမဲ့  ဗုဒ္ဒ ဆင်းတု တဆူဘဲ တွေ့ တာ။
ကျန်တာတွေ ကတော့ နတ်တွေ ၊ မယ်တော်တွေ များပါတယ်
တမျိုးတော့ တမျိုးဘဲ ။ဆင်းတု တော်က အတော်လေးကြီးပါတယ်
ဒီကျောင်းကြီးရဲ့ ဘေးမှာရှိတဲ့ လမ်းလျှောက်တန်းလေးက ဒီလို အနှိပ်ခံလို့ရတယ် တဲ့
ခြေထောက်ရဲ့ ဘယ်နေရာ ကို နှိပ်ရင် ဘာရောဂါ အတွက် ကောင်းတယ်ပေါ့လေ။
ဒါပေမဲ့  အဲဒီ ကျောက်စရစ် တုံးတွေ ပေါ် ဖိနပ် မပါဘဲ လျှောက်ရတာ ။
ကျင့် သား မရသေးတဲ့ သူ တွေ အတွက်တော့ အတော်လေး နာပါတယ်
ခြေဖဝါးတော် နုနုတွေ အတွက်တော့ အော်နေရမှာ သေချာတယ် .
ကိုယ်လည်း အားကျမခံ စမ်းလျှောက် ကြည့်တာ .. ၁လှမ်း ..နဲနဲလေးနာတယ်
၂လှမ်း ပိုနာတယ် ။ ၃ လှမ်း များများ နာလို့  တော်ပါပြီ ။
ကိုယ့် အသား ကိုယ် အနာမခံ တော့ဘူး လို့  ဆုံးဖြတ်လိုက်တယ် ။
တွေ့ လား ။။ အဲဒီ လူကြီးကတော့ လျှောက်နေလိုက်တာ ။ သူ့ ခြေထောက် မဟုတ်တဲ့  အတိုင်းဘဲ ။
လမ်းဘေး မှာ ဘာကောင်တွေလည်းတော့ မသိပါဘူး ။
ပေါက်ကရ ငှက် လိုလို ။ ဂဠုန် လိုလို ၊ ကလေးတွေ ကတော့ ကြိုက်မယ်ထင်တယ်
ကားရပ်ဖို့  ၊ ဆိုင်ကယ်ရပ်ဖို့  နေရာလွတ်တွေ အများကြီး ကျန်နေတယ်။
အန်လော်တေမှ ကုန်းကုန်းကြီး ခမျာ မတော့ နေပူ မိုးရွာ လဲ ဒီအတိုင်းဘဲ ရပ်နေရရှာတာ ။
ဒါကတော့ ကျုံး ဟိုမြို့ လေး တပိုင်းတစ မြင်နေရတယ်ပေါ့
မိုးတွေ အတော်လေးအုံ့  နေလို့  ထိုင်ပေမြို့  ကိုတော့ မမြင်ရဘုး
မြန်မြန်တက်တော့ မြန်မြန် အမောဆို့ တာတော့ သေချာတယ်
မိုးတွေအုံ့ ပြီး ချမ်းနေတာ တောင် ချွေးတွေ အတော်ရွှဲ နေကြ ပြီ ။
အင်း .အခု တောင်အပေါ်ဆုံးက ဘုရားကျောင်းရောက်ပြီ ။
ဒီနေ့  ဒီအချိန်မျိုးမှာ ဘုရားဖူး တောင်တက်သူတွေ နဲ မယ်ထင်ထားတာ
သိပ်တော့ မနဲ လှပါဘုး
ဘုရားနဲနဲ ရှစ်ခိုးပြီး ဆုတွေ များများ တောင်းနေကြတာ ။။
ဒီနေရာလေးကတော့ ဘုရားကျောင်းနောက်ဖက်ကနေ
အပေါ်ဆက်တက် ရင် သိပ်မဝေးပါဘူး ။ ဒါပေမဲ့ အမြဲ လူရှင်းနေတတ်တယ်။ဒါကြောင့် ကိုယ်တောင်ပေါ်တက်တိုင်း သွားထိုင်နေကျ နေရာလေး။
အလွမ်းသီချင်းလေး နားထောင်ရင်း ရှုခင်းလေးတွေ အပေါ်စီးက ကြည့်ရတာ မွေးရပ်ဌာနေ ကို လွမ်းလို့ကောင်းတယ်
ဘေးမှာဘယ်သူမှ မရှိ စိတ်ထဲ ရှိတာတွေ အကျယ်ကြီးအော်ပြီး ပြောချင်တာပြော လို့ ရတယ်
ပြီးတော့ တယောက်သောသူ ကို သတိရတိုင်း လွမ်းတိုင်း ဒီနေရာလေးမှာ ထိုင်နေကျ ။
ကပ်သီး ကပ်သပ် လက်တန်းပေါ်တက်ထိုင်ရတာ ။ အိပ်တော့ မငိုက်ရဲ ပါဘူး။ အောက်ပြုတ်ကျရင် မြင်ချင် တွေ့ ချင်တဲ့ အရာတွေ ၊ မတွေ့ ရတော့မှာ စိုးလို့  အသက်ကလေးကိုတော့ ရှည်အောင် နေရအုံးမယ်လေ
စိတ်ဖြေရာ နေရာလေးတခုပါ ။
►Posted by
:kiki
:
at
6/14/2009 09:09:00 PM
Subscribe to:
Post Comments (Atom)
11 comments:
ဘယ်သူ့ ကို သတိရနေတာလဲ။
လှတယ်။ ဆိုက်ကယ်နဲ့ မမကို။
မအယ်က ဆိုက်ကယ် သိတ်ကြောက်။
ကျေးဇူးတင်ပါတယ်ဗျာ မရောက်ဖူးပေမယ့် မြင်ဖူးတယ်ရှိအောင် ကြည့်ရှုမှတ်သားသွားပါတယ် အစ်မရေ
ဖတ်မှတ်မန့်လစ် ပြီဗျို့... မကီ...
အဟီး..
စတာ... ကြည့်တွားတယ်... အားကျသွားတယ်...
အဟီး..။
ရှုခင်းလေးတွေ လှတယ်ဗျာ။
အလည်လိုက်ဖို့ အထုတ်ပြင်ထားပြီးပြီး..
အဝတ်အစားဘယ်နှစုံဆိုလောက်မလဲ
ပြောအုံးနော်
အဝတ်အစားတွေကို ကွန်တိန်နာနဲ့ပို့လိုက်မယ်အရင်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဘယ်နေရာမှာလဲဟင် ရူ့ခင်းတွေမြင်တော့ သွားချင်လိုက်တာနော် ခြေဖ၀ါးတွေတောင် ယားလာတယ်
လှလိုက်တာ။ လာလည်မယ်။ လိုက်ပို့။
သူများကို ကြွားပြီ လာချင်အောင်။ ဟွန်း !!!!
မန္တလေးတောင်ပေါ်ကနေ မင်းကွန်းကို မျှော်ကြည့်ရသလိုနေမှာပေါ့...
လာလည်ရင်လိုက်ပို့မှာလား.............
းဝ)
သွားမယ်သွားမယ်နဲ့မသွားဖြစ်ဘူး သူကတယောက်ထဲ လန်းနေတာပေါ့...ဆိုင်ကယ်နံပါတ် မြင်ရရင်ကောင်းမယ်
ဒါမှရှာလို့လွယ်မှာ...
အခုထိ အပေါ်ဆုံးမရောက်ဖူးသေးဘူး...
တယောက်သောသူကို လွမ်းရတာလဲ အမြင့်ကြီးတက်ရ တော့ သိပ်မကိုက်ဘူး...
သွားချင်စရာလေးနော် ..း)
လာရင်လိုက်ပို့မှာလားး))
Post a Comment