အတ္တ ၊ မာန ယှဉ်ပြိုင်စိတ်နဲ့ 
အိပ်မရတဲ့  စိတ္တဇည တွေ
ငါ့ အကြည့် ဝေဝေက
ကြယ်စင်တွေ ဆီမှာပေါ့ ။
တနယ် တမြေက ချစ်သူရေ
ငါမင်းကို လွမ်းနေပါလို့ 
ကြယ်စင်စုံ ညတည
ရင်ခုန်သံ တမ်းတတာမို့ 
အဝေးက မှန်းဆရတာ
အဓိပ္ပါယ် သေချာ ရှာမတွေ့ ပါဘူး။
ပျော်လာသလို စိုးထိတ် သလို
ဆွေးစိတ်လျှို မှေးမှိတ်ချင်လာခိုက်
ကြယ်ကြွေချိန် ရင်မောလိုက်တာ
ပင့်သက်ရှိုက်လို့  ဆုချွေခဲ့
ညတွေမှာ ကြယ်မကြွေပါစေနဲ့ 
ငါ့ရင်မှာ နေစေချင်ပါရဲ့ ။
(မောင်လေး ကြယ်ရောင်လင်းရဲ့  ခံစားချက်လေးများ ကို ဖြည့်စွက် ခံစား ရေးသား ပါတယ် ။
ဝေဒနာ တူ ညီနေကြ တာမို့  အမှတ် တရလေး အဖြစ်ပါ )
►Posted by
:kiki
:
at
6/26/2009 12:00:00 AM
Subscribe to:
Post Comments (Atom)
16 comments:
တစ်နော်လာလုနဲ့ 
တနယ် တမြေက ချစ်သူရေ
ငါမင်းကို လွမ်းနေလို့ပါ
ဟင့် အနော်လည်း လွမ်းတယ်
ဟိုက် လု လွမ်းနေရပါလားနော် အင်းဟင့်
နင့် နင့် ...နဲနဲ..နက်ရှိုင်းလွန်းတဲ့ ...အတွေးစတွေ.........တွေးမိသွားအောင်....အဝေးကရွှေပြည်တော်ကို...........တမ်းတ..မှန်းဆ...လွမ်းရအောင်....... ရေးခဲ့သလား ..ကဗျာရှင်ရယ်...တကယ်ဆို...အဝေးရောက်နေတဲ့ .......မောင်နှမတွေ.....အားလုံးကိုမေးကြည့်ပါလား.............ဘယ်တယောက်ကများ.....အိမ်ကိုမလွမ်းဘဲနေမလဲလို့ .ကြယ်စင်တွေက......သူတို့ ချစ်တဲ့ .ကောင်းကင်မှာ.. .ုံ ဆုံချင်ကြသလို ....ဒို့ တွေအားလု့းံလဲ.....ဒို့ ချစ်တဲ့ ....မိသားစုနဲ့ အတူနေချင်ကြတာပါ.......{မောင်နှမတွေ= ဘလော့ အသိုင်းဝိုင်းအပါဝင်။။။ရွှေပြည်တော်လွမ်း ......ပြည်ပရောက်မိတ်ဆွေများကိုရည်၇ွယ်ပါသည်} ခင်တဲ့  သုဒြေ္န
မငုံလဲ လွမ်းတယ်။ အဝေးက ချစ်သူကိုပေါ့။
ကောင်းလိုက်တာ ခံစားချက်ထပ်တူကျသွားတယ်။
အွန်း.................. အွန်း............
မကြီးကီက လွမ်းတတ်သေးတယ်လား
အဟိ
ကျနော့်အမကို ကျောက်ခဲအသဲနှလုံးနဲ့လူသားမမ လို့ ထင်ထားတာ
တက်တက်စင်အောင်လွဲသွားတယ်ပေါ့
ဂယ်ပဲ ဂယ်ပဲ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မိုးစက်ရဲ့ မငုံကလဲ
ကြယ်တွေ ကြွေနေတယ်...
ကြယ်ကလေးတွေ ကောင်းကင်ယံမှာ လင်းလက်ကြပါစေ... မကြွေကြပါစေနဲ့...
းဝ)
ခံစားချက်လေး အရမ်းကောင်းတယ်ဗျာ, ဖွဲ့နွဲ့လေးကလဲ အရမ်းကာရံလှတယ်, ကဗျာဆိုတာ တကယ်တော့လဲ “ သူမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပါပဲ ” နော်
ခင်မင်စွာဖြင့်-
တော်လိုက်ကြတာနော်သူများတွေများ
မြူးတို့နဲ့တော့ကွာပ့
ကဗျာလေးကောင်းလိုက်တာ
ဒီရောဂါက ကာကွယ်ဆေး ကပ်လို့ရဘူးလားဟင်..
ပြောတော့ မကောင်းဘူးမကောင်းဘူးနဲ့ ဟွန့် ဟွန့်
ပြောကိုမပြောချင်ဘူး.....
(မလွမ်းတဲ့ဆေး တီထွင်ပေးကြပါ..ဘလော့ဂါမမ တွေကိုတိုက်ချင်လို့ ;p)
မကိ
ခင်တဲ့
နာ့အစ်မ တယ်ဟုတ်ပါလား။ချစ်တတ်လို့လား။လွမ်းတာ ဂယ်ကြီးလားမမ
ကဗျာအလှလေးခံစားသွားတယ် :)
ကျွန်တော် စာရိုက်နေမိလို့  နောက်ကျသွားတယ်
အမပြောတဲ့ ကြယ်တွေဆိုတာ ကောင်းကင်မှာ
စပယ်တွေကျဲသလိုဖွေးဖွေးလူပ်နေတာကို
ပြောတာမဟုတ်လား၊သူတို့ နဲ့ ကျွန်တော်တို့ 
ကအမြဲတန်းဝေးနေတတ်ပါတယ်၊ဝေးနေသေး
ပေမဲ့ သူတို့ ရှိနေသေးပါတယ်လို့ ပဲဖြေသိမ့် 
နေရတုံးပါ၊ဖွဲ့ နွဲ့ တာလေးကောင်းပါတယ်။
ညတွေမှာ ကြယ်မကြွေပါစေနဲ့
ငါ့ရင်မှာ နေစေချင်ပါရဲ့ ..း)
မိုက်တယ်နော် ..
ကိုယ်ပိုင် ခံစားမှုလို့ အမှန်တိုင်းပြောပါ ကိကိရာ။
Post a Comment