Dec31,2008
0 com

ဒီပုံရိုက်သူ တွတ်ပီ ..မော်တော်ဘုတ်လေး စီးရင်း သက်စွန့် ဆံဖျားရိုက်ထားရတာ ဖြစ်ပါတယ်။ဒီနေ့  ဒီဇင်ဘာ ၃၁ ...၂၀၀၈ရဲ့ နောက်ဆုံးတရက် ။မနက်စောစောထဖြစ်ပါရဲ့ ။အဟဲ စောစောထတယ်လို့တောင်ပြောလို့ မရပါဘူး။ညကအိပ်မှမအိပ်ဖြစ်သေးတာလေ ။ သံယောဇဉ်လေးနဲ့ တွေ့ လိုတွေ့ ငြား စောင့်နေရင်း ညလုံးပေါက်သွားတာပါ။တယောက်တနေရာစီဝေးနေရတော့လဲ ဒီလိုဘဲပေါ့။ အချိန်ချင်းကလည်း ၅နာရီလောက်...
►Posted by
:kiki
:
at
12/31/2008 09:04:00 AM
Dec30,2008
လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီးခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။ပြေးစရာမြေမရှိတော့ဘူး။" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီးတောင်ကမ်းပါးကနေ...
►Posted by
:kiki
:
at
12/30/2008 07:14:00 AM
Dec12,2008

သူများတတွေ ဒီဇင်ဘာလရောက်ရင် ပိုပျော်တာတို့  အကြိုက်ဆုံးလ ဆိုတာတို့  ၊ နှင်းတွေကျလို့  ဟိုရည်းစား ဒီရည်းစားလွမ်းတာတို့ အမျိုးမျိုးအထွေထွေ ရေးကြ တွေးကြ ဆွေးကြတယ် ... ဘာဖြစ်လို့ ပါလိမ့်လို့  အံ့သြသလိုဖြစ်မိတယ် .. တနှစ်မှာ ၁၂လ တောင်ရှိတာ .. ဘာလို့  ဒီ လကိုမှ ရွေးပြီးကြိုက်နေကြတာလဲနော် ။ပူတဲ့ နေရာ ၊ပူတဲ့ တိုင်းပြည်မှာနေတဲ့ သူတွေက အေးတဲ့ အချိန်မျိုးကို...
►Posted by
:kiki
:
at
12/12/2008 12:39:00 AM
Dec9,2008

သူများလွမ်းလို့  လွမ်းရတယ်၊ဒီလိုတော့လဲ မဟုတ်သေးပါဘူး ။ဒီဇင်ဘာလများမှာ ချမ်းလို့ အေးလို့ တွေးကြတယ် ။ငေးကြတယ်။ဝေးနေရသူများ ပိုပြီးဆွေးကြတယ်ပေါ့ ။ သေချာတွေးကြည့်တော့ ပြေးကြည့်တာမှ မြန်အုံးမယ်လေ ။အဟက်ဟက် မနက်ဖန်ပြန်ရမယ်ဆိုတော့ ဒီနေ့  အူမြူးနေတာထင်ပါတယ် ။လွမ်းတော့ လွမ်းတယ် ဒီဇင်ဘာရယ် ။ကိုယ် မင်းကို လွတ်မထွက်သွားအောင် ဖက်တွယ်ထားလိုက်ချင်ပါရဲ့ ။တနှစ်ရဲ...
►Posted by
:kiki
:
at
12/09/2008 08:16:00 AM
Dec6,2008
ကြိုတင်အသိပေးပါရစေ ...နှလုံးရောဂါရှိုသူများနဲ့ ကြောက်တတ်သူများ ၊မကြည့် ချင်သူများ ဖွင့်မကြည့် ကြပါရန်။ဒီ ဗွီဒီယို အပိုင်းတိုလေးဖေါ်ပြရတဲ့ အကြောင်းလေးက စာရှု သူမိတ်ဆွေများထမင်းစားပျက်အောင်လုပ်တာမဟုတ်ပါဘူး၊ လမ်းပန်းဆက်သွယ်ရေးအနေနဲ့  မော်တော်ဆိုင်ကယ်စီးပြီးတနေ့ ဓူဝလှုပ်ရှားနေကြရသူများအတွက် အန္တရာယ်ကင်းအောင် ဂရုစိုက် ကြိုတင်ကာကွယ်နိုင်အောင်ဆိုတဲ့  စေတနာလေးနဲ့ ပါ ။ အမေရိကားလို ကြီးမားကျယ်ပြန့်တဲ့ နေရာမျိုးမှာ ဆိုင်ကယ်ဟာ သိပ်ပြီးအရေးမပါလှပေမဲ့...
►Posted by
:kiki
:
at
12/06/2008 12:13:00 AM
Dec4,2008
ဒီပုံလေးကိုကြည့်ပြီး ကိုယ့်အဖွား( အမေ့ရဲ့အမေ)ကိုသတိရမိသေးတယ် ။ အဖွားရှိနေတုံးက သူ့ ကို စ ခဲ့  နောက်ခဲ့ တာလေးတွေကိုပေါ့လေ။အဖွားလဲ ဒီလိုဘဲ သိပ်ယောင်တတ်တာ ။တခါတလေ အဆင်မသင့်ရင် ဒေါသထွက်တတ်တာလေး ကလဲ အတော်လေးချစ်စရာကောင်းတယ် ။အဲဒီအချိန်ကျရင် ရှမ်းလို တောက်လျှောက် မနားတမ်းရွတ်နေတော့တာဘဲလေ ။သူကဗမာလို မြန်မြန်နဲ့  ရေရေလည်လည်မပြောတတ်တော့ အမြန်နှုံးနဲ့ ချချင်ရင် ရှမ်းလို ရွတ်ရတာပေါ့။ အဟဲ ကိုယ်တို့ အငယ် ၃ ယောက်ကလည်း ဗမာတောထဲမှာကြီးပြင်းခဲ...
►Posted by
:kiki
:
at
12/04/2008 01:00:00 PM
Dec3,2008
ချစ်ရ ခင်ရ တခဏပျော်စရာ ရွှင်စရာ ရေပွက်ပမာ၊သောက အမုန်း တသက်လုံးတွေ့ ကြုံ ဆုံကွဲ အစဉ်အမြဲ။လောကကြီးမှာ ကြာရှည်စွာ သောကကင်းဝေးနေနိုင်ရေး၊နောင်တွေးစဉ်ဆက် တရားဖက်မပျက်မှန်စွာ လုပ်ဆောင်ပါ၊ဒါဆို မုချ ရမည်ပသေခြင်းကောင်းသော ဒီဘဝ ။(ခုတလော သေခြင်းအကြောင်းတွေဘဲ စဉ်းစားမိနေလို့ နဲ့  စူးရှရှ ဖြစ်နေတဲ့  ရင်ဘတ်ထဲက ဒါဏ်ရာလေး သက်သာရာ ရလိုရကြောင်း ကိုယ့်ကိုကိုယ်...
►Posted by
:kiki
:
at
12/03/2008 11:55:00 PM
Dec3,2008

ပုံမှန်အသည်း တည်ရှိပုံဆွေမျိုး မိတ်ဆွေသူငယ်ချင်းများမှာ အသည်းရောဂါနဲ့ ပတ်သက်ပြီး နာမကျန်းဖြစ်နေသူများ။ဆုံးပါးကြသူများ ခုတလောမှာ စိတ်မချမ်းသာဖြစ်စရာကောင်းလောက်အောင်ကို ကြားနေ၊မြင်နေရပါတယ်။အထူးသဖြင့် Bပိုးလို့ လူသိများနေတဲ့ Hepatitis B ကြောင့် ဖြစ်လာရတဲ့  နောက်ဆက်တွဲရောဂါတွေပါ ။ဒီရောဂါဟာ ဗိုင်းရပ်ပိုးတမျိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ တမျိုးဖြစ်ပြီး...
►Posted by
:kiki
:
at
12/03/2008 01:09:00 AM
Nov30,2008
ဒီပုံကိုတွေ့ ရင် ဘယ်နိုင်ငံလဲဆိုတာ သိကြလိမ့်မယ်ထင်ပါတယ်ဒါက ထိုင်ဝမ် . ထိုင်ပေမြို့  ၊ကျုံးဟို မြို့ နယ်၊ ဝှာရှင်း လမ်းမ တနေရာ ။ ရွှေမြန်မာတို့  တနင်္ဂနွေ တရက် ဆုံဆည်းရာ နေရာလေး ၊ အဲဒီ မြို့ နယ်လေးမှာ ရွှေမြန်မာတို့  အများဆုံးနေကြတယ်လေ ။ တသိန်းလောက်ရှိတယ် ပြောတာဘဲ ။ ဒီပတ်ဝန်းကျင်မှာ ရွှေတွေ ဘယ်လောက်များသလဲ ဆိုတော့  .အဲဒီပြည်ဖွား စီလုပ်ကြီးတွေတောင်...
►Posted by
:kiki
:
at
11/30/2008 11:38:00 PM
Nov27,2008

အိပ်စက်အနားယူခြင်းခုတလော နေသိပ်မကောင်းချင်သလိုမို့ ရောဂါအကြောင်းတွေဘဲ စိတ်ထဲရောက်နေမိတယ် .. လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ် ။ ခန္ဓာကိုယ်ကြီးက ညောင်းညာပြီးမျက်စိနှစ်လုံးကမဖွင့်ချင်လောက်အောင်ဖြစ်နေပေမဲ့တကယ်တန်းအိပ်ယာဝင်တော့ စိတ်ကူးတွေ တသီတတန်း ဘယ်က ဘယ်လိုဝင်လာမှန်းမသိ မောင်းထုတ်လဲမရ၊ ဒုက္ခပေးတာ ဒီစိတ်လေ။ အိပ် ရေး မဝတော့ နောက်တနေ့  အလုပ်တက်၊ကျောင်းတက်ရသူတွေ...
►Posted by
:kiki
:
at
11/27/2008 01:23:00 AM
Nov26,2008

အရိပ်အတိတ်က အရိပ်များစွာ မေ့မရသေးတဲ့ငါစိုးထိတ်စွာ အထီးကျန်ဆန် နေစဉ်မှာကံကြမ္မာငင်လာတဲ့တနေ့ ချိုသာခင်မင် ပျူငှာခြင်းများစွာနဲ့ မပီတပြင် ပြုံးရိပ် ထူးကို မြင်မြင်ချင်း ရူးမိသမို့ ၊မသိစိတ်နဲ့  အချစ်ရိပ် နောက်မှာထပ်ချပ်မခွာ လျှောက်ခဲ့ မိပါရဲ့ ။ဒါပေမဲ့  လိုက်လေ ဝေးလေ ဆွေးမပြေဘူးတွေးမိပါမှ တခါတရံ ကြင်နာဟန်ပြပြီးကိုယ့်ဘဝ နာကျင်အောင် မင်းလုပ်ရက်တယ်ပကာသနဟန်နဲ...
►Posted by
:kiki
:
at
11/26/2008 02:27:00 PM
Nov25,2008

NASA ကတွက်ချက် ( အမယ်)ရက်ကလေးတောင် အတိအကျပါသေးရဲ့  ၂၀၁၂ ဒီဇင်ဘာ ၂၁ တဲ့ Planet Nibiru အကျိုးကြောင့် ကမ္ဘာမြေကြီး ပျက်စီးမဲ့  အကြောင်းတဲ့လေ ။အကယ်၍ ဒီလိုသာတကယ်ဖြစ်လာရင်တော့လစ်စရာ မြေမရှိ ၊ ကမ္ဘာလူသား ဒုက္ခ အတိပေါ့ ဖြစ်သမျှအကြောင်း အကောင်းဘဲမို့ ခပ်ရဲရဲသာ သေပွဲဝင်ဖို့  စိတ်ထဲမှာ ထင်။သို့ ပေမဲ့ မိုးပြိုမှာ အစိုးပိုတဲ့ တစ်တီတူးရဲ့ အဖြစ်လိုဘဲခြေစုံချကာ...
►Posted by
:kiki
:
at
11/25/2008 01:54:00 AM
Nov22,2008
ဂတိတွေပေးပြီး မသိသလိုနေတာမျုား၊ကြာလာတော့ အစဉ်အလာလိုဖြစ်ရပြီအရှေ့ နဲ့ အနောက် ၊တောင်နဲ့ မြောက်လိုဆန့် ကျင်ဘက်အရာများစွာမှာညှိုနှိုင်းခွင့် မရှိတဲ့  တဖက်သတ်စီရင်ချက်ကိုယ့်အသက် ကို ဓါးစက်တင်ရရင်လဲပြုံးမပျက် ပေးဆက်ဖို့  အမြဲအသင့်ပါ ကိုယ့်သခင်။သစ္စာစောင့်သိ ချစ်တာ နှစ်ယောက်မရှိမင်းပေးတဲ့ ဂတိတွေ ကိုယ့်အတွက်အမှန်မှရှိပါ့မလားလို့ သံသယစိတ်လေးတောင် မင်းအပေါ်မတွေးရဲပါ ၊မင်းကလွဲရင် ဖွဲနဲ့ ဆန်ကွဲလို့ ကိုယ့် ယုံကြည်ရာ ကိုယ့်သစ္စာကိုအစဉ်သာခိုင်မာစွာနေပါ့မယ်အိုဘယ့်...
►Posted by
:kiki
:
at
11/22/2008 01:42:00 AM
Nov20,2008

အိပ်မက် တစေ ၦ အတိတ္တေစ ၦ အရိပ္တေစ ၦ တွေနဲ့  ထပ်ခြပ်မခွာကပ်ပါနေတဲ့  အိပ်မက်တစ္ဆေ၊ ငယ်စဉ်ကသိတဲ့ ညောင်ပင်တစ္ဆေဝေလေလေ ကြောက်သလိုနဲ့  ပြေးဆော့လို့  ပျော်ကာနေခဲ့  ။အခါလွန် ချစ်ခဲ့မိတဲ့  အချစ်တစ္ဆေမျက်ကန်းတစ္ဆေ ကြောက်ပါဘူး၊ဆက်လျှောက်မယ် ဒီလမ်းခက်ခက် သန်းခေါင်ထက် ညဥ့်မနက်တာမို့ ၊အိပ်မက်မှာဘဲ ပျော်ချင်တယ် ။( နိုးတဝက် အိပ်မက်များ အား မိုက်မဲစွာ စွဲလမ်းတမ်းတခြင်း...
►Posted by
:kiki
:
at
11/20/2008 11:17:00 PM
Nov19,2008

အတောမသတ်နိုင်တဲ့ ဒီလောဘရလေ လိုလေ အိုတစ္ဆေ၊မသိသူကျော်သွား ၊ သိသူ ဖေါ်စား။ဒီခေတ်ကြီးမှာ သိတိုင်းလည်း ဖေါ်စားလို့ မဖြစ်နိုင်တဲ့ ကိစ္စတွေ အများကြီးရှိနေပါတယ်ဥပမာ ..ကိုယ်အခုရှင်သန် နေထိုင်ရတဲ့  ဒီကျွန်းနိုင်ငံသေးသေးလေး ။ လူဦးရေအားဖြင့် ၂၃သန်းကျော် ရှိတဲ့  နိုင်ငံလေးကို ၂၀၀၀ မှ ၂၀၀၈ ခုနှစ်ထိ ၈ နှစ်တာ ကာလ အုပ်ချုပ်ခဲ့ တဲ့ သမ္မတကြီး ၊ အရင်က လူသာမန်တဦး...
►Posted by
:kiki
:
at
11/19/2008 01:13:00 AM
Nov16,2008

အရူးတယောက်ရဲ့  မျှော်လင့်ခြင်းတွေ့ ကြုံဆုံကွဲ ဖြစ်မြဲပေမဲ့ လမ်းခွဲဖို့ ကို ရင်မဆိုင်ရဲပါဝေးနေရချိန်တိုင်း တွေ့ ချင်နေပေါ့ အချိန်တွေ အမြန်ကုန်ပါစေလို့ မျှော်လင့်ကာ ပြန်တွေ့ ရက်ကို လက်ချိုးရေတော့တရက်နဲ့  တရက်ဟာ ယူဇနာများစွာ ကွာနေသလိုစိတ်အထင်မှာ ဘဝင်မကျ ချင်ဘူးရူးချင်ချင်ဖြစ်ရပြီလေ။ဝေးတသက်သက် ပေမဲ့  နီးတကျက်ကျက်လဲ မဖြစ်လိုပါကလေးတယောက်လို ဆိုးနွဲ...
►Posted by
:kiki
:
at
11/16/2008 12:51:00 AM
Nov13,2008

ရင်ထဲက လမင်းငယ်မျက်နှာငွေလ ရွှင်ပြပြကို မမြင်ရတာကြာလို့  ဘဝင်မကျစွာ ရင်ထဲမှာ ငို ။ငယ်စဉ်တောင်ကျေး ကလေးလေးဘဝလပြည့်ည ငွေတန်ဆောင်မှာ ဆီမီးမြိုင်စွာ အပြိုင်ထွန်းခဲ့ကြ၊ခုများတော့ ဝေးခဲ့ရပေါ့ ပြန်မရနိုင်တော့တဲ့ အတိတ်ဘဝလေးများကို ။မွန်းကြပ်တဲ့ မြို့ ပြအရပ်မှာကားသံ လူသံ ပူညံသံ စုံစွာနဲ့ ပုံမမှန် လူတန်းစားတွေကြားမှာစုန်ဆန်ကာ...
►Posted by
:kiki
:
at
11/13/2008 12:09:00 AM
Nov11,2008

မိမိကိုယ် မိမိ သတ်သေခြင်း(အဆုံးစီရင်ခြင်း)ဒီနေ့  မနက်စောစော နာရီအချက်ပေးခေါင်းလောင်းသံကြားပေမဲ့  မနေ့ ညက အတွေးပေါင်းများစွာကြောင့် မိုးလင်းခါနီးမှ အိပ်ဖြစ်တဲ့  ကိုယ် ၊ အိပ်ရေးမဝလို့  နာရီခေါင်းလောင်းလေး ပြန်ပိတ်ပြီး ခဏဆက်နှပ်နေတာ...အဲဒီအချိန် တယ်လီဖုံးသံက ငှက်ဆိုးထိုးသံလို စူးရှစွာ အော်လာတဲ့  အတွက် အိပ်မှုံစုံမွှားနဲ့  ထရတော့တာပေါ့။ အရေးပေါ်လူနာလာလို...
►Posted by
:kiki
:
at
11/11/2008 08:25:00 AM
Nov8,2008
အပေါ်မှာ တင်ပြထားတဲ့  Music Video လေး ဟာ မနှစ်ကနာမယ်ကြီးခဲ့တဲ့ တရုပ် တေးသီချင်းလေးတပုဒ်ပါ။ဒီသီချင်းလေးကို မိတ်ဆွေတို့  ကြိုက် ၊ မကြိုက် တော့ မသိပါဘူး ။ဒါက အဓိက မဟုတ်ပါဘူး ။ အခုပြောပြလိုတာ ဒီသီချင်းလေးရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက် နဲ့  သီချင်းကို ရေးဖွဲ့  သီဆို တဲ့  နာမယ်ကြီး လူငယ်အဆိုတော်လေး တယောက်ရဲ့  အနုပညာ အကြောင်းပါ။ သီချင်းအမည်က ဗမာလို အဓိပ္ပါယ်ပြန်ရရင် အလုပ်များနေသော နွားကျောင်းသား ( Busy Cowboy) ပေါ့ လေ ။ ဘီယာဆိုင်ရောက်ပေမဲ့ ...
►Posted by
:kiki
:
at
11/08/2008 12:09:00 PM
Nov6,2008

အချစ်ဆိုတာ ဘာလဲ ??ဟိုးရှေးပဝေသဏီ ကတည်းက ၊ ကမ္ဘာဦး စကတည်းက လူတွေ လူတွေ တယောက်နဲ့ တယောက် ချစ်လိုက်ကြတာ ... ဘာတဲ့ ... အာဒမ်နဲ့ ဧဝ ၊ရိုမီယိုနဲ့ ဂျူလီယက် ၊ ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ ရာဇဝင်တွင်တဲ့ ဂန္ဓဝင် အချစ်တွေ ။။ ကိုယ်တောင် အဲဒီအချိန်မှာ လူမဖြစ်သေးလို့  ။ မဟုတ်ရင် ရာဇဝင် စာတင်ခံရတဲ့ အထဲ ကိုယ့်အမည် ကျန်ရင် ကျန်နေရစ်မှာ ။ခုခေတ် ၊ နောင်ခေတ် နှစ်ပေါင်းများစွာ...
►Posted by
:kiki
:
at
11/06/2008 05:55:00 PM
Nov4,2008
လားရာဂတိ အတွက် ကံများ အကျိုးသက်ရောက်ပုံလားရာဂတိအတွက် ကောင်းသောနိမိတ်နှင့်မကောင်းသောနိမိတ်ထင်လာခြင်းသည်မိမိပြုလုပ်ခဲ့သော ကံများနှင့် ထိုကံများ၏ အကျိုးပေးအလှည့် အစဉ်ပေါ်တွင် တည်ပါသည်။ကံ( ကမ္မ ) သည် ကိုယ် ၊ နှုတ် ၊စိတ် သုံးမျိုးဖြင့် ပြုလုပ်ခဲ့သော( ယခုဘဝ နှင့် ရှေးရှေး ဘဝအဆက်ဆက်တို့ မှ) ကောင်းမှု မကောင်းမှု များဖြစ်ကြသည်။ယေဘူယျအားဖြင့် ကောင်းသောကုသိုလ်ကံများရှိသူသည်ကောင်းသော သုဂတိဘဝ ရောက်နိုင်သည်။မကောင်းသော ကုသိုလ်ကံများရှိသူသည် မကောင်းသော...
►Posted by
:kiki
:
at
11/04/2008 04:47:00 PM
Nov2,2008

ယခုထက်တိုင် ဒွိဟ ဖြစ်နေရသောရင်ထဲမှခံစားချက်တခုကိုယ့်ရင်ထဲမှာ ရှိနေသေးတဲ့ စူးရှရှ ဝေဒနာတခု .ဒီတသက်မှာ ဖြေလို့  ရနိုင် ပါ့မလား ? တနှစ်ဆိုတဲ့  အချိန်လေးကို လူတွေရဲ့  ပညက်ချက်အရ မကြာသေးဘူးလို့ ပြောလို့  ရသလိုကြာလှပြီဘဲလို့ ဆိုချင်လဲ ဆိုနိုင်ပါတယ် ။ အမေးရှိရင် အဖြေရှိရတယ်လေ ။ဟုတ်တယ် ၊ မဟုတ်ဘူး ပေါ့ ။ မှားတယ် ၊ မှန်တယ်ပေါ့ ။။ ဒါပေမဲ့ တချို့  ချွင်းချက်ကလေးတွေလဲ...
►Posted by
:kiki
:
at
11/02/2008 02:01:00 AM
Oct31,2008

ခုတလော ကိုယ် နဲ့  ကိုယ့်ပါတ်ဝန်းကျင် မှာ အဆင်မပြေတာလေးတွေ ဖြစ်နေရတာ များလာတာ နဲ့ အမျှ ကိုယ့် ဘဝ ကိုယ် မကျေမနပ် ဖြစ်တတ်လာတာတွေ ဟာ ရင်ထဲမှာ အစိုင်အခဲ တခု အနေနဲ့  အချိန်နဲ့  အမျှ ကြီးသထက် ကြီး လာ ရပါတယ် ..ဒီတော့  ဘာဖြစ်လို့  ငါ ဒီဘဝ ကို ရနေ . ရောက်နေရတာလဲ ဆိုတဲ့  အတွေး ပေါက်လာရလို့ အနားမှာ ရှိနေတဲ့  စာအုပ်လေး တအုပ် ကို အဲဒီတော့ မှ ဖတ်ကြည့်...
►Posted by
:kiki
:
at
10/31/2008 08:01:00 PM
Oct30,2008
သိတဲ့ သူများပြောပြကြပါ ။။အသက်ရှည်လို့  ဘုန်းမကြီး ။ ဘုန်းကြီးလို့  အသက်မရှည် ။ တခုခုကို ရွေးပါဆိုရင် ဘယ်တခုကို ရွေးမှာလဲအသက်လဲမရှည် . ဘုန်းလဲ မကြီး ဆိုတာကိုတော့  ဘယ်သူမှ ရွေးချင်ကြမှာ မဟုတ်ပါဘူး ။အသက်လည်းရှည် ၊ ဘုန်းလည်းကြီး ။ ဒါတော့  လူတိုင်း လိုချင်ကြမှာ မေးစရာတောင် မလိုပါဘူး..( လဒပြည်မှ လဒကြီးများ ဤကဲ့ သို့ သော အကျိုး ကို ခံစား စံ စားနေကြရသည်မှာ ထူးဆန်း ဖွယ် တပါး ဖြစ်နေပါ သည် )ဘာကြောင့်  ဒီ သကောင့်သားများ ဒီဘဝမှာ ဒီလို...
►Posted by
:kiki
:
at
10/30/2008 05:57:00 PM
Subscribe to:
Posts (Atom)