အမိ မြန်မာပြည် မှာ အခုဆို မိုးတွင်း အခါ သမယ ဆိုတော့ မိုးကြီး မကြာခဏ ရွာချ ..တခါတလေ လဲ နေ့ စဉ်ရက်ဆက် နဲ့  အုံ့ ဆိုင်း ညိုမှိုင်း နေရော့မယ် ။ ဒီနိုင်ငံမှာတော့ မိုးတွင်းဆို တာ သပ်သပ် မှတ်မှတ် မရှိပါဘူး ။ ရွာချင်တဲ့ အချိန် ရွာချ တတ်တာ မျိုးပါ ။ ခုတလောတော့ နေ့ စဉ်ရက်ဆက် မိုးတွေ ရွာ ။ အထူးသဖြင့် တော့ မွန်းလွဲ ပြီးချိန် ဆို သဲသဲ မဲမဲ ရွာ နေ ပါတယ် ။ လျှပ်စီးလက်လိုက် မိုးကြိုးပစ်လိုက်နဲ့ ဆိုတော့ ...ကိုယ်တို့ ငယ်ငယ်က အဖွားပြောတဲ့ အဆိုအရ ဆို သကြားမင်းကြီး စိတ်ဆိုးနေပြီပေါ့လေ ။ သူ့ မြေးတွေ ဆိုးရင် ။ငိုရင် မိုးကြိုး ပစ်ချိန် နဲ့ ကြုံ ရင် ချောက်တတ်တာ ။ ဒီလိုဆို ကြောက်တာနဲ့ ချက်ချင်း အငိုတိတ် ဖြစ်တယ် ။ တခါမှလဲ မတွေ့ ဘူးတဲ့  သိကြားမင်း က စိတ်ဆိုးမှာ ကို နေရင်းထိုင်ရင်းနဲ့  ကြောက်နေတာလေ ။
ခုတော့ သူ စိတ်ဆိုးမှာကို ကြောက်တာ မဟုတ်တော့ဘူး ။ မိုးကြိုး ပစ်လိုက်လို့  လျှပ်စီးဓါတ်တွေ ဝင်လာပြီး ရှိစု မဲ့ စု ကွန်ပူတာ လေး အနိစ္စ သဘောနဲ့  ကိစ္စချောသွားမှာ ကို ကြောက်နေရတာ ။
မနေ့  ကလဲ သတင်းလေး တပုဒ် ဖတ်မိ ကြည့် မိလိုက်တယ်လေ ။ ဒီ ထိုင်ဝမ် နိုင်ငံသား ၂ဦး ၊ လက်ထပ်ထားတာ မှ တနှစ် မပြည့်သေးတဲ့ ဇနီးမောင်နှံ စုံတွဲ ။ တရုပ်ပြည်မကြီးကို အလည်သွားကြရာမှာ 13.6.09 နေ့ က နာမည်ကျော် ဂရိတ်ဝေါ ( Great Wall )ကို သွားတုံး မိုးသည်းထန် စွာ ရွာသွန်းနေတဲ့ အချိန်မှာပေါ့ ။ ဒေသ အစိုးရကလည်း သတိပေးဆိုင်းဘုတ်တွေ ရေးထားပါတယ် ။ အန္တရာယ် ရှိသည်ပေါ့ ။ အဲဒါကို ဂရု မစိုက်ဘဲ လင်မယား ၂ယောက် က အဲဒီ တဝိုက် မှာ အမြင့်ဆုံး နေရာဖြစ်နေတဲ့  ဂရိတ်ဝေါကြီးပေါ် တက်သွားကြည့် တယ် တဲ့လေ ။ ဒီမှာတင် ဘာပြော ကောင်းမလဲ မိုးကြိုးပစ်ချ လိုက်တာ မိန်းမက လည်ပင်းမှာ ထုတ်ချင်းပေါက် ။ ယောကျာင်္း ကတော့  အမြင့်ပေါ်က ပြုတ်ကျပြီး တကိုယ်လုံး ရှိသမျှ အရိုးအားလုံး နီးပါး ကျိုးပြီး ပွဲချင်းပြီး အသက်ဆုံးရှုံး ခဲ့ ရတယ် ။၂ ဦးစလုံး က အသက် ၂၇ နှစ်သာ ရှိကြသေးပြီး ပညာတတ်တွေ ပါဘဲတဲ့ ။ တားမြစ်ထားတာကို ဘာလို့ များ ဒီလောက် တောင် မခန့် လေးစား ဂရု မစိုက်ကြတာပါလိမ့်  ။
北京一對夫婦攀登「野長城」遭雷擊身亡
據大陸媒體報導,有五名遊客在北京郊外的「懷柔區」攀登長城時,遭到雷擊,其中一對年輕夫婦墜崖身亡。
報導說,星期六上午,一名在北京大學就讀博士班的陳姓女子,與結婚不到一年的丈夫,以及丈夫的三名同事,一起到懷柔去攀爬尚未開發的所謂「野長城」;他們選擇的是被稱為明代萬里長城中最險峻的「箭扣長城」。
沒想到中午左右,天空突然烏雲密佈,並且下起雷雨,接著,一道閃電擊中了陳姓女子等五個人,陳姓女子和她丈夫接著就落下斷崖;有關部門在接到求救訊息之後,組織救難隊趕去救援,不過救難人員趕到時,兩人都已經沒有生命跡象。
အဲဒီတော့ ဒီလို အန္တရာယ် ပေးတတ်တဲ့ မိုးကြိုးနဲ့ ပတ်သက်ပြီး ဖတ်ထားတာ သိထားတာလေးတွေ ပြန်ပြီးဖေါက်သည်ချ ပေးချင်ပါတယ်။
သူ့  အကြောင်းကို မပြောခင်မှာ ကိုယ်တို့  ရွှေ မြန်မာ လူမျိုးများ ဘယ်လောက် တော်ကြောင်း အရင်ကြွားလိုပါတယ် ။
ခေတ်မှီ သိပ္ပံပညာရှင် တွေတောင်မှ မသိရှိ ကြသေးတဲ့  မိုးကြိုးရဲ့  မျိုးရိုးကို ကိုယ်တို့ ဘိုးဘွားတွေ လက်ထက်ကတည်းက သိရှိခဲ့ ကြ ပြီးသား ဖြစ်ပါတယ် ။
မိုးကြိုး ဟာ အထီးဖြစ်ပါတယ် ။အမ မဟုတ်ပါဘူး ။ ပြီးတော့ သူ့ ဖခင်ကိုလည်း ဘယ်သူ ဘယ်ဝါ ဆိုတာ ကိုယ်တို့ သိကြပြီးသား ဖြစ်ပါတယ် ။။
( ဟဲ ဟဲ .. သိလား ဘယ်သူလဲ ...အဖြေကို ခုမပြောသေးဘူး ။ နောက်မှာ ရေးထားပေးမယ် ..မသိတဲ့ သူများ. ရှာကြည့် ကြပါ )
မိုးကြိုးပစ်ခြင်း ရဲ့  ဗိုလ်နံမယ်က Thunderbolt တဲ့ .. ဂျိမ်းစ်ဘွန်း ဇာတ်ကားနဲ့ ဆင်တယ်နော်။
သူ့ ရဲ့ အရှည် ဟာ ၃မိုင် မှ ၅ မိုင် ထိ ရှိတတ်ပြီး လုံးပတ်မှာတော့ လက်မဝက် မှ ၅ လက်မ ထိ ရှိတယ်တဲ့ ။
သူဟာ ဘယ်လို ဖြစ်လာတာလဲ ဆိုတော့ တိမ်တိုက်ထဲ လေထဲမှ ရေစက် ရေမှုံတွေထဲ ရှိတဲ လျှပ်စစ်ဓါတ် အဖိုဓါတ် နဲ့  အမဓါတ် တို့ အထက်အောက့်  ရွေ့ လျား လဲလှယ် ကြ ရာမှာ အမဓါတ် က တိမ်မျက်နှာပြင်ရဲ့ အောက်ဖက်မှာ ရှိပြီး ၊အ ဖို ဓါတ်ကတော့ အလယ် နဲ့ အပေါ်ဖက်မှာ ရှိပါတယ် ။ ဒီထဲက အမ ဓါတ်ဟာ ကမ္ဘာမြေပြင်ရဲ့ အပေါ်မျက်နှာပြင်မှာရှိတဲ့  အဖိုဓါတ်ဆီ ရွေ့ လျားစီးဆင်းလာတော့ ပေါ်လာရတဲ့ လျှပ်စစ်စီးကြောင်း တခု ဟာ မိုးကြိုး ပေါ့ ။
သူ့ ကို ပစ်ချလိုက်တဲ့ အချိန် မှာ ဖြစ်ပေါ်လာ တဲ့ အပူချိန်ဟာ ၃၀၀၀၀ မှ ၅၀၀၀၀ ဒီဂရီဖါရင်ဟိုက် ( `F ) ထိ ရှိတာကြောင့် နေမင်းကြီးရဲ့ မျက်နှာပြင် အပူချိန် ထက် ပိုပူ ပါတယ်တဲ့ ( ဘယ်လို သွားတိုင်းလဲတော့ မသိပါဘုး၊ စာထဲမှာရေးထားတာ ဖတ်ရလို့ ပါ )
အလင်းရဲ့ ရွေ့ လျား နှုန်းဟာ အသံထက် ပိုမြန် ပါတယ် ။ ဒါကြောင့် မိုးကြိုး ပစ်လိုက်ချိန်မှာ လျှပ်စီးလက်တာကို အရင် မြင်ရ ပြီးမှ မိုးချူန်းသံကို စက္ကန့် အနဲငယ်ခြားပြီး ကြားရတာဖြစ်တယ် ။ အဲ ဒီ အသံ က တစက္ကန့် လျှင် ၅ မိုင် နှုန်းဖြင့် သွားပြီး ၁ မိုင် အတွင်းမှ ပစ်လိုက်သော မိုးချုန်း သံဟာ ပေါက်ကွဲမှု အများဆုံး ပါ ။ ၁၅ မိုင်နှင့် အထက်မှ ပစ်လိုက်သော မိုးကြိုးသံ ကို ကျွန်ုပ် တို့  မကြား နိုင်ပါ ။
မိုးကြိုးပစ်ချိန် ဘယ်မှာနေ .
=
အကောင်းဆုံးကအမိုးအကာ လုံခြုံရာမှာနေပါ ။ တကယ်လို့ လျှပ်စီးလက်မိုးကြိုးပစ် ချိန် ကိုယ် က ကွင်းပြင်၊ ပင်လယ်ကမ်းခြေ လို နေရာမျိုး မှာ ရှိနေခဲ့ရင်။ အနီးအနားမှာလဲ ကိုယ့်ထက်မြင့်သော အရာများမရှိ နေခဲ့ ရင် ကိုယ်ခန္ဓာကို အနိမ့် ဆုံး အနေအထားရအောင် ငုတ်တုပ်ထိုင်ချ ဦးခေါင်းကို ဒူးနှစ်ဖက်ကြား တတ်နိုင်သ၍ ပူးကပ်ထားပြီး နားနှစ်ဖက်ကို လက်ဖြင့် တင်းကြပ်စွာ အုပ်ထားပါ ။အနီးကပ်ဆုံးမှာရှိတဲ့ သစ်ပင်ငယ်( အပင် သိပ်ကြီးရင် ပြိုကျ ပြီး ပိသေနေမှာ စိုး၍ ) ၊ ဒါမှ မဟုတ် ကျောက်တုံး ။ သစ်တုံး ကြီး တခုခု ကို အကာ အကွယ် ယူနိုင်ပါတယ် ။ ဒါမှ မြင့်တဲ့အရာကို ပစ်တတ်တဲ့ မိုးကြိုး စက်ကွင်းမှ လွတ်နိုင်မှာပေါ့ ။
အထူးသတိပြုရမှာက လျှပ်စီးလက် ။ လေကြီးမိုးကြီး ချ နေချိန် မှာ ရေ ထဲ မှာ မနေသင့်ပါ ။ သံဆူးကြိုး ကာထားသော ဝင်းထရံ အနီးမှာ လဲ မနေပါနှင့် ။ လျှပ်စီး ကူးလွယ်သောကြောင့် ဖြစ်ပါတယ် ။
မိုးရွာထဲ အကာအကွယ် မရှိတဲ့နေရာမှာ ဖုန်းပြောနေမယ်ဆိုရင်တော့ မိုးကြိုးပစ်ခံရဖို့ ရာခိုင်းနှုန်း အရမ်းများပါတယ်။ ဖုန်းကထွက်တဲ့ လှိုင်းက က ဒီအတိုင်းဆိုရင် မသိသာပေမယ့် အန္တရာယ်ရှိပါတယ်။ ဥပမာ – Guitar Amp နားမှာ ဖုန်းပြောရင်း အနားကပ်မိရင် amp က အသံလှိုင်းတွေ ကြောင်ကုန်ပါတယ်။ သူ့မှာပါတဲ့ receiver ဟာ မိုးရွာထဲမှာ မိုးကြိုး၊ လျှပ်စစ်ကို ဆွဲဆောင်နေသလို ဖြစ်ပါတယ်။ ဒါကြောင့် မိုးသည်းရင် ဖုန်းမပြောတာ အကောင်းဆုံးပါ။ မိုးထဲ လေထဲ ဟန်း ဖုံး တလုံးနဲ့  ဟန်ရေးထွက်ပြတတ်တဲ့ ကိုကို မမ များ သတိပြုကြပါနော် ။
အမလေးဟဲ့ ကျားသား မိုးကြိုး ရယ် ။။။
မိုးကြိုးဟာ ကျားရဲ့ သားဖြစ်ပြီး အထီးကြီးပါနော် ။ ဒါပေမဲ့ အခြောက်လေးလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ် ။
ဘိုလိုဖတ်ချင်သူများ၊ ဒိထက်မက ဖတ်လို သူများ ဒီနေရာလေး ကို ဆက်သွားပါ ။
နောက် ထပ် ကြည့် ချင်ရင် တော့...
http://video.google.com/videoplay?docid=-2723372623870515950
မိုးကြိုးသွား ဆိုတာလဲ ရှိပါသေးတယ် ။ သူဟာလဲ သူ့ အဖေ ကျားရဲ့ သွားလိုဘဲ ဆေးဘက်ဝင် အသုံးကျတယ်လို့  မြန်မာလူမျိုးတို့ အယူ ရှိကြပါတယ် ။( တကယ်မဟုတ်ပါဘူး စာဖတ်သူတွေ ပျင်းနေ မစိုးလို့  ဟာသ လုပ်ပေးတာပါနော် ။)
မကြိုက်တဲ့ သူများ ကျော်ခွ သွားနိုင်ပါတယ် ။
မိုးကြိုး ဒါဏ် မှ လွတ်ကင်းနိုင်ကြပါစေ ။ မဟုတ်တာ လုပ်နေကြသူများ အထူး သတိထား နေကြပါ ။
►Posted by
:kiki
:
at
6/17/2009 01:30:00 AM
Subscribe to:
Post Comments (Atom)
8 comments:
ကြောက်တယ်။ ငယ်ငယ်က စာသင်နေတုန်း ကျူရှင်နားက သစ်ပင်ကို မိုးကြိုးပစ်ချတာ ကိုယ့်မှာလန့် လို့ ကုလားထိုင်အောက်ကို ပြေးပုန်းတာ ဟားခံရဖူးတယ်။
ငယ်ငယ်လေးကတည်းက ကြောက်တာ။ လျပ်စီးလျှပ်၊မိုးချုံးအကုန်ကြောက်၏။ အခုလို သိထားရတော့ နောက်ဆို အမြင့်နေရာတွေမှာနေခြင်း ရှောင်ပါတော့မယ်။အဲ.မိုးရွာတဲ့အခါပြောပါတယ်။
[ကျားသား မိုးကြိုး] ဆီ ရောက်တော့ အသံထွက်အောင် ရယ်မိသွားတယ်၊ ဒီမှာဆို librarian ခန့်မှာပဲ၊ family tree ရှာတတ်လို့
ဘူပြောလဲ ပြစ်ထားတယ်လို့ ကော်မန့်ရေးထားသယ်လေ....ဟွန်း
တော်ကြီးက မိုးဂျိုး... အဲလေ....မိုးကြိုးရဲ့ အဖေတော့ သိတယ်ပေါ့လေ.....
ကဲ...ဒါဆို အမေ ဘူလဲပြောပြ...
ချန်ထားခဲ့တယ်ဆိုတော့ တခုခုတော့ ..တခုခုပဲ.... ဗြဲ.....
အမေ မပေါ်ပဲ မွေးတဲ့သားတော့ မဟုတ်ပါဘူးနော်.... ဟိဟိ
(ဒေါင်..... အားယို.... နောက်မပြောတော့ပါဘူး....)
ဗဟုသုတအဖြစ် မှတ်သားပါတယ်အဖွားကိ
မိုးကြိုးက အထီးလား
မသိဘူးလေ
ထီးထီးမမ တွေ့ချင်ပါဘူးဗျာ
အကြည့်ချင်းဆုံရင် ရင်ခုန်မယ်တော့မထင်ပါဘူး
ဖင်တုံပြီး မီးသွေးဖြစ်သွားမှာနေမှာ
မိုးကြိုးဇာတ်လမ်းလေးလာဖတ်တယ်...
အဖေကို အခုတော့ထုတ်ပြောပြီပေါ့..
ကိုကျားကြီးနဲ့ ဘယ်တုန်းကတွေ့တာလဲ..ဟဲဟဲ
စိတ်မဆိုးရဘူးနော်..ကိုသုနြေ္ဒကို မုန့်ဝယ်ကျွေးခိုင်းမယ်
ကျားသား မိုးကြိုးက အခြောက်လေးတဲ့လားဟင်
စိတ်ဝင်စားလို့ပါ...
မိုးကြိုးသွားတော့ ကျနော့်မှာ မရှိဘူး
အဖိုးသွားတော့ရှိတယ်
ရောင်းမယ်
ဝယ်မလား
ဈေးကောင်းပေးရင်ရောင်းမယ်
အပျိုကြီးတွေ ဆောင်ထားရင်စွံတယ်ပြောတာပဲ
ကိုယ့်အမတွေကိုတော့ လျှော့ဈေးပေးမယ်လေ
နော်
မောင်လေးအတွက်မုန့်ဖိုးလောက်ပါ
အဟီးးး
ချစ်ခင်စွာဖြင့်
မိုးကြိုးကြောက်သူ
ဖိုးစိန်
အခုမှတွေ့လို့ အခုမှဖတ်ရတယ်...
ဗိုလ်ချုပ်လူထွေးလဲ မိုးကြိုးကြောက်လို့ ဒေဝေါကြီးကို ထောင် ၆၅ နှစ် ချထားတယ်...
Post a Comment