Jun27,2009
ဒီနေ့  အလုပ်နားတယ်.. တပတ်မှာ တရက်ဘဲ ရှားရှားပါးပါး နားရတဲ့ အချိန်လေး ။အိမ်မှာအေးဆေးနေပါလား လို့  အဝေးက ညီမငယ်လေးက ပြောဖူးတယ် ။ ဒါပေမဲ့  ရီးဆပ်စ် မျောက်သွေး အပိုတွေ ပါနေတဲ့ ကိုယ်တယောက် ဘယ်လို မှ အိမ်မှာ ကပ်နေလို့  မရ ။ အပြင်လေးတော့ ထွက်လိုက်ရ မှ လေ ။ များသော အားဖြင့် တနင်္ဂနွေ နေ့ တိုင်း မနက် အိပ်ယာထ . စားသောက် ။ရေမိုးချိုး အဝတ်စားလဲ ပြီး တနေကုန် လမ်းသလားတယ်
အလှ အပ ကတော့ နဂို ချောပြီးသားဆိုတော့ ဘာမှ အထူးအထွေ ပြင်စရာ မလိုလှပါဘူး ။ ကျောက်ကျော ရေပက်ထားတာတောင် ဒီလောက် ချော မယ် မထင်ပါ ။
ဒါပေမဲ့  ကိုယ့်မှာ ဇီဇာကြောင်တတ်တဲ့ အကျင့်တခု ဖျောက်မရတာ။ အဝတ်အစားလဲမယ် ၊ ဝတ်မယ်ဆိုရင် မီးပူ ထိုးပြီးသား အနံ့ လေး သင်းနေမှ ကြိုက်တယ်လေ ။အရင် တုံးကတော့ မိဘအိမ်မှာ အပူအပင်မရှိနေရတုံးက အကျီင်္ ဆိုလဲ မီးပူတိုက်ပြီးသား အဆင်သင့် ။ ခုကျတော့ ကိုယ့်ဟာကိုယ် အားလုံး အစအဆုံးလုပ်နေရတာ ။ ( ဒီက တရုပ်မတွေများ တယ် အပျင်းကြီးကြတာ ။ တချို့ များ ရုပ်လေးကြည့်တော့ သနားကမား ။ ဝတ်ထားတဲ့ အင်္ကျီအဝတ် အစား က တွန့်ကျေမွလို့ ။ဘယ်တော့မှ မီးပူ မတိုက်ဘဲ ဝတ်ကြတဲ့ သူတွေ အများကြီးနော့ ။ တန်ဖိုးကြီးတဲ့ အဝတ် အစားမှ မီးပူတိုက်ရမယ်မှန်း မှတ်နေကြလား မသိ ။ အဝတ်လျှော်စက်နဲ့ လျှော်ပြီးထွက်လာတဲ့ အဝတ်တွေဟာ သိတဲ့ အတိုင်း တွန့် ကျေနေတတ်ကြတာလေ ။မလှန်းခင် သေချာ ခါပြီး လှန်းတာတောင် တွန့် ရာတွေက ရှိနေတတ်သေးတာမို့ လား .. ကဲ ဇာတ်လမ်းလေးပြန်ဆက်မယ်)
ပြီးတော့ ဟဲန်းဖုံး ။ အဲဒါကလဲ ယနေ့ ခေတ် လူတွေရဲ့  မရှိ မဖြစ် အသုံးအဆောင် တခု ဖြစ်နေကြပြီနော် ။ မူကြို ကလေး တွေ က အစ ။ ၉၀ ကျော် သက်ကြီး တွေ အထိ အရေးကြီးတဲ့ ဆက်သွယ်ရေး တန်ဆာပလာ တခုပေါ့ ။
အဟက် ။။ ဒီလို နဲ့ မီးပူ တိုက်ရင်း ဖုံးလာရင် ထ မကိုင်ရလေအောင် ...အဲလို အဆင်ပြေပြေလေး လက်တကမ်း မှာ ထား မိလိုက်ရင်တော့ .. ဖုံး ခေါ်သံ မည် လာတဲ့ အခါ မှာ ဒီင်္လို မျိုး ပြသနာ တက် နိုင်ပါတယ် ။
အားလုံး သတိပြု ကြပါနော် ။ စေတနာ နဲ့ ပြောနေတာပါ ။ ကိုယ်တွေ့ မှ ယုံကြည်တတ်သူများ စမ်းသပ်ကြည့် ကြပါလေ ။
ရွှင်လန်းချမ်းမြေ့ ကြပါစေ . ..း)
ဘေးဘယာ ဝေးကွာကြပါစေ ...း)
►Posted by
:kiki
:
at
6/27/2009 01:00:00 PM
Subscribe to:
Post Comments (Atom)
17 comments:
ဒီကနေ ညှော်နံ့တောင်ရတယ်...းဝ)
အသံကယောက်ျားသံကြီးပါ... အဲဒါ ဖွားကိမဟုတ်ဘူးမဟုတ်လား...
မဟုတ်ဘူးဆိုတာ ဟုတ်တယ်မဟုတ်လား...
ဟုတ်တယ်ဆိုတာ အတည်ပြုပေးပါ...
မဟုတ်ရင်တော့ ဖွားကိမဟုတ်ဘူးဆိုတာ မဟုတ်ဘူးလို့ မှတ်လိုက်မယ်...
အဟက်...
အခုတကြိမ် ဦးနှောက်စားသွားတာ ကိကီဖြစ်သွားပြီ...
ငှဲငှဲငှဲ...
ဖြစ်မှ ဖြစ်ရ ပလေတယ် .. haha
မီးပူနဲ့ ဖုန်းနဲ့ မှားနားထောင်ရတယ် လို့ :D
ကပ်ထားလိုက်ပါလား ကြာကြာ ...
ဖုန်းပြားကြီးက ဘာတွေပြောလဲ သိရအောင် ... :D
နေဒေးသစ်။
အင်း ဘာများလဲလို့ , တခြား အန္တရယ်ဖြစ်မယ့်ထင်နေတာ ရီတောင်ရီမိတယ် နံပါတ် ၁၀ ထိ,
အင်း ဖြစ်တတ်တယ်နော် , အာရုံတွေများနေလို့ နေမှာ အဲဒီလူ ကျေးဇူးပါ သတိပညာပေးသော အစ်မကို
ရီလဲရီရတယ်.. မီးပူဖုန်းလေး သူကို ဘာတွေပြောသွားလဲမသိဘူး ချက်ချင်းပြန်ချလိုက်တယ် ကောင်းမလေး ဖုန်းဆက်လာတာကို သူကလဲ ယောကျာ်ကြီးဖြစ်ပြိရှက်ရတယ် လိုအဟ..
သင်ခန်းစာယူထိုက်ပါတယ်..
ခင်မင်လျှက်
အဆိပ်ခွက်
ညီမကိုစောင်းပြောတယ် .. :P
မီးပူတိုက်ရမှာ သိပ်ပျင်းပဲ .. ကျန်တာတွေလည်းပျင်းတာပဲ .. (ပေါ်ကုန်ပါပီ :D)
အဟား တော်တော်ရီရတယ်.. ဖုန်းနဲ့ မီးပူ မှားတိုက်ရတယ်လို့ အဟီးးး မှားစရာကလဲ ရှားပါ့
လေးစားလျက်
တောင်ပေါ်သား
လုပ်ပျံဘီ... ဒီပို့ကို funny category ထဲထည့်ထားတယ်....
ကြည့်ပါအူး မထင်ရဘူး ရက်စက်တတ်လိုက်တာ....
ဟိုကသေတော့မယ်....
ကြောက်ခမန်းလိလိ ပါပဲ ဖွားကိကိေ၇ အနော် အစမ်းတော့ ပါဘူး
ဟီးးးးးးးဟီးးးဟီးးးးးးးး
ဖွားကိ နေမကောင်းပါဘူးဆိုနေမှ
ချစ်သူရရင်တော့ မီးပူဖုန်းလေးဝယ်ပြီး
လက်ဆောင်ပေးအုံးမှ
ခင်တဲ့
မြူးလေး
ဘွားကိ..မိုက်တယ်မိုက်တယ်။။ အဲဒီဖုန်းမျိုးဝယ်ပေး ၀ယ်ပေး။
( ဒီမြေးကိုတော့ ရိုက်ထုတ်တော့မယ်ထင်တယ်။ ဘာတွေ့တွေ့ဝယ်ခိုင်းနေလို့:) )
ခုလေးတင် ဖြစ်ခဲ့သလိုပါပဲ
နှစ်တွေအတော်ကြာခဲ့ပြီ ဆိုပေမယ့်...
ဂျူနိုလဲမကယ်နိုင်
လိုင်ရာလဲ ပြီးအောင် မ'က'နိုင်တော့ဘူး
မဆုံးသေးတဲ့ ခရီးလေ...
မေ့ချင်တယ် ဆိုလို့တောင် မေ့မရ
နဲ့ချည်.. နဲ့ရဲ့နဲ့.. ငါတို့ဘဝတွေ...
းဝ)
စာဖတ်တယ်
ပြီးတော့ ဗွီဒီယိုကိုကြည့်တယ်
ပြီးတော့.....ရယ်တယ်...ဒါပါပဲကွယ်
ပျော်ရွှင်ပါစေ။
ကျနော်ကတော့ ဖုန်းလဲမကြိုက်ဘူး
ဖုန်းမကြိုက်ပေမယ့် မကီ မှာပေးမယ့် အနမ်းဖုန်းကိုတော့
ကြိုက်လိမ့်မယ်ထင်ပါတယ်....
မီးပူတော့ ကောင်မလေးလာလာတိုက်ပေးနေတယ်ဆိုတော့
အဟိ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဖွားကိ များ ပထမ မရဘူး ဘိတ်ပဲ ရတယ် ဟွန်းးး ပြန်မယ် ပျံမယ် အထုပြန်မယ် ဒါပဲ ဟဟဟ
လင့်ခ် ယူသွားပါကြောင်း ဖွားကိရေ နော် တာ့ တာ ဘိုင်
ရှာရှာဖွေဖွေ...နှိုက်နှိုက်ချွတ်ချွတ်...ပညာပေးတတ်တဲ့ ...ကိကိုကျေးဇူးတင်ပါတယ်......ဖြစ်တတ်တဲ့ အဖြစ်ပျက်..လေးတွေပါ..သတိထားရမှာပေါ့ ....ကိုယ်လဲမတော်တဆ....ြ.ူဖစ်ခဲ့ ရင်....ဆိုတဲ့ အတွေးနဲ့ ..တော်တော်ပူမှာလို့ .......ခံစားရတယ်...ကာယကံရှင်က.တော်တော်ပူသွားပုံဘဲ.....မီးပူတိုက်တဲ့ ....အလေ့ ကျင့် .ရှိသူတွေကို....တဆင့် ပြန်ပြောလို့ ရတာပေါ့ နော်........ကျေးဇူးပါကိရေ.....ကိုတို့ တော့ ....မီးပူမတိုက်တတ်ဘူး.....ခင်တဲ့ ....သုဒြေ္န
ထပေါက်ကွဲမှာထင်ပြီးကြည့်နေတာ မီးပူနဲ့မှားကိုင်တာ မြင်မှ ရယ်လိုက်ရတာဗျာ...။
မကီ မီးပူတိုက်တဲ့အချိန်ပြောထားလေ ဖုန်းခေါ်မလို့
...ခင်မင်သောအားဖြင့်......
ဟုတ်ပါရဲ့။ ရယ်လိုက်ရတာ. တော်ပါသေးရဲ့ခင်ဖုန်းကြည်တို့အဲသလောက်တော့မဆိုးမိဘူး။
Post a Comment