桃園逆子殺母案 今相驗遺體 更新日期:2009/06/09 13:11
廖宗慶
桃園發生逆子狠心殺害母親的案件!今天法醫相驗遺體釐清死因,死者的丈夫現身殯儀館再看妻子最後一面,表情相當凝重;對於兒子犯案後冷酷、狠心的表現,不願發表任何言論。
汪姓男子的父親匆匆離開殯儀館,面對媒體,表情凝重、不發一語,不知道是不是太緊張,一時間找不到座車,在殯儀館外頭繞了好幾趟才上車離開。
信用卡購買的新相機中,找到一張張笑得燦爛的合照,期間,他開心玩樂,假裝什麼事都沒發生,直到警方找上門,女友才知道,原來枕邊的男友居然如此冷血。記者:「那時候為什麼要把媽媽勒汪姓男子昨天凌晨在屏東落網,當時他勒斃母親後,還跟女友歡度墾丁假期,警方從他盜刷母親死?汪先生,有沒有後悔?」汪姓男子的冷酷讓警方相當訝異,他殺害母親後,一度返回家中,電梯監視器也清楚拍下他冷靜的身影,6月5日下午,汪姓男子因為錢和車的事情,和母親大吵2個小時,一氣之下,用電線將母親勒死。
အမေဆီ ပိုက် ဆံတောင်းတာ မရလို့  သားမိုက်က မွေးမိခင်အရင်းခေါက်ခေါက်ကို လည်ပင်းမှာ ဝါယာကြိုးပတ်ပြီး ရက်ရက်စက်စက် သတ်လိုက်တဲ့ အကြောင်းပါ။ ၂၀၀၉၊ ၆၊ ၅ ရက်နေ့ 
ဒီလူမိုက် က ခုမှ ၂၉ နှစ်သာ ရှိသေး ။ အလိုလိုက်လို့  အမိုက်စော်ကားတာ။
သုံးဖြုံးဖို့  ငွေလိုတယ် ။ ကားလိုတယ် ။ အဖေက ခရီးထွက်နေချိန် ။ကြောင်မရှိ ကြွက်သောင်းကျန်းသလိုပေါ့.။
အမေဆီမှ လိုတာမရတော့ လည်ပင်းညှစ်သတ်လို့တောင် အားမရ ။ တွေ့ သမျှ ပိုက်ဆံယူ ၊ အမေရဲ့ ခရက်ဒစ်ကဒ်ပါယူ ၊ ပြီးတော့ သူ့ ရီးစားကို ပိုးကြေးပန်းကြေးပေးဖို့  i-phone အသစ်တလုံး ။ကင်မရာ သစ်တလုံး ဝယ် ။ နောက်နေ့ မှာ ရီးစားနဲ့ ရီးစား အမျိုးတသိုက်ပါ ခေါ်ပြီး အပန်းဖြေ ကမ်းခြေ တနေရာကို ညအိပ် သွားလည်ကြသေးသတဲ့  ။
အဲဒီလို ၂ ရက်ကြာပြီးတော့ ခရီးထွက်နေတဲ့ အဖေ က သူ့ မိန်းမဆီ ဖုံး ဆက်တာ မရလို့  သူ့ သူငယ်ချင်းတယောက်ကို အိမ် သွားကြည့် ခိုင်းတော့မှ အကြောင်းစုံ သိရတာ ။
နောက်ဆုံးတော့ သားလူမိုက် လူသတ်သမားကို ဖမ်းမိတယ်ပေါ့ ။
ဒီလူမိုက် ဘယ်လောက်ထိ မိုက်လဲ ဆိုတာ သူ့ ကို ဖမ်းမိတဲ့ အချိန် သတင်းထောက်တွေကမေးတာတောင်
မျက်နှာက တချက်မှ မပျက် ၊ နောင်တရဟန် တစက်မှ မရှိဘူးတဲ့ ။
အချုပ်ခန်းထဲ ရောက်တော့လည်း သူနဲ့ ဘာမှ မဆိုင်သလို နဲ့  အိပ်လိုက်တာ သိုးနေတာဘဲတဲလေ ။ ဒါပေမဲ့ မနေ့ ကတော့ တာဝန်ရှိသူတွေက သူ့ ကို အချုပ်ထဲမှာ နောင်တတရားနဲ့ ပတ်သက်တဲ့ တရားစာတွေရေးခိုင်းတော့မှ မျက်ရည် ဖြိုင်ဖြိုင်ကျ ပါတော့တယ်တဲ့ ။ ခုမှ မျက်ရည်ကျ နေလို့လဲ အပိုပါဘဲလေ ။
မိဘကျေးဇူးမသိတတ်၊ကျေးဇူးပြန်ဆပ်ဖို့  နေနေသာသာ ဒီလို ရက်ရက်စက်စက် သတ်ခဲ့ ဘူးတဲ့  အလားတူ အဖြစ်မျိုး ဒီနိုင်ငံမှာ ဘဲ လွန်ခဲ့တဲ့  ၁၀ နှစ်လောက်က ဖြစ်သွားခဲ့ ဖူးသေးပါတယ် ၊ အဲဒီ သားမိုက်က ပိုလို့ မိုက်တွင်းနက်သေး ။ မိခင်ရော ဖခင်ပါ ၂ပါးစလုံး ကို ရဲဒင်းနဲ့  အချက်ပေါင်း များစွာ မသေမချင်းခုတ်သတ်ခဲ့တာ ။သူတယောက်ထဲတင် မဟုတ် .သူ့ လူမိုက် အပေါင်းအသင်းတွေ ကို ပါ အိမ်ထဲခေါ်ပြီး လုပ်ကြံခဲ့ ကြတာလေ ။အဲဒီ အချိန်ကမှ သူ့ အသက် ၂၀ မပြည့်သေးဘူး ။ တဦးတည်းသောသားမို့  အလိုလိုက်ထားတာဘဲပေါ့ ။ လိုလေသေးမရှိ ထားပေးတာတောင် ရလေ လိုလေ ၊ နောက်ဆုံးတော့ အပေါင်းအသင်းအား ကိုးနဲ့  မိုက်တွင်းနက်လိုက်တာလေ ။။ ခုတော့ သေဒါဏ်ချပြီးလို့  ငရဲ ပြည်မှာ အဖန်ဘယ်လောက် ဒါဏ်ခတ်ခံနေရပြီလဲ ။
ဒီလို မိုက်တွင်းနက်ကျတဲ့  ကံကြီးထိုက်မဲ့ သူများ နဲ့ ဘဝ ဆက်တိုင်း မတွေ့ ကြုံ ပါရစေနဲ့ လို့  ...ကိုယ်တိုင်လည်း ဒီလူတွေလို လူစားမျိုး မဖြစ်ကြရလေအောင် ..အသိဥာဏ်နဲ့ ယှဉ်ပြီး လိမ်မာစွာ နေထိုင်တတ်ကြပါစေ ။
►Posted by
:kiki
:
at
6/10/2009 09:09:00 AM
Subscribe to:
Post Comments (Atom)
9 comments:
စိတ်ဆင်းရဲလိုက်တာ...
အမိအဘကို လက်နဲ့သတ်တာကို မြင်ရတော့ စိတ်တော်တော်ကြီး ထိခိုက်မိတယ်..
အမိအဘကို စိတ်ဆင်းရဲကြီးအောင် တတိတိ နုတ်နဲ့တစ်မျိုး အမူအယာနဲ့တစ်ဖုံ နိပ်စက်ကလူပြုနေတဲ့ အမျိုးကောင်းသား သမီးတွေကိုလဲ မြင်နေရပြန်တယ်။
ကိုးလလွယ် ဆယ်လဖွား ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် အရွယ်ပိစိကလေးကတည်းက ပြုစုစောင့်ရှောက်လာတဲ့ မိဘနှစ်ပါးကို မကူညီ မထောက်ပံ့ရင်နေပါ ကိုယ့်ကြောင့်တော့ မိဘနှစ်ပါး ကိုယ်စိတ်နလုံး မချမ်းသာမယ့် အလုပ်မျိုးကိုတော့ မလုပ်စေချင်ပါဘူးရှင်..
မိဘကိုစော်ကားတဲ့ကောင် ကြိုးပေးသတ်လိုက်ပြီးရော တခါထဲ မစိတ်မွှန်ပြီး အမေကိုတောင် ချမ်းသာမပေးပါလား လောကကြီးက ဘာဖြစ်နေလဲ မသိတော့ပါဘူး တဖြည်းဖြည်း ပျက်စီးလာပြီ အမရေ
လေးစားလျက်
တောင်ပေါ်သား
စိတ်မကောင်းလိုက်တာ မမကီရယ်...
ဘာလို့ လူမဆန်တဲ့ လုပ်ရပ်တွေ များလာပါလိမ့်နော်
စင်ကာပူမှာလဲ မိဘကို ပစ်ထားတာတွေ အများကြီးတွေ့နေရတယ် မမရေ
ကိုယ်လဲနောက်တချိန် အိုမင်းမစွမ်း ဖြစ်အုန်းမှာဆိုတာ
မေ့လျောနေကြတယ်လေ
မမကိုချစ်တဲ့
မေလေး
တော်တော် လူစိတ်မရှိတဲ့သူပဲ..။
စိတ်မချမ်းသာစရာပါလားကွယ်.... ဟင်းးး
မိုက်ရိုင်းလိုက်တဲ့ သားသမီးတွေ.. စာမေးပွဲရှိလို့ ခုမှလာဖတ်နိုင်တယ်.. ပြန်ဘီ
ကြားရတာ မသက်သာပါလား အမရယ် ..း(
မျက်ရည်ကျတာ အမေ့အတွက်မဖြစ်နိုင်ပါဘူး
သူ့အတွက်ပဲဖြစ်လိမ့်မယ်
လူမှဟုတ်ရဲ့လား
ဟူး .. ကြောက်ဖို့ကောင်းလိုက်တာနော်
ကိရေ
မအယ်ကြုံဖူးတယ်။
လှံနဲ့ ထိုးသတ်တာလေ။
pmလုပ်တော့ လှံစိုက်နေတာ ကြောရိုးထဲမှာ။ တကယ့်လှံသွားရာနဲ့ ။
အဲ့ဒီလူကတော့ နောင်တတော့ရသွားပါတယ်။ ငိုပြီး စိတ်မထိန်းနိုင်ဖြစ်သွားလို့ ဆေးထိုးပေးရသေးတယ်။
ပိုက်ဆံပါပဲ။ လူတွေဟာ ငွေနည်းနည်းအတွက် သွေးရင်းသားရင်းကို စတေးတတ်ကြတယ်ဆိုတော့ ကြီးကြီးမားမား မျိုးအတွက် အစုလိုက် အပြုံလိုက်သတ်ကြ ရက်စက်တတ်ကြတာ မဆန်းသလိုပါပဲ။
မအယ်။
ကြောက်ဖို့ကောင်းလိုက်တာနော်။ မိဘဆိုတာ ဦးထိပ်ထားရတာ မဟုတ်လား။ စိတ်နဲ့တောင် မပြစ်မှားသင့်တာကို ..အင်း.ဒုက္ခပါလားနော်။
Post a Comment